သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Baghdadi သုတ်သင်ရေး စစ်ဘက်လှုပ်ရှားမှု


IS ခေါင်းဆောင် al-Baghdadi ဖမ်းဆီးရေး စစ်ဆင်ရေးကို အိမ်ဖြူတော်အတွင်း ကြည့်ရှုနေသည့် အမေရိကန်သမ္မတ Trump နှင့် တာဝန်ရှိသူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၉)
IS ခေါင်းဆောင် al-Baghdadi ဖမ်းဆီးရေး စစ်ဆင်ရေးကို အိမ်ဖြူတော်အတွင်း ကြည့်ရှုနေသည့် အမေရိကန်သမ္မတ Trump နှင့် တာဝန်ရှိသူများ။ (အောက်တိုဘာ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကို အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းဖို့ သမ္မတ Donald Trump က ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက အတည်ပြုပေးထားခဲ့ပြီး နောက်ဆုံးရ ထောက်လှမ်းရေး အချက်အလက်တွေအရ IS ခေါင်းဆောင်ကို အထူးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ဖို့ အချိန်ကျပြီ ဆိုတာကို ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ဒုတိယသမ္မတ Mike Pence တို့က ပြောဆိုကြပါတယ်။

ဆီးရီးယားနိုင်ငံ Idlib မြို့က အဆောက်အအုံဝန်း တခုမှာ Baghdadi ရှိနေဖို့ သေချာသလောက် ရှိတယ်ဆိုတဲ့ အချက်ကို ကြာသပတေးနေ့ နေ့ခင်းပိုင်းမှာ အမေရိကန် ရရှိခဲ့တယ်လို့ ဒုသမ္မတ Mike Pence က CBS News ကို ပြောပါတယ်။

စနေနေ့ မနက်ပိုင်းမှာတော့ ခိုင်မာတဲ့ ထောက်လှမ်းရေး အချက်အလက်ကို အမေရိကန်ဘက်က လက်ခံရရှိခဲ့ပြီးနောက် အဲဒီညမှာပဲ အထူးတပ်ဖွဲ့ စစ်ဆင်ရေးစဖို့ ခွင့်ပြုခဲ့တာလို့ ဒုသမ္မတက ထပ်လောင်း ပြောပါတယ်။

စစ်ဆင်ရေးကို အီရတ်မှာ အခြေပြုပြီး ဆောင်ရွက်ခဲ့တာလို့ အမေရိကန်အစိုးရ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဆီးရီးယားက အဆောက်အအုံဝင်းကို ရောက်ဖို့အတွက် ရဟတ်ယာဉ် ၈ စင်းဟာ ၁ နာရီကျော်ကြာ ပျံသန်းခဲ့ရတယ်လို့လည်း သမ္မတ Trump က ပြောဆိုပါတယ်။

Baghdadi ကို လက်ရဖမ်းဆီးနိုင်ရေး အမေရိကန်စစ်သည်တွေ ရည်ရွယ်ခဲ့ပေမယ့် လိုအပ်ရင် သုတ်သင်ပစ်ဖို့လည်း ပြင်ဆင်ခဲ့ကြတယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က ပြောပါတယ်။

Baghdadi ကို လက်နက်ချဖို့လည်း အမေရိကန် အထူးတပ်ဖွဲ့က ကြိုးစားခဲ့ကြပါတယ်။ IS ခေါင်းဆောင် Baghdadi က ငြင်းဆိုခဲ့ပြီးနောက် မြေအောက်ပိုင်းကို ဆင်းသွားပြီး သူထွက်လာရေးအတွက် ကြိုးပမ်းနေကြချိန်မှာပဲ သူဝတ်ထားတဲ့ အသေခံဗုံးကို ဖောက်ခွဲပြီး အဆုံးစီရင်သွားတယ်လို့ ယူဆကြောင်း ကာကွယ်ရေးဝန်ကြီးက CNN ရုပ်သံကို ပြောဆိုခဲ့ပါတယ်။

----------------------------------

(Unicode)








al-Baghdadi သုတ်သင်ရေး စစ်ဘက်လှုပ်ရှားမှု
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG