သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ ျမန္မာဒုကၡသည္စခန္းမ်ားအ၀င္အထြက္ ပိတ္ပင္


ထိုင္းျမန္မာနယ္စပ္က အုန္းျဖန္ ကရင္ဒုကၡသည္စခန္း။ (စက္တင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိမ္နီးခ်င္းျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါျဖစ္ႏႈန္းေတြ မ်ားလာတာေၾကာင့္ ထိုင္းျမန္မာနယ္စပ္က ဒုကၡသည္စခန္းအားလံုးကို အ၀င္အထြက္ ပိတ္လိုက္တဲ့သတင္းကိုက တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါပိုးေတြ ့ရွိသူေတြ တိုးျမင့္လာတာေၾကာင့္ ထုိင္းအစုိးရက လံဳးျခံဳဳေရးကိုတင္းၾကပ္ထားျပီ ထုိင္းျမန္မာနယ္စပ္က ဒုကၡသည္စခန္းေတြကုိလည္း အ၀င္အထြက္ပိတ္လိုက္ပါတယ္။ ကရင္ဒုကၡသည္စခန္း ၇ ခုကုိေတာ့ လဆန္းပုိင္းကေန စပိတ္ခဲ့ျပီး ကရင္နီဒုကၡသည္စခန္း ၂ ခုေတာ့ မေန႔က စတင္ျပီးပိတ္လိုက္ပါတယ္။ ကရင္ဒုကၡသည္ေကာ္မတီဥကၠ႒ ဦးေရာဘတ္ေထြးကေတာ့ ျမန္မာႏို္င္ငံကေန ၀င္ေရာက္လာသူရွိမွာကို ထုိင္းအစုိးရက စိုးရိမ္တာေၾကာင့္ အခုဆို အ၀င္အထြက္ေတြကို တင္းတင္းၾကပ္ၾကပ္ပိတ္လိုက္တယ္လို႔ ေျပာပါတယ္။

"အကုန္လံုးပဲ စခန္းထဲက လူေတြလည္း အျပင္ထြက္လို႔မရ အျပင္ကလူေတြလည္း စခန္းထဲကို ၀င္လုိ႔မရ အခုက။ အရင္တုန္းက ၀င္လို႔ ရေသးတယ္။ ေလာေလာဆယ္က အဆင္မေျပဘူး၊ ဘယ္သူမွေပးမ၀င္ဘူး။ ၀င္သြားတဲ့သူေတြကလည္း NGO ေတြပဲ ၀င္လုိ႔ရတယ္။ သူတို႔ ၀င္လည္း စခန္းအုပ္ခ်ဳပ္ေရးမွဴး (ပလာ)ကုိ ၀င္ခြင့္ေတာင္းျပီးမွ ၀င္ရတယ္။ က်ေနာ္တို႔ ကရင္စခန္းဆို ၇ခုလံုးပဲ လကုန္ထိေတာ့ေနရမွာပဲ။ ဘယ္ေတာ့ျပန္ဖြင့္မလဲ မေျပာေသးဘူး။ အဓိကေတာ့ ကုိဗစ္ေၾကာင့္ပဲျမန္မာျပည္က လူေတြလာမွာ စုိးရိမ္ၾကတယ္။ အခုကေတာ့အေတာ္ကို တင္းၾကပ္လုိက္တယ္။"

ျမန္မာႏိုင္ငံျပည္တြင္းစစ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြကိုေတာ့ ထုိင္း-ျမန္မာနယ္စပ္မွာရွိတဲ့ ဒုကၡသည္စခန္း ၉ ခုမွာ ႏွစ္ေပါင္း ၃၀ေက်ာ္ၾကာ ထိုင္းအစိုးရက ခိုလံႈခြင့္ ေပးထားတာျဖစ္ပါတယ္။ ဒီဒုကၡစခန္း ၉ ခုထဲမွာ ကရင္နီဒုကၡသည္စခန္း ၂ ခု ပါ၀င္တာပါ။ ကရင္နီဒုကၡသည္စခန္း ၂ ခုမွာေတာ့ ဒုကၡသည္ေပါင္း ၁၃,၀၀၀ ေက်ာ္ ခိုလံႈေနထုိင္ေနတာျဖစ္ျပီး က်န္တဲ့ကရင္ဒုကၡသည္ စခန္း ၇ ခုမွာ ခိုလံႈေနတဲ့ ဒုကၡသည္ေတြအားလံုးေပါင္းမယ္ဆုိရင္ေတာ့ ထိုင္းျမန္မာနယ္စပ္က စခန္းေတြမွာ ဒုကၡသည္ ၁၀၀,၀၀၀ နီးပါးေလာက္ ခိုလႈံနထိုင္ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းများအဝင်အထွက် ပိတ်ပင်

အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်နှုန်းတွေ များလာတာကြောင့် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းအားလုံးကို အဝင်အထွက် ပိတ်လိုက်တဲ့သတင်းကိုက တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင္းျမန္မာနယ္စပ္က အုန္းျဖန္ ကရင္ဒုကၡသည္စခန္း။ (စက္တင္ဘာ ၀၇၊ ၂၀၂၀)
ထိုင္းျမန္မာနယ္စပ္က အုန္းျဖန္ ကရင္ဒုကၡသည္စခန္း။ (စက္တင္ဘာ ၀၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူတွေ တိုးမြင့်လာတာကြောင့် ထိုင်းအစိုးရက လုံးခြုံုရေးကိုတင်းကြပ်ထားပြီ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကိုလည်း အဝင်အထွက်ပိတ်လိုက်ပါတယ်။ ကရင်ဒုက္ခသည်စခန်း ၇ ခုကိုတော့ လဆန်းပိုင်းကနေ စပိတ်ခဲ့ပြီး ကရင်နီဒုက္ခသည်စခန်း ၂ ခုတော့ မနေ့က စတင်ပြီးပိတ်လိုက်ပါတယ်။ ကရင်ဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ထွေးကတော့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူရှိမှာကို ထိုင်းအစိုးရက စိုးရိမ်တာကြောင့် အခုဆို အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်တယ်လို့ ပြောပါတယ်။

"အကုန်လုံးပဲ စခန်းထဲက လူတွေလည်း အပြင်ထွက်လို့မရ အပြင်ကလူတွေလည်း စခန်းထဲကို ဝင်လို့မရ အခုက။ အရင်တုန်းက ဝင်လို့ ရသေးတယ်။ လောလောဆယ်က အဆင်မပြေဘူး၊ ဘယ်သူမှပေးမဝင်ဘူး။ ဝင်သွားတဲ့သူတွေကလည်း NGO တွေပဲ ဝင်လို့ရတယ်။ သူတို့ ဝင်လည်း စခန်းအုပ်ချုပ်ရေးမှူး (ပလာ)ကို ဝင်ခွင့်တောင်းပြီးမှ ဝင်ရတယ်။ ကျနော်တို့ ကရင်စခန်းဆို ၇ခုလုံးပဲ လကုန်ထိတော့နေရမှာပဲ။ ဘယ်တော့ပြန်ဖွင့်မလဲ မပြောသေးဘူး။ အဓိကတော့ ကိုဗစ်ကြောင့်ပဲမြန်မာပြည်က လူတွေလာမှာ စိုးရိမ်ကြတယ်။ အခုကတော့အတော်ကို တင်းကြပ်လိုက်တယ်။"

မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေကိုတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၃၀ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေးထားတာဖြစ်ပါတယ်။ ဒီဒုက္ခစခန်း ၉ ခုထဲမှာ ကရင်နီဒုက္ခသည်စခန်း ၂ ခု ပါဝင်တာပါ။ ကရင်နီဒုက္ခသည်စခန်း ၂ ခုမှာတော့ ဒုက္ခသည်ပေါင်း ၁၃,၀၀၀ ကျော် ခိုလှုံနေထိုင်နေတာဖြစ်ပြီး ကျန်တဲ့ကရင်ဒုက္ခသည် စခန်း ၇ ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေအားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်းမြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည် ၁၀၀,၀၀၀ နီးပါးလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG