သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြောက်ပိုင်း စစ်ရေးပဋိပက္ခ ပြေးရသူ တသိန်းကျော်


တူရကီတပ်များ ကျူးကျော်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရန် ပြင်ဆင်နေသည့် ရွာသားတချို့။
တူရကီတပ်များ ကျူးကျော်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရန် ပြင်ဆင်နေသည့် ရွာသားတချို့။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို တူရကီတပ်တွေ ကျူးကျော်တိုက်ခိုက်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁ သိန်းထက်မနည်း ရှိသွားပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) က ပြောပါတယ်။ အဲဒီ ထွက်ပြေးလာသူတွေဟာ Ras al-Ayn နဲ့ Tal Abyad မြို့တွေက ဖြစ်တယ်လို့ WFP က ပြောပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ Ras al-Ayn ကို သိမ်းယူလိုက်ပြီဆိုတဲ့ တူရကီဘက်က ပြောဆိုချက်ကို ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ ဦးဆောင်နေတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) က ငြင်းဆိုပါတယ်။ SDF တပ်ဖွဲ့တွေကို အမေရိကန်က ကျောထောက်နောက်ခံပေးထားတာပါ။

ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ကတော့ တူရကီစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား ၃၀ ထက်မနည်း ရှိသွားပြီလို့ ပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့နယ်ထဲကို တူရကီတပ်တွေက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကတည်းက နယ်စပ်ဖြတ်ကျော်ပြီး မြေပြင်ကနေရော ဝေဟင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ တူရကီနိုင်ငံထဲက ကာ့ဒ်ခွဲထွက်ရေးသမားတွေရဲ့ မဟာမိတ်ဖြစ်တဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီဘက်က အကြမ်းဖက်သမားတွေအဖြစ် ရှုမြင်နေတာဖြစ်ပြီး သူတို့အားလုံးကို မောင်းထုတ်ပစ်မယ်လု့ိ ပြောဆိုနေတာဖြစ်ပါတယ်။

ဆီးရီးယားမြောက်ပိုင်းကို ဝင်တိုက်ပြီး ၃ ရက်အကြာမှာပဲ တူရကီတပ်သား သေဆုံးမှုရှိကြောင်းနဲ့ ဒဏ်ရာရသူ ၃ ဦးရှိကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။

တူရကီ-ဆီးရီးယားနယ်စပ်မှာ အရပ်သား သေဆုံးသူရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

---------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG