သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းအက်ဥ္းေထာင္က ျမန္မာ ၈၀ ေက်ာ္ ျမန္မာဘက္လဲႊေျပာင္း


ထိုင္းအက်ဥ္းေထာင္ကေန ျမန္မာႏိုင္ငံသားေတြကို ျမန္မာဘက္ လဲႊေျပာင္းေပးတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာအလုပ္သမားသံအရာရွိဦးေက်ာ္စုိးေ၀ - စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျပစ္မႈအမ်ိဳးမ်ိဳးနဲ႔ ထိုင္းအက်ဥ္းေထာင္ေတြမွာ အက်ဥ္းက်ေနတဲ့ ထုိင္းေတာင္ပုိင္းက ျမန္မာအက်ဥ္းသား ၈၀ ေက်ာ္ကုိ ျမန္မာအလုုပ္သမားသံအရာရွိေတြနဲ႔ ရေနာင္းအာဏာပုိင္ေတြပူးေပါင္းျပီး ျမန္မာျပည္ေကာ့ေသာင္းဘက္ကုိ ဒီရက္ထဲမွာပဲ လဲႊေျပာင္းေပးလိုက္တဲ့သတင္းကုိတင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္အေရးေပၚကာလအတြင္း ပိတ္မိေနတဲ့ ထုိင္းအက်ဥ္းေထာင္အသီးသီးမွာ ျပစ္မႈမ်ိဳးစံုနဲ႔ အက်ဥ္းက်ေနတဲ့ ျမန္မာႏိုင္ငံသားေတြထဲက အက်ဥ္းသား ၈၀ ေက်ာ္ကို ေလးႀကိမ္ေျမာက္အျဖစ္ စက္တင္ဘာလ ၇ ရက္ေန႔က ရေနာင္းခရိုင္ကေနတဆင့္ ျမန္မာျပည္ဘက္ကို လဲႊေျပာင္းေပးလိုက္ေၾကာင္း ေကာ့ေသာင္းျမိဳ႕ ပညာေရးနဲ႔ ဖြံျဖိဴးေရးေဖာင္ေဒးရွင္း ပညာေပးေရးစင္တာတာ၀န္ခံဦးမုိးေ၀က အခုလိုေျပာျပပါတယ္။

"က်ေနာ္တို႔ ထုိင္းထဲမွာ ၁၄ ျပည္နယ္ထဲမွာ ပိတ္မိေနတဲ့ အက်ဥ္းသားေတြထဲက ထုိင္းထဲမွာသြားလို႔လည္း မရဘူး။ ျမ၀တီဘက္လည္း သြားမရဘူး၊ ျပည္တြင္းထဲ သြားမရဘူး။ အမ်ားအားျဖင့္ က်ေနာ္တို႔ တနသၤာရီတုိင္းက မ်ားတယ္။ အားလံုးေပါင္း ၈၆ ဦး၊ ေခၚထုတ္ေပးတယ္ မိန္းကေလးက ၇ ဦးပါတယ္။ ျပီးခဲ့တဲ့အေခါက္က ပိတ္မိေနတာ က်ေနာ္တို ့ဒီဘက္ကလည္းလက္မခံႏိုင္ဘူး။ Quarantine စင္တာကလည္း ထြက္တဲ့သူ မရွိေတာ့ ပိတ္မိေနတာမ်ားတယ္လူ ၈၀၃ ေယာက္ရွိတယ္။ က်ေနာ္တုိ႔ စာရင္းရထားတာ ရွိတယ္။ ထိုင္းဘက္ကလည္းက်ေနာ္တို႔ဘက္က လက္မခံေတာ့ ဟုိဘက္လ၀ကကတဆင့္ ျပီးခဲ့တဲ့အေခါက္တုန္းကေတာ့ တေခါက္ကုိ လူ ၄၀ နဲ႔ ၄ ေခါက္ ျမ၀တီလမ္းဘက္က ပုိ႔လိုက္တယ္။ ေပးတာ အလကားမရဘူး။ တေယာက္ကို ဘတ္ ၈,၀၀၀ ေပးရတယ္။ အဲဒီမွာေထာင္လည္းက်ေသးတယ္။ အခက္အခဲလည္း ႀကံဳေသးတယ္။ လမ္းစရိတ္ဆိုလို႔ တေယာက္ ၅,၀၀၀ လည္းေပးရေတာ့ အခက္အခဲေတြ ရွိတယ္။"

ျမန္မာႏိုင္ငံဘက္က Quarantine ဝင္ရတဲ့ရက္ကို ၂၁ ရက္အစား ၁၄ ရက္ပဲ ထားေတာ့မဲ့ အေျခအေန ရွိလာတ့ဲ့အတြက္ လတ္တေလာ ပိတ္ထားတဲ့ေက်ာင္းေတြ ျပန္မဖြင့္ခင္အထိ Quarantine ေနရာအျဖစ္ အသုံးျပဳခြင့္ရေနေသးေတာ့ အရင္ကထက္ ရေနာင္းဘက္ကေန ေနရပ္ျပန္ကိစၥ ပိုအဆင္ေျပဖို႔ အလားအလာရွိတဲ့အေၾကာင္း ျမန္မာအလုပ္သမားသံအရာရွိေတြက ဆုိပါတယ္။

အခုဆိုရင္ကုိဗစ္အေရးေပၚကာလအတြင္းမွာ လြတ္ရက္ေစ့ျပီး ပိတ္မိေနတဲ့ အက်ဥ္းသား ၄၀၀ ေလာက္ကုိေတာ့ ရေနာင္းေကာ့ေသာင္းလမ္းကေန ပုိ႔ခဲ့ျပီးျပီလုိ႔ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းအကျဉ်းထောင်က မြန်မာ ၈၀ ကျော် မြန်မာဘက်လွဲှပြောင်း

ပြစ်မှုအမျိုးမျိုးနဲ့ ထိုင်းအကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ ထိုင်းတောင်ပိုင်းက မြန်မာအကျဉ်းသား ၈၀ ကျော်ကို မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ရနောင်းအာဏာပိုင်တွေပူးပေါင်းပြီး မြန်မာပြည်ကော့သောင်းဘက်ကို ဒီရက်ထဲမှာပဲ လွဲှပြောင်းပေးလိုက်တဲ့သတင်းကိုတင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်အရေးပေါ်ကာလအတွင်း ပိတ်မိနေတဲ့ ထိုင်းအကျဉ်းထောင်အသီးသီးမှာ ပြစ်မှုမျိုးစုံနဲ့ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေထဲက အကျဉ်းသား ၈၀ ကျော်ကို လေးကြိမ်မြောက်အဖြစ် စက်တင်ဘာလ ၇ ရက်နေ့က ရနောင်းခရိုင်ကနေတဆင့် မြန်မာပြည်ဘက်ကို လွဲှပြောင်းပေးလိုက်ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိူးရေးဖောင်ဒေးရှင်း ပညာပေးရေးစင်တာတာဝန်ခံဦးမိုးဝေက အခုလိုပြောပြပါတယ်။

"ကျနော်တို့ ထိုင်းထဲမှာ ၁၄ ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ အကျဉ်းသားတွေထဲက ထိုင်းထဲမှာသွားလို့လည်း မရဘူး။ မြဝတီဘက်လည်း သွားမရဘူး၊ ပြည်တွင်းထဲ သွားမရဘူး။ အများအားဖြင့် ကျနော်တို့ တနင်္သာရီတိုင်းက များတယ်။ အားလုံးပေါင်း ၈၆ ဦး၊ ခေါ်ထုတ်ပေးတယ် မိန်းကလေးက ၇ ဦးပါတယ်။ ပြီးခဲ့တဲ့အခေါက်က ပိတ်မိနေတာ ကျနော်တို့ဒီဘက်ကလည်းလက်မခံနိုင်ဘူး။ Quarantine စင်တာကလည်း ထွက်တဲ့သူ မရှိတော့ ပိတ်မိနေတာများတယ်လူ ၈၀၃ ယောက်ရှိတယ်။ ကျနော်တို့ စာရင်းရထားတာ ရှိတယ်။ ထိုင်းဘက်ကလည်းကျနော်တို့ဘက်က လက်မခံတော့ ဟိုဘက်လဝကကတဆင့် ပြီးခဲ့တဲ့အခေါက်တုန်းကတော့ တခေါက်ကို လူ ၄၀ နဲ့ ၄ ခေါက် မြဝတီလမ်းဘက်က ပို့လိုက်တယ်။ ပေးတာ အလကားမရဘူး။ တယောက်ကို ဘတ် ၈,၀၀၀ ပေးရတယ်။ အဲဒီမှာထောင်လည်းကျသေးတယ်။ အခက်အခဲလည်း ကြုံသေးတယ်။ လမ်းစရိတ်ဆိုလို့ တယောက် ၅,၀၀၀ လည်းပေးရတော့ အခက်အခဲတွေ ရှိတယ်။"

မြန်မာနိုင်ငံဘက်က Quarantine ဝင်ရတဲ့ရက်ကို ၂၁ ရက်အစား ၁၄ ရက်ပဲ ထားတော့မဲ့ အခြေအနေ ရှိလာတဲ့အတွက် လတ်တလော ပိတ်ထားတဲ့ကျောင်းတွေ ပြန်မဖွင့်ခင်အထိ Quarantine နေရာအဖြစ် အသုံးပြုခွင့်ရနေသေးတော့ အရင်ကထက် ရနောင်းဘက်ကနေ နေရပ်ပြန်ကိစ္စ ပိုအဆင်ပြေဖို့ အလားအလာရှိတဲ့အကြောင်း မြန်မာအလုပ်သမားသံအရာရှိတွေက ဆိုပါတယ်။

အခုဆိုရင်ကိုဗစ်အရေးပေါ်ကာလအတွင်းမှာ လွတ်ရက်စေ့ပြီး ပိတ်မိနေတဲ့ အကျဉ်းသား ၄၀၀ လောက်ကိုတော့ ရနောင်းကော့သောင်းလမ်းကနေ ပို့ခဲ့ပြီးပြီလို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG