သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေ နိုဝင်ဘာလလယ်အထိ ဆက်ပိတ်မည်


ထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့မြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့မြင်ကွင်း။

(Zawgyi / Unicode)
မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကို နိုဝင်ဘာ ၁၆ ရက်နေ့ထိ ဆက်ပြီး ပိတ်ထားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ်ထဲ ဘုရားသုံးဆူမြို့နဲ့ ထိုင်းဘက်ခြမ်းက ကမ်ချနဘူရီခရိုင်၊ စံခရဘူရီဒေသ နယ်စပ်ကုန်သွယ်ဂိတ် ဖြတ်သန်းသွားလာခွင့်ကို ဆက်ပိတ်ထားဖို့ ညွှန်ကြားထားတာပါ။ နယ်စပ် ဟိုဘက်ဒီဘက်က နှစ်နိုင်ငံ ရွာသားတွေကိုလည်း သွားလာထိတွေ့ခွင့် လုံးဝ တားမြစ်ထားပါတယ်။

အကယ်၍ ထိုင်း-မြန်မာနယ်စပ် တောလမ်းတွေကတဆင့် ခိုးဝင်ဖို့ ကြိုးစားသူတွေကို ရှာဖွေ တွေ့ရှိခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ်တသိန်း ဒဏ်ရိုက်မယ်လို့ ထိုင်းနိုင်ငံဘက်က ပြဋ္ဌာန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)





XS
SM
MD
LG