သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS ေခါင္းေဆာင္ ေသဆံုးျခင္းအေပၚ ႏုိင္ငံတကာ တုံ႔ျပန္မႈ


Is ေခါင္းေဆာင္ Abu Bakr al-Baghdadi ဖမ္းဆီးေရး စစ္ဆင္ေရးအတြင္း ပ်က္စီးသြားသည့္ အေဆာက္အအုံတခုအား ၾကည့္႐ႈေနသူမ်ား။ (ေအာက္တုိဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

IS ေခါင္းေဆာင္ Abu Bakr al-Baghdadi ကို သုတ္သင္ရွင္းလင္းတာဟာ အဓိကက်တဲ့ ႏွိမ္နင္းမႈျဖစ္ေပမယ့္ IS ေတြရဲ႕ အၾကမ္းဖက္ ၿခိမ္းေျခာက္မႈ အႏၱရာယ္က ဆက္ရွိေနဆဲျဖစ္တယ္လို႔ အေမရိကန္ရဲ႕ မဟာမိတ္ႏိုင္ငံေတြက ေျပာၾကားလိုက္ပါတယ္။

al-Baghdadi ရဲ႕ ေသဆုံးမႈဟာ အဆင့္တဆင့္သာရွိေသးေၾကာင္း၊ ႏိုင္ငံတကာ ညြန္႔ေပါင္းအဖြဲ႔မွာပါတဲ့ မဟာမိတ္ေတြက အၾကမ္းဖက္အဖြဲ႔ေတြကို ရွင္းလင္း ဖယ္ရွားႏိုင္ဖို႔ ဆက္ၿပီး တုိက္ပြဲဝင္ရမွာျဖစ္ေၾကာင္း ျပင္သစ္သမၼတ Emmanuel Macron က သူ႔တြစ္တာမွာ ေရးပါတယ္။

al-Baghdadi ကို အာဇာနည္တဦး ျဖစ္လာေစဖို႔ IS အဖြဲ႔ကို အခြင့္အေရးေပးလို႔ မျဖစ္ဘူးလို႔ ၿဗိတိသွ် ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab ကလည္း ေျပာပါတယ္။ IS ေတြကို ေခ်မႈန္းႏိုင္ဖို႔ ၿဗိတိန္က ဆက္လက္ ေထာက္ပ့ံသြားမယ္လို႔ ဆိုပါတယ္။

တူရကီသမၼတ Recep Tayyip Erdogan ကလည္း IS ေခါင္းေဆာင္ရဲ႕ အခုလို ေသဆုံးမႈဟာ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္မႈမွာ အခ်ဳိးအေကြ႔တခု ျဖစ္တယ္လို႔ ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ Netanyahu က သမၼတ Trump ကို ခ်ီးက်ဴးလိုက္ၿပီး သူ႔အဆို al-Baghdadi ကို လုပ္ႀကံသတ္ျဖတ္မႈဟာ အေရးႀကီးတဲ့ သမိုင္းမွတ္တိုင္တခု ျဖစ္ေပမယ့္ ေရွ႕မွာ ဆက္လုပ္စရာေတြ က်န္ေနေသးေၾကာင္း ေျပာပါတယ္။

အီရန္ႏိုင္ငံကေတာ့ al-Baghdadi ကို သတ္ျဖတ္မႈဟာ ဘာမွ အေရးႀကီးတဲ့ကိစၥ မဟုတ္ဘူးလို႔ ေျပာၾကားၿပီး အေမရိကန္ဟာ သူတို႔ဖန္တီးခဲ့တဲ့သူကို သုတ္သင္ရွင္းလင္းမႈတခုသာ ျဖစ္တယ္လို႔ ေျပာပါတယ္။

----------------------------------

(Unicode)

IS ခေါင်းဆောင် သေဆုံးခြင်းအပေါ် နိုင်ငံတကာ တုံ့ပြန်မှု

IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းတာဟာ အဓိကကျတဲ့ နှိမ်နင်းမှုဖြစ်ပေမယ့် IS တွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်က ဆက်ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ပြောကြားလိုက်ပါတယ်။

al-Baghdadi ရဲ့ သေဆုံးမှုဟာ အဆင့်တဆင့်သာရှိသေးကြောင်း၊ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့မှာပါတဲ့ မဟာမိတ်တွေက အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်း ဖယ်ရှားနိုင်ဖို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က သူ့တွစ်တာမှာ ရေးပါတယ်။

al-Baghdadi ကို အာဇာနည်တဦး ဖြစ်လာစေဖို့ IS အဖွဲ့ကို အခွင့်အရေးပေးလို့ မဖြစ်ဘူးလို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း ပြောပါတယ်။ IS တွေကို ချေမှုန်းနိုင်ဖို့ ဗြိတိန်က ဆက်လက် ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ကလည်း IS ခေါင်းဆောင်ရဲ့ အခုလို သေဆုံးမှုဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ အချိုးအကွေ့တခု ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် Netanyahu က သမ္မတ Trump ကို ချီးကျူးလိုက်ပြီး သူ့အဆို al-Baghdadi ကို လုပ်ကြံသတ်ဖြတ်မှုဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပေမယ့် ရှေ့မှာ ဆက်လုပ်စရာတွေ ကျန်နေသေးကြောင်း ပြောပါတယ်။

အီရန်နိုင်ငံကတော့ al-Baghdadi ကို သတ်ဖြတ်မှုဟာ ဘာမှ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ ပြောကြားပြီး အမေရိကန်ဟာ သူတို့ဖန်တီးခဲ့တဲ့သူကို သုတ်သင်ရှင်းလင်းမှုတခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG