သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း MoU အလုပ္သမား သက္တမ္းႏွစ္ႏွစ္တိုး


ထိုင္းေရာက္ ျမန္္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ထုိင္းႏိုင္ငံရွိ စက္ရံုတခုမွာေတြ႔ရ။ (ဇူလိုင္ ၀၄၊ ၂၀၁၇)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံမွာ အစုိးရခ်င္း သေဘာတူညီခ်က္နဲ႔ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအပါအ၀င္ အိမ္နီးခ်င္း ၃ ႏုိင္ငံက အလုပ္သမားေတြကုိ ကုိဗစ္ကပ္ေဘးကာလ အေရးေပၚ အေျခအေနအရ ေနာက္ထပ္ ၂ ႏွစ္ သက္တမ္းတုိးခြင့္ ျပဳလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

အစုိးရခ်င္း သေဘာတူညီခ်က္နဲ႔ ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာ၊ လာအုိနဲ႔ ကေမာၻဒီးယား ႏုိင္ငံေတြက အလုပ္သမားေတြ အလုပ္လုပ္ခြင့္သက္တမ္း ေရွ႕ႏွစ္ေႏွာင္းပုိင္း ကုန္ဆုံးမွာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ကုိဗစ္ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ ေနရပ္ျပန္စရာ မလုိေအာင္ ရည္ရြယ္ၿပီး ေနာက္ထပ္သက္တမ္း ၂ ႏွစ္ တုိးခြင့္ျပဳလုိက္တာ ျဖစ္ေၾကာင္းလည္း ထိုင္းႏုိင္ငံအေျခစိုက္ ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

"ေျပာေရးဆိုခြင့္ရွိတဲ့ ၀န္ႀကီးအဖဲြ ့့အမ်ိဳးသမီးက Ms Rachada ေျပာတာေပါ့ေနာ္။ သူေျပာတာကေတာ့ ျမန္မာ၊လာအို၊ ကေမၻာဒီးယား အလုပ္သမားေတြထဲက အထူးသျဖင့္MOU က ၄ ႏွစ္ျပည့္ျပီ။ ဒါျမန္မာျပည္ကို ေနရပ္ျပန္ဖို႔ မလိုဘဲ သက္တမ္း ၂ ႏွစ္ထပ္တုိးေပးမယ္။ ထံုးစံဆုိ MOU က ၄ ႏွစ္ျပည့္ရင္ ျပန္ရမွာေလ။ အဓိကကေတာ့ ကုိဗစ္ေၾကာင့္ေပါ့... နယ္စပ္ေတြလည္း ပိတ္ထားတာရွိတယ္။ အထူးသျဖင့္ အလုပ္သမားအင္အားက လုိေနတာပဲ အလုပ္သမားသစ္ကုိ သြင္းမယ္ဆုိရင္ အခက္အခဲေတြ ရွိတယ္။ ညိွႏိႈင္းထားတာက ျပသနာေတြရွိတယ္။ လာတဲ့သူေတြကိုထားဖို႔ ကိစၥကုန္က်စရိတ္ေတြကုိ အလုပ္ရွင္ေရာ၊ အလုပ္သမားေတြေရာ၊ အစိုးရေတြေရာ အခက္အခဲေတြ ရွိတယ္ေလ။ အဲဒါေတြကိုေျဖရွင္းဖုိ႔အတြက္ ဒီဘက္မွာ ရွိေနသူေတြကိုပဲ ျပန္ခန္႔လိုက္တဲ့သေဘာေပါ့ေနာ္။ ထိုင္းႏိုင္ငံထဲမွာ ရွိေနတဲ့ ဒီလိုအေျခအေနမ်ိဳး ရွိေနတဲ့ အလုပ္သမား ၁၃၀,၀၀၀ ေလာက္အတြက္ေတာ့အဆင္ေျပသြားမယ္။"

ထုိင္းႏုိင္ငံမွာ သန္းနဲ႔ခ်ီ ရွိေနတဲ့ အလုပ္သမားေတြထဲက သိန္းနဲ႔ခ်ီတဲ့ ျမန္မာႏုိင္ငံသားေတြကေတာ့ ကပ္ေဘးကာလ ေနရပ္ျပန္သူေတြလည္း ရွိပါတယ္။ အခုလုိ ထုိင္းအာဏာပုိင္ေတြက ေနရပ္ျပန္စရာမလုိဘဲ သက္တမ္းတုိးခြင့္ ျပဳခဲ့တာေၾကာင့္ ကပ္ေရာဂါကာလ အခက္အခဲေတြၾကား အလုပ္သမားေတြအတြက္ အက်ဳိးရွိတဲ့ အစီအစဥ္ ျဖစ္လိမ့္မယ္လုိ႔ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။

"ျပန္မယ္ဆုိရင္ေတာ့ ျပန္လို႔ရပါတယ္။ အလုပ္ျပန္လုပ္ဖို႔ လာမယ့္သူေတြက ျပႆနာတက္မယ္။ အလုပ္ျပန္လုပ္မယ့္သူေတြအတြက္ဆုိရင္ ေအဂ်င္စီနဲ႔ ခ်ိတ္ဆက္ျပီး ျပန္လာရမယ္။ ၂ ခုပင္ပန္းတာေပါ့။ တခုက အသစ္ျပန္လုပ္ရမယ့္ဟာေတြ ကုန္က်စရိတ္ေတြ ျပန္လာမယ္ဆုိရင္ခ်ိတ္ဆက္ရမယ့္ဟာေတြ ကုန္က်စရိတ္ေတြ ရွိေတာ့ အခုလိုလုပ္ေပးတာဆိုေတာ့ အလုပ္သမားေတြအတြက္ေကာင္းတာေပါ့။"

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ခြင့္ရဖုိ႔ ေစာင့္ဆုိင္းေနတဲ့ ျမန္မာအလုပ္သမား ၆၀,၀၀၀ ေက်ာ္ေလာက္ ရွိေနတယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြ ခန္႔မွန္းထားၿပီး ကပ္ေရာဂါကာလ ထုိင္းအာဏာပုိင္ေတြရဲ႕ ကန္႔သတ္ခ်က္ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ လာဖို႔ အခက္အခဲရွိေနၾကတာပါ။ ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္မႈ ၃,၈၀၀ ေက်ာ္ ရွိခဲ့ၿပီးေနာက္ ေရာဂါကူးစက္မႈေတြ က်ဆင္းလာရာက ကန္႔သတ္မႈေတြကုိ ေလွ်ာ့ေပါ့ေပးထားေပမဲ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ နယ္စပ္ေတြမွာ အ၀င္အထြက္နဲ႔ သြားလာလႈပ္ရွားမႈေတြကုိလည္း ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်း MoU အလုပ်သမား သက်တမ်းနှစ်နှစ်တိုး

ထိုင်းနိုင်ငံမှာ အစိုးရချင်း သဘောတူညီချက်နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် အိမ်နီးချင်း ၃ နိုင်ငံက အလုပ်သမားတွေကို ကိုဗစ်ကပ်ဘေးကာလ အရေးပေါ် အခြေအနေအရ နောက်ထပ် ၂ နှစ် သက်တမ်းတိုးခွင့် ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရချင်း သဘောတူညီချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက အလုပ်သမားတွေ အလုပ်လုပ်ခွင့်သက်တမ်း ရှေ့နှစ်နှောင်းပိုင်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ နေရပ်ပြန်စရာ မလိုအောင် ရည်ရွယ်ပြီး နောက်ထပ်သက်တမ်း ၂ နှစ် တိုးခွင့်ပြုလိုက်တာ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ကြီးအဖွဲ့အမျိုးသမီးက Ms Rachada ပြောတာပေါ့နော်။ သူပြောတာကတော့ မြန်မာ၊လာအို၊ ကမ္ဘောဒီးယား အလုပ်သမားတွေထဲက အထူးသဖြင့်MOU က ၄ နှစ်ပြည့်ပြီ။ ဒါမြန်မာပြည်ကို နေရပ်ပြန်ဖို့ မလိုဘဲ သက်တမ်း ၂ နှစ်ထပ်တိုးပေးမယ်။ ထုံးစံဆို MOU က ၄ နှစ်ပြည့်ရင် ပြန်ရမှာလေ။ အဓိကကတော့ ကိုဗစ်ကြောင့်ပေါ့... နယ်စပ်တွေလည်း ပိတ်ထားတာရှိတယ်။ အထူးသဖြင့် အလုပ်သမားအင်အားက လိုနေတာပဲ အလုပ်သမားသစ်ကို သွင်းမယ်ဆိုရင် အခက်အခဲတွေ ရှိတယ်။ ညှိနှိုင်းထားတာက ပြသနာတွေရှိတယ်။ လာတဲ့သူတွေကိုထားဖို့ ကိစ္စကုန်ကျစရိတ်တွေကို အလုပ်ရှင်ရော၊ အလုပ်သမားတွေရော၊ အစိုးရတွေရော အခက်အခဲတွေ ရှိတယ်လေ။ အဲဒါတွေကိုဖြေရှင်းဖို့အတွက် ဒီဘက်မှာ ရှိနေသူတွေကိုပဲ ပြန်ခန့်လိုက်တဲ့သဘောပေါ့နော်။ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ ဒီလိုအခြေအနေမျိုး ရှိနေတဲ့ အလုပ်သမား ၁၃၀,၀၀၀ လောက်အတွက်တော့အဆင်ပြေသွားမယ်။"

ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေတဲ့ အလုပ်သမားတွေထဲက သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကပ်ဘေးကာလ နေရပ်ပြန်သူတွေလည်း ရှိပါတယ်။ အခုလို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်စရာမလိုဘဲ သက်တမ်းတိုးခွင့် ပြုခဲ့တာကြောင့် ကပ်ရောဂါကာလ အခက်အခဲတွေကြား အလုပ်သမားတွေအတွက် အကျိုးရှိတဲ့ အစီအစဉ် ဖြစ်လိမ့်မယ်လို့မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

"ပြန်မယ်ဆိုရင်တော့ ပြန်လို့ရပါတယ်။ အလုပ်ပြန်လုပ်ဖို့ လာမယ့်သူတွေက ပြဿနာတက်မယ်။ အလုပ်ပြန်လုပ်မယ့်သူတွေအတွက်ဆိုရင် အေဂျင်စီနဲ့ ချိတ်ဆက်ပြီး ပြန်လာရမယ်။ ၂ ခုပင်ပန်းတာပေါ့။ တခုက အသစ်ပြန်လုပ်ရမယ့်ဟာတွေ ကုန်ကျစရိတ်တွေ ပြန်လာမယ်ဆိုရင်ချိတ်ဆက်ရမယ့်ဟာတွေ ကုန်ကျစရိတ်တွေ ရှိတော့ အခုလိုလုပ်ပေးတာဆိုတော့ အလုပ်သမားတွေအတွက်ကောင်းတာပေါ့။"

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာအလုပ်သမား ၆၀,၀၀၀ ကျော်လောက် ရှိနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေ ခန့်မှန်းထားပြီး ကပ်ရောဂါကာလ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းတွေကြောင့် လာဖို့ အခက်အခဲရှိနေကြတာပါ။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်မှု ၃,၈၀၀ ကျော် ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှုတွေ ကျဆင်းလာရာက ကန့်သတ်မှုတွေကို လျှော့ပေါ့ပေးထားပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်တွေမှာ အဝင်အထွက်နဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG