[Zawgyi/Unicode]
တရုတ္-ျမန္္မာနယ္စပ္ေဒသ UWSA ၀တပ္ဖဲြ႔ ထိန္းခ်ဳပ္ရာနယ္ေျမမွာ COVID 19 ကူးစက္မႈေတြ တုိးလာတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ဒီေန႔ကစ ကန္႔သတ္လုိက္တဲ့အေၾကာင္းနဲ႔ မုိင္းလားေဒသက ကပ္ေရာဂါကူးစက္မႈ အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။
UWSA ၀တပ္ဖဲြ႔ထိန္းခ်ဳပ္ရာ အထူးေဒသ ၂ မွာ ဒီဇင္ဘာလ ၁၅ ရက္က ပိုးေတြ႔လူနာ ၂ ဦး စတင္ေတြ႔ရိွခဲ့ၿပီး ဒီလ ၅ ရက္ေန႔မွာေတာ့ ၁၅၃ ဦးထိ ျမင့္တက္လာတာပါ။
ဒီလို ျမင့္တက္လာတဲ့ေနာက္ ပန္ဆန္းၿမိဳ႕ကို ဒီကေန႔ညက စတင္ၿပီး အသြားအလာပိတ္ပင္ကန္႔သတ္မႈ Lockdown ျပဳလုပ္မွာျဖစ္ေၾကာင္း၊ ျပည္သူအားလံုးကို စစ္ေဆးသြားမွာျဖစ္ေၾကာင္း UWSA ရဲ့ လားရိႈးဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရန္းက VOA ကို ေျပာပါတယ္။
“Lockdown ကေတာ့ ဒီေန႔ေပါ့။ ၆ ရက္ေန႔ည စၿပီးသတ္မွတ္မယ္။ ဒီရက္ပိုင္းေတြကေတာ့ တစ္ၿမိဳ႕လံုးအတိုင္းအတာအေနနဲ႔ နမူနာတို႔ဖတ္ကို စီစစ္ေနတုန္းပါပဲေနာ္။”
UWSA ထိန္းခ်ဳပ္ရာ အထူးေဒသ ၂ က ဒီလ ၅ ရက္ေန႔အထိ ပန္ဆန္းၿမိဳ႕မွာ အတည္ျပဳလူနာ ၃၅ ေယာက္၊ မိုင္းေပါက္ၿမိဳ႕မွာ ၁၀၃ ေယာက္၊ ဟုိေတာင္းၿမိဳ႕မွာ ၇ေယာက္၊ မိုင္းဖ်န္ၿမိဳ႕မွာ ၈ ေယာက္ စုစုေပါင္း ၁၅၃ ေယာက္ေတြ႔ရိွထားေၾကာင္းနဲ႔ အေသအေပ်ာက္မရိွေၾကာင္း ၀ျပည္နယ္က်န္းမာေရးဌာန၊ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအဖဲြ႔က ထုတ္ျပန္ထားပါတယ္။
ေလာေလာဆယ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္လည္း ျမန္မာအစိုးရနဲ႔ တရုတ္ႏိုင္ငံက ေဒသတြင္းအဖဲြ႔အစည္းေတြနဲ႔ပါ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္းလည္း ဦးညီရန္းက ဆက္ေျပာပါတယ္။
“ပန္ဆန္းမွာ ရိွတဲ့ အစိုးရရဲ့ ျပည္သူ႔ေဆးရံုေပါ့ေနာ္။ အဲဒါ ပူးေပါင္းမႈေတြ ရိွပါတယ္။ က်ေနာ္တုိ႔ ၀ အဖဲြ႔နဲ႔။ ၿပီးေတာ့ ဒီ တရုတ္ျပည္ဘက္ျခမ္းက အရပ္ဘက္ေရာ၊ ဒီၾကက္ေျခနီအသင္းေတြေရာ လာေရာက္ၿပီးမွ ကူညီမႈေတြရိွတယ္။”
ဒီလ ၅ ရက္ေန႔အထိ အထူးေဒသ၂ အတြင္း ဓါတ္ခဲြနမူနာစစ္ေဆးထားသူ စုစုေပါင္း ၁၅၀,၀၀၀ ေက်ာ္ရိွေၾကာင္း၊ ဓါတ္ခဲြစစ္ေဆးတာကို အခမဲ့ေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။
တခ်ိန္တည္းမွာပဲ NDAA မိုင္းလားအဖဲြ႔ ထိန္းခ်ဳပ္အထူးေဒသ ၄ မွာလည္း ဒီဇင္ဘာလ ၂၀ ရက္ေန႔ေတြက ပထမဆံုး COVID 19 ကူးစက္လူနာ ၁ ဦး စတင္ေတြ႔ရိွထားပါတယ္။
လက္ရိွ ဓါတ္ခဲြစစ္ေဆးထားသူ ၈၀,၀၀၀ ေက်ာ္ရိွေၾကာင္းနဲ႔ ေဒသတစ္၀ွမ္းလံုးကို ဆက္လက္ စစ္ေဆးသြားမွာျဖစ္ေၾကာင္း NDAA မိုင္းလားအဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဦးၾကည္ျမင့္က အခုလို ေျပာပါတယ္။
“က်ေနာ္တို႔ အခု ၈၅,၃၁၅ ဦး စစ္ေဆးၿပီးၿပီ။ မိုင္းလားၿမိဳ႕နယ္ေတာ့ စစ္ေဆးတာ ၿပီးသြားၿပီ။ အခု က်န္ခဲ့တဲ့လူေတြကို ရွာေနတယ္။ ေနာက္ရက္အတြင္းပိုင္းမွာဆုိရင္ က်ေနာ္တုိ႔ ဆီလူးနဲ႔ နမ့္ပန္းေဒသကို ေျပာင္းေရႊ႕သြားမယ္။ ေတာင္တန္းေဒသမွာ ရြာတစ္ရြာနဲ႔ ေ၀းတဲ့အခါနဲ႔ လာမယ့္အခ်ိန္ကေတာ့ ေတာ္ေတာ္ခက္သြားမယ္။”
မိုင္းလားၿမိဳ႕ကိုေတာ့ ဒီဇင္ဘာလ ၂၅ ရက္ေန႔က စတင္ၿပီး Lockdown ခ်ၿပီး ေဒသခံေတြကို အာေခါင္တုိ႔ဖတ္ ဓါတ္ခဲြနမူနာယူ စစ္ေဆးတာေတြကို အခမဲ့ ေဆာင္ရြက္ေပးခဲ့တာျဖစ္ပါတယ္။
ဒီဇင္ဘာလ ၂၀ ရက္ေန႔က အတည္ျပဳလူနာ ၁ ဦးေတြ႔ရိွေၾကာင္း ထုတ္ျပန္ၿပီးတဲ့ေနာက္မွာေတာ့ COVID 19 အတည္ျပဳလူနာ ထပ္မံေတြ႔ရိွေၾကာင္းသတင္းထုတ္ျပန္တာ မရိွပါဘူး။
ေဒသခံအခ်ိဳ႕ကေတာ့ သံသယလူနာ ၃၀၀ ေလာက္ကို Quarantine Center မွာ ထားရိွေၾကာင္း ေျပာဆိုေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။
၂၀၂၀ ႏွစ္ဆန္း တရုတ္ႏိုင္ငံမွာ COVID 19 ျဖစ္ပြားခ်ိန္တည္းက ၀နဲ႔ မုိင္းလားေဒသမွာ ေရာဂါ ကာကြယ္တားဆီးေရးအတြက္ စတင္ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ေလာေလာဆယ္မွာ လည္း ျပင္ပေဒသေတြနဲ႔ အသြားအလာေတြ ပိတ္ပင္ထားပါတယ္။
၀နဲ႔ မုိင္းလားေဒသမွာ ဒီဇင္ဘာလအတြင္း COVID 19 ကူးစက္လူနာ ပထမဆံုးစတင္ေတြ႔ရိွခဲ့တဲ့ေနာက္မွာ တပ္မေတာ္က ေရာဂါ ကာကြယ္ကုသေရးအတြက္ အေထာက္အကူပစၥည္းနဲ႔ ေဆးရံုသံုးပစၥည္းေတြကို ေပးပို႔လွဴဒါန္းတာေတြ ရိွခဲ့ပါတယ္။
[Unicode Version]
ဝ တပ်ထိန်းချုပ်နယ်မြေမှာ သွားလာမှုကန့်သတ်
တရုတ်-မြန်မာနယ်စပ်ဒေသ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေမှာ COVID 19 ကူးစက်မှုတွေ တိုးလာတာကြောင့် သွားလာလှုပ်ရှားမှုတွေ ဒီနေ့ကစ ကန့်သတ်လိုက်တဲ့အကြောင်းနဲ့ မိုင်းလားဒေသက ကပ်ရောဂါကူးစက်မှု အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
UWSA ဝတပ်ဖွဲ့ထိန်းချုပ်ရာ အထူးဒေသ ၂ မှာ ဒီဇင်ဘာလ ၁၅ ရက်က ပိုးတွေ့လူနာ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး ဒီလ ၅ ရက်နေ့မှာတော့ ၁၅၃ ဦးထိ မြင့်တက်လာတာပါ။
ဒီလို မြင့်တက်လာတဲ့နောက် ပန်ဆန်းမြို့ကို ဒီကနေ့ညက စတင်ပြီး အသွားအလာပိတ်ပင်ကန့်သတ်မှု Lockdown ပြုလုပ်မှာဖြစ်ကြောင်း၊ ပြည်သူအားလုံးကို စစ်ဆေးသွားမှာဖြစ်ကြောင်း UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို ပြောပါတယ်။
“Lockdown ကတော့ ဒီနေ့ပေါ့။ ၆ ရက်နေ့ည စပြီးသတ်မှတ်မယ်။ ဒီရက်ပိုင်းတွေကတော့ တစ်မြို့လုံးအတိုင်းအတာအနေနဲ့ နမူနာတို့ဖတ်ကို စီစစ်နေတုန်းပါပဲနော်။”
UWSA ထိန်းချုပ်ရာ အထူးဒေသ ၂ က ဒီလ ၅ ရက်နေ့အထိ ပန်ဆန်းမြို့မှာ အတည်ပြုလူနာ ၃၅ ယောက်၊ မိုင်းပေါက်မြို့မှာ ၁၀၃ ယောက်၊ ဟိုတောင်းမြို့မှာ ၇ယောက်၊ မိုင်းဖျန်မြို့မှာ ၈ ယောက် စုစုပေါင်း ၁၅၃ ယောက်တွေ့ရှိထားကြောင်းနဲ့ အသေအပျောက်မရှိကြောင်း ဝပြည်နယ်ကျန်းမာရေးဌာန၊ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လောလောဆယ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်လည်း မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံက ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဦးညီရန်းက ဆက်ပြောပါတယ်။
“ပန်ဆန်းမှာ ရှိတဲ့ အစိုးရရဲ့ ပြည်သူ့ဆေးရုံပေါ့နော်။ အဲဒါ ပူးပေါင်းမှုတွေ ရှိပါတယ်။ ကျနော်တို့ ၀ အဖွဲ့နဲ့။ ပြီးတော့ ဒီ တရုတ်ပြည်ဘက်ခြမ်းက အရပ်ဘက်ရော၊ ဒီကြက်ခြေနီအသင်းတွေရော လာရောက်ပြီးမှ ကူညီမှုတွေရှိတယ်။”
ဒီလ ၅ ရက်နေ့အထိ အထူးဒေသ၂ အတွင်း ဓါတ်ခွဲနမူနာစစ်ဆေးထားသူ စုစုပေါင်း ၁၅၀,၀၀၀ ကျော်ရှိကြောင်း၊ ဓါတ်ခွဲစစ်ဆေးတာကို အခမဲ့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာပဲ NDAA မိုင်းလားအဖွဲ့ ထိန်းချုပ်အထူးဒေသ ၄ မှာလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွေက ပထမဆုံး COVID 19 ကူးစက်လူနာ ၁ ဦး စတင်တွေ့ရှိထားပါတယ်။
လက်ရှိ ဓါတ်ခွဲစစ်ဆေးထားသူ ၈၀,၀၀၀ ကျော်ရှိကြောင်းနဲ့ ဒေသတစ်ဝှမ်းလုံးကို ဆက်လက် စစ်ဆေးသွားမှာဖြစ်ကြောင်း NDAA မိုင်းလားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က အခုလို ပြောပါတယ်။
“ကျနော်တို့ အခု ၈၅,၃၁၅ ဦး စစ်ဆေးပြီးပြီ။ မိုင်းလားမြို့နယ်တော့ စစ်ဆေးတာ ပြီးသွားပြီ။ အခု ကျန်ခဲ့တဲ့လူတွေကို ရှာနေတယ်။ နောက်ရက်အတွင်းပိုင်းမှာဆိုရင် ကျနော်တို့ ဆီလူးနဲ့ နမ့်ပန်းဒေသကို ပြောင်းရွှေ့သွားမယ်။ တောင်တန်းဒေသမှာ ရွာတစ်ရွာနဲ့ ဝေးတဲ့အခါနဲ့ လာမယ့်အချိန်ကတော့ တော်တော်ခက်သွားမယ်။”
မိုင်းလားမြို့ကိုတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး Lockdown ချပြီး ဒေသခံတွေကို အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာယူ စစ်ဆေးတာတွေကို အခမဲ့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က အတည်ပြုလူနာ ၁ ဦးတွေ့ရှိကြောင်း ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ COVID 19 အတည်ပြုလူနာ ထပ်မံတွေ့ရှိကြောင်းသတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒေသခံအချို့ကတော့ သံသယလူနာ ၃၀၀ လောက်ကို Quarantine Center မှာ ထားရှိကြောင်း ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
၂၀၂၀ နှစ်ဆန်း တရုတ်နိုင်ငံမှာ COVID 19 ဖြစ်ပွားချိန်တည်းက ဝနဲ့ မိုင်းလားဒေသမှာ ရောဂါ ကာကွယ်တားဆီးရေးအတွက် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာ လည်း ပြင်ပဒေသတွေနဲ့ အသွားအလာတွေ ပိတ်ပင်ထားပါတယ်။
ဝနဲ့ မိုင်းလားဒေသမှာ ဒီဇင်ဘာလအတွင်း COVID 19 ကူးစက်လူနာ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့နောက်မှာ တပ်မတော်က ရောဂါ ကာကွယ်ကုသရေးအတွက် အထောက်အကူပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းတွေကို ပေးပို့လှူဒါန်းတာတွေ ရှိခဲ့ပါတယ်။