သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aegean ပင်လယ် အားပြင်းငလျင်ကြောင့် တူရကီ နဲ့ ဂရိ မှာ လူတွေသေကြေထိခိုက် 


(Zawgyi/Unicode)

ဂရိနဲ့ တူရကီနိုင်ငံ အကြားက Aegean ပင်လယ်ပြင်မှာ သောကြာနေ့က အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်အပြီးမှာ ကယ်ဆယ် ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဂရိနဲ့ တူရကီ တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီ ကမ်းရိုးတန်း နဲ့ ဂရိပိုင် Samos ကျွန်းကြား ပင်လယ်အောက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး တချို့ပြိုကျခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်းသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာပါ။

ငလျင်ကြောင့် တူရကီရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Izmir မြို့မှာ အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး လူ ၄၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ တူရကီ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာန AFAD ကပြောပါတယ်။

ဂရိနိုင်ငံ Samos ကျွန်းမှာလည်း ငလျင်ကြောင့် နံရံပြိုကျခဲ့တဲ့အတွက် ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် အနည်းဆုံး ၁၉ ဦးဒဏ်ရာရခဲ့ပြီး အဲဒီအထဲက ၁၄ နှစ်အရွယ်လူငယ်တဦးအပါအဝင် ၂ ဦးကို ရဟတ်ယာဉ်နဲ့ အေသင် မြို့ ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ပြီး ၇ ဦးကတော့ Samos ကျွန်းမှာပဲ ဆေးရုံတင်ထားတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ရစ်ချ်တာ စကေး ၆.၉ ရှိတဲ့ ငလျင်က Samos ကျွန်း မြောက်နဲ့ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာ အကွာနဲ့ တူရကီ ကမ်းရိုးတန်းနဲ့ ၃၂ ကီလိုမီတာ အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာ လို့ ဥရောပနဲ့ မြေထဲပင်လယ် ငလျင်တိုင်းတာရေး ဌာနက ပြောပါတယ်။ အမေရိကန် ဘူမိဗေဒ လေ့လာရေးစစ်တမ်း ဌာနကတော့ ရစ်ချ်တာစကေး ၇.၀ ရှိတယ်လို့လ ပြောပါတယ်။

တူရကီကမ်းရိုးတန်းဘက်ကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်းလုံးတွေကြောင့် Samos ကျွန်း၊ Vathi ဆိပ်ကမ်းမြို့မှာလည်း လမ်းတွေပေါ် ပင်လယ်ရေ ဝင်ရောက်ခဲ့ပြီး ရေကြီး၊ ရေလျှံတာတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လူတွေကို ကမ်းရိုးတန်းနဲ့ ဝေးတဲ့နေရာမှာ နေကြဖို့နဲ့ ပြိုကျပျက်စီး နိုင်တဲ့ အဆောက်အဦးတွေနားမသွားကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)



ငလငြျကွောင့ျ တူရကီရဲ့ တတိယအကွီးဆုံးမွို့ဖွဈတဲ့ Izmir မွို့မှာ အနညျးဆုံး ၁၂ ဦးသဆေုံးခဲ့ပွီး လူ ၄၁၉ ဦး ဒဏျရာရခဲ့တယျလို့ တူရကီ သဘာဝဘေးအန်တရာယျနဲ့ အရေးပေါျ အခွအေနေ စီမံခန့ျခှဲရေး ဌာန AFAD ကပွောပါတယျ။




XS
SM
MD
LG