(Zawgyi / Unicode)
တူရကီနဲ႔ ဂရိႏုိင္ငံၾကားက Aegean ပင္လယ္ထဲက တူရကီကမ္း႐ုိးတန္းနားမွာ ေသာၾကာေန႔က လႈပ္ခဲ့တဲ့ငလ်င္ေၾကာင့္ လူ ၅၇ ေယာက္ထက္မနည္း ေသဆုံးၿပီး ၉၀၀ ေက်ာ္ ဒဏ္ရာရသြားတယ္လို႔ AP သတင္းက ေဖာ္ျပလိုက္ပါတယ္။ ငလ်င္ေၾကာင့္ တူရကီႏုိင္ငံ Izmir ၿမိဳ႕မွာ တုိက္ေတြၿပိဳက်ခဲ့ၿပီး ဂရိႏုိင္ငံပိုင္ ကၽြန္း ၂ ခုထက္မနည္းမွာလည္း ပင္လယ္လႈိင္းေတြ ျဖစ္ပြားခဲ့ပါတယ္။
ဒီကေန႔မနက္ပိုင္းမွာေတာ့ Ahmet Citim ဆုိသူတေယာက္ကို အပ်က္အစီးပုံေတြၾကားက တူရကီႏုိင္ငံ ကယ္ဆယ္ေရးအဖဲြ႔ေတြက ကယ္တင္ႏုိင္ခဲ့ပါတယ္။ အဲဒီလူဟာ အပ်က္အစီးပုံေတြေအာက္မွာ ၃၃ နာရီၾကာ ပိတ္မိေနခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။
တူရကီသမၼတ Recep Tayyip Erdogan ဟာ Izmir ၿမိဳ႕ကို မေန႔ညေနပိုင္းက သြားေရာက္ခဲ့ၿပီး ငလ်င္ေၾကာင့္ အိုးအိမ္ေတြ ပ်က္စီးဆုံး႐ႈံးသြားတဲ့သူေတြကို ယာယီေနစရာအိမ္ေတြ အကူအညီေပးသြားမွာျဖစ္ၿပီး၊ အေဆာက္အဦသစ္ေတြလည္း ေဆာက္သြားမယ္လို႔ ကတိေပးလိုက္ပါတယ္။
ျပင္းအား ၇.၀ ရွိတဲ့ အဲဒီငလ်င္ဟာ ေသာၾကာေန႔ ေန႔လယ္ပုိင္း တူရကီႏုိင္ငံနဲ႔ ကပ္ေနတဲ့ ဂရိပုိင္ Samos ကၽြန္းနားမွာ ဗဟိုျပဳ လႈပ္ခတ္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာလည္း ငလ်င္ငယ္ရာေပါင္းမ်ားစြာ လႈပ္ခတ္ပါတယ္။
ငလ်င္လႈပ္ၿပီးတဲ့ေနာက္ နာရီအနည္းငယ္အၾကာမွာပဲ ဂရိဝန္ႀကီးခ်ဳပ္ Kyriakos Mitsotakis က တူရကီသမၼတကို ရွားရွားပါးပါး ဖုန္းေခၚၿပီး ထိခုိက္မႈ ဆုံး႐ႈံးမႈေတြအတြက္ ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ့ပါတယ္။
“က်ေနာ္တုိ႔ၾကား ဘယ္လိုပဲ သေဘာထားကဲြျပားမႈေတြ ရွိပါေစ၊ အခုလိုအခ်ိန္က က်ေနာ္တုိ႔ေတြ အတူရပ္တည္ရမယ့္အခ်ိန္ ျဖစ္တယ္လို႔” ဂရိဝန္ႀကီးခ်ဳပ္က တြစ္တာကေန ေရးပါတယ္။
တူရကီဝန္ႀကီးခ်ဳပ္ Erdogan ကလည္း အိမ္နီးခ်င္း ၂ နုိင္ငံ စည္းလုံးညီညြတ္မႈကို ျပသခဲ့ၾကၿပီး အခုလို အခက္အခဲေတြ ရွိေနတဲ့အခ်ိန္မွာ အားေပးကူညီမႈက တျခားအရာေတြ အေတာ္မ်ားမ်ားထက္ ပိုၿပီးေတာ့ တန္ဖိုးရွိတယ္လို႔ တြစ္တာမွာ ေျပာထားပါတယ္။
--------------------
(Unicode)
တူရကီနဲ့ ဂရိနယ်စပ် ငလျင် လူ ၅၇ ဦးထက်မနည်း သေဆုံး
တူရကီနဲ့ ဂရိနိုင်ငံကြားက Aegean ပင်လယ်ထဲက တူရကီကမ်းရိုးတန်းနားမှာ သောကြာနေ့က လှုပ်ခဲ့တဲ့ငလျင်ကြောင့် လူ ၅၇ ယောက်ထက်မနည်း သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ AP သတင်းက ဖော်ပြလိုက်ပါတယ်။ ငလျင်ကြောင့် တူရကီနိုင်ငံ Izmir မြို့မှာ တိုက်တွေပြိုကျခဲ့ပြီး ဂရိနိုင်ငံပိုင် ကျွန်း ၂ ခုထက်မနည်းမှာလည်း ပင်လယ်လှိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ Ahmet Citim ဆိုသူတယောက်ကို အပျက်အစီးပုံတွေကြားက တူရကီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီလူဟာ အပျက်အစီးပုံတွေအောက်မှာ ၃၃ နာရီကြာ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
တူရကီသမ္မတ Recep Tayyip Erdogan ဟာ Izmir မြို့ကို မနေ့ညနေပိုင်းက သွားရောက်ခဲ့ပြီး ငလျင်ကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့သူတွေကို ယာယီနေစရာအိမ်တွေ အကူအညီပေးသွားမှာဖြစ်ပြီး၊ အဆောက်အဦသစ်တွေလည်း ဆောက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
ပြင်းအား ၇.၀ ရှိတဲ့ အဲဒီငလျင်ဟာ သောကြာနေ့ နေ့လယ်ပိုင်း တူရကီနိုင်ငံနဲ့ ကပ်နေတဲ့ ဂရိပိုင် Samos ကျွန်းနားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာလည်း ငလျင်ငယ်ရာပေါင်းများစွာ လှုပ်ခတ်ပါတယ်။
ငလျင်လှုပ်ပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာပဲ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က တူရကီသမ္မတကို ရှားရှားပါးပါး ဖုန်းခေါ်ပြီး ထိခိုက်မှု ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ကြား ဘယ်လိုပဲ သဘောထားကွဲပြားမှုတွေ ရှိပါစေ၊ အခုလိုအချိန်က ကျနော်တို့တွေ အတူရပ်တည်ရမယ့်အချိန် ဖြစ်တယ်လို့” ဂရိဝန်ကြီးချုပ်က တွစ်တာကနေ ရေးပါတယ်။
တူရကီဝန်ကြီးချုပ် Erdogan ကလည်း အိမ်နီးချင်း ၂ နိုင်ငံ စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပြီး အခုလို အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ အားပေးကူညီမှုက တခြားအရာတွေ အတော်များများထက် ပိုပြီးတော့ တန်ဖိုးရှိတယ်လို့ တွစ်တာမှာ ပြောထားပါတယ်။