သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမြောက်ပိုင်း IS စစ်ဆင်ရေးများ ကန်ပါဝင်မှု ရပ်ဆိုင်း


ဆီရီးယားနိုင်ငံမြောက်ပိုင်းက IS စစ်သွေးကြွတွေအပေါ် နှိမ်နှင်းတဲ့ စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

IS တွေသိမ်းပိုက် ထိန်းချုပ်ခဲ့တဲ့ နေရာတွေအပေါ် အနိုင်ရအောင် တိုက်ခိုက်ပေးခဲ့တဲ့ အမေရိကန်တပ်တွေအနေနဲ့ နောင်စစ်ဆင်ရေးတွေမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Donald Trump က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တနင်္ဂနွေနေ့က ဖုန်းဆက်သွယ်ပြောကြားစဉ် အသိပေးခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ခုလိုလုပ်လိုက်တဲ့အတွက် IS တွေကို ချေမုန်းနေတဲ့ စစ်ဆင်ရေးမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာ လိမ့်မယ်လို့ Kurd လူမျိုးတွေဦးဆောင်တဲ့ Syrian Democratic Forces တပ်ပေါင်းစုက တုံ့ပြန်ခဲ့ပါတယ်။

တူရကီနဲ့ ထိစပ်နေတဲ့ ဆီးရီးယားနိုင်ငံနေရာတွေကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားပြီလို့ SDF တပ်ကပြောပါတယ်။ Kurd တွေ၊ အာရပ်တွေ၊ ဆီးရီးယားလူမျိုးတွေအနေနဲ့ ကိုယ့်မြေကို ကာကွယ်ဖို့ ခိုင်ခိုင်မာမာစုစည်းပြီး SDF တပ်နဲ့အတူ ရပ်တည်ကြပါလို့ SDF ရဲ့ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဆီးရီးယားက IS စစ်သွေးကြွအဖွဲ့ကို နိုင်အောင် တိုက်နိုင်ခဲ့တဲ့တိုက်ပွဲတွေမှာ Kurd ပြည်သူ့စစ်အဖွဲ့တွေရဲ့ အခန်းက အဓိကပါဝင်ပါတယ်။ အဲဒီအဖွဲ့တွေကို တူရကီက အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတာပါ။ SDF တပ်ပေါင်းစုထဲမှာအဓိကပါတဲ့ YPG အဖွဲ့ဟာ တူရကီမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းနေတဲ့ PKK သူပုန်အဖွဲ့ခွဲဖြစ်တယ်လို့ တူရကီကမြင်ပါတယ်။ အမေရိကန်ကတော့ PKK နဲ့ YPG ကွဲတယ်လို့ဆိုပြီး YPG တပ်တွေအများစုပါဝင်တဲ့ SDF တပ်ပေါင်းစုအပေါ် စစ်ရေးအထောက်အပံ့တွေပေးခဲ့တာဖြစ်ပါတယ်။

.......................

{Unicode}







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG