သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္-၁၉ ကူးစက္မႈ ေတြ႕ရွိၿပီးေနာက္ ထုိင္း-ျမန္မာနယ္စပ္ ဖမ္းဆီးမႈေတြတုိးျမွင့္


ထုိင္း-ျမန္မာနယ္စပ္ ဖမ္းဆီးမႈေတြတုိးျမွင့္ (ဓါတ္ပံု- ထိုင္းနယ္ျခားေစာင့္တပ္)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ျပန္လာတဲ့ ထုိင္းႏုိင္ငံသားတခ်ဳိ႕မွာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနတာ ေတြ႔ရွိခဲ့တာေၾကာင့္ နယ္စပ္ေဒသေတြမွာ လုံၿခံဳေရးေတြ တုိးျမွင့္ထားခ်ိန္မွာပဲ အေထာက္အထားမဲ့ ျမန္မာႏုိင္ငံသားေတြ ထပ္မံဖမ္းဆီးမိတဲ့ သတင္းကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္း-ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕က ေဖ်ာ္ေျဖေရးလုပ္ငန္းမွာ အလုပ္လုပ္ကုိင္ၿပီး ထိုင္းႏုိင္ငံကုိ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္လာရာက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ဖမ္းဆီးမိသူ ထုိင္းႏုိင္ငံသူ အမ်ဳိးသမီး ၃ ေယာက္မွာ ကုိဗစ္ေရာဂါပုိး ရွိေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ နယ္စပ္ေဒသမွာ လုံၿခံဳေရးတင္းၾကပ္ထားပါတယ္။ ဖမ္းဆီးမိသူေတြထဲက အသက္ ၂၆ ႏွစ္နဲ႔ ၂၃ ႏွစ္အရြယ္ အမ်ဳိးသမီး ၂ ဦးကေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာပဲ ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး၊ အသက္ ၂၉ ႏွစ္အရြယ္ အမ်ဳိးသမီးကေတာ့ အဂၤါေန႔က ဖမ္းဆီးမိခဲ့တာလုိ႔လည္း ေဒသခံ အာဏာပုိင္ေတြက ေျပာပါတယ္။ နယ္စပ္ကုိ တရားမ၀င္ ျဖတ္ေက်ာ္ရာမွာ လူေမွာင္ခုိေတြရဲ႕ အကူအညီကုိ ရယူခဲ့ေၾကာင္း စစ္ေဆး ေတြ႔ရွိထားတယ္လုိ႔လည္း ထုိင္းႏုိင္ငံအေျခစုိက္ AAC အလုပ္သမားကူညီေရးအဖဲြ ့ရဲ ့ေျပာေရးဆိုခြင့္ရွိသူကုိရဲမင္းက ေျပာပါတယ္။

“ဒီရက္ပုိင္းမွာပဲအသက္ ၂၉ ႏွစ္အရြယ္ထုိင္းအမ်ိဳးသမီးတဦးက ထုိင္းႏိုင္ငံခ်င္းမုိင္က နေကာ္ပင္ေဆးရံုကုိတက္ေနရတယ္။ သူက ကိုဗစ္ျဖစ္ျပီးေဆးရံုတက္ေနရတာ သူေနာက္ေၾကာင္းေတြကိုျပန္လိုက္ေတာ့ သူကျမန္မာႏိုင္ငံမွာ အလုပ္လုပ္ျပီး ထုိင္းဘက္ကုိ ခိုးျပီးျပန္၀င္တဲ့အတြက္ သူသြားခဲ့တဲ့ ကုန္တုိက္ေတြ၊ ႏိုက္ကလပ္ေတြ စတဲ့ သူနဲ့ဆက္သြယ္သူေတြအားလံုး စစ္ေဆးခံေနရတယ္။ ေပါ့စတစ္ေတြလည္း ထြက္ေကာင္းထြက္လာႏိုင္ေသးတယ္။ သူကူးစက္မူက ျမန္မာဘက္ကပဲ ကူးစက္လာတယ္လို႕ သံုးသပ္ၾကတယ္။ သူကိုလုိက္ေတာ့ ျမန္မာဘက္ကခိုး၀င္လာတာကိုေတြ ့ရပါတယ္။ ခ်င္းရိုင္ခရိုင္မဲဆုိင္မွာပဲ ျမန္မာႏုိင္ငံထဲက လူေမွာင္ခုိကူးေနတဲ့ သံသယတရားခံလူေမွာင္ခိုလူပဲြစား ၃ဦးဖမ္းမိတယ္။အမ်ိဳးသမီး တဦး၊ အမ်ိဳးသား ၂ဦးဖမ္းခံရတယ္။ လူေမွာင္ခိုကူးသူကုိ ဖမ္းလိုက္တာ။”

ဒီကေန႔ မနက္မွာပဲ မဲဆိုင္တာခ်ိီလိပ္နယ္စပ္လမ္းကေန တရားမ၀င္ ခိုး၀င္လာသူထိုင္းႏို္င္ငံသား ၁၂ဦးကိုလည္း ထပ္မံ ဖမ္းမိခဲ့ပါတယ္။

ထုိင္း-ျမန္မာနယ္စပ္တာ့ခရိုင္မဲေဆာက္မွာလည္း တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္လာသူ ျမန္မာႏုိင္ငံသား ၁၁ဦးနဲ့ လူပဲြစားတဦးကိုလည္း မေန့တုန္းကပဲ ဖမ္းဆီးလိုက္ေၾကာင္း ကိုရဲမင္းက ေျပာျပပါတယ္။

“အခု ၂၉ရက္ေန႔ကပဲ မနက္ေစာေစာ ထုိင္း-ျမန္မာနယ္စပ္သစ္ေတာထဲမွာ ဖမ္းမိတာ။ ျမန္မာဘက္က ခုိး၀င္လာသူျမန္မာ ၁၁ဦးနဲ႔ လူပဲြစားတဦးကုိလည္းဖမ္းမိပါတယ္။”

ဒီရက္ပိုင္းအတြင္း ဖမ္းဆီးခံရသူေတြကုိေတာ့ ကပ္ေရာဂါကာလ အေရးေပၚဥပေဒ ခ်ဳိးေဖာက္မႈ၊ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္မႈေတြနဲ႔ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ထုိင္းအာဏာပုိင္ေတြက ေျပာပါတယ္။ ထုိင္းႏုိင္ငံမွာ ကုိဗစ္ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄ ေထာင္နီးပါး ရွိေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂ ေထာင္ေလာက္နဲ႔ ကူးစက္သူ ၇ ေသာင္းေလာက္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ ေဒသေတြမွာ လုံၿခံဳေရးေတြ တုိးျမွင့္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့တာကြောင့် နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားချိန်မှာပဲ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ထပ်မံဖမ်းဆီးမိတဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့က ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ပြီး ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဖမ်းဆီးမိသူ ထိုင်းနိုင်ငံသူ အမျိုးသမီး ၃ ယောက်မှာ ကိုဗစ်ရောဂါပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နယ်စပ်ဒေသမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဖမ်းဆီးမိသူတွေထဲက အသက် ၂၆ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး၊ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးကတော့ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တာလို့လည်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ရာမှာ လူမှောင်ခိုတွေရဲ့ အကူအညီကို ရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိထားတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုရဲမင်းက ပြောပါတယ်။

“ဒီရက်ပိုင်းမှာပဲအသက် ၂၉ နှစ်အရွယ်ထိုင်းအမျိုးသမီးတဦးက ထိုင်းနိုင်ငံချင်းမိုင်က နကော်ပင်ဆေးရုံကိုတက်နေရတယ်။ သူက ကိုဗစ်ဖြစ်ပြီးဆေးရုံတက်နေရတာ သူနောက်ကြောင်းတွေကိုပြန်လိုက်တော့ သူကမြန်မာနိုင်ငံမှာ အလုပ်လုပ်ပြီး ထိုင်းဘက်ကို ခိုးပြီးပြန်ဝင်တဲ့အတွက် သူသွားခဲ့တဲ့ ကုန်တိုက်တွေ၊ နိုက်ကလပ်တွေ စတဲ့ သူနဲ့ဆက်သွယ်သူတွေအားလုံး စစ်ဆေးခံနေရတယ်။ ပေါ့စတစ်တွေလည်း ထွက်ကောင်းထွက်လာနိုင်သေးတယ်။ သူကူးစက်မူက မြန်မာဘက်ကပဲ ကူးစက်လာတယ်လို့ သုံးသပ်ကြတယ်။ သူကိုလိုက်တော့ မြန်မာဘက်ကခိုးဝင်လာတာကိုတွေ့ရပါတယ်။ ချင်းရိုင်ခရိုင်မဲဆိုင်မှာပဲ မြန်မာနိုင်ငံထဲက လူမှောင်ခိုကူးနေတဲ့ သံသယတရားခံလူမှောင်ခိုလူပွဲစား ၃ဦးဖမ်းမိတယ်။အမျိုးသမီး တဦး၊ အမျိုးသား ၂ဦးဖမ်းခံရတယ်။ လူမှောင်ခိုကူးသူကို ဖမ်းလိုက်တာ။”

ဒီကနေ့ မနက်မှာပဲ မဲဆိုင်တာချီလိပ်နယ်စပ်လမ်းကနေ တရားမဝင် ခိုးဝင်လာသူထိုင်းနိုင်ငံသား ၁၂ဦးကိုလည်း ထပ်မံ ဖမ်းမိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တာ့ခရိုင်မဲဆောက်မှာလည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူ မြန်မာနိုင်ငံသား ၁၁ဦးနဲ့ လူပွဲစားတဦးကိုလည်း မနေ့တုန်းကပဲ ဖမ်းဆီးလိုက်ကြောင်း ကိုရဲမင်းက ပြောပြပါတယ်။

“အခု ၂၉ရက်နေ့ကပဲ မနက်စောစော ထိုင်း-မြန်မာနယ်စပ်သစ်တောထဲမှာ ဖမ်းမိတာ။ မြန်မာဘက်က ခိုးဝင်လာသူမြန်မာ ၁၁ဦးနဲ့ လူပွဲစားတဦးကိုလည်းဖမ်းမိပါတယ်။”

ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူတွေကိုတော့ ကပ်ရောဂါကာလ အရေးပေါ်ဥပဒေ ချိုးဖောက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄ ထောင်နီးပါး ရှိနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂ ထောင်လောက်နဲ့ ကူးစက်သူ ၇ သောင်းလောက် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ် ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG