သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားပြည်နယ်မှာ အင်အားပြင်း ငလျင်လှုပ်


California ပြည်နယ် Ridgecrest မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ အိမ် (ဇူလိုင်၊ ၀၄၊ ၂၀၁၉)
California ပြည်နယ် Ridgecrest မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ အိမ် (ဇူလိုင်၊ ၀၄၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းမှာ ကြာသပတေးနေ့က ၆.၄ ပြင်းအားမြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တချို့နေရာတွေမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နေပါတယ်။

၆.၄ ပြင်းအားမြေငလျင်ကြောင့် Los Angeles မြို့ အရှေ့မြောက်ဘက်မှာ ရှိတဲ့ Ridgecrest မြို့မှာ မီးလောင်မှုတချို့ ဖြစ်ပွားခဲ့ပြီး အသေးစားထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အထင်ကရ Hollywood ဆိုင်းပုဒ်ကြီးလည်း လှုပ်ခတ်ခဲ့ပုံ ရပါတယ်။ ငလျင်လှုပ်ချိန် သိပ်မကြာလိုက်ပေမယ့် တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ကိုယ်တေ့ွကြုံသူတွေက ပြောပါတယ်။

လူနေကျဲပါးတဲ့ သဲကန္တာရဒေသမှာ ငလျင်လှုပ်ခဲ့တာမို့ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့က ငလျင်ဟာ California ပြည်နယ်တောင်ပိုင်းမှာ အနှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်ခတ်မှု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG