(Zawgyi / Unicode)
ဆီးရီးယားနိုင်ငံ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ကို အမေရိကန်က မနေ့ စနေနေ့ညက နှိမ်နင်းနိုင်ခဲ့တယ်လို့ သမ္မတ Trump က အိမ်ဖြူတော်မှာ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒီစစ်ဆင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင် တယောက်မှ ကျဆုံးတာမရှိခဲ့ဘဲ IS ခေါင်းဆောင် Baghdadi ရဲ့ တပ်ဖွဲ့ဝင်တွေ အတော်များများ သေဆုံးခဲ့တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။
IS ခေါင်းဆောင်ဟာ အဲဒီနေရာက လိုဏ်ခေါင်းထဲမှာ ပုန်းပြီးတော့ အဲဒီကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် လုပ်နေတာဖြစ်ကြောင်း၊ Baghdadi ဟာ သူ့ကိုယ်မှာ ဝတ်ထားတဲ့ အသေခံဗုံံးကို ဖောက်ခွဲခဲ့ပြီး သူ့ရဲ့ သားသမီး ၃ ယောက်လည်း သေဆုံးသွားတယ်လို့ သမ္မတ Trump က ပြောပါတယ်။
ဆီရီးယားနိုင်ငံ Idlib ခရိုင်မှာလုပ်တဲ့ အဲဒီစစ်ဆင်ရေးအတွင်း အမေရိကန်ဘက်က ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေလည်း ပါဝင်တယ်လို့ သတင်းမီဒီယာတွေကတော့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ဆီးရီးယားနိုင်ငံ Idlib ဒေသကို လာနေတဲ့အထဲမှာ IS အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တွေလည်း ပါဝင်တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ အစီရင်ခံစာက သတိပေးခဲ့ပါတယ်။
-------------------------------------
(Unicode)