[Zawgyi/Unicode]
အင္ဒိုနီး႐ွားႏုိင္ငံတဝန္းမွာ ကိုဗစ္ေရာဂါကာကြယ္ေဆးထုိးမႈ အစီအစဥ္ကို စတင္ေနပါၿပီ။ သမၼတ Joko Widodo က တ႐ုတ္ႏိုင္ငံကထုတ္ Sinovac ကိုဗစ္ကာကြယ္ေဆးကို ဗုဒၶဟူးေန႔က ထိုးၿပီးကာကြယ္ေဆးထိုး အစီအစဥ္ကို စတင္ခဲ့တာပါ။ ကိုဗစ္ကာကြယ္ေဆးကို ဦးစားေပးအဆင့္လိုက္ထုိးသြားမယ့္ထဲမွာ သက္ႀကီး႐ြယ္အိုေတြအစား ၁၈ ႏွစ္ကေန ၅၉ ႏွစ္ၾကားအ႐ြယ္ေတြကို ပထမဦးစားေပးအေနနဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးေပးသြားမယ့္အေၾကာင္္း မစုျမတ္မြန္က စုစည္းတင္ျပပါမယ္။
တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကိုဗစ္ကာကြယ္ေဆးကို အင္ဒိုနီး႐ွားႏိုင္ငံမွာ အေရးေပၚအသံုးျပဳဖုိ႔ အင္ဒိုနီး႐ွား အစားအစာနဲ႔ ေဆးဝါးႀကီးၾကပ္ေရးဌာနက ခြင့္ျပဳၿပီး ၂ ရက္အၾကာ ဗုဒၶဟူးေန႔က ႏိုင္ငံတဝန္း ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္ေတြကုိ စတင္ခဲ့ပါတယ္။ Sinovac ကာကြယ္ေဆးကို တ႐ုတ္ႏိုင္ငံၿပီးရင္ အင္ဒိုနီး႐ွားက ဒုတိယႏိုင္ငံအျဖစ္ အေရးေပၚအသံုးျပဳခြင့္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ အသက္ ၅၉ ႏွစ္အ႐ြယ္ အင္ဒိုနီး႐ွားသမၼတ Joko Widodo က ႏိုင္ငံထဲမွာ ပထမဆံုးအျဖစ္ Sinovac ကိုဗစ္ကာကြယ္ေဆး အထိုးခံခဲ့ပါတယ္။
"က်ေနာ္တို႔ အခုလိုကာကြယ္ေဆးထုိးမႈ စတင္ၿပီးတာနဲ႔ ႏိုင္ငံတဝန္းလံုးက ျပည္နယ္ေတြ၊ ခ႐ိုင္ေတြ၊ ၿမိဳ႕ေတြမွာ ကာကြယ္ေဆးထုိးအစီအစဥ္ေတြကို ဆက္လုပ္သြားမွာျဖစ္ပါတယ္။ အင္ဒိုနီး႐ွား အစားအစာနဲ႔ေဆးဝါးႀကီးၾကပ္ေရးဌာနရဲ႕ အေရးေပၚ အသံုးျပဳခြင့္နဲ႔ အင္ဒိုနီး႐ွား အစၥလာမ္ဘာသာေရးေခါင္းေဆာင္မ်ားအဖဲြ႔ရဲ႕ ခြင့္ျပဳခ်က္ ရ႐ွိၿပီးေနာက္မွာ ပထမဆံုးကာကြယ္ေဆးထိုး အစီအစဥ္ကုိ စတင္တာျဖစ္ပါတယ္။"
သမၼတအိမ္ေတာ္မွာ ဗုဒၶဟူးေန႔က သမၼတ Widodo အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တျခားအစိုးရထိပ္တန္းအရာ႐ွိ တခ်ဳိ႕ ပထမတႀကိမ္ ကိုဗစ္ကာကြယ္ေဆး အထုိးခံခဲ့ၾကပါတယ္။ ၂ ႀကိမ္ထုိးဖုိ႔လိုတဲ့ Sinovac ကာကြယ္ေဆးကို ေနာက္ပိုင္းရက္ေတြမွာ ဒုတိယအႀကိမ္ထုိးမွာျဖစ္ပါတယ္။
အင္ဒိုနီး႐ွားမွာ စတင္ေနတဲ့ ကိုဗစ္ကာကြယ္ေဆးထုိး အစီအစဥ္က တျခားႏိုင္ငံေတြမွာလို သက္ႀကီး႐ြယ္အိုေတြကို ဦးစားမေပးဘဲ အသက္ ၁၈ ႏွစ္ကေန ၅၉ ႏွစ္ၾကား အ႐ြယ္ေတြကို ပထမဦးစားေပး ေဆးထိုးေပးေနတာပါ။ တ႐ုတ္ရဲ႕ Sinovac ကိုဗစ္ကာကြယ္ေဆးက သက္ႀကီး႐ြယ္အိုေတြအေပၚ ဘယ္လိုသက္ေရာက္မႈ႐ွိသလဲဆိုတဲ့ စမ္းသပ္မႈအေျဖ အျပည့္အစံု မသိရေသးတာေၾကာင့္ေရာ၊ တျခားသူေတြနဲ႔ ထိေတ႔ြမႈပိုမ်ားတဲ့ လုပ္ငန္းခြင္ဝင္ေနၾကသူေတြကို ဦးစားေပးတဲ့အေနနဲ႔ ခုလို ကာကြယ္ေဆးထိုးေပးေနတာျဖစ္ပါတယ္။
Sinovac ကိုဗစ္ကာကြယ္ေဆးကို အင္ဒိုနီး႐ွားႏိုင္ငံမွာ စမ္းသပ္တာ ထိေရာက္မႈ ၆၅.၃% ထိေရာက္မႈ ႐ွိတယ္လို႔ အင္ဒိုနီး႐ွားက်န္းမာေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။ ဘရာဇီးလ္ႏိုင္ငံမွာ စမ္းသပ္တာေတာ့ ၅၀% ပဲ ထိေရာက္မႈ႐ွိတယ္လို႔ ေျပာပါတယ္။
အင္ဒိုနီး႐ွားႏုိင္ငံဟာ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံေတြထဲမွာ ကိုဗစ္ဒဏ္ေရာဂါ အဆိုးဆံုးကူးစက္ ပ်ံ႕ႏွံ႔ေနတဲ့ ႏိုင္ငံတခုျဖစ္ၿပီး ေန႔စဥ္အတည္ျပဳလူနာ ပ ွ်မ္းမ ွ် ၉,၀၀၀ ေလာက္႐ွိေနတာပါ။
ကိုဗစ္ေၾကာင့္ ႏွစ္ ၂၀ ေက်ာ္အတြင္း ပထမဆံုး စီးပြားေရးက်ဆင္းမႈနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ စီးပြားေရးျပန္လည္ဦးေမာ့ႏိုင္ေရးအတြက္ အင္ဒိုနီး႐ွားအစိုးရက စိတ္အားသန္ေနပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္ၿပီဆုိၿပီး အေနအထိုင္မေပါ့ၾကဖုိ႔ သမၼတ Widodo ကလည္း ခုလိုထပ္ၿပီး သတိေပးခဲ့ပါတယ္။
"ကာကြယ္ေဆးထိုးအစီအစဥ္ေတြ လုပ္ေနေပမဲ့ က်န္းမာေရးဆိုင္ရာ လုပ္ဖုိ႔အေရးႀကီးတဲ့ အခ်က္ေတြကို မေမ့ၾကဖုိ႔လည္း ေျပာခ်င္ပါတယ္။ ႏွာေခါင္းစည္းတပ္ပါ။ လက္ေဆးပါ။ တေယာက္နဲ႔တေယာက္ ခပ္ခြာခြာေနပါ။ လူၾကားထဲသြားတာ ေ႐ွာင္ၾကပါ။"
ကိုဗစ္ကပ္ေရာဂါအဆံုးသတ္ဖုိ႔ ကိုဗစ္ကာကြယ္ေဆးက အဓိကလို႔ မမွတ္ယူၾကဖုိ႔ ကၽြမ္းက်င္သူေတြကလည္း သတိေပးေနပါတယ္။ ကာကြယ္ေဆးထုိးထားၿပီးသူေတြ ေရာဂါ ကူးႏုိင္သလားဆိုတာကို ေလ့လာစစ္ေဆးမႈေတြ လုပ္ဖုိ႔ လိုအပ္ေနေသးတယ္လို႔ သူတို႔က ေထာက္ျပေနၾကပါတယ္။ အင္ဒိုနီး႐ွားႏိုင္ငံက AstraZenec၊ Pfizer၊ အျပင္ တ႐ုတ္က Sinopharm ကိုဗစ္ကာကြယ္ေဆး စုစုေပါင္း သန္း ၃၃၀ ကိုဝယ္ယူဖုိ႔လည္း စာခ်ဳပ္ထားပါတယ္။
[Unicode Version]
အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင်
အင်ဒိုနီးရှားနိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှု အစီအစဉ်ကို စတင်နေပါပြီ။ သမ္မတ Joko Widodo က တရုတ်နိုင်ငံကထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့က ထိုးပြီးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်ခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအဆင့်လိုက်ထိုးသွားမယ့်ထဲမှာ သက်ကြီးရွယ်အိုတွေအစား ၁၈ နှစ်ကနေ ၅၉ နှစ်ကြားအရွယ်တွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ့်အကြောင်း မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ်အသုံးပြုဖို့ အင်ဒိုနီးရှား အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ခွင့်ပြုပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့က နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။ Sinovac ကာကွယ်ဆေးကို တရုတ်နိုင်ငံပြီးရင် အင်ဒိုနီးရှားက ဒုတိယနိုင်ငံအဖြစ် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် အင်ဒိုနီးရှားသမ္မတ Joko Widodo က နိုင်ငံထဲမှာ ပထမဆုံးအဖြစ် Sinovac ကိုဗစ်ကာကွယ်ဆေး အထိုးခံခဲ့ပါတယ်။
"ကျနော်တို့ အခုလိုကာကွယ်ဆေးထိုးမှု စတင်ပြီးတာနဲ့ နိုင်ငံတဝန်းလုံးက ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေမှာ ကာကွယ်ဆေးထိုးအစီအစဉ်တွေကို ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အင်ဒိုနီးရှား အစားအစာနဲ့ဆေးဝါးကြီးကြပ်ရေးဌာနရဲ့ အရေးပေါ် အသုံးပြုခွင့်နဲ့ အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပထမဆုံးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်တာဖြစ်ပါတယ်။"
သမ္မတအိမ်တော်မှာ ဗုဒ္ဓဟူးနေ့က သမ္မတ Widodo အပြင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားအစိုးရထိပ်တန်းအရာရှိ တချို့ ပထမတကြိမ် ကိုဗစ်ကာကွယ်ဆေး အထိုးခံခဲ့ကြပါတယ်။ ၂ ကြိမ်ထိုးဖို့လိုတဲ့ Sinovac ကာကွယ်ဆေးကို နောက်ပိုင်းရက်တွေမှာ ဒုတိယအကြိမ်ထိုးမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ စတင်နေတဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်က တခြားနိုင်ငံတွေမှာလို သက်ကြီးရွယ်အိုတွေကို ဦးစားမပေးဘဲ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်ကြား အရွယ်တွေကို ပထမဦးစားပေး ဆေးထိုးပေးနေတာပါ။ တရုတ်ရဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးက သက်ကြီးရွယ်အိုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ စမ်းသပ်မှုအဖြေ အပြည့်အစုံ မသိရသေးတာကြောင့်ရော၊ တခြားသူတွေနဲ့ ထိတေ့ွမှုပိုများတဲ့ လုပ်ငန်းခွင်ဝင်နေကြသူတွေကို ဦးစားပေးတဲ့အနေနဲ့ ခုလို ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။
Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ စမ်းသပ်တာ ထိရောက်မှု ၆၅.၃% ထိရောက်မှု ရှိတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ စမ်းသပ်တာတော့ ၅၀% ပဲ ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကိုဗစ်ဒဏ်ရောဂါ အဆိုးဆုံးကူးစက် ပျံ့နှံ့နေတဲ့ နိုင်ငံတခုဖြစ်ပြီး နေ့စဉ်အတည်ပြုလူနာ ပ ျှမ်းမ ျှ ၉,၀၀၀ လောက်ရှိနေတာပါ။
ကိုဗစ်ကြောင့် နှစ် ၂၀ ကျော်အတွင်း ပထမဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးပြန်လည်ဦးမော့နိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရက စိတ်အားသန်နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပြီဆိုပြီး အနေအထိုင်မပေါ့ကြဖို့ သမ္မတ Widodo ကလည်း ခုလိုထပ်ပြီး သတိပေးခဲ့ပါတယ်။
"ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နေပေမဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ဖို့အရေးကြီးတဲ့ အချက်တွေကို မမေ့ကြဖို့လည်း ပြောချင်ပါတယ်။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ တယောက်နဲ့တယောက် ခပ်ခွာခွာနေပါ။ လူကြားထဲသွားတာ ရှောင်ကြပါ။"
ကိုဗစ်ကပ်ရောဂါအဆုံးသတ်ဖို့ ကိုဗစ်ကာကွယ်ဆေးက အဓိကလို့ မမှတ်ယူကြဖို့ ကျွမ်းကျင်သူတွေကလည်း သတိပေးနေပါတယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေ ရောဂါ ကူးနိုင်သလားဆိုတာကို လေ့လာစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ သူတို့က ထောက်ပြနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက AstraZenec၊ Pfizer၊ အပြင် တရုတ်က Sinopharm ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၃၃၀ ကိုဝယ်ယူဖို့လည်း စာချုပ်ထားပါတယ်။