သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီရွာသားတွေ လက်ချက် အစွန်းရောက် ၁၀ ကျော်သေဆုံး


Somalia
Somalia

ဆိုမာလီယာ လုံခြုံရေးတပ်ဖွဲ့တွေ ကျောထောက်နောက်ခံပေးထားတဲ့ ရွာသားတွေနဲ့ al-Shabab စစ်သွေးကြတွေရဲ့တိုက်ပွဲအတွင်း စစ်သွေးကြွ ၁၃ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေနဲ့ အာဏာပိုင်တွေက ပြောပါတယ်။

ဆိုမာလီယာအလယ်ပိုင်း Jalalaqsi မြို့အနီးက လူသူအရောက်အပေါက်နည်းတဲ့ Halfoley ရွာသားတွေစီကနေ al-Shabab စစ်သွေးကြွတွေဟာ ဆက်ကြေးကောက်တာကြောင့် မနေ့က စနေနေ့မှာ တိုက်ပွဲဖြစ်ပွါးတာပါ။ Bulabarde ခရိုင်ကော်မရှင်နာ Abdi Dahir Guure က ဆိုမာလီအစိုးရတပ်ဖွဲ့ဝင်တွေ ကျောထောက်နောက်ခံပေးထားတဲ့ ရွာသားတွေဟာ စစ်သွေးကြွတွေနဲ့ ၅ နာရီကျော်ကြာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ VOA ဆိုမာလီဌာနကို ပြောပါတယ်။

စစ်သွေးကြွတွေဟာ ဒေသခံရွာသားတွေစီကနေ ဆက်ကြေး ဒါမှမဟုတ် မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကို တောင်းတဲ့အခါမှာ ရွာသားတွေက မပေးတာကြောင့် ဒေသစံတော်ချိန် မနက် ၇ နာရီလောက်မှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေဟာ ရွာသားတွေကို တိုက်ခိုက်ခဲ့တာလို့ Guure က ပြောပါတယ်။ အခုအခါမှာ ဆိုမာလီအစိုးရတပ်တွေဟာ အနီးအနားကရွာတွေမှာပါ တပ်စွဲထားပြီး စစ်သွေးကြွတွေ လက်တုံ့ပြန် မတိုက်ခိုက်နိုင်အောင် ကြိုတင် အကာကွယ်ပေးနေပါတယ်။ ဒီအတောအတွင်း မြို့တော် မိုဂါဒစ်ရှုးတောင်ဘက် ကီလိုမီတာ ၁၅၀ လောက်အကွာမှာရှိတဲ့ Bulomarer ခရိုင်အတွင်းက ဈေးတခုမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ အဲဒီဈေးမှာ ယူဂန်ဒါက အာဖရိကန်သမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတွေ စခန်းချနေတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ နေ့လည်ဘက် ဒီပေါက်ကွဲဟာ al-Shabab အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစိုးရကစွပ်စွဲထားပါတယ်။

XS
SM
MD
LG