သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံတွင်း တူရကီစစ်ဆင်ရေး NATO သတိပေး


တူရကီနိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ထိုးစစ်ဆင်တာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယားက ကာဒ့် တိုက်ခိုက်ရေးသမားတွေနဲ့ ပတ်သက်ပြီး တူရကီနိုင်ငံရဲ့ လုံခြုံရေးအရစိုးရိမ်မှုကို သူ့အနေနဲ့လက်ခံကြောင်း ဒါပေမဲ့ တူရကီရဲ့ ထိုးစစ်တွေက IS အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့အပေါ်မှာ စစ်ရေးအရ အောင်မြင်မှု ရထားတာကို ထိခိုက်လာနိုင်တယ်လို့ NATO အဖွဲ့အတွက် အတွင်းရေးမှူးချုပ် Jens Stoltenberg က သတိပေးလိုက်ပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ဟာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နဲ့ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြားခဲ့တာပါ။

တူရကီနိုင်ငံရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး တူရကီအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ဆီက သွေးစည်းညီညွတ်မှုကို ရဖို့မျှော်လင့်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu က ပြောပါတယ်။

တူရကီက ဆီးရီးယားနိုင်ငံအတွင်းမှာ ထိုးစစ်ဆင်မှုတွေလုပ်တာ ၃ ရက်ကြာ ရှိသွားခဲ့ပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးအတွင်း တူရကီစစ်တပ်ဘက်က တ ယောက်သေဆုံးပြီး သုံး ယောက် ဒဏ်ရာရခဲ့တယ်လို့ တူရကီဘက်က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် အရပ်သားသေဆုံးမှုတွေလည်းရှိနေပေမယ့် ဘယ်လောက်အထိ ထိခိုက်သေဆုံးမှု ရှိတယ်ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

လူ ၆၄,၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သိပ်မကြာခင်မှာ သိန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်လာနိုင်ချေဖို့ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) က ပြောလိုက်ပါတယ်။

[Unicode Version]








ဆီးရီးယားနိုင်ငံတွင်း တူရကီစစ်ဆင်ရေး NATO သတိပေး
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG