သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း ကိုဗစ္ကူးစက္ခံရသူ ျမန္မာႏိုင္ငံသားတခ်ိဳ႕ ေရာဂါသက္သာ


ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို က်န္းမာေရးဝန္ၾကီးက ႏႈတ္ဆက္ေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - က်န္းမာေရးဝန္ႀကီး Mr. Anutin Charnwirakul - ဒီဇင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္ခံရတဲ့ ျမန္မာႏုိင္ငံသားေတြထဲက ၅၀၀ ေလာက္ ျပန္လည္သက္သာလာၿပီ ျဖစ္ေၾကာင္း ထုိင္း က်န္းမာေရး၀န္ႀကီးက ေျပာဆုိလုိက္တဲ့သတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ထိုင္းႏိုင္ငံအလယ္ပုိင္း စမြတ္ဆာခြန္းခရိုင္ မဟာခ်ိဳင္ျမိဳ႕မွာ ျမန္မာနိုင္ငံသား အမ်ားစု အပါအ၀င္ လူ ၁,၀၀၀ ေက်ာ္ ကုိဗစ္ေရာဂါပုိး ကူးစက္ေနေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ေက်ာ္မွာပဲ ထုိင္းတာ၀န္ရွိသူေတြ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ အေရးေပၚ ေဆးရံုေဆးခန္းေတြဖြင့္ ကုသေပးေနတာပါ။

အခုအခါမွာေတာ့ ဒီထဲက တ၀က္ေလာက္ ျပန္လည္သက္သာလာျပီလို႔ ျမန္မာႏို္င္ငံသားေတြကုိ အေရးေပၚေဆးရံု ဖြင့္လွစ္ကုသေပးေနတဲ့ ေနရာကုိ မေန႔က ေရာက္ရွိလာတဲ့ က်န္းမာေရး ၀န္ၾကီး ေဒါက္တာ အႏုတင္ ခ်န္၀ီရကြန္က သတင္းေထာက္ေတြကို ေျပာဆုိလုိက္ပါတယ္။

"ကြင္းမွာ လုပ္ထားတဲ့ ယာယီေဆးရံုက ေစာင့္ၾကည့္ေနရတဲ့ လူနာေတြအတြက္လည္း ေလေကာင္းေလသန္႔ရတယ္၊ လူနာေတြအတြက္ အေကာင္းဆံုးျဖစ္ေအာင္ေဆာင္ရြက္ေပးမွာပါ။ လက္ရွိမွာ လူနာေတြကို အုပ္စုေတြ ခဲြျပီးကုသေပးေနပါတယ္ ျမန္မာႏို္င္ငံသား ၅၀၀ ေလာက္က ျပန္ျပီးသက္သာလာျပီျဖစ္ပါတယ္။ ဒါေပမဲ့ ဆက္လက္ေစာင့္ၾကည့္ျပီး ကုသေပးသြားမွာျဖစ္ပါတယ္။" က်န္းမာေရး၀န္ႀကီးက ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။

မဟာခ်ိဳင္မွာ အေျခစုိက္ထားတဲ့ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရး ကြန္ယက္ဥကၠ႒ ဦးေအာင္ေက်ာ္ကေတာ့ ကပ္ေရာဂါ ကူးစက္မႈခံေနရတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ ထုိင္းက်န္းမာေရးတာ၀န္ရွိသူေတြ ေဆာင္ရြက္ေနတဲ့ အေျခအေနကုိ အခုလုိ ေျပာျပပါတယ္။

"ေဆးရံုေဆးခန္းေလးေတြ ယာယီတည္ေဆာက္ထားတာျဖစ္တယ္။ အခုေနာက္ထပ္ တည္ေဆာက္မွာက ေဆးရံုႀကီးႀကီးကို ကြင္းထဲမွာ တည္ေဆာက္ေနတာ အဲဒီလိုတည္ေဆာက္ျပီးစီးခဲ့ရင္ လူေတြအားလံုးသံသယျဖစ္ျပီး စိုးရိမ္ေနတဲ့ ေရာထားျခင္းအားျဖင့္ ေရာဂါပိုးေတြ ကူးစက္မႈေတြျဖစ္မွာ စိုးရိမ္တာကို ေရွာင္ၾကဥ္တဲ့သေဘာျဖစ္မယ္။ အဲဒီ ေဆးရံုျပီးရင္ အဲဒီမွာ ထားျပီးေျပာင္းေရႊ႕ေနထုိင္းခိုင္းမယ္ေျပာတယ္။ သက္သာေနတယ္ဆုိတဲ့သေဘာရင္ ျပင္းပတဲ့ေ၀ဒနာေတြ မျပဘူးဆုိတဲ့သေဘာေပါ့။ ဆုိး၀ါးတဲ့လကၡဏာဆိုရင္ ခ်က္ခ်င္းဆက္သြယ္ပါ အေရးေပၚ ဖုန္းေတြေပးထားတယ္။ ခ်က္ခ်င္းလာေခၚမယ္ေျပာတယ္။ က်ေနာ္တို႔ကေလးေတြ (အလုပ္သမားေတြ) အဲဒီလိုမျပဘူးဆိုတဲ့သေဘာေပါ့။"

ေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဓာတ္ပံု - က်န္းမာေရး၀န္ႀကီး Mr. Anutin Charnwirakul - ဒီဇင္ဘာ ၂၈၊ ၂၀၂၀)
ေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဓာတ္ပံု - က်န္းမာေရး၀န္ႀကီး Mr. Anutin Charnwirakul - ဒီဇင္ဘာ ၂၈၊ ၂၀၂၀)

မၾကာေသးခင္က ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳခဲ့ရတဲ့ မဟာခ်ဳိင္ၿမိဳ႕နယ္ ပုဇြန္ေစ်းအနီးတ၀ုိက္ ေနထုိင္သူ ျမန္မာအလုပ္သမား ၄,၀၀၀ ေက်ာ္ေလာက္ရိွတယ္လို့ ခန္႔မွန္းထားေၾကာင္းလည္း ထုိင္းက်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။ ဆာမြန္ဆာခြန္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးဟာလည္း ေရာဂါကူးစက္ခံခဲ့ရေၾကာင္း ဒီကေန႔ပဲ အတည္ျပဳခဲ့ၿပီးေနာက္ သူနဲ႔ေတ႔ြဆုံခဲ့တဲ့ ထုိင္းက်န္းမာေရး၀န္ႀကီး အႏုတင္ ကုိယ္တုိင္လည္း သီးသန္႔ခဲြ ေစာင့္ၾကည့္စစ္ေဆး ခံေနရတယ္လုိ႔ ထုိင္းႏိုင္ငံဆိုင္ရာသတင္းေတြက ေဖာ္ျပပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ အတည္ျပဳလူနာ ၆,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြလည္း ပါ၀င္လာခဲ့တာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ကုိဗစ္ကပ္ေရာဂါပုိးေတြ႕ရွိသူ ၁၂၀,၀၀၀ ေက်ာ္ရွိျပီး ေသဆံုးသူက ၂,၆၀၀ ေက်ာ္ရွိေနတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသေတြမွာ အ၀င္အထြက္ေတြကုိ တင္းၾကပ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်း ကိုဗစ်ကူးစက်ခံရသူ မြန်မာနိုင်ငံသားတချို့ ရောဂါသက်သာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက ၅၀၀ လောက် ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုလိုက်တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား အများစု အပါအဝင် လူ ၁,၀၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကျော်မှာပဲ ထိုင်းတာဝန်ရှိသူတွေ သတင်းထုတ်ပြန်ခဲ့ပြီးနောက် အရေးပေါ် ဆေးရုံဆေးခန်းတွေဖွင့် ကုသပေးနေတာပါ။

အခုအခါမှာတော့ ဒီထဲက တဝက်လောက် ပြန်လည်သက်သာလာပြီလို့ မြန်မာနိုင်ငံသားတွေကို အရေးပေါ်ဆေးရုံ ဖွင့်လှစ်ကုသပေးနေတဲ့ နေရာကို မနေ့က ရောက်ရှိလာတဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ အနုတင် ချန်ဝီရကွန်က သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

"ကွင်းမှာ လုပ်ထားတဲ့ ယာယီဆေးရုံက စောင့်ကြည့်နေရတဲ့ လူနာတွေအတွက်လည်း လေကောင်းလေသန့်ရတယ်၊ လူနာတွေအတွက် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးမှာပါ။ လက်ရှိမှာ လူနာတွေကို အုပ်စုတွေ ခွဲပြီးကုသပေးနေပါတယ် မြန်မာနိုင်ငံသား ၅၀၀ လောက်က ပြန်ပြီးသက်သာလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်လက်စောင့်ကြည့်ပြီး ကုသပေးသွားမှာဖြစ်ပါတယ်။" ကျန်းမာရေးဝန်ကြီးက ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မဟာချိုင်မှာ အခြေစိုက်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ကပ်ရောဂါ ကူးစက်မှုခံနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေ ဆောင်ရွက်နေတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

"ဆေးရုံဆေးခန်းလေးတွေ ယာယီတည်ဆောက်ထားတာဖြစ်တယ်။ အခုနောက်ထပ် တည်ဆောက်မှာက ဆေးရုံကြီးကြီးကို ကွင်းထဲမှာ တည်ဆောက်နေတာ အဲဒီလိုတည်ဆောက်ပြီးစီးခဲ့ရင် လူတွေအားလုံးသံသယဖြစ်ပြီး စိုးရိမ်နေတဲ့ ရောထားခြင်းအားဖြင့် ရောဂါပိုးတွေ ကူးစက်မှုတွေဖြစ်မှာ စိုးရိမ်တာကို ရှောင်ကြဉ်တဲ့သဘောဖြစ်မယ်။ အဲဒီ ဆေးရုံပြီးရင် အဲဒီမှာ ထားပြီးပြောင်းရွှေ့နေထိုင်းခိုင်းမယ်ပြောတယ်။ သက်သာနေတယ်ဆိုတဲ့သဘောရင် ပြင်းပတဲ့ဝေဒနာတွေ မပြဘူးဆိုတဲ့သဘောပေါ့။ ဆိုးဝါးတဲ့လက္ခဏာဆိုရင် ချက်ချင်းဆက်သွယ်ပါ အရေးပေါ် ဖုန်းတွေပေးထားတယ်။ ချက်ချင်းလာခေါ်မယ်ပြောတယ်။ ကျနော်တို့ကလေးတွေ (အလုပ်သမားတွေ) အဲဒီလိုမပြဘူးဆိုတဲ့သဘောပေါ့။"

မကြာသေးခင်က ကပ်ရောဂါကူးစက်မှုတွေ ကြုံခဲ့ရတဲ့ မဟာချိုင်မြို့နယ် ပုဇွန်ဈေးအနီးတဝိုက် နေထိုင်သူ မြန်မာအလုပ်သမား ၄,၀၀၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားကြောင်းလည်း ထိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဆာမွန်ဆာခွန်ခရိုင် အုပ်ချုပ်ရေးမှူးဟာလည်း ရောဂါကူးစက်ခံခဲ့ရကြောင်း ဒီကနေ့ပဲ အတည်ပြုခဲ့ပြီးနောက် သူနဲ့တေ့ွဆုံခဲ့တဲ့ ထိုင်းကျန်းမာရေးဝန်ကြီး အနုတင် ကိုယ်တိုင်လည်း သီးသန့်ခွဲ စောင့်ကြည့်စစ်ဆေး ခံနေရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာသတင်းတွေက ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၆,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၁၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူက ၂,၆၀၀ ကျော်ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေကို တင်းကြပ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG