သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားကို က်ဴးေက်ာ္တဲ့ တူရကီကို အေရးယူေရး ကန္ျပင္ဆင္


ဆီးရီးယားပိုင္နက္ထဲမွာ တူရကီ က်ဴးေက်ာ္တိုက္ခုိက္

ဆီးရီးယားပိုင္နက္ထဲမွာ က်ဴးေက်ာ္တိုက္ခုိက္တဲ့ တူရကီႏုိင္ငံအေပၚ သိပ္ကိုျပင္းထန္တဲ့ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ဖို႔ အေမရိကန္သမၼတ Donald Trump အစိုးရက ျပင္ဆင္ထားေပမယ့္ လက္ေတြ႔ ဒဏ္ခတ္အေရးယူတာေတာ့ မလုပ္ေသးပါဘူး။

သမၼတထရမ့္ပ္က “သူတို႔မလုပ္သင့္တာတခုခုကို တူရကီက လုပ္လာမယ္ဆိုရင္ အရင္တုန္းက ဘယ္ႏုိင္ငံမွ မၾကံဳဖူးေသးတဲ့ ဒဏ္ခတ္အေရးယူမႈမ်ဳိးကို က်ေနာ္တို႔ ခ်မွတ္သြားပါမယ္။ သူတို႔ေတြ လူအမ်ားႀကီးကို သတ္ျဖတ္တာမ်ဳိး က်ေနာ္တုိ႔ မျဖစ္ခ်င္ပါ ဘူး” လို႔ သတင္းေထာက္ေတြကို အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔ကေျပာပါတယ္။

ဆီးရီးယား အေရွ႕ေျမာက္ပိုင္းမွာ စစ္ေရး ထိုးစစ္ဆင္တာေတြ တူရကီက ထပ္မလုပ္ေအာင္ ဟန္႔တားေရး လုပ္ေဆာင္ရမယ့္ အမိန္႔ၫႊန္ၾကားခ်က္တခုကုိ သမၼတထရမ့္ပ္က လက္မွတ္ေရးထိုးလုိုက္ၿပီလို႔ ဘ႑ာေရးဝန္ႀကီး Steven Mnuchin က အေစာပို္္င္း မွာ ေၾကညာထားပါတယ္။

တူရကီတပ္ဖြဲ႔ေတြက အရပ္သားေတြ၊ အရပ္ဘက္ အေျခခံအေဆာက္အအံုေတြ၊ လူမ်ဳိးစု ဒါမွုမဟုတ္ ဘာသာေရးအရ လူနည္းစု ေတြကို ပစ္မွတ္ထားလာႏုိင္ေျခအေပၚ သမၼတထရမ့္ပ္က စိုးရိမ္ေနတယ္လို႔ ဝန္ႀကီး Mnuchin ကေျပာပါတယ္။

ဒါ့အျပင္ “ISIS အဖြဲ႔ဝင္ တေယာက္တေလမွ ထြက္ေျပးလြတ္ေျမာက္သြားေစေအာင္ တူရကီက မလုပ္ရဘူးဆိုတာ သမၼတက သိပ္ကိုရွင္းရွင္းလင္းလင္း ျဖစ္ေစခ်င္ပါတယ္” လို႔လည္း ဝန္ႀကီး Mnuchin က အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဘယ္လိုလုပ္ေဆာင္ခ်က္မ်ဳိးက ဒဏ္ခတ္အေရးယူမႈခ်မွတ္ဖို႔ ဆံုးျဖတ္ျဖစ္ေစမွာလဲလို႔ ဗီြႊအိုေအက ႏွစ္ႀကိမ္ေမးတာကိုေတာ့ သမၼတထရမ့္ပ္က ေျဖဖို႔ျငင္းခဲ့ပါတယ္။

တူရကီႏုိင္ငံျခားေရးဌာနက “တူရကီႏုိင္ငံဟာ ကိုယ့္ရဲ႕ အမ်ဳိးသားလံုျခံဳေရးကို ၿခိမ္းေျခာက္မႈတခုျဖစ္ေအာင္ ဖန္တီးေနတဲ့ အၾကမ္းဖက္ဝါဒီအဖြဲ႔အစည္းေတြကို ႏွိမ္နင္းေနတာျဖစ္တယ္” လို႔ ဒဏ္ခတ္အေရးယူမယ့္ အေမရိကန္ရဲ႕ ၿခိမ္းေျခာက္မႈကို တုန္႔ျပန္ ထားပါတယ္။ “ဒါကို ဆန္႔က်င္တဲ့ ဘယ္လိုလုပ္ေဆာင္ခ်က္မ်ဳိးကိုမဆို မိမိတို႔ လက္တုန္႔ျပန္မယ္ဆုိတာ ဘယ္သူမွ သံသယမရွိ သင့္ပါဘူး” လို႔ တူရကီႏုိင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

.............

{Unicode}

ဆီးရီးယားကို ကျူးကျော်တဲ့ တူရကီကိုအရေးယူရေး ကန်ပြင်ဆင်

ဆီးရီးယားပိုင်နက်ထဲမှာ ကျူးကျော်တိုက်ခိုက်တဲ့ တူရကီနိုင်ငံအပေါ် သိပ်ကိုပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ အမေရိကန်သမ္မတ Donald Trump အစိုးရက ပြင်ဆင်ထားပေမယ့် လက်တွေ့ ဒဏ်ခတ်အရေးယူတာတော့ မလုပ်သေးပါဘူး။

သမ္မတထရမ့်ပ်က “သူတို့မလုပ်သင့်တာတခုခုကို တူရကီက လုပ်လာမယ်ဆိုရင် အရင်တုန်းက ဘယ်နိုင်ငံမှ မကြုံဖူးသေးတဲ့ ဒဏ်ခတ်အရေးယူမှုမျိုးကို ကျနော်တို့ ချမှတ်သွားပါမယ်။ သူတို့တွေ လူအများကြီးကို သတ်ဖြတ်တာမျိုး ကျနော်တို့ မဖြစ်ချင်ပါ ဘူး” လို့ သတင်းထောက်တွေကို အိမ်ဖြူတော်မှာ သောကြာနေ့ကပြောပါတယ်။

ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ စစ်ရေး ထိုးစစ်ဆင်တာတွေ တူရကီက ထပ်မလုပ်အောင် ဟန့်တားရေး လုပ်ဆောင်ရမယ့် အမိန့်ညွှန်ကြားချက်တခုကို သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးလိုက်ပြီလို့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က အစောပို်င်း မှာ ကြေညာထားပါတယ်။

တူရကီတပ်ဖွဲ့တွေက အရပ်သားတွေ၊ အရပ်ဘက် အခြေခံအဆောက်အအုံတွေ၊ လူမျိုးစု ဒါမှုမဟုတ် ဘာသာရေးအရ လူနည်းစု တွေကို ပစ်မှတ်ထားလာနိုင်ခြေအပေါ် သမ္မတထရမ့်ပ်က စိုးရိမ်နေတယ်လို့ ဝန်ကြီး Mnuchin ကပြောပါတယ်။

ဒါ့အပြင် “ISIS အဖွဲ့ဝင် တယောက်တလေမှ ထွက်ပြေးလွတ်မြောက်သွားစေအောင် တူရကီက မလုပ်ရဘူးဆိုတာ သမ္မတက သိပ်ကိုရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်” လို့လည်း ဝန်ကြီး Mnuchin က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဘယ်လိုလုပ်ဆောင်ချက်မျိုးက ဒဏ်ခတ်အရေးယူမှုချမှတ်ဖို့ ဆုံးဖြတ်ဖြစ်စေမှာလဲလို့ ဗွီွှအိုအေက နှစ်ကြိမ်မေးတာကိုတော့ သမ္မတထရမ့်ပ်က ဖြေဖို့ငြင်းခဲ့ပါတယ်။

တူရကီနိုင်ငံခြားရေးဌာနက “တူရကီနိုင်ငံဟာ ကိုယ့်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတခုဖြစ်အောင် ဖန်တီးနေတဲ့ အကြမ်းဖက်ဝါဒီအဖွဲ့အစည်းတွေကို နှိမ်နင်းနေတာဖြစ်တယ်” လို့ ဒဏ်ခတ်အရေးယူမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန် ထားပါတယ်။ “ဒါကို ဆန့်ကျင်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို မိမိတို့ လက်တုန့်ပြန်မယ်ဆိုတာ ဘယ်သူမှ သံသယမရှိ သင့်ပါဘူး” လို့ တူရကီနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG