သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကေန ထိုင္းဘက္ ကုိဗစ္ကူးမလာဖို႔ တင္းၾကပ္ကာကြယ္


မဲဆိုင္နယ္စပ္ကေန စက္တင္ဘာလ ၉ ရက္ေန့က ခိုး၀င္လာတဲ့ ျမန္မာေတြကို ဖမ္းဆီးျပီးေနာက္ ကုိယ့္အပူခ်ိန္စစ္ေဆးေနတဲ့ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းရဲတပ္ဖဲြ႔)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈႏႈန္း ျမင့္တက္လာေနတဲ့အတြက္ ထိုင္းနယ္စပ္ဘက္ကိုလည္း သီတင္းနွစ္ပတ္ေလာက္အတြင္း ကူးစက္လာမယ္လို႔ ထိုင္းက်န္းမာေရးဌာနက ခန္႔မွန္းထားတာေၾကာင့္ အတားအဆီးေတြ ပိုၿပီးတင္းၾကပ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကပ္ေရာဂါ ဒုတိယလိႈင္းအျဖစ္ စတင္ကူးစက္မႈႏႈန္းေတြ ျမင့္တက္လာျပီး ျမန္မာနိုင္ငံတြင္းက တုိင္းနဲ႔ ျပည္နယ္ အေတာ္မ်ားမ်ားကုိ ပ်ံ႕ႏွ႔ံသြားျပီးတဲ့ေနာက္ အိမ္နီးခ်င္း ထုိ္င္းႏို္င္ငံဘက္မွာလည္း စိုးရိမ္မႈေတြ ရွိလာတာပါ။ ဒါေၾကာင့္လည္း ျမန္မာႏုိင္ငံနဲ႔ကပ္ေနၿပီး နယ္စပ္ခ်င္းထိေတြ႔မႈ ရွည္လ်ားတဲ့ ထုိင္းႏိုင္ငံဘက္ကို သီတင္းႏွစ္ပတ္အတြင္း ကိုဗစ္ေရာဂါ ကူးစက္ေရာက္ရွိလာႏုိင္တယ္လုိ႔ ျပီးခဲ့တဲ့ ရက္ကပဲ ထုိင္းက်န္းမာေရးဌာနက သတိေပးထားပါတယ္။

ျမန္မာျပည္မွာ လက္ရွိ ကူးစက္ေနတာကေန နယ္စပ္တေလွ်ာက္ လူေမွာင္ခိုေတြ ပို႔တဲ့ တရားမဝင္ ခိုးဝင္သူေတြကေနတဆင့္ ကူးစက္မူျဖစ္မွာကို စိုးရိမ္တာေၾကာင့္ နယ္စပ္ေတြမွာ ထုိင္းလူထုကပါ မ်က္ေျခမျပတ္ေစာင့္ၾကည့္ သတင္းေပးေနတယ္လို႔ အလုပ္သမားအကူညီေရးအဖဲြ ့AAC ရဲ ့ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းက အခုလုိေျပာျပပါတယ္။

"ႏွစ္ပတ္အတြင္းကုိ နယ္စပ္ေဒသကေန ထိုင္းဘက္ကုိ ေရာက္လာမယ္လို႔ ယူဆထားတယ္ ထုိင္းအာဏာပုိင္ေတြက။ ျမန္မာျပည္ဘက္ကလည္း ကုိဗစ္ဒုတိယလိႈင္းျဖစ္ေပၚလာတယ္။ ဒုတိယလိႈင္းနဲ႔အတူ ထိုင္းထဲကို ျမန္မာအလုပ္သမားေတြ ခိုး၀င္လာရင္ COVID 19 ေရာဂါေတြ ကူးစက္ၿပီးေတာ့ ျပန္႔ပြားပါလာမွာ စိတ္ပူၿပီးေတာ့ ထုိင္းဘက္ကလည္း ပိတ္ဆို႔ဖမ္းဆီးမႈေတြ လုပ္လာတာေပါ့ေနာ္။ ျမန္မာအလုပ္သမား ခိုး၀င္တဲ့သူေတြကို ထိုင္းဘက္က အာဏာပိုင္ေတြနဲ႔အတူ ထုိင္း ရဲတပ္ဖဲြ႔၊ ထိုင္း နယ္ျခားေစာင့္တပ္ဖဲြ႔၊ ထုိင္းစစ္တပ္နဲ႔အတူ ထုိင္းျပည္သူေတြကပါ ၀ုိင္း၀န္း ပူးေပါင္းျပီး ဖမ္းဆီးေနတယ္ လံုး၀အ၀င္မခံဘဲန႔ဲ။ ျပင္းျပင္းထန္ထန္ကို ဖမ္းဆီးပိတ္ဆို႔ အေရးယူေနတာကုိ က်ေနာ္တို႔ အေနနဲ႔ ေတြ႔ရတယ္။"

နယ္စပ္ေတြမွာ အဖမ္းအဆီးေတြက ဆက္တုိက္ရွိေနျပီး ထိုင္းျမန္မာနယ္စပ္ မဲဆုိင္တာခ်ိီလိပ္မဲေဆာက္ျမ၀တီ၊ ရေနာင္းေကာ့ေသာင္းလမ္းေတြက တဆင့္ ထုိင္းႏုိင္ငံအတြင္းပုိင္းကုိ ၀င္ေရာက္လာသူေတြကုိလည္း ဆက္တုိက္ဖမ္းဆီးတာဟာ စက္တင္ဘာလထဲမွာပဲ ေထာင္ဂဏန္းေလာက္ရွိေနျပီလို ့ကိုရဲမင္းကဆက္ေျပာျပပါတယ္။

"ထုိင္းျမန္မာနယ္စပ္အေျခအေနနဲ႔ ပတ္သက္ၿပီး ထိုင္းဘက္က ထိုင္းအာဏာပိုင္ေတြအေနနဲ႔ကေတာ့ ခိုး၀င္ျမန္မာအလုပ္သမားေတြကို တင္းတင္းၾကပ္ၾကပ္နဲ႔ ဖမ္းဆီးေနတာကို ေတြ႔ရတယ္။ ထိုင္းျမာက္ပုိင္းမဲဆုိင္မွာ ခ်င္းမိုင္ကုိ မဲဆုိင္နယ္စပ္ကေန ျမန္မာအလုပ္သမားေတြကုိ တင္လာတာ ... ထုိင္းႏိုင္ငံသားက တင္လာတာ ရဲတပ္ဖဲြ႔က ပိတ္ဆို႔ ဖမ္းဆီးေတာ့ ျမန္မာႏိုင္ငံသား ၉ ဦးဖမ္းမိတယ္။ ထို႔အတူပဲ ေရွ႕မွာလည္း ေတာက္ေလွ်ာက္ဖမ္းမိတယ္။ ဒီတလအတြင္းမွာဆိုရင္ ဖမ္းမိတာဆိုရင္ လူဦးေရ ၆,၀၀၀ ေလာက္ရိွသြားျပီလုိ႔ ထုိင္းဘက္က သတင္းေတြ ထုတ္ျပန္ထားတယ္။ ဒီတလအတြင္းမွာပဲေပါ့ ခိုး၀င္ျမန္မာအလုပ္သမားေတြေပါ့။"

ထိုင္းရဲခ်ဳပ္ Chakthip Chaijinda က ျမန္မာနိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးဆက္ျပန္ ့ပြားမႈႏႈန္း မ်ားလာေနတဲ့ကာလမွာ ျမန္မာနိုင္ငံကေန တရားမ၀င္ ခိုး၀င္လာေနၾကတဲ့ ျမန္မာနိုင္ငံသားေတြကို လူေမွာင္ခို ပြဲစားေတြက ေခၚသြင္းလာေနတဲ့ အေျခအေနေတြကိုလည္း အေလးထား ဟန္႔တားၾကဖို႔ တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကနေ ထိုင်းဘက် ကိုဗစ်ကူးမလာဖို့ တင်းကြပ်ကာကွယ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့အတွက် ထိုင်းနယ်စပ်ဘက်ကိုလည်း သီတင်းနှစ်ပတ်လောက်အတွင်း ကူးစက်လာမယ်လို့ ထိုင်းကျန်းမာရေးဌာနက ခန့်မှန်းထားတာကြောင့် အတားအဆီးတွေ ပိုပြီးတင်းကြပ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းအဖြစ် စတင်ကူးစက်မှုနှုန်းတွေ မြင့်တက်လာပြီး မြန်မာနိုင်ငံတွင်းက တိုင်းနဲ့ ပြည်နယ် အတော်များများကို ပျံ့နှံ့သွားပြီးတဲ့နောက် အိမ်နီးချင်း ထိုင်းနိုင်ငံဘက်မှာလည်း စိုးရိမ်မှုတွေ ရှိလာတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံနဲ့ကပ်နေပြီး နယ်စပ်ချင်းထိတွေ့မှု ရှည်လျားတဲ့ ထိုင်းနိုင်ငံဘက်ကို သီတင်းနှစ်ပတ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ရောက်ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ကပဲ ထိုင်းကျန်းမာရေးဌာနက သတိပေးထားပါတယ်။

မြန်မာပြည်မှာ လက်ရှိ ကူးစက်နေတာကနေ နယ်စပ်တလျှောက် လူမှောင်ခိုတွေ ပို့တဲ့ တရားမဝင် ခိုးဝင်သူတွေကနေတဆင့် ကူးစက်မူဖြစ်မှာကို စိုးရိမ်တာကြောင့် နယ်စပ်တွေမှာ ထိုင်းလူထုကပါ မျက်ခြေမပြတ်စောင့်ကြည့် သတင်းပေးနေတယ်လို့ အလုပ်သမားအကူညီရေးအဖွဲ ့AAC ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

"နှစ်ပတ်အတွင်းကို နယ်စပ်ဒေသကနေ ထိုင်းဘက်ကို ရောက်လာမယ်လို့ ယူဆထားတယ် ထိုင်းအာဏာပိုင်တွေက။ မြန်မာပြည်ဘက်ကလည်း ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်လာတယ်။ ဒုတိယလှိုင်းနဲ့အတူ ထိုင်းထဲကို မြန်မာအလုပ်သမားတွေ ခိုးဝင်လာရင် COVID 19 ရောဂါတွေ ကူးစက်ပြီးတော့ ပြန့်ပွားပါလာမှာ စိတ်ပူပြီးတော့ ထိုင်းဘက်ကလည်း ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်လာတာပေါ့နော်။ မြန်မာအလုပ်သမား ခိုးဝင်တဲ့သူတွေကို ထိုင်းဘက်က အာဏာပိုင်တွေနဲ့အတူ ထိုင်း ရဲတပ်ဖွဲ့၊ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့၊ ထိုင်းစစ်တပ်နဲ့အတူ ထိုင်းပြည်သူတွေကပါ ဝိုင်းဝန်း ပူးပေါင်းပြီး ဖမ်းဆီးနေတယ် လုံးဝအ၀င်မခံဘဲနဲ့။ ပြင်းပြင်းထန်ထန်ကို ဖမ်းဆီးပိတ်ဆို့ အရေးယူနေတာကို ကျနော်တို့ အနေနဲ့ တွေ့ရတယ်။"

နယ်စပ်တွေမှာ အဖမ်းအဆီးတွေက ဆက်တိုက်ရှိနေပြီး ထိုင်းမြန်မာနယ်စပ် မဲဆိုင်တာချီလိပ်မဲဆောက်မြဝတီ၊ ရနောင်းကော့သောင်းလမ်းတွေက တဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်လာသူတွေကိုလည်း ဆက်တိုက်ဖမ်းဆီးတာဟာ စက်တင်ဘာလထဲမှာပဲ ထောင်ဂဏန်းလောက်ရှိနေပြီလို့ကိုရဲမင်းကဆက်ပြောပြပါတယ်။

"ထိုင်းမြန်မာနယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းဘက်က ထိုင်းအာဏာပိုင်တွေအနေနဲ့ကတော့ ခိုးဝင်မြန်မာအလုပ်သမားတွေကို တင်းတင်းကြပ်ကြပ်နဲ့ ဖမ်းဆီးနေတာကို တွေ့ရတယ်။ ထိုင်းမြာက်ပိုင်းမဲဆိုင်မှာ ချင်းမိုင်ကို မဲဆိုင်နယ်စပ်ကနေ မြန်မာအလုပ်သမားတွေကို တင်လာတာ ... ထိုင်းနိုင်ငံသားက တင်လာတာ ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးတော့ မြန်မာနိုင်ငံသား ၉ ဦးဖမ်းမိတယ်။ ထို့အတူပဲ ရှေ့မှာလည်း တောက်လျှောက်ဖမ်းမိတယ်။ ဒီတလအတွင်းမှာဆိုရင် ဖမ်းမိတာဆိုရင် လူဦးရေ ၆,၀၀၀ လောက်ရှိသွားပြီလို့ ထိုင်းဘက်က သတင်းတွေ ထုတ်ပြန်ထားတယ်။ ဒီတလအတွင်းမှာပဲပေါ့ ခိုးဝင်မြန်မာအလုပ်သမားတွေပေါ့။"

ထိုင်းရဲချုပ် Chakthip Chaijinda က မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးဆက်ပြန့်ပွားမှုနှုန်း များလာနေတဲ့ကာလမှာ မြန်မာနိုင်ငံကနေ တရားမဝင် ခိုးဝင်လာနေကြတဲ့ မြန်မာနိုင်ငံသားတွေကို လူမှောင်ခို ပွဲစားတွေက ခေါ်သွင်းလာနေတဲ့ အခြေအနေတွေကိုလည်း အလေးထား ဟန့်တားကြဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG