သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္း-ျမန္မာနယ္စပ္က စိတ္ႂကြေဆးသုိေလွာင္ရုံ ထုိင္းလုံၿခံဳေရး၀င္စီး


ထုိင္း-ျမန္မာနယ္စပ္က စိတ္ႂကြေဆးသုိေလွာင္ရုံ ထုိင္းလုံၿခံဳေရး၀င္စီး(ဓါတ္ပံု-Thai police)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံနဲ႔ နယ္စပ္အနီး ထုိင္းႏုိင္ငံမွာ စိတ္ၾကြေဆး သန္းနဲ႔ခ်ီ ဖမ္းဆီးမိခဲ့ၿပီး ေနာက္ဆက္တဲြအျဖစ္ တရားမ၀င္မူးယစ္ေဆး၀ါး သုိေလွာင္ျဖန္႔ျဖဴးေနတယ္လုိ႔ သံသယရွိရာ ကုန္ေလွာင္႐ံုတခုကုိ ထုိင္းလုံၿခံဳေရး တပ္ဖဲြ႔ေတြ ၀င္ေရာက္စီးနင္း ရွာေဖြခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာ နယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံ၊ ခ်င္းမုိင္ခ႐ုိင္မွာ မူးယစ္ေဆး၀ါးေတြ တင္ေဆာင္လာတဲ့ ကားတစ္စင္းကုိ ဖမ္းဆီးမိခဲ့ၿပီးေနာက္တရက္ျဖစ္တဲ့ မေန႔ကပဲ Wiang Haeng ၿမိဳ႕က ကုန္ေလွာင္႐ုံကုိ ထုိင္း မူးယစ္ေဆး၀ါး ႏွိမ္နင္းေရးတပ္ဖဲြ႔ေတြနဲ႔ နယ္ေျမခံ ရဲတပ္ဖဲြ႔ေတြ ၀င္ေရာက္စီးနင္း ရွာေဖြခဲ့ၾကတာပါ။

တနဂၤေႏြေန႔တုန္းက ခ်င္းမိုင္ခရိုင္ လမ္းပန္းျမိဳ ့နယ္အတြင္းက သစ္သီးေတြတင္လာတဲ့ ပစ္ကပ္ကားငယ္ ၂ စီးကို စစ္ေဆးေရးဂိတ္က မသကၤာျဖစ္ျပီး ရွာေဖြ စစ္ေဆးရာမွာ လိေမၼာ္သီးျခင္းေတြေအာက္မွာ အကန့္ေတြေတြလုပ္ထားတဲ့ စိတ္ၾကြေဆးျပား ၅ သန္းကုိ ဖမ္းမိခဲ့ပါတယ္။ မူးယစ္ေဆး၀ါးေတြနဲ႔အတူ ဖမ္းဆီးမိခဲ့သူ ၂ ဦးထံကေန စစ္ေဆးေမးျမန္္းမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ၀င္ဟန္ခရိုင္က ၾကက္ျခံနဲ ့ သစ္သီးကုန္ေလွာင္ရံုကုိ ေနာက္ဆက္တဲြ စီးနင္းရွာေဖြခဲ့ၾကတာပါ။ လုံၿခံဳေရးတပ္ဖဲြ႔ေတြ စီးနင္းရွာေဖြခဲ့ၾကတဲ့ ၾကက္ျခံနဲ႔ သစ္သီးကုန္ေလွာင္ရံုမွာ မူးယစ္ေဆး၀ါးေတြ မေတြ႔ရေပမဲ့ ေျမေအာက္မွာ လ်ဳိ႕၀ွက္ေဆာက္လုပ္ထားတဲ့ အေဆာက္အဦးတခ်ဳိ႕ကုိ ေတြ႔ရေၾကာင္းလည္း ထုိင္းသတင္းေတြက ေဖာ္ျပပါတယ္။

မူးယစ္ေဆး၀ါး ကုန္ေလွာင္႐ုံလုိ႔ သံသယရွိတဲ့ေနရာမွာပဲ ေနာက္ထပ္ မသကၤာသူ ၂ ဦးကုိ ဖမ္းဆီးခဲ့ေပမဲ့ ပုိင္ရွင္အမ်ဳိးသမီးကေတာ့ လြတ္ေျမာက္ေနတယ္လုိ႔လည္း ဆုိပါတယ္။

ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈ အႏၱရာယ္နဲ႔ပတ္သက္လုိ႔ ခ်င္းရိုင္ခရို္င္က ထုိင္းစစ္တပ္ တပ္မွဴး တဦးျဖစ္တဲ့ ဒုဗိုလ္ခ်ဳပ္ Thanatpol Kosai Sawee ကေတာ့ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ မဲဆုိင္၊ မဲ့က်န္၊ မဲ့ဖာလြန္၊ ခ်င္းစန္ စတဲ့ခရိုင္ေလးခုက အာဏာပုိင္ေတြနဲ႕ အေရးေပၚအစည္းအေ၀းမွာ အခုလိုေျပာဆုိသြားပါတယ္။

“ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတာေတြက ထုိင္းႏုိင္ငံကုိပါ ႐ုိက္ခတ္လာႏုိင္သလုိ နယ္စပ္ေဒသေတြမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈ အႏၱရာယ္ရွိေနတဲ့အတြက္ လုံၿခံဳေရးကုိ တုိးျမွင့္ထားရေၾကာင္းနဲ႔ ဒါကုိလည္း ထိုင္းျမန္မာနယ္စပ္ေကာ္မတီကို ရွင္းျပထားတဲ့အေၾကာင္း” ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ၾသဂုတ္လ ၃၀ရက္ေန ့က ထိုင္းနိုင္ငံ မူးယစ္တပ္ဖြဲ ့ကအလိုရွိေနတဲ့ မူးယစ္တရားခံ ေတြ ပုန္းေအာင္ေနရာ ေတာင္ပိုင္း နေကာ္စီဌာမရ ျပည္နယ္ Nakhon Si Thammarat ကေနအိမ္ကို ရဲတပ္ဖြဲ ့က ၀င္ေရာက္စီးနင္း ခဲ့ရာမွာ ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္မွု ျဖစ္ပြားခဲ့ရာမွာ ရဲတပ္ဖြဲ ့၀င္သံုးဦးဒဏ္ရာရခဲ့ျပီး မူးယစ္ တရားခံတစ္ဦးကုိလည္း အေသဖမ္းမိခဲ့တာပါ။

ထိုင္းနိုင္ငံမွာ ယခုရက္ပိုင္း ဖမ္းမိတဲ့ စိတ္ၾကြေဆး သန္း၂၀ နဲ ့ အိုက္စ္မူးယစ္ေဆးကီလို ၅၀၀ေက်ာ္ ဖမ္းမိခဲ့ျပီး အမ်ားစုဟာ ထိုင္းနဲ ့နယ္နိမိတ္ျခင္းထိစပ္ေနတဲ့ ခ်င္းရိုင္-ခ်င္းမိုင္- ကမ္ခ်နဘူရီ မဲေဟာင္ေဆာင္ -တာ့ခ္ ခရိုင္ စတဲ့ ေဒသေတြကျဖစ္ျပီး အဲဒီေနရာေတြက ေန စိတ္ၾကြေဆးေတြဟာ သန္းနဲ ့ခ်ီ ၀င္ေရာက္လာတာျဖစ္လို ့ ထိုင္း စစ္တပ္က နယ္စပ္ေဒသေတြမွာ ပိုမိုတင္းတင္းက်ပ္က်ပ္ ေစာင့္ၾကည့္ေနပါတယ္။

ျမန္မာႏိုင္ငံအပါအ၀င္ ေရႊၾတိဂံေဒသႏိုင္ငံေတြမွာ မၾကာေသးခင္က စိတ္ၾကြေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀ွမ္းလံုးမွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



................

ထိုင်း-မြန်မာနယ်စပ်က စိတ်ကြွဆေးသိုလှောင်ရုံ ထိုင်းလုံခြုံရေးဝင်စီး

(Unicode)

မြန်မာနိုင်ငံနဲ့ နယ်စပ်အနီး ထိုင်းနိုင်ငံမှာ စိတ်ကြွဆေး သန်းနဲ့ချီ ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအဖြစ် တရားမဝင်မူးယစ်ဆေးဝါး သိုလှောင်ဖြန့်ဖြူးနေတယ်လို့ သံသယရှိရာ ကုန်လှောင်ရုံတခုကို ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ ကားတစ်စင်းကို ဖမ်းဆီးမိခဲ့ပြီးနောက်တရက်ဖြစ်တဲ့ မနေ့ကပဲ Wiang Haeng မြို့က ကုန်လှောင်ရုံကို ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြတာပါ။

တနင်္ဂနွေနေ့တုန်းက ချင်းမိုင်ခရိုင် လမ်းပန်းမြို့နယ်အတွင်းက သစ်သီးတွေတင်လာတဲ့ ပစ်ကပ်ကားငယ် ၂ စီးကို စစ်ဆေးရေးဂိတ်က မသင်္ကာဖြစ်ပြီး ရှာဖွေ စစ်ဆေးရာမှာ လိမ္မော်သီးခြင်းတွေအောက်မှာ အကန့်တွေတွေလုပ်ထားတဲ့ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့သူ ၂ ဦးထံကနေ စစ်ဆေးမေးမြန်းမှုတွေနဲ့ ဆက်နွယ်ပြီး ဝင်ဟန်ခရိုင်က ကြက်ခြံနဲ့ သစ်သီးကုန်လှောင်ရုံကို နောက်ဆက်တွဲ စီးနင်းရှာဖွေခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့တွေ စီးနင်းရှာဖွေခဲ့ကြတဲ့ ကြက်ခြံနဲ့ သစ်သီးကုန်လှောင်ရုံမှာ မူးယစ်ဆေးဝါးတွေ မတွေ့ရပေမဲ့ မြေအောက်မှာ လျို့ဝှက်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတချို့ကို တွေ့ရကြောင်းလည်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

မူးယစ်ဆေးဝါး ကုန်လှောင်ရုံလို့ သံသယရှိတဲ့နေရာမှာပဲ နောက်ထပ် မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးခဲ့ပေမဲ့ ပိုင်ရှင်အမျိုးသမီးကတော့ လွတ်မြောက်နေတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာ မူးယစ်ဆေးဝါး မှောင်ခိုမှု အန္တရာယ်နဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်က ထိုင်းစစ်တပ် တပ်မှူး တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ် Thanatpol Kosai Sawee ကတော့ မြန်မာနိုင်ငံနဲ့ နယ်စပ် မဲဆိုင်၊ မဲ့ကျန်၊ မဲ့ဖာလွန်၊ ချင်းစန် စတဲ့ခရိုင်လေးခုက အာဏာပိုင်တွေနဲ့ အရေးပေါ်အစည်းအဝေးမှာ အခုလိုပြောဆိုသွားပါတယ်။

“ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတာတွေက ထိုင်းနိုင်ငံကိုပါ ရိုက်ခတ်လာနိုင်သလို နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု အန္တရာယ်ရှိနေတဲ့အတွက် လုံခြုံရေးကို တိုးမြှင့်ထားရကြောင်းနဲ့ ဒါကိုလည်း ထိုင်းမြန်မာနယ်စပ်ကော်မတီကို ရှင်းပြထားတဲ့အကြောင်း” ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

သြဂုတ်လ ၃၀ရက်နေ့က ထိုင်းနိုင်ငံ မူးယစ်တပ်ဖွဲ့ကအလိုရှိနေတဲ့ မူးယစ်တရားခံ တွေ ပုန်းအောင်နေရာ တောင်ပိုင်း နကော်စီဌာမရ ပြည်နယ် Nakhon Si Thammarat ကနေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ခဲ့ရာမှာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရခဲ့ပြီး မူးယစ် တရားခံတစ်ဦးကိုလည်း အသေဖမ်းမိခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ယခုရက်ပိုင်း ဖမ်းမိတဲ့ စိတ်ကြွဆေး သန်း၂၀ နဲ့ အိုက်စ်မူးယစ်ဆေးကီလို ၅၀၀ကျော် ဖမ်းမိခဲ့ပြီး အများစုဟာ ထိုင်းနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ချင်းရိုင်-ချင်းမိုင်- ကမ်ချနဘူရီ မဲဟောင်ဆောင် -တာ့ခ် ခရိုင် စတဲ့ ဒေသတွေကဖြစ်ပြီး အဲဒီနေရာတွေက နေ စိတ်ကြွဆေးတွေဟာ သန်းနဲ့ချီ ဝင်ရောက်လာတာဖြစ်လို့ ထိုင်း စစ်တပ်က နယ်စပ်ဒေသတွေမှာ ပိုမိုတင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပါတယ်။

မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသနိုင်ငံတွေမှာ မကြာသေးခင်က စိတ်ကြွဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝှမ်းလုံးမှာ ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

XS
SM
MD
LG