သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးကာလတြင္း ထိုင္းဘက္ခိုးဝင္ ျမန္မာေတြ မၾကာခဏ ဖမ္းခံရ


ထုိင္းေတာင္ပုိင္း ရာဘာေတာမွာ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ထိုင္းေတာင္ပိုင္း ပကၽြတ္ကရိန္ကန္ခ႐ုိင္နဲ႔ ခ်င္း႐ုိင္ခ႐ုိင္အတြင္းမွာ ႏုိဝင္ဘာလ ၂၀ ရက္နဲ႔ ၂၁ ရက္ညေတြမွာ လူကုန္ကူးသမားေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသား ၂၀ ေက်ာ္ ဖမ္းမိခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းေတာင္ပိုင္း ပကၽြတ္ကရိန္ကန္ခ႐ုိင္မွာေတာ့ ႏုိဝင္ဘာလ ၂၁ ရက္ေန႔ ညက လူေမွာင္ခိုသမားေတြနဲ႔ ဆက္သြယ္ၿပီး ထိုင္းႏုိင္ငံအတြင္း ေတာလမ္းက ဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ၁၂ ဦးကို ထိုင္းလဝကနဲ႔ နယ္ျခားေစာင့္တပ္ေတြက ဖမ္းဆီးလိုက္ေၾကာင္း AAC အလုပ္သမားကူညီေရးအဖဲြ႔ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းက ေျပာပါတယ္။

“ေခၚလာတာက ျမန္မာႏုိင္ငံသား ၁၂ ဦးေပါ့၊ ထုိင္းကုိ အလုပ္လုပ္ခ်င္တဲ့သူေတြကို တရားမဝင္လမ္းက ေခၚလာတာ။ ဖမ္းဆီးတာက ေအာင္ႏြိဳင္ေက်းရြာ ရာဘာသစ္ေတာမွာ ဖမ္းဆီးမိခဲ့တာပါ။ ဖူးခက္ခ႐ုိင္အတြင္းမွာ အလုပ္သြင္းေပးမယ္ဆိုၿပီး တဦးကို ဘတ္ေငြ ၆,၅၀၀ နဲ႔ လူကုန္ကူးသမားေတြက လာေခၚလာတာပါ။ ထိုင္းဘက္က ဘယ္ေလာက္တင္းတင္းက်ပ္က်ပ္ နယ္စပ္ေတြမွာ လံုၿခံဳေရးအတြက္ ထုိင္းရဲေတြက ညကင္းေတြ လွည့္ကင္းေတြ ခ်ထားေပမယ့္ ထုိင္းေျမာက္ပုိင္းမွာလည္း လူ ၁၀ ဦးေက်ာ္ ဖမ္းမိတယ္လို႔ သိရတယ္။”

ကုိဗစ္ကာလမွာ အလုပ္အကုိင္ အခြင့္အလမ္းေတြ အခက္အခဲ ျဖစ္ေနၾကတာကို အေၾကာင္းျပဳၿပီး လူပဲြစားေတြက လူေမွာင္ခိုကူးတာေတြကို ဆက္တုိက္လုပ္လာတယ္လို႔လည္း ကုိရဲမင္းက ေျပာျပပါတယ္။

“အဓိကေတာ့ လူေမွာင္ခို လူပဲြစားေတြက ေငြေတြႀကိဳေကာက္ခံ၊ လူကယ္ရီခ ပဲြစားခေတြယူၿပီး ပုိ႔တာပဲ။ အဖမ္းခံရရင္ သူတို႔က ထြက္ေျပးၾကတယ္။ ျမန္မာအလုပ္သမားေတြပဲ ခံရတယ္။ ၿပိီးေတာ့ ကုိဗစ္ အေရးေပၚစီမံခ်က္ အက္ဥပေဒနဲ႔ ေထာင္က်တာ၊ အေရးယူခံရတာ၊ ေနာက္ဆံုး ျမန္မာျပည္ျပန္ပို႔တာေတြ ခံရတယ္။ ကုိဗစ္အေရးေပၚကာလမွာ ထုိင္းႏုိင္ငံကို ခိုးဝင္သူေတြကိုေတာ့ ကုိဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ဥပေဒနဲ႔ပါ အေရးယူတာေတြ ရွိေနပါတယ္။”

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတဝန္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏုိင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။

ျမန္မာလူမ်ိဳးေတြနဲ႔ ဆက္စပ္ၿပီး လူကုန္ကူးမႈ အမ်ားဆံုးျဖစ္ေနတဲ့့ ထုိင္းႏုိင္ငံကေတာ့ Tire 2 ေစာင့္ၾကည့္အဆင့္ထဲမွာပဲ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကပ်ဘေးကာလတွင်း ထိုင်းဘက်ခိုးဝင် မြန်မာတွေ မကြာခဏ ဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ် ထိုင်းတောင်ပိုင်း ပကျွတ်ကရိန်ကန်ခရိုင်နဲ့ ချင်းရိုင်ခရိုင်အတွင်းမှာ နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်ညတွေမှာ လူကုန်ကူးသမားတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းတောင်ပိုင်း ပကျွတ်ကရိန်ကန်ခရိုင်မှာတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညက လူမှောင်ခိုသမားတွေနဲ့ ဆက်သွယ်ပြီး ထိုင်းနိုင်ငံအတွင်း တောလမ်းက ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းလဝကနဲ့ နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးလိုက်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“ခေါ်လာတာက မြန်မာနိုင်ငံသား ၁၂ ဦးပေါ့၊ ထိုင်းကို အလုပ်လုပ်ချင်တဲ့သူတွေကို တရားမဝင်လမ်းက ခေါ်လာတာ။ ဖမ်းဆီးတာက အောင်နွိုင်ကျေးရွာ ရာဘာသစ်တောမှာ ဖမ်းဆီးမိခဲ့တာပါ။ ဖူးခက်ခရိုင်အတွင်းမှာ အလုပ်သွင်းပေးမယ်ဆိုပြီး တဦးကို ဘတ်ငွေ ၆,၅၀၀ နဲ့ လူကုန်ကူးသမားတွေက လာခေါ်လာတာပါ။ ထိုင်းဘက်က ဘယ်လောက်တင်းတင်းကျပ်ကျပ် နယ်စပ်တွေမှာ လုံခြုံရေးအတွက် ထိုင်းရဲတွေက ညကင်းတွေ လှည့်ကင်းတွေ ချထားပေမယ့် ထိုင်းမြောက်ပိုင်းမှာလည်း လူ ၁၀ ဦးကျော် ဖမ်းမိတယ်လို့ သိရတယ်။”

ကိုဗစ်ကာလမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အခက်အခဲ ဖြစ်နေကြတာကို အကြောင်းပြုပြီး လူပွဲစားတွေက လူမှောင်ခိုကူးတာတွေကို ဆက်တိုက်လုပ်လာတယ်လို့လည်း ကိုရဲမင်းက ပြောပြပါတယ်။

“အဓိကတော့ လူမှောင်ခို လူပွဲစားတွေက ငွေတွေကြိုကောက်ခံ၊ လူကယ်ရီခ ပွဲစားခတွေယူပြီး ပို့တာပဲ။ အဖမ်းခံရရင် သူတို့က ထွက်ပြေးကြတယ်။ မြန်မာအလုပ်သမားတွေပဲ ခံရတယ်။ ပြီးတော့ ကိုဗစ် အရေးပေါ်စီမံချက် အက်ဥပဒေနဲ့ ထောင်ကျတာ၊ အရေးယူခံရတာ၊ နောက်ဆုံး မြန်မာပြည်ပြန်ပို့တာတွေ ခံရတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံကို ခိုးဝင်သူတွေကိုတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့ပါ အရေးယူတာတွေ ရှိနေပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

မြန်မာလူမျိုးတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG