သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS ေခါင္းေဆာင္ ေခ်မႈန္းေရး သမၼတ Trump လွ်ိဳ႕၀ွက္လုပ္ေဆာင္ခဲ့


အေမရိကန္သမၼတ Donald Trump. (ေအာက္တိုဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

IS အၾကမ္းဖက္ေခါင္းေဆာင္ Abu Bakr al-Baghdadi ကို သုတ္သင္ရွင္းလင္းေရး စီးနင္းတုိက္ခိုက္မႈ ေပါက္ၾကားမွာစိုးတဲ့အတြက္ အတိုက္အခံ ဒီမုိကရက္ေတြကို အသိေပး ေျပာၾကားျခင္းမရွိဘဲ သူ႔ရဲ႕ အနီးစပ္ဆုံးအႀကံေပး ရီပတ္ဘလစ္ကန္အမတ္ ႏွစ္ဦးကိုသာ ေျပာၾကားခဲ့တယ္လို႔ အေမရိကန္သမၼတ Donald Trump က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ဒါေပမယ့္ အေမရိကန္တပ္ေတြ ႐ုရွားေလေၾကာင္းပုိင္နက္ကို ျဖတ္ၿပီး ပ်ံသန္းရမွာမို႔ ႐ုရွားကို ႀကဳိတင္အသိေပးခဲ့ရတယ္လို႔ အိမ္ျဖဴေတာ္မွာ သမၼတ Trump က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေလယာဥ္ေတြ ပ်ံသြား-ပ်ံလာကိစၥက သိပ္ကုိအႏၱရာယ္မ်ားၿပီး မယုံၾကည္ႏိုင္ေလာက္တဲ့ ပစ္ခတ္မႈေတြနဲ႔ ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ Trump က ေျပာၿပီး ႐ုရွားက က်ေနာ္တို႔ကို အေကာင္းဆုံး ဆက္ဆံခဲ့သလုိ လမ္းေၾကာင္းလည္း ဖြင့္ေပးခဲ့ပါတယ္။ ႐ုရွားနဲ႔ အီရတ္တို႔ဆီက အင္မတန္ေကာင္းမြန္တ့ဲ ပူးေပါင္းေဆာင္ရြက္မႈေတြ ရရွိခဲ့တယ္လို႔ Trump က ခ်ီးက်ဴးစကား ေျပာပါတယ္။

သမၼတ Trump ႀကဳိတင္အသိေပးခဲ့သူ ႏွစ္ဦးကေတာ့ အထက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီ ဥကၠ႒ Richard Burr နဲ႔ သူ႔ရဲ႕ အဓိက ႏိုင္ငံေရးမဟာမိတ္ ေအာက္လႊတ္ေတာ္အမတ္ Lindsey Graham တို႔ပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီမိုကရက္ထဲက အဓိကၾသဇာရွိၿပီး သမၼတျဖဳတ္ခ်ေရး ႀကဳိးပမ္းေနတဲ့ Nancy Pelosi နဲ႔ Adam Schiff တုိ႔လို လူေတြကိုေတာ့ ဒီစစ္ဆင္ေရးအေၾကာင္း အသိေပးခဲ့ျခင္း မရွိဘူးလို႔ ဆိုပါတယ္။

ဒီစီးနင္းတိုက္ခိုက္မႈကို သမၼတ Trump အပါအဝင္ ဒုသမၼတ Pence၊ ကာကြယ္ေရးဝန္ႀကီး Mark Esper၊ အမ်ဳိးသားလုံၿခဳံေရး အႀကံေပး Robert O'Brien စတဲ့ပုဂၢဳိလ္ေတြ တိုက္႐ိုက္ၾကည့္႐ႈေနတဲ့ ဓာတ္ပုံကို အိမ္ျဖဴေတာ္က ထုတ္ျပန္ခဲ့ပါတယ္။ ဒီစီးနင္းမႈကို ၾကည့္ရတာ ႐ုပ္ရွင္ၾကည့္ေနရသလိုပါပဲလို႔ သမၼတ Trump က ေျပာပါတယ္။

---------------------------

(Unicode)

IS ခေါင်းဆောင် ချေမှုန်းရေး သမ္မတ Trump လျှို့ဝှက်လုပ်ဆောင်ခဲ့

IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းရေး စီးနင်းတိုက်ခိုက်မှု ပေါက်ကြားမှာစိုးတဲ့အတွက် အတိုက်အခံ ဒီမိုကရက်တွေကို အသိပေး ပြောကြားခြင်းမရှိဘဲ သူ့ရဲ့ အနီးစပ်ဆုံးအကြံပေး ရီပတ်ဘလစ်ကန်အမတ် နှစ်ဦးကိုသာ ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါပေမယ့် အမေရိကန်တပ်တွေ ရုရှားလေကြောင်းပိုင်နက်ကို ဖြတ်ပြီး ပျံသန်းရမှာမို့ ရုရှားကို ကြိုတင်အသိပေးခဲ့ရတယ်လို့ အိမ်ဖြူတော်မှာ သမ္မတ Trump က သတင်းထောက်တွေကို ပြောပါတယ်။

လေယာဉ်တွေ ပျံသွား-ပျံလာကိစ္စက သိပ်ကိုအန္တရာယ်များပြီး မယုံကြည်နိုင်လောက်တဲ့ ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ Trump က ပြောပြီး ရုရှားက ကျနော်တို့ကို အကောင်းဆုံး ဆက်ဆံခဲ့သလို လမ်းကြောင်းလည်း ဖွင့်ပေးခဲ့ပါတယ်။ ရုရှားနဲ့ အီရတ်တို့ဆီက အင်မတန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိခဲ့တယ်လို့ Trump က ချီးကျူးစကား ပြောပါတယ်။

သမ္မတ Trump ကြိုတင်အသိပေးခဲ့သူ နှစ်ဦးကတော့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ Richard Burr နဲ့ သူ့ရဲ့ အဓိက နိုင်ငံရေးမဟာမိတ် အောက်လွှတ်တော်အမတ် Lindsey Graham တို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီမိုကရက်ထဲက အဓိကသြဇာရှိပြီး သမ္မတဖြုတ်ချရေး ကြိုးပမ်းနေတဲ့ Nancy Pelosi နဲ့ Adam Schiff တို့လို လူတွေကိုတော့ ဒီစစ်ဆင်ရေးအကြောင်း အသိပေးခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုကို သမ္မတ Trump အပါအဝင် ဒုသမ္မတ Pence၊ ကာကွယ်ရေးဝန်ကြီး Mark Esper၊ အမျိုးသားလုံခြုံရေး အကြံပေး Robert O'Brien စတဲ့ပုဂ္ဂိုလ်တွေ တိုက်ရိုက်ကြည့်ရှုနေတဲ့ ဓာတ်ပုံကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီစီးနင်းမှုကို ကြည့်ရတာ ရုပ်ရှင်ကြည့်နေရသလိုပါပဲလို့ သမ္မတ Trump က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG