သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကိုဗစ္ကာကြယ္ေဆး ေဖေဖာ္ဝါရီမွာ ရဖို႔ သမၼတ႐ံုးေမွ်ာ္လင့္


ရန္ကုန္ၿမိဳ႕ရွိ ဧရာဝတီ ကိုဗစ္စင္တာ တခုမွာ ကိုဗစ္ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

သန္းနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ ကိုဗစ္ေရာဂါ ကာကြယ္ေဆးရဖုိ႔ ေငြေပးေခ်ထားၿပီး၊ အျမန္ဆုံးရဖုိ႔ စီစဥ္ေနေၾကာင္း အစုိးရေျပာခြင့္ရ ပုဂၢိဳလ္က ေျပာဆုိလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံက လူဦးေရ ၁၅ သန္းအတြက္ အိႏၵိယႏိုင္ငံက မွာယူထားတဲ့ ကိုဗစ္ကာကြယ္ေဆး အျမန္ဆံုး ရရွိႏိုင္ေအာင္ စီစဥ္ေနၿပီး မၾကာခင္ ရရွိမယ္လုိ႔ ခန္႔မွန္းထားေၾကာင္း သမၼတ႐ုံး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ဒီကေန႔ပဲ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာလိုက္တာပါ။

“အျမန္ဆံုးေတာ့ လုပ္ေနတယ္။ လုပ္ေနတဲ့အပိုင္းမွာ အခုတ၀က္ေပါ့ေနာ္။ ၇၅ သန္းကို ၁၄ ရက္ေန႔ ေနာက္ဆံုးထား လႊဲေပးၿပီးသြားရင္ ဟိုဘက္က ေဆးေတြတင္ပို႔ဖို႔ လုပ္ရမယ္။ အဲ့လုပ္တဲ့ဟာကိုလည္း ျမန္ေအာင္ ညွိႏိႈင္းေနတယ္။ ေဖေဖာ္၀ါရီလထဲ ရႏိုင္မလားေပါ့ေနာ္။ Target ထားတာေပါ့ေနာ္။ ဒါေပမဲ့ ေဖေဖာ္၀ါရီလထဲရ ရမယ္လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ ဒါ က်ေနာ္တို႔႔ တႏိုင္ငံတည္းတင္ ေျပာလို႔မရဘူး။ အိႏၵိယဘက္ကလည္း အျမန္ဆံုး ပို႔ေပးဖို႔ကို အျမန္ဆံုးညွိေနပါတယ္။ ေမွ်ာ္မွန္းတာကေတာ့ ေဖေဖာ္၀ါရီ ရမလားေပါ့။ အဲ့ဒီလိုေတာ့ ေမွ်ာ္မွန္းတယ္။”

လာမယ့္ ေဖေဖာ္၀ါရီလမွာ အေမရိကန္ ေဒၚလာ ၇၅ သန္းကို လႊဲေပးဖုိ႔ စီစဥ္ထားၿပီး ပထမအသုတ္အျဖစ္ ထုိးေဆး ၁၀ သန္းေရာက္ရွိလာတဲ့အခါ က်န္တဲ့တ၀က္ကုိ ထပ္မံေပးေခ်ဖုိ႔ သေဘာတူထားတယ္လုိ႔လည္း ေျပာပါတယ္။ ေနာက္ထပ္လည္း ကာကြယ္ေဆးေတြ ရႏုိင္ဖုိ႔ အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံ အပါအ၀င္ က်န္ႏုိင္ငံေတြနဲ႔ ညွိႏႈိင္းေနတယ္လုိ႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

သမၼတ႐ံုး ေျပာခြင့္ရဦးေဇာ္ေဌး
သမၼတ႐ံုး ေျပာခြင့္ရဦးေဇာ္ေဌး

“ေနာက္ Bilateral ေတြ တရုတ္နဲ႔လည္းညွိတာ ရွိတယ္။ ဖြံ႔ၿဖိဳးဆဲႏိုုင္ငံေတြရ ရမယ့္ WHO ရဲ႕ ကာကြယ္ေဆး ရရွိေရး လုပ္ငန္းစဥ္ေတြမွာလည္း က်ေနာ္တို႔ ပါတယ္။ သုိ႔ေသာ္ ဒါကေတာ့ ကိုယ့္ႏိုင္ငံအေရးေပၚေနာ္ အေစာဆံုးရေအာင္ အျမန္ဆံုး ရေအာင္လုပ္ေနတဲ့ သေဘာျဖစ္ပါတယ္။”

ကုိဗစ္ေရာဂါ ကာကြယ္ေဆးကုိေတာ့ ပထမဦးစားေပးအျဖစ္ ျမန္မာတႏိုင္လုံးက က်န္းမာေရးဝန္ထမ္း ၁၂၀,၀၀၀ ေက်ာ္ကို ထိုးႏွံေပးမွာ ျဖစ္တယ္လုိ႔လည္း ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေျပာဆုိထားပါတယ္။

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဇန္န၀ါရီ ၇ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၂,၇၀၀ ေက်ာ္နဲ႔ ကူးစက္ခံရသူ ၁၂၈,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ဖေဖော်ဝါရီမှာရဖို့ သမ္မတရုံးမျှော်လင့်

သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးရဖို့ ငွေပေးချေထားပြီး၊ အမြန်ဆုံးရဖို့ စီစဉ်နေကြောင်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံက လူဦးရေ ၁၅ သန်းအတွက် အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံး ရရှိနိုင်အောင် စီစဉ်နေပြီး မကြာခင် ရရှိမယ်လို့ ခန့်မှန်းထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ပဲ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“အမြန်ဆုံးတော့ လုပ်နေတယ်။ လုပ်နေတဲ့အပိုင်းမှာ အခုတဝက်ပေါ့နော်။ ၇၅ သန်းကို ၁၄ ရက်နေ့ နောက်ဆုံးထား လွှဲပေးပြီးသွားရင် ဟိုဘက်က ဆေးတွေတင်ပို့ဖို့ လုပ်ရမယ်။ အဲ့လုပ်တဲ့ဟာကိုလည်း မြန်အောင် ညှိနှိုင်းနေတယ်။ ဖေဖော်ဝါရီလထဲ ရနိုင်မလားပေါ့နော်။ Target ထားတာပေါ့နော်။ ဒါပေမဲ့ ဖေဖော်ဝါရီလထဲရ ရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ဒါ ကျနော်တို့ တနိုင်ငံတည်းတင် ပြောလို့မရဘူး။ အိန္ဒိယဘက်ကလည်း အမြန်ဆုံး ပို့ပေးဖို့ကို အမြန်ဆုံးညှိနေပါတယ်။ မျှော်မှန်းတာကတော့ ဖေဖော်ဝါရီ ရမလားပေါ့။ အဲ့ဒီလိုတော့ မျှော်မှန်းတယ်။”

လာမယ့် ဖေဖော်ဝါရီလမှာ အမေရိကန် ဒေါ်လာ ၇၅ သန်းကို လွှဲပေးဖို့ စီစဉ်ထားပြီး ပထမအသုတ်အဖြစ် ထိုးဆေး ၁၀ သန်းရောက်ရှိလာတဲ့အခါ ကျန်တဲ့တဝက်ကို ထပ်မံပေးချေဖို့ သဘောတူထားတယ်လို့လည်း ပြောပါတယ်။ နောက်ထပ်လည်း ကာကွယ်ဆေးတွေ ရနိုင်ဖို့ အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် ကျန်နိုင်ငံတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“နောက် Bilateral တွေ တရုတ်နဲ့လည်းညှိတာ ရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရ ရမယ့် WHO ရဲ့ ကာကွယ်ဆေး ရရှိရေး လုပ်ငန်းစဉ်တွေမှာလည်း ကျနော်တို့ ပါတယ်။ သို့သော် ဒါကတော့ ကိုယ့်နိုင်ငံအရေးပေါ်နော် အစောဆုံးရအောင် အမြန်ဆုံး ရအောင်လုပ်နေတဲ့ သဘောဖြစ်ပါတယ်။”

ကိုဗစ်ရောဂါ ကာကွယ်ဆေးကိုတော့ ပထမဦးစားပေးအဖြစ် မြန်မာတနိုင်လုံးက ကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ကို ထိုးနှံပေးမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၁၂၈,၀၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG