(Zawgyi/Unicode)
Aegean ပင္လယ္ထဲက တူရကီကမ္းရိုးတန္းနားမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ေသဆုံးသူဟာ အခုဆိုရင္ ၁၁၆ ဦးအထိ ရွိခဲ့ၿပီး တူရကီႏို္င္ငံရဲ႕ တတိယအႀကီးဆုံး Izmir ၿမဳိ႕က အၿပဳိပ်က္ပုံေအာက္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြ ရပ္ဆိုင္းလိုက္ၿပီ ျဖစ္ပါတယ္။
ေသာၾကာေန႔က အဲဒီေဒသမွာ လႈပ္ခဲ့တဲ့ ျပင္းအား ၇-ရွိ ငလွ်င္ဒဏ္ေၾကာင့္ ေသဆုံးသူ ၁၁၆ ဦးထဲက ၂ ဦးကလဲြလို႔ က်န္သူအားလုံး Izmir ၿမဳိ႕မွာ ေသဆုံးခဲ့တာပါ။ ဆယ္ေက်ာ္သက္ရြယ္ ၂ ဦးကေတာ့ ဂရိႏိုင္ငံ Samos ကၽြန္းမွာ ေသဆုံးခဲ့ၿပီး အဲဒီေဒသဟာ ငလ်င္ ဗဟိုခ်က္နားမွာ ရွိခဲ့ပါတယ္။
Izmir ၿမဳိ႕မွာ ၿပဳိက်ခဲ့တဲ့ အေဆာက္အဦးႀကီး ၁၇ ခု ေအာက္က အသက္ကယ္ဆယ္ ရွာေဖြေရး လုပ္ငန္းေတြ ၿပီးဆုံးသြားၿပီလို႔ တူရကီ ကယ္ဆယ္ေရးတပ္ဖဲြ႔က ေျပာပါတယ္။ အိမ္ အၿပဳိပ်က္ပုံေအာက္မွာ နာရီ( ၉၀)ေက်ာ္ ပိတ္မိေနခဲ့တဲ့ ၃ ႏွစ္အရြယ္ မိန္းကေလးကို အသက္ရွင္လွ်က္ ျပန္ရွာေတြ႕ခ့ဲခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႔ေတ ြ စိတ္အား တက္ၾကြခဲ့ရပါတယ္။
ဒီငလ်င္ေၾကာင့္ လူ (၁၀၃၅)ဦး ဒဏ္ရာရခဲ့ၿပီး (၁၃၇)ဦးကိုေတာ့ ေဆးရုံ တင္ထားရ ပါတယ္။ ဒီ လူေတြအားလုံး ျပန္လည္ သက္သာ က်န္းမာလာတဲ့အထိ ကုသေပးသြားမယ္လို႔ တူရကီသမၼတ Tayyip Erdogan က ကတိေပး ေျပာၾကားပါတယ္။
...........
Aegean ပင်လယ် ငလျင် ရှာဖွေကယ်ဆယ်ရေး တူရကီရပ်ဆိုင်း
(Unicode)
Aegean ပင်လယ်ထဲက တူရကီကမ်းရိုးတန်းနားမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဟာ အခုဆိုရင် ၁၁၆ ဦးအထိ ရှိခဲ့ပြီး တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံး Izmir မြို့က အပြိုပျက်ပုံအောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
သောကြာနေ့က အဲဒီဒေသမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇-ရှိ ငလျှင်ဒဏ်ကြောင့် သေဆုံးသူ ၁၁၆ ဦးထဲက ၂ ဦးကလွဲလို့ ကျန်သူအားလုံး Izmir မြို့မှာ သေဆုံးခဲ့တာပါ။ ဆယ်ကျော်သက်ရွယ် ၂ ဦးကတော့ ဂရိနိုင်ငံ Samos ကျွန်းမှာ သေဆုံးခဲ့ပြီး အဲဒီဒေသဟာ ငလျင် ဗဟိုချက်နားမှာ ရှိခဲ့ပါတယ်။
Izmir မြို့မှာ ပြိုကျခဲ့တဲ့ အဆောက်အဦးကြီး ၁၇ ခု အောက်က အသက်ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းတွေ ပြီးဆုံးသွားပြီလို့ တူရကီ ကယ်ဆယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ အိမ် အပြိုပျက်ပုံအောက်မှာ နာရီ( ၉၀)ကျော် ပိတ်မိနေခဲ့တဲ့ ၃ နှစ်အရွယ် မိန်းကလေးကို အသက်ရှင်လျှက် ပြန်ရှာတွေ့ခဲ့ချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တေ ွ စိတ်အား တက်ကြွခဲ့ရပါတယ်။
ဒီငလျင်ကြောင့် လူ (၁၀၃၅)ဦး ဒဏ်ရာရခဲ့ပြီး (၁၃၇)ဦးကိုတော့ ဆေးရုံ တင်ထားရ ပါတယ်။ ဒီ လူတွေအားလုံး ပြန်လည် သက်သာ ကျန်းမာလာတဲ့အထိ ကုသပေးသွားမယ်လို့ တူရကီသမ္မတ Tayyip Erdogan က ကတိပေး ပြောကြားပါတယ်။