သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
[Zawgyi/Unicode]
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
လွတ်ရက်စေ့နေကြတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၁၅၀ နီးပါး အပါအ၀င် လူ ၂၀၀ လောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာရှိတဲ့ မြန်မာအာဏာပိုင်တွေထံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေအပြင် ကိုဗစ်ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေသူတချို့ကိုပါ ပြန်လည်လွှဲပြောင်းပေးခဲ့တာလို့ ကော့သောင်းမြို့က ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ ပညာပေးရေးတာဝန်ခံဦးမိုးဝေက ပြောပါတယ်။
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
တိုက်ရိုက် လင့်ခ်
[Unicode Version]
လွတ်ရက်စေ့အကျဉ်းသားတွေအပါအဝင် မြန်မာ ၂၀၀ နီးပါး ထိုင်းကပြန်ပို့
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား အများစု အပါအဝင် လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံ ပြန်လည် လွဲှပြောင်းအပ်နှံ့လိုက်တဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
လွတ်ရက်စေ့နေကြတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၁၅၀ နီးပါး အပါအဝင် လူ ၂၀၀ လောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ကနေ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာရှိတဲ့ မြန်မာအာဏာပိုင်တွေထံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကပဲ လွဲှပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေအပြင် ကိုဗစ်ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ ပိတ်မိနေသူတချို့ကိုပါ ပြန်လည်လွဲှပြောင်းပေးခဲ့တာလို့ ကော့သောင်းမြို့က ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ ပညာပေးရေးတာဝန်ခံဦးမိုးဝေက ပြောပါတယ်။
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
ထိုင်းနိုင်ငံက လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၁၅၀ ခန့် အပါအ၀င်၊ လူ ၂၀၀ လောက်ကို မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ - FED- နိုဝင်ဘာလ ၁၂၊ ၂၀၂၀)
"၁၄ ပြည်နယ်မှာရှိတဲ့ လွတ်ရက်စေတဲ့ အချုပ်သားက ကျားက ၁၁၅၊ အမျိုးသမီးက ၂၁ ဦးက စုစုပေါင်း ၁၄၆ ဦး။ ဒီထဲမှာ ကျန်းမာရေးမကောင်းတဲ့ အဆုတ်နဲ့ အသဲမကောင်းသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးပါတယ်။ ကိုယ်ဝန်ဆောင်က ၃ ဦး အားလုံးပေါင်း နယ်စပ်မှာ ပိတ်မိနေသူ အမျိုးသားက ၁၄ ယောက်၊ အမျိုးသမီးက၂၇ ယောက် ကလေးယောက်ကျားလေးက ၉ ယောက်၊ မိန်းကလေးက ၃ ယောက် စုစုပေါင်း ၅၃ ယောက် အဲဒါက အပြင်လူ ရိုးရိုးပိတ်မိနေသူတွေပါ။"
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ တိုးလာရာက ထိုင်းနိုင်ငံက အသွားအလာ အဝင်အထွက်တွေ ကန့်သတ်ထားတဲ့ နယ်စပ်ဒေသတခုဖြစ်တဲ့ ရနောင်း၊ ကော့သောင်းကနေ ပြန်ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
"ကျနော်တို့ ၉ လပိုင်း ၂၉ ရက်ကနောက်ဆုံးအကြိမ်ပဲ ၁၀ လပိုင်းမှာ တလလုံး ပိတ်ထားတယ် ကျနော်တို့ ဆက်သွယ်မေးမြန်းတော့ မြန်မာဘက်က မဲရွေးပြီးမှပဲ အစီစဉ်ပြန်စမယ်ပြောတာ။"
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်း အလုပ်သမား ပညာပေး စင်တာကတော့ နေရပ်ပြန်မြန်မာတွေကို ကျန်းမာရေး အသိပညာပေးပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အသုံးအဆောင်တွေကို ပေးဝေခဲ့တယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်မှု ၃,၈၀၀ ကျော် ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှုတွေ ကျဆင်းလာရာက ကန့်သတ်မှုတွေကို လျှော့ပေါ့ပေးထားပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်တွေမှာ အဝင်အထွက်နဲ့ သွားလာလှုပ်ရှားမှုတွေကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG