သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း တရားမဝင္ အလုပ္သမားေတြကို ေနထိုင္ခြင့္ ထုတ္ေပးမည္


စမုတ္ဆာခြန္းၿမိဳ႕နယ္မွာ ကိုဗစ္ကပ္ေရာဂါပုိး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ စမြန္ဆာခြန္းခ႐ုိင္ မဟာခ်ိဳင္မွာ ကုိဗစ္ကပ္ေရာဂါပုိး ေတြ႔ရွိသူ ျမန္မာအပါအဝင္ လူ ၁,၀၀၀ ေက်ာ္ ရွိေနခ်ိန္မွာ အလုပ္ရွင္ေတြက တရားမဝင္ လုပ္သားေတြကို ႏွင္ထုတ္တာေတြ ရွိတာမို႔ ကပ္ေရာဂါကာလမွာပဲ တရားမဝင္ ႏုိင္ငံျခားသားေတြကို အေထာက္အထားလက္မွတ္ ထုတ္ေပးေတာ့မွာ ျဖစ္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပပေးထားပါတယ္။

ထိုင္းႏုိင္ငံ စမြန္ဆာခြန္းခ႐ုိင္ မဟာခ်ိဳင္မွာ ကိုဗစ္ကပ္ေရာဂါပိုး ျဖစ္တဲ့အထဲမွာ ျမန္မာ ၉၀ ရာခိုင္ႏႈန္း ပါဝင္တယ္လုိ႔ ေျပာဆုိခဲ့ၿပီးေနာက္ ခုိးဝင္ေတြေၾကာင့္ျဖစ္တယ္လို႔ ထိုင္းအာဏာပုိင္ေတြက ေျပာဆိုလိုက္ပါတယ္။ ဒီေနာက္ တရားမဝင္ေတြကို အလုပ္ရွင္ေတြက လက္မခံရဲေတာ့ဘဲ ႏွင္ထုတ္မႈေတြ ရွိလာတာေၾကာင့္ ေရာဂါကူးဆက္မႈကို ထိန္းခ်ဳပ္ဖို႔ အခက္အခဲ ရွိလာပါတယ္။ ဒီအတြက္ တရားမဝင္ေတြကုိ အေထာက္အထားလက္မွတ္ ထုတ္ေပးဖို႔ ဆံုးျဖတ္လိုက္တာျဖစ္ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလိုေျပာပါတယ္။

“အလုပ္ရွင္ေတြက အခု ကိုဗစ္ကာလမွာ မညႇာမတာနဲ႔ သူ႔ရဲ႕လုပ္သားေတြကို စြန္႔ပစ္တာေတြ ျဖစ္လာေတာ့ ထုိင္းအစုိးရက အဲဒါကုိ ကုစားတဲဲ့အေနနဲ႔ ထုိင္းႏို္င္ငံမွာ လက္ရွိေရာက္ရွိေနၾကတဲ့ အေၾကာင္းေၾကားေၾကာင့္ အေထာက္အထားမဲ့ေတြ အားလံုး တရားဝင္လည္း ျဖစ္သြားေအာင္ ေအးေအးခ်မ္းခ်မ္းလည္း ေနလုိ႔ရေအာင္ ပန္းေရာင္ကတ္ေတြ ျပန္ထုတ္ေပးမယ္ဆိုတာကို ေၾကညာလိုက္တာပါ။ အေရးႀကီးအေနနဲ႔ ကုိဗစ္ကပ္ေရာဂါ ျဖစ္ေနတဲ့ကာလမွာ အေရးတႀကီး စီစဥ္လိုက္တာပါ။ ဆိုးဆိုးဝါးဝါးျဖစ္ေနတဲ့ အေရးေပၚ ကပ္ေရာဂါျဖစ္ေနတဲ့ ကာလမွာ ျပည္သူေတြကုိ ျပန္ခိုင္းလို႔လည္းမရ၊ ဒီမွာလည္း လုပ္သားလိုအပ္ခ်က္ ရွိေနတဲ့အေပၚမွာ အေျခအေနၾကည့္ၿပီး ျပန္လုပ္ေပးလိုက္တဲ့ သေဘာပါ။ အထုိုက္အေလ်ာက္အားျဖင့္ေတာ့ က်ေနာ္တို႔လည္း ႀကိဳဆိုပါတယ္။”

စမြတ္ဆာခြန္းနဲ႔ ခ႐ုိင္ ၅ ခုမွာ ကိုဗစ္ကပ္ေရာဂါပုိး ေတြ႔ရွိသူေတြ မ်ားလာတာေၾကာင့္ ထုိင္းအစုိးရက စမြတ္ဆာခြန္းခ႐ုိင္ထဲက ေဘာလံုးကြင္းတခုမွာ အေရးေပၚေဆး႐ုံ တည္ေဆာက္ဖို႔ စီစဥ္တာကိုလည္း ေဒသခံ ထုိင္းလူမ်ိဳးေတြက ကန္႔ကြက္တာေၾကာင့္ ရပ္တန္႔ထားရၿပီး တျခားေနရာတခုမွာ စီစဥ္ေပးမယ္ဆိုတဲ့အေၾကာင္း ေျပာၾကားလာတယ္လို႔လည္း ဦးေအာင္ေက်ာ္က ဆိုပါတယ္။

“သူ႔ျပည္သူေတြမွာ ဒါလည္း ဒီမိုကေရစီ အခြင့္အရ ကန္႔ကြက္ဖို႔ အခြင့္အေရးရွိပါတယ္။ က်ေနာ္လည္း ဆႏၵျပပဲြကို အစအဆံုး ၾကည့္တဲ့အခါမွာ ေဒသခံေတြက လံုးဝလက္မခံဘူး။ သူတုိ႔ေျပာတာက ကေလးသူငယ္ေတြမ်ားတယ္၊ ထုိင္းကေလးသူငယ္ေတြ မ်ားတယ္ေပါ့။ ျပည္သူေတြ လက္မခံဘူးဆိုလည္း မစိုးရိမ္ဖို႔ေျပာၿပီး သူတို႔အေနနဲ႔ကေတာ့ ရတဲ့ဆီမွာ ရသလို စီစဥ္ေဆာင္ရြက္ေပးသြားပါမယ္လို႔ ေျပာသြားပါတယ္။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ အတည္ျပဳလူနာ ၆,၀၀၀ ေက်ာ္ရွိတဲ့ ထုိင္းႏုိင္ငံမွာ မၾကာေသးခင္ သီတင္းပတ္ေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိခဲ့တဲ့အထဲမွာ ျမန္မာႏုိင္ငံသားေတြနဲ႔ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြလည္း ပါဝင္လာခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၂,၅၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၂၁,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသမွာ အဝင္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမႇင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်သမားတွေကို နေထိုင်ခွင့် ထုတ်ပေးမည်

ထိုင်းနိုင်ငံ စမွန်ဆာခွန်းခရိုင် မဟာချိုင်မှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူ မြန်မာအပါအဝင် လူ ၁,၀၀၀ ကျော် ရှိနေချိန်မှာ အလုပ်ရှင်တွေက တရားမဝင် လုပ်သားတွေကို နှင်ထုတ်တာတွေ ရှိတာမို့ ကပ်ရောဂါကာလမှာပဲ တရားမဝင် နိုင်ငံခြားသားတွေကို အထောက်အထားလက်မှတ် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ စမွန်ဆာခွန်းခရိုင် မဟာချိုင်မှာ ကိုဗစ်ကပ်ရောဂါပိုး ဖြစ်တဲ့အထဲမှာ မြန်မာ ၉၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ခိုးဝင်တွေကြောင့်ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီနောက် တရားမဝင်တွေကို အလုပ်ရှင်တွေက လက်မခံရဲတော့ဘဲ နှင်ထုတ်မှုတွေ ရှိလာတာကြောင့် ရောဂါကူးဆက်မှုကို ထိန်းချုပ်ဖို့ အခက်အခဲ ရှိလာပါတယ်။ ဒီအတွက် တရားမဝင်တွေကို အထောက်အထားလက်မှတ် ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

“အလုပ်ရှင်တွေက အခု ကိုဗစ်ကာလမှာ မညှာမတာနဲ့ သူ့ရဲ့လုပ်သားတွေကို စွန့်ပစ်တာတွေ ဖြစ်လာတော့ ထိုင်းအစိုးရက အဲဒါကို ကုစားတဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ လက်ရှိရောက်ရှိနေကြတဲ့ အကြောင်းကြေားကြောင့် အထောက်အထားမဲ့တွေ အားလုံး တရားဝင်လည်း ဖြစ်သွားအောင် အေးအေးချမ်းချမ်းလည်း နေလို့ရအောင် ပန်းရောင်ကတ်တွေ ပြန်ထုတ်ပေးမယ်ဆိုတာကို ကြေညာလိုက်တာပါ။ အရေးကြီးအနေနဲ့ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ အရေးတကြီး စီစဉ်လိုက်တာပါ။ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အရေးပေါ် ကပ်ရောဂါဖြစ်နေတဲ့ ကာလမှာ ပြည်သူတွေကို ပြန်ခိုင်းလို့လည်းမရ၊ ဒီမှာလည်း လုပ်သားလိုအပ်ချက် ရှိနေတဲ့အပေါ်မှာ အခြေအနေကြည့်ပြီး ပြန်လုပ်ပေးလိုက်တဲ့ သဘောပါ။ အထိုက်အလျောက်အားဖြင့်တော့ ကျနော်တို့လည်း ကြိုဆိုပါတယ်။”

စမွတ်ဆာခွန်းနဲ့ ခရိုင် ၅ ခုမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူတွေ များလာတာကြောင့် ထိုင်းအစိုးရက စမွတ်ဆာခွန်းခရိုင်ထဲက ဘောလုံးကွင်းတခုမှာ အရေးပေါ်ဆေးရုံ တည်ဆောက်ဖို့ စီစဉ်တာကိုလည်း ဒေသခံ ထိုင်းလူမျိုးတွေက ကန့်ကွက်တာကြောင့် ရပ်တန့်ထားရပြီး တခြားနေရာတခုမှာ စီစဉ်ပေးမယ်ဆိုတဲ့အကြောင်း ပြောကြားလာတယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

“သူ့ပြည်သူတွေမှာ ဒါလည်း ဒီမိုကရေစီ အခွင့်အရ ကန့်ကွက်ဖို့ အခွင့်အရေးရှိပါတယ်။ ကျနော်လည်း ဆန္ဒပြပွဲကို အစအဆုံး ကြည့်တဲ့အခါမှာ ဒေသခံတွေက လုံးဝလက်မခံဘူး။ သူတို့ပြောတာက ကလေးသူငယ်တွေများတယ်၊ ထိုင်းကလေးသူငယ်တွေ များတယ်ပေါ့။ ပြည်သူတွေ လက်မခံဘူးဆိုလည်း မစိုးရိမ်ဖို့ပြောပြီး သူတို့အနေနဲ့ကတော့ ရတဲ့ဆီမှာ ရသလို စီစဉ်ဆောင်ရွက်ပေးသွားပါမယ်လို့ ပြောသွားပါတယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ အတည်ပြုလူနာ ၆,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ရောဂါကူးစက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေလည်း ပါဝင်လာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်နဲ့ ကူးစက်သူ ၁၂၁,၀၀၀ ကျော် ရှိနေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG