သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံ စမုတ္ဆာခြန္းပုစြန္ေစ်း ကိုဗစ္ပိုးေတြ႔သူေတြထဲ ျမန္မာေတြပါဝင္


စမုတ္ဆာခြန္းၿမိဳ႕နယ္မွာ ကိုဗစ္ကပ္ေရာဂါပုိး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ စမုတ္ဆာခြန္းၿမိဳ႕နယ္အတြင္း ကိုဗစ္ကပ္ေရာဂါပုိး ေတြ႔ရွိသူ ၇၀၀ နီးပါးထိရွိလာၿပီး ဒီထဲမွာ အမ်ားစုက ျမန္မာနဲ႔ ႏုိင္ငံျခားသားေတြ ျဖစ္ၾကပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ စမုတ္ဆာခြန္းၿမိဳ႕နယ္အတြင္း ဒီဇင္ဘာလ ၁၇ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ ကပ္ေရာဂါပုိး စစ္ေဆးရာမွာ လူဦးေရ ၅၀၀ ေက်ာ္ထိ တိုးလာေၾကာင္း က်န္းမာေရးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ စိုဖြန္ စီရီက ေျပာဆုိသြားတာပါ။

စမုတ္ဆာခြန္းၿမိဳ႕နယ္မွာ ကိုဗစ္ကပ္ေရာဂါပုိး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)
စမုတ္ဆာခြန္းၿမိဳ႕နယ္မွာ ကိုဗစ္ကပ္ေရာဂါပုိး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၀၊ ၂၀၂၀)

ပုစြန္ေစ်းက အသက္ ၆၇ ႏွစ္အရြယ္ ဆိုင္ပိုင္ရွင္ ထိုင္းႏုိင္ငံသားမွာ ကိုဗစ္ေရာဂါပိုး ေတြ႔ရွိၿပီးတဲ့ေနာက္ပိုင္း ကိုဗစ္ေရာဂါ စစ္ေဆးမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနရာမွာ ေနာက္ထပ္ ကိုဗစ္လူနာရဲ႕ မိသားစုဝင္ေတြနဲ႔အတူ ထပ္တိုးလူနာေတြအျပင္ ႏုိင္ငံျခားသား အလုပ္သမားေတြပါ ပါဝင္လာတာ ေတြ႔ရေၾကာင္း ထုိင္းက်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ပိ္ုးေတြ႔သူ အမ်ားစုကေတာ့ ျမန္မာအပါအဝင္ ႏုိင္ငံျခားသား အလုပ္သမားေတြ ျဖစ္ေနပါတယ္။

ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာေတာ့ ကိုဗစ္ကူးစက္သူ ေနာက္ထပ္ ၁၄၆ ေယာက္ ထပ္တုိးလာၿပီး လက္ရွိမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္သူ ၇၀၀ နီးပါးထိရွိလာၿပီး ဒီထဲမွာ ၉၀ ရာခိုင္ႏႈန္းက ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ စမုတ္ဆာခြန္းေဒသက ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ ဥကၠ႒ ဦးေအာင္ေက်ာ္ကုိ ဆက္သြယ္ေမးျမန္းတဲ့အခါမွာ အခုလိုေျပာျပပါတယ္။

“မေန႔ကညထိ ေၾကညာထားတာက ၅၄၈ ဦးျဖစ္ပါတယ္။ စမြန္ဆာခြန္း ပုစြန္ေစ်း ဆိုတာကေတာ့ ျမန္မာေတြ ေထာင္နဲ႔ခ်ီရွိေနတာ။ အေဆာက္အဦေတြလည္း အမ်ားႀကီး။ အင္မတန္ေဟာင္းႏြမ္းေနတဲ့ အေဆာက္အဦေတြ အဲဒီမွာ ျမန္မာေတြပဲ ေနေနၾကတာ။ လုပ္ငန္းရွင္ေတြ ကူးၿပီဆုိမွေတာ့ အဲဒီနားမွာ ေစ်းဝယ္ လုပ္ကိုင္စားေနတဲ့ ျမန္မာအလုပ္သမားေတြလည္း ကူးေတာ့မွာေပါ့။ က်ေနာ္တို႔က အဲဒီလိုသံုးသပ္တယ္။ က်ေနာ္တို႔လူမ်ိဳးေတြက အခုခ်ိန္ ျမန္မာျပည္ထဲလည္း ျပန္လို႔မရဘူး၊ ျမန္မာျပည္ထဲကေနလည္း ဝင္လို႔မရဘူး၊ ျပန္ရင္ အၿပီးျပန္ရတာဆိုေတာ့ အခုခ်ိန္မွာ က်ေနာ္တို႔က ျမန္မာျပည္က သယ္ေဆာင္လာတယ္လို႔ ေျပာရေအာင္လည္း က်ေနာ္တို႔လူမ်ိဳးေတြက ခြင့္နဲ႔ ျပန္လာလို႔လည္း မရဘူး။”

ထိုင္းႏုိင္ငံ စမုတ္ဆာခြန္းခ႐ုိင္အတြင္း အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာအပါအဝင္ ႏုိင္ငံျခားသား အလုပ္သမားမ်ားအားလံုး ခရီးသြားလာခြင့္နဲ႔ ေရႊ႕ေျပာင္းတာေတြ မလုပ္ဖို႔ ေဒသအာဏာပိုင္ေတြက တားျမစ္ထားပါတယ္။ ကိုဗစ္ေရာဂါပိုး စေတြ႔တဲ့ ပင္လယ္စာအေရာင္းေစ်းဒိုင္ကို သြားလာ ေစ်းဝယ္ေနၾကသူေတြ ကိုဗစ္ေရာဂါ လကၡဏာေတြ ရွိလာေနတယ္ဆိုရင္ အျမန္ဆံုး ေဆးစစ္ခံၾကဖို႔ ထုတ္ျပန္ထားေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ကပ္ေရာဂါပုိး ရွိမရွိကုိ အခမဲ့ စစ္ေဆးေပးေနပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၅,၀၀၀ နီးပါးရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၄၂၄ ေယာက္နဲ႔ ကူးစက္သူ ၁၁၅,၀၀၀ ေက်ာ္ ရွိေနတာပါ။

ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အဝင္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမႇင့္ထားခ်ိန္မွာ ျမန္မာေတြ အမ်ားစုေနထိုင္ရာ ေဒသမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာတာျဖစ္ပါတယ္။ ကုိဗစ္အေရးေပၚကာလမွာ နယ္စပ္ေတြက ခိုးဝင္ေနၾကတဲ့ ျမန္မာေတြလည္း ရွိေနေပမယ့္ ဒီလူနာေတြဟာ နဂိုရွိေနၿပီးသား အလုပ္သမားေတြလား နယ္စပ္ကေန ဝင္လာၾကသူေတြလား ဆုိတာကိုေတာ့ ထုိင္းအာဏာပုိင္ေတြက ရွင္းရွင္းလင္းလင္း ေျပာဆုိတာမိ်ဳး မရွိေသးပါဘူး။

-------------------------

(Unicode)

ထိုင်းနိုင်ငံ စမုတ်ဆာခွန်းပုစွန်ဈေး ကိုဗစ်ပိုးတွေ့သူတွေထဲ မြန်မာတွေပါဝင်

ထိုင်းနိုင်ငံ စမုတ်ဆာခွန်းမြို့နယ်အတွင်း ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိသူ ၇၀၀ နီးပါးထိရှိလာပြီး ဒီထဲမှာ အများစုက မြန်မာနဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ စမုတ်ဆာခွန်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကပ်ရောဂါပိုး စစ်ဆေးရာမှာ လူဦးရေ ၅၀၀ ကျော်ထိ တိုးလာကြောင်း ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ စိုဖွန် စီရီက ပြောဆိုသွားတာပါ။

ပုစွန်ဈေးက အသက် ၆၇ နှစ်အရွယ် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးတဲ့နောက်ပိုင်း ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေရာမှာ နောက်ထပ် ကိုဗစ်လူနာရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တိုးလူနာတွေအပြင် နိုင်ငံခြားသား အလုပ်သမားတွေပါ ပါဝင်လာတာ တွေ့ရကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပိုးတွေ့သူ အများစုကတော့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်နေပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ကိုဗစ်ကူးစက်သူ နောက်ထပ် ၁၄၆ ယောက် ထပ်တိုးလာပြီး လက်ရှိမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၇၀၀ နီးပါးထိရှိလာပြီး ဒီထဲမှာ ၉၀ ရာခိုင်နှုန်းက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ စမုတ်ဆာခွန်းဒေသက ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလိုပြောပြပါတယ်။

“မနေ့ကညထိ ကြေညာထားတာက ၅၄၈ ဦးဖြစ်ပါတယ်။ စမွန်ဆာခွန်း ပုစွန်ဈေး ဆိုတာကတော့ မြန်မာတွေ ထောင်နဲ့ချီရှိနေတာ။ အဆောက်အဦတွေလည်း အများကြီး။ အင်မတန်ဟောင်းနွမ်းနေတဲ့ အဆောက်အဦတွေ အဲဒီမှာ မြန်မာတွေပဲ နေနေကြတာ။ လုပ်ငန်းရှင်တွေ ကူးပြီဆိုမှတော့ အဲဒီနားမှာ ဈေးဝယ် လုပ်ကိုင်စားနေတဲ့ မြန်မာအလုပ်သမားတွေလည်း ကူးတော့မှာပေါ့။ ကျနော်တို့က အဲဒီလိုသုံးသပ်တယ်။ ကျနော်တို့လူမျိုးတွေက အခုချိန် မြန်မာပြည်ထဲလည်း ပြန်လို့မရဘူး၊ မြန်မာပြည်ထဲကနေလည်း ဝင်လို့မရဘူး၊ ပြန်ရင် အပြီးပြန်ရတာဆိုတော့ အခုချိန်မှာ ကျနော်တို့က မြန်မာပြည်က သယ်ဆောင်လာတယ်လို့ ပြောရအောင်လည်း ကျနော်တို့လူမျိုးတွေက ခွင့်နဲ့ ပြန်လာလို့လည်း မရဘူး။”

ထိုင်းနိုင်ငံ စမုတ်ဆာခွန်းခရိုင်အတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများအားလုံး ခရီးသွားလာခွင့်နဲ့ ရွှေ့ပြောင်းတာတွေ မလုပ်ဖို့ ဒေသအာဏာပိုင်တွေက တားမြစ်ထားပါတယ်။ ကိုဗစ်ရောဂါပိုး စတွေ့တဲ့ ပင်လယ်စာအရောင်းဈေးဒိုင်ကို သွားလာ ဈေးဝယ်နေကြသူတွေ ကိုဗစ်ရောဂါ လက္ခဏာတွေ ရှိလာနေတယ်ဆိုရင် အမြန်ဆုံး ဆေးစစ်ခံကြဖို့ ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ အခုလောလောဆယ်မှာတော့ ကပ်ရောဂါပိုး ရှိမရှိကို အခမဲ့ စစ်ဆေးပေးနေပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၅,၀၀၀ နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၄၂၄ ယောက်နဲ့ ကူးစက်သူ ၁၁၅,၀၀၀ ကျော် ရှိနေတာပါ။

ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားချိန်မှာ မြန်မာတွေ အများစုနေထိုင်ရာ ဒေသမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာဖြစ်ပါတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ နယ်စပ်တွေက ခိုးဝင်နေကြတဲ့ မြန်မာတွေလည်း ရှိနေပေမယ့် ဒီလူနာတွေဟာ နဂိုရှိနေပြီးသား အလုပ်သမားတွေလား နယ်စပ်ကနေ ဝင်လာကြသူတွေလား ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက ရှင်းရှင်းလင်းလင်း ပြောဆိုတာမျိုး မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG