သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စမြတ္ဆာခြန္းက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ တင္းၾကပ္စစ္ေဆး


မဟာခ်ိဳင္က လာသူေတြကို မဲေဆာက္မွာ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံမွာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစု အလုပ္လုပ္ၾကတဲ့ စမြတ္ဆာခြန္းခရိုင္ ပုဇြန္ေစ်းကေန ကိုဗစ္ေရာဂါကူးစက္မႈ တေက်ာ့ျပန္ ျဖစ္ေနတာမွာ အခုဆိုရင္ ကူးစက္သူ ၁,၀၀၀ ေက်ာ္႐ွိသြားပါၿပီ။ အဲဒီထဲမွာ ၉၀% က ျမန္မာအလုပ္သမားေတြျဖစ္တယ္လို႔ ထိုင္းအစိုးရက ေျပာပါတယ္။ ဒါေၾကာင့္ ျမန္မာအလုပ္သမားေတြေနထိုင္တဲ့ ေနရာေတြကို ပိတ္ၿပီး တင္းတင္းၾကပ္ၾကပ္ စစ္ေဆးမႈေတြ လုပ္ေနတဲ့အေၾကာင္း ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

မဟာခ်ိဳင္က လာသူေတြကို မဲေဆာက္မွာ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၂၊ ၂၀၂၀)
မဟာခ်ိဳင္က လာသူေတြကို မဲေဆာက္မွာ စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၂၊ ၂၀၂၀)

ထိုင္းႏို္င္ငံမွာ ဒီဇင္ဘာလ ၂၂ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္အရ တနို္င္ငံလံုးအနွံ႔ ကူးစက္သူ ၄၀၀ ေက်ာ္ရွိျပီး အမ်ားစုကေတာ့ စမြတ္ဆာခြန္းခရိုင္က ျမန္မာနိုင္ငံသားေတြ ျဖစ္ပါတယ္။ ျမန္မာလုပ္သားေတြၾကား ေရာဂါကူးစက္မႈ အေျခအေနနဲ႔ပါတ္သက္လို႔ မဟာခ်ဳိင္မွာ အေျခစုိက္တဲ့ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္ကေျပာပါတယ္။

"စစ္ေဆးထားတဲ့အထဲကေန ဆာမြတ္ဆာခြန္းမွာ ေပါ့စတစ္ျဖစ္တာ ထပ္တုိးလာတာက ၂၄၂ ေယာက္ မေန႔က ညေနထိဆိုရင္ ၈၂၁ ေယာက္ အခု ထပ္တုိးလာေတာ့အေျဖထပ္ထြက္တာ ၁,၀၀၀ ေက်ာ္သြားျပီ စမုတ္ဆာခြန္းမွာပဲ။"

စမြတ္ဆာခြန္းခရိုင္ထဲမွာ ကူးစက္ခံရသူ ၉၀ ရာခိုင္ႏႈန္းက ျမန္မာႏို္င္ငံသားေတြျဖစ္တယ္လို႔လည္း ထုိင္းအာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။ ထိုင္းႏုိင္ငံတြင္း COVID 19 ကူးစက္မႈတိုးေနတာဟာ တရားမ၀င္ ေရႊ႕ေျပာင္းလုပ္သားေတြေၾကာင့္ျဖစ္တယ္လို႔ ထိုင္း၀န္ႀကီးခ်ဳပ္ကလည္း တနလၤာေန႔က အျပစ္တင္ထားပါတယ္။

ဒီခရိုင္အတြင္းမွာ ေနထုိင္အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြဟာ ေနအိမ္တုိက္ခန္းေတြမွာလည္း စုေ၀းေနထုိင္ေနရသလို လုပ္ငန္းခြင္ေတြမွာလည္း အစုအေ၀းနဲ႔ လုပ္ေနၾကတာမို႔ က်န္းမာေရးစည္းကမ္းေတြအတိုင္း ခပ္ခြါခြါေနဖို႔က အခက္အခဲေတြ ရွိေနၾကပါတယ္။

အခုဆိုရင္ စမြတ္ဆာခြန္းခရုိင္က ပုဇြန္ေစ်းကုိ ပိတ္ထားျပီး အနီးတ၀ိုက္က ျမန္မာေတြကုိဒီဇင္ဘာလ ၂၂ ရက္ေန႔က ကုိဗစ္ စစ္ေဆးမႈေတြ လုပ္ေပးေနျပီး အလုပ္သမား ေထာင္ဂဏန္းေလာက္က အစုအေ၀းနဲ႔ ေဆးစစ္ဖို႔ေရာက္လာတာေၾကာင့္ လူစုခဲြခဲ့ရတယ္လို႔ ဦးေအာင္ေက်ာ္က ဆုိပါတယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ဌာနရဲ ့ေျပာေရးဆိုခြင့္ရွိသူေဒါက္တာထ၀ီဆင္ကေတာ့ အခုလိုေျပာသြားပါတယ္။

"ပင္လယ္စာေရာင္းတဲ့ ေစ်းအနီးမွာ ေနထုိင္ေနတဲ့ ျမန္မာႏို္င္ငံသားေတြအမ်ားဆံုး ေနထုိင္ေနတဲ့ တုိက္ခန္းေတြကို အကုန္ပိတ္ျပီး lock down လုပ္ထားျပီး အနီးတ၀ိုက္မွာ ျမန္မာေတြအေျခအေနကို ေစာင့္ၾကည့္ျပီး က်န္းမာေရးဆုိး၀ါးလာတဲ့သူေတြကုိ ေဆးရံုကုိ ပို႔ေပးေနပါတယ္ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။"

အခုလို စမြတ္ဆာခြန္းခရိုင္ထဲမွာ ပိတ္ဆို႔ကန္႔သတ္ထားခိ်န္မွာပဲ ျမန္မာအလုပ္သမားတခ်ဳိ႕ စမြတ္ဆာခြန္းခရိုင္ကေန ထိုင္း ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ကိုဗင္ကားေတြနဲ့ သြားေနၾကတာေၾကာင့္ တာ့ခ္ခရိုင္မဲေဆာက္အ၀င္မွာ ယာယီ ထိန္းသိမ္းေနပါတယ္။ ထုိင္းႏို္င္ငံသား ကားသမားေတြကုိေတာ့ က်န္းမာေရးစစ္ေဆးဖို႔ ေစာင့္ၾကည့္ေရးစင္တာမွာ ပုိ႔ထားသလို ျမန္မာႏိုင္ငံသားေတြကိုေတာ့ မဲေဆာက္ျမ၀တီခ်စ္ၾကည္ေရးတံတားကို တိုက္ရိုက္ပို႔ေဆာင္လုိက္တယ္လို႔ ေဒသခံအာဏာပိုင္ေတြ ကိုးကားျပီး ထိုင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တျခားခရိုင္ေတြဆီကုိလည္း ျမန္မာေတြက သြားလာေနတာေၾကာင့္ စမြတ္ဆာခြန္းခရိုင္က လာတဲ့သူေတြဆိုရင္ လိုက္လံဖမ္းဆီးတာေတြလည္း ရွိေနပါတယ္။

ထိုင္းႏိုင္ငံမွာ ေလာေလာဆယ္အထိ ကိုဗစ္ အတည္ျပဳလူနာ ၅,၇၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ ၆၀ ျဖစ္ပါတယ္။ အိမ္နီးခ်င္းျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္သူ ၁၀၀,၀၀၀ ေက်ာ္႐ွိေနခ်ိန္မွာ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စမွတ်ဆာခွန်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် တင်းကြပ်စစ်ဆေး

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု အလုပ်လုပ်ကြတဲ့ စမွတ်ဆာခွန်းခရိုင် ပုဇွန်ဈေးကနေ ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန် ဖြစ်နေတာမှာ အခုဆိုရင် ကူးစက်သူ ၁,၀၀၀ ကျော်ရှိသွားပါပြီ။ အဲဒီထဲမှာ ၉၀% က မြန်မာအလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေနေထိုင်တဲ့ နေရာတွေကို ပိတ်ပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ တနိုင်ငံလုံးအနှံ့ ကူးစက်သူ ၄၀၀ ကျော်ရှိပြီး အများစုကတော့ စမွတ်ဆာခွန်းခရိုင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ မြန်မာလုပ်သားတွေကြား ရောဂါကူးစက်မှု အခြေအနေနဲ့ပါတ်သက်လို့ မဟာချိုင်မှာ အခြေစိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောပါတယ်။

"စစ်ဆေးထားတဲ့အထဲကနေ ဆာမွတ်ဆာခွန်းမှာ ပေါ့စတစ်ဖြစ်တာ ထပ်တိုးလာတာက ၂၄၂ ယောက် မနေ့က ညနေထိဆိုရင် ၈၂၁ ယောက် အခု ထပ်တိုးလာတော့အဖြေထပ်ထွက်တာ ၁,၀၀၀ ကျော်သွားပြီ စမုတ်ဆာခွန်းမှာပဲ။"

စမွတ်ဆာခွန်းခရိုင်ထဲမှာ ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံတွင်း COVID 19 ကူးစက်မှုတိုးနေတာဟာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကြောင့်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ကလည်း တနင်္လာနေ့က အပြစ်တင်ထားပါတယ်။

ဒီခရိုင်အတွင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နေအိမ်တိုက်ခန်းတွေမှာလည်း စုဝေးနေထိုင်နေရသလို လုပ်ငန်းခွင်တွေမှာလည်း အစုအဝေးနဲ့ လုပ်နေကြတာမို့ ကျန်းမာရေးစည်းကမ်းတွေအတိုင်း ခပ်ခွါခွါနေဖို့က အခက်အခဲတွေ ရှိနေကြပါတယ်။

အခုဆိုရင် စမွတ်ဆာခွန်းခရိုင်က ပုဇွန်ဈေးကို ပိတ်ထားပြီး အနီးတဝိုက်က မြန်မာတွေကိုဒီဇင်ဘာလ ၂၂ ရက်နေ့က ကိုဗစ် စစ်ဆေးမှုတွေ လုပ်ပေးနေပြီး အလုပ်သမား ထောင်ဂဏန်းလောက်က အစုအဝေးနဲ့ ဆေးစစ်ဖို့ရောက်လာတာကြောင့် လူစုခွဲခဲ့ရတယ်လို့ ဦးအောင်ကျော်က ဆိုပါတယ်။ ကပ်ရောဂါထိန်းချုပ်ရေး ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဒေါက်တာထဝီဆင်ကတော့ အခုလိုပြောသွားပါတယ်။

"ပင်လယ်စာရောင်းတဲ့ ဈေးအနီးမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအများဆုံး နေထိုင်နေတဲ့ တိုက်ခန်းတွေကို အကုန်ပိတ်ပြီး lock down လုပ်ထားပြီး အနီးတဝိုက်မှာ မြန်မာတွေအခြေအနေကို စောင့်ကြည့်ပြီး ကျန်းမာရေးဆိုးဝါးလာတဲ့သူတွေကို ဆေးရုံကို ပို့ပေးနေပါတယ်ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။"

အခုလို စမွတ်ဆာခွန်းခရိုင်ထဲမှာ ပိတ်ဆို့ကန့်သတ်ထားချိန်မှာပဲ မြန်မာအလုပ်သမားတချို့ စမွတ်ဆာခွန်းခရိုင်ကနေ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကိုဗင်ကားတွေနဲ့ သွားနေကြတာကြောင့် တာ့ခ်ခရိုင်မဲဆောက်အဝင်မှာ ယာယီ ထိန်းသိမ်းနေပါတယ်။ ထိုင်းနိုင်ငံသား ကားသမားတွေကိုတော့ ကျန်းမာရေးစစ်ဆေးဖို့ စောင့်ကြည့်ရေးစင်တာမှာ ပို့ထားသလို မြန်မာနိုင်ငံသားတွေကိုတော့ မဲဆောက်မြဝတီချစ်ကြည်ရေးတံတားကို တိုက်ရိုက်ပို့ဆောင်လိုက်တယ်လို့ ဒေသခံအာဏာပိုင်တွေ ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တခြားခရိုင်တွေဆီကိုလည်း မြန်မာတွေက သွားလာနေတာကြောင့် စမွတ်ဆာခွန်းခရိုင်က လာတဲ့သူတွေဆိုရင် လိုက်လံဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ လောလောဆယ်အထိ ကိုဗစ် အတည်ပြုလူနာ ၅,၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀ ဖြစ်ပါတယ်။ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၁၀၀,၀၀၀ ကျော်ရှိနေချိန်မှာ ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG