သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာ IS ဒုခေါင်းဆောင် သေဆုံး


မှတ်တမ်းဓာတ်ပုံ - အာဖဂန် နိုင်ငံ ကန်ဒါဟာ အခြေစိုက် စခန်းမှာ တွေ့ရတဲ့ MQ-9 Reaper ဒရုန်းယာဉ်။
မှတ်တမ်းဓာတ်ပုံ - အာဖဂန် နိုင်ငံ ကန်ဒါဟာ အခြေစိုက် စခန်းမှာ တွေ့ရတဲ့ MQ-9 Reaper ဒရုန်းယာဉ်။

ဆိုမာလီယာက အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ဟာ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့တယ်လို့ ဆိုမာလီယာ ဒေသဆိုင်ရာ ဝန်ကြီးတဦးက ဗွီအိုအေကို ပြောပါတယ်။

Hol Anod နဲ့ Hiriro ရွာကြား တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှု အတွင်း Dhoqob လို့ သိကြတဲ့ Abdihakim Mohamed Ibrahim သေဆုံးခဲ့တာလို့ Puntland ဒေသရဲ့ လုံခြုံရေး ဝန်ကြီး Abdisamad Mohamed Gallen က ဗွီအိုအေ ဆိုမာလီ ဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ခရီးထွက်လာတဲ့ Dhoqob နဲ့ တခြားသူတွေ လိုက်ပါလာတဲ့ ကားကို လေကြောင်းတိုက်ခိုက်မှု အတွင်း ထိမှန်ခဲ့တာလို့ ဝန်ကြီး Gallan က ပြောပါတယ်။ အမျိုးသား နှစ်ဦးစလုံး သေဆုံးခဲ့ပေမယ့် တခြားတဦးကိုတော့ ဘယ်သူလဲ ဆိုတာ မဖော်ထုတ်ရသေးကြောင်းလည်း ပြောပါတယ်။ ကားကတော့ မီးလောင် သွားကြောင်းလည်း အမည်မဖော်လိုတဲ့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

ဆိုမာလီယာ နိုင်ငံတွင်းက IS အဖွဲ့ကို အယ်လ်ရှာဘတ် အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ Sheikh Abdulkadir Mumin က ဦးဆောင်တာပါ။ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ အဖွဲ့ကနေ နုတ်ထွက်ပြီး IS ခေါင်းဆောင် Abu Bakr Al-Baghdadi ကို သစ္စာခံခဲ့တာ ဖြစ်ပါတယ်။ Dhoqob က အဖွဲ့ခေါင်းဆောင် Mumin ရဲ့ ညာလက်ရုံး ဖြစ်ပြီး အဖွဲ့က ထုတ်တဲ့ ဗွီဒီယိုတွေထဲမှာ ပါသူလည်း ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် Mumin ကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်း လေကြောင်းတိုက်ခိုက်မှုမှာ တောင်ထူထပ်တဲ့ Bari ဒေသထဲက သူခိုအောင်းရာ နေရာကနေ လွတ်မြောက်ခဲ့သူပါ။ သူတို့ အဖွဲ့ထဲက ထိပ်တန်း ခေါင်းဆောင် တဦးကို သုတ်သင်နိုင်ခဲ့တာဟာဆိုရင် အဖွဲ့ကို အပြုတ်တိုက်ရေး အရှိန်ကောင်းလာစေမယ်လို့လည်း ဝန်ကြီး Gallan က ပြောပါတယ်။

ဆိုမာလီယာ IS ဒုခေါင်းဆောင် သေဆုံး
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG