သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မ်ိဳးဗီဇေျပာင္းကို႐ိုနာဗိုင္းရပ္စ္ စီစစ္မႈေတြ ျမန္မာလုပ္ေဆာင္ေန


ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားရေနသူမ်ားကို ကုသေစာင့္ေရွာက္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (မွတ္တမ္းဓာတ္ပံု -Ministry of Health and Sports, Myanmar)

[Zawgyi/Unicode]

ၿဗိတိန္ႏုိင္ငံမွာ စတင္ေတြ႔ရွိခဲ့ၿပီး အာရွႏိုင္ငံတခ်ိဳ႕မွာပါ ပ်ံ႕ႏွံ႔လာတဲ့ အသြင္ေျပာင္း ကို႐ိုနာဗိုင္းရပ္ေၾကာင့္ စိုးရိမ္မႈေတြ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာလည္း ႀကိဳတင္ကာကြယ္ႏုိင္ေအာင္ ႀကိဳးပမ္းေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

အိမ္နီးခ်င္း ထုိင္းႏုိင္ငံ အပါအ၀င္ ေဒသတြင္းႏုိင္ငံတခ်ဳိ႕ကုိပါ ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ မ်ိဳးဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စုိးရိမ္မႈေတြနဲ႔အတူ သတိေပးခ်က္ေတြလည္း ထုတ္ျပန္ေနၾကပါတယ္။ ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲသစ္ SARS-CoV-2 ဟာ ကူးစက္ႏိုင္စြမ္း ၇၀% ထိရွိတာေၾကာင့္ မူလဗုိင္းရပ္စ္ထက္ အႏၱရာယ္ရွိတယ္လုိ႔ က်န္းမာေရးပညာရွင္ေတြ သတိေပးထားတာေၾကာင့္ ၿဗိတိန္နဲ႔ ေျမာက္ပိုင္း အိုင္ယာလန္ ႏိုင္ငံသားေတြ၊ ဒါမွမဟုတ္ ဒီႏိုင္ငံေတြကို ၁၄ ရက္အတြင္း ခရီးသြားဖူးတဲ့ သူေတြကို ႏိုင္ငံထဲဝင္ခြင့္ ယာယီဆိုင္းငံ့ထားေၾကာ္ငးလည္း ျမန္မာအစိုးရက ဇန္နဝါရီ ၂ ရက္မွာ သတင္းထုတ္ျပန္ထားတာပါ။

ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ျပင္ပကဝင္လာမယ့္သူေတြကို သီျခားထားေစာင့္ၾကည့္ကာလ တပတ္ကေန ႏွစ္ပတ္အထိ တိုးျမႇင့္လိုက္ၿပီး အစိုးရကလည္း အသြင္ေျပာင္းဗိုင္းရပ္စ္ရွိ၊ မရွိ စစ္ေဆးမႈေတြ လုပ္ေနေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“က်မတို႔ ေဆးသုေတသန ဦးစီးဌာနကလည္း ဒီအသြင္ေျပာင္းပိုး ရွိ၊ မရွိ အသြင္ေျပာင္းပိုးနဲ႔ ပတ္သက္ၿပီး စဥ္ဆက္မျပတ္ ေလ့လာ၊ သုေတသနျပဳလ်က္ ရွိပါတယ္။ အဲဒါက သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္က နမူနာေတြ ရယူၿပီးေတာ့ ဒါမ်ိဳးေတြ စစ္ေဆးပါတာ ရွိပါတယ္။ အခုဆိုရင္ ေရာဂါျဖစ္ပြားမႈ ဘယ္ေလာက္အထိေအာင္ ထိန္းခ်ဳပ္ရလဲ၊ ဘယ္ေလာက္ေတာင္ ၾကာေအာင္ေစာင့္ရလဲ ပိုးေတြ႕မႈ ၅ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့ဖို႔ဆိုတာ။”

ကုိဗစ္ေရာဂါကာကြယ္ေဆးေတြကုိ ႏုိင္ငံတခ်ဳိ႕မွာ စတင္ထုိးႏွံေပးေနခ်ိန္မွာပဲ အသြင္ေျပာင္း ဗုိင္းရပ္စ္ပုိးသစ္ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ၿဗိတိန္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္နဲ႔ AstraZaneca ကုမၸဏီက ထုတ္လုပ္တဲ့ ကာကြယ္ေဆးဟာ ထိေရာက္မႈ ၇၀ ရာခိုင္ႏႈန္း၊ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm က ၇၉ ရာခိုင္ႏႈန္း၊ Moderna ကုမၸဏီရဲ႕ေဆးက ၉၄ ရာခိုင္ႏႈန္းနဲ႔ Pfizer/ BioNTech ကုမၸဏီက ထုတ္တဲ့ ေဆးကေတာ့ ၉၅ ရာခိုင္ႏႈန္း ထိေရာက္မႈရွိတယ္လုိ႔လည္း သက္ဆုိင္ရာ ကုမၸဏီေတြက ေၾကညာထားၾကပါတယ္။ ဒါေပမဲ့လည္း ကာကြယ္ေဆးေတြဟာ အသြင္ေျပာင္း ဗုိင္းရပ္စ္ပုိးေတြကုိ ကာကြယ္ႏုိင္ပါ့မလား စုိးရိမ္တဲ့ သေဘာထားေတြလည္း ထြက္ေပၚေနတာပါ။ ျမန္မာႏုိင္ငံ က်န္းမာေရး၀န္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးကေတာ့ ကာကြယ္ေဆးေတြက ေရာဂါပုိးသစ္ကုိပါ ထိထိေရာက္ေရာက္ ကာကြယ္ႏုိင္တယ္လုိ႔ ေျပာပါတယ္။

“ကာကြယ္ေဆးရဲ႕ အာနိသင္သည္ အသြင္ေျပာင္းပိုးေတြက ေလ်ာ့က်ေစျခင္း မရွိဘူးလို႔ ဒါမ်ိဳးေတြ ေျပာထားတာ ရွိပါတယ္။ ေဆးသုေတသန ပညာရွင္ေတြကေတာ့ ေျပာထားတာ တကယ္လို႔ ကာကြယ္ေဆးရဲ႕ ကာကြယ္ႏိုင္တဲ့ အာနိသင္သည္ ၉၄/၉၅ % ရွိတယ္ဆိုရင္ ဒီအသြင္ေျပာင္းပိုး ဆိုရင္ေတာ့ ၈၅ ကေန ၈၈ အထိေလ်ာ့က်သြားႏိုင္တယ္ေပါ့ေနာ္။ ဒီလိုသုံးသပ္ထားတာ ရွိပါတယ္။ သို႔ေသာ္ လက္ရွိ (ျပည္တြင္းကို) ဝင္ေရာက္မယ့္ ကာကြယ္ေဆးေတြသည္ အသြင္ေျပာင္းပိုးကို ကာကြယ္ႏိုင္မႈ ရွိပါတယ္။”

ျပည္တြင္းမွာေတာ့ စစ္ေဆးမႈေတြအရ အခုထိ မ်ိဳးဗီဇသစ္ကို႐ိုနာဗိုင္းရပ္စ္ကို မေတြ႕ရေသးဘူးလို႔ ကာကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ အႀကံေပးအဖြဲ႕ ဥကၠ႒ ပါေမာကၡ ေဒါက္တာစိုးလြင္ၿငိမ္းက ဗြီအိုေအကို ေျပာပါတယ္။

“New variant ျဖစ္လာတဲ့အတြက္ေၾကာင့္ ကူးစက္မႈျမန္မာက လြဲလို႔ တျခားေျပာင္းလဲမႈေတြကို သူတို႔ (ပညာရွင္ေတြ) မေတြ႕ရေသးဘူး။ ဒါနဲ႔ပတ္သက္ၿပီး သူတို႔ဆက္ၿပီး ေလ့လာေနတယ္။ ျမန္မာႏိုင္ငံအေနနဲ႔လည္းပဲ ကိုယ့္တိုင္းျပည္ထဲ new variant ေတြ ဝင္ေရာက္မႈမရွိေအာင္ surveillance/containment လုပ္ေနၿပီ။ ေနာက္ medical research ကလည္း ဒါနဲ႔ပတ္သက္ၿပီးေတာ့ အခုထိ စစ္ေဆးေနတာေတြေတာ့ new variant မရွိေသးဘူးလို႔ ေၾကညာထားတာေတာ့။”

အသြင္ေျပာင္းဗိုင္းရပ္စ္ ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ျပည္သူေတြအေနနဲ႔ မေပါ့ဆဘဲ အခ်င္းခ်င္း သတိေပးဖို႔၊ လက္ေဆးတာ၊ ႏွာေခါင္းစည္းတပ္တာ လူစုလူေဝးေရွာင္ဖို႔ ဒီအေျခခံကာကြယ္ေရး ကိစၥေတြကို ဆက္ၿပီးလုပ္ေနဖို႔ ေဆးပညာရွင္ေတြက တိုက္တြန္းပါတယ္။

ျမန္မာအစိုးရက ကာကြယ္ေဆးရဖို႔ အေမရိကန္၊ တ႐ုတ္၊ ယူေက၊ ႐ုရွား၊ အိႏၵိယ ဒီႏိုင္ငံေတြနဲ႔ သံတမန္အရ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။

ကိုဗစ္ေရာဂါကူးစက္ခံရသူ တကမာၻလုံးမွာ ၈၅ သန္းနဲ႔ ေသဆုံးသူက ၂,၀၀၀,၀၀၀ ေလာက္ရွိပါၿပီ။ ျမန္မာႏိုင္ငံမွာေတာ့ အစိုးရရဲ႕ ဇန္နဝါရီ ၃ ရက္ ထုတ္ျပန္ခ်က္ အတိုင္းဆိုရင္ ကူးစက္ခံရသူ ၁၂၀,၀၀၀ ေက်ာ္၊ ေသဆုံးသူက ၂,၇၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စီစစ်မှုတွေ မြန်မာလုပ်ဆောင်နေ

ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အာရှနိုင်ငံတချို့မှာပါ ပျံ့နှံ့လာတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်ကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်နိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတချို့ကိုပါ ပျံ့နှံ့ကူးစက်နေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုတွေနဲ့အတူ သတိပေးချက်တွေလည်း ထုတ်ပြန်နေကြပါတယ်။ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် SARS-CoV-2 ဟာ ကူးစက်နိုင်စွမ်း ၇၀% ထိရှိတာကြောင့် မူလဗိုင်းရပ်စ်ထက် အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေ သတိပေးထားတာကြောင့် ဗြိတိန်နဲ့ မြောက်ပိုင်း အိုင်ယာလန် နိုင်ငံသားတွေ၊ ဒါမှမဟုတ် ဒီနိုင်ငံတွေကို ၁၄ ရက်အတွင်း ခရီးသွားဖူးတဲ့ သူတွေကို နိုင်ငံထဲဝင်ခွင့် ယာယီဆိုင်းငံ့ထားကြော်ငးလည်း မြန်မာအစိုးရက ဇန်နဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

ရောဂါကူးစက်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြင်ပကဝင်လာမယ့်သူတွေကို သီခြားထားစောင့်ကြည့်ကာလ တပတ်ကနေ နှစ်ပတ်အထိ တိုးမြှင့်လိုက်ပြီး အစိုးရကလည်း အသွင်ပြောင်းဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ ဆေးသုတေသန ဦးစီးဌာနကလည်း ဒီအသွင်ပြောင်းပိုး ရှိ၊ မရှိ အသွင်ပြောင်းပိုးနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် လေ့လာ၊ သုတေသနပြုလျက် ရှိပါတယ်။ အဲဒါက သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်က နမူနာတွေ ရယူပြီးတော့ ဒါမျိုးတွေ စစ်ဆေးပါတာ ရှိပါတယ်။ အခုဆိုရင် ရောဂါဖြစ်ပွားမှု ဘယ်လောက်အထိအောင် ထိန်းချုပ်ရလဲ၊ ဘယ်လောက်တောင် ကြာအောင်စောင့်ရလဲ ပိုးတွေ့မှု ၅ ရာခိုင်နှုန်းအောက် လျော့ဖို့ဆိုတာ။”

ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို နိုင်ငံတချို့မှာ စတင်ထိုးနှံပေးနေချိန်မှာပဲ အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးသစ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗြိတိန် အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZaneca ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ထိရောက်မှု ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံထုတ် Sinopharm က ၇၉ ရာခိုင်နှုန်း၊ Moderna ကုမ္ပဏီရဲ့ဆေးက ၉၄ ရာခိုင်နှုန်းနဲ့ Pfizer/ BioNTech ကုမ္ပဏီက ထုတ်တဲ့ ဆေးကတော့ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့လည်း သက်ဆိုင်ရာ ကုမ္ပဏီတွေက ကြေညာထားကြပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးတွေဟာ အသွင်ပြောင်း ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်ပါ့မလား စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကတော့ ကာကွယ်ဆေးတွေက ရောဂါပိုးသစ်ကိုပါ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

“ကာကွယ်ဆေးရဲ့ အာနိသင်သည် အသွင်ပြောင်းပိုးတွေက လျော့ကျစေခြင်း မရှိဘူးလို့ ဒါမျိုးတွေ ပြောထားတာ ရှိပါတယ်။ ဆေးသုတေသန ပညာရှင်တွေကတော့ ပြောထားတာ တကယ်လို့ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်တဲ့ အာနိသင်သည် ၉၄/၉၅ % ရှိတယ်ဆိုရင် ဒီအသွင်ပြောင်းပိုး ဆိုရင်တော့ ၈၅ ကနေ ၈၈ အထိလျော့ကျသွားနိုင်တယ်ပေါ့နော်။ ဒီလိုသုံးသပ်ထားတာ ရှိပါတယ်။ သို့သော် လက်ရှိ (ပြည်တွင်းကို) ဝင်ရောက်မယ့် ကာကွယ်ဆေးတွေသည် အသွင်ပြောင်းပိုးကို ကာကွယ်နိုင်မှု ရှိပါတယ်။”

ပြည်တွင်းမှာတော့ စစ်ဆေးမှုတွေအရ အခုထိ မျိုးဗီဇသစ်ကိုရိုနာဗိုင်းရပ်စ်ကို မတွေ့ရသေးဘူးလို့ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“New variant ဖြစ်လာတဲ့အတွက်ကြောင့် ကူးစက်မှုမြန်မာက လွဲလို့ တခြားပြောင်းလဲမှုတွေကို သူတို့ (ပညာရှင်တွေ) မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး သူတို့ဆက်ပြီး လေ့လာနေတယ်။ မြန်မာနိုင်ငံအနေနဲ့လည်းပဲ ကိုယ့်တိုင်းပြည်ထဲ new variant တွေ ဝင်ရောက်မှုမရှိအောင် surveillance/containment လုပ်နေပြီ။ နောက် medical research ကလည်း ဒါနဲ့ပတ်သက်ပြီးတော့ အခုထိ စစ်ဆေးနေတာတွေတော့ new variant မရှိသေးဘူးလို့ ကြေညာထားတာတော့။”

အသွင်ပြောင်းဗိုင်းရပ်စ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူတွေအနေနဲ့ မပေါ့ဆဘဲ အချင်းချင်း သတိပေးဖို့၊ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ လူစုလူဝေးရှောင်ဖို့ ဒီအခြေခံကာကွယ်ရေး ကိစ္စတွေကို ဆက်ပြီးလုပ်နေဖို့ ဆေးပညာရှင်တွေက တိုက်တွန်းပါတယ်။

မြန်မာအစိုးရက ကာကွယ်ဆေးရဖို့ အမေရိကန်၊ တရုတ်၊ ယူကေ၊ ရုရှား၊ အိန္ဒိယ ဒီနိုင်ငံတွေနဲ့ သံတမန်အရ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရသူ တကမ္ဘာလုံးမှာ ၈၅ သန်းနဲ့ သေဆုံးသူက ၂,၀၀၀,၀၀၀ လောက်ရှိပါပြီ။ မြန်မာနိုင်ငံမှာတော့ အစိုးရရဲ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက် အတိုင်းဆိုရင် ကူးစက်ခံရသူ ၁၂၀,၀၀၀ ကျော်၊ သေဆုံးသူက ၂,၇၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG