သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္း-ျမန္မာနယ္စပ္မွာ မူးယစ္ေဆးအမ်ားအျပား ဖမ္းမိ


ထိုင္း-ျမန္မာနယ္စပ္ကန္ခ်နဘူရီခရိုင္မွာ ဖမ္းမိတဲ့မူးယစ္ေဆး၀ါးမ်ား

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကမ္ခ်န ဘူရီခရိုင္ Thong Pha Phum ေထာင္ဖါပြန္း ေဒသမွာ ေရႊႀကိဂံလာတဲ့ မူးယစ္ေဆး၀ါး အေျမာက္အမ်ားဖမ္းမိတ့ဲသတင္းကုိ တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မ ေအးေအးမာ ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ျမန္မာနိုင္ငံနဲ႕ နယ္နမိတ္ျခင္းထိစပ္ေနတဲ့ ေထာင္ပါပြန္းေဒသ မွာ မူးယစ္ေဆးမ်ိဳးစံု ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ၾသဂုတ္လ ၂၅ ရက္ေန႕က ကမ္ခ်န ဘူရီခရိုင္ Thong Pha Phum ေထာင္ဖါပြန္း ၿမိဳ ့နယ္ ရဲဌာနမွာ ထိုင္းရဲခ်ဳပ္ Chakthip Chaijinda က်ထစ္ခ်ိဳင္က်င္ဒါက သတင္းစာရွင္းလင္းခဲ့ပါတယ္။

“ကာလတန္ဖိုး ဘတ္ေငြသန္းေပါင္း တေထာင္ေက်ာ္တန္ဖိုးရွိတဲ့ Ice လို ့လူသိမ်ားတဲ့ မူးယစ္ေဆး ၁၃၈၅ ကီလို-ဘိန္းျဖဴ ၇၇ ကီလို၊ Crystal methamphetamine ကီလို ၅၀၀ စတဲ့ မူးယစ္ေဆး၀ါး မ်ိဳးစံုကုိ တင္ေဆာင္လာတဲ့ ကုန္တင္ကားကို ေထာင္ဖါပြန္း နယ္ျခားေစာင့္ရဲတပ္ဖြဲ ့ေတြက ဖမ္းဆီးနိုင္ခဲ့ျပီး အဓိကတရားခံကို ဆက္လက္ေဖၚထုတ္အေရး ယူသြားမယ့္အေၾကာင္း” ထိုင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။

ဒီကုန္တင္ကားၾကီး ေအာက္ပိုင္းမွာ မူးယစ္ေဆး၀ါး မ်ိဳးစံုကုိအံ၀ွက္ေတြနဲ႔ ဖြက္ၿပီးသယ္ေဆာင္ေမာင္းႏွင္လာသူ အသက္ ၅၉ ႏွစ္အရြယ္ ထိုင္းနိုင္ငံသား ဟာ ေထာင္ဖာဖြန္း နယ္ျခားေစာင့္တပ္ရင္္းအမွတ္ ၁၃၅ ရဲဂိတ္ကိုု ကုန္ေတြမပါပဲ ျဖတ္ေမာင္းသြားခဲ့ပါတယ္။

ဒီေနာက္မွာေတာနယ္ျခားေစာင့္ရဲတပ္ဖဲြက ေနာက္ကလိုက္ျပီး အေသးစိတ္ ျပန္စစ္ေဆးရာမွာ ဖြက္ၿပီး သယ္ေဆာင္လာတဲ့ မူးယစ္ေဆး၀ါးေတြကိုေတြ ရွိသြားခဲ့တာ ျဖစ္ပါတယ္။

အခုလို မူးယစ္ေဆးေတြ သယ္ေဆာင္မလာခင္ သံသယရွိသူ ထိုင္းနိုင္ငံသားဟာ တိုယိုတာ ကားငယ္တစ္စီးနဲ ့အေျခအေနကုိၾကည့္ျပီး ျဖတ္ေမာင္းျပီးမွ ရဲတပ္ဖြဲ ့က ပံုမွန္စစ္ေဆးမွူေလာက္သာရွိတယ္လို့ ယူဆျပီး ကုန္တင္ကားနဲ ့ ရဲဂိတ္ကို ျဖတ္ၿပီး မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာခဲ့တာလို့ ရဲခ်ဳပ္သတင္းစာရွင္းလင္းပြဲမွာ ထုတ္ျပန္ေျပာဆိုသြားခဲ့ပါတယ္။

ေထာင္ဖါပြန္း ေဒသကေန ကမ္ခ်နဘူရီ ခရိုင္အထိ ေရာက္ေအာင္ ေမာင္းနွင္ပို ့ေဆာင္ခအျဖစ္ ထိုင္းဘတ္ေငြ ၁၅၀၀၀၀ (တစ္သိန္းခဲြ) ကို မူးယစ္ကုန္သည္ ေတြက သယ္ေဆာင္ခ အျဖစ္ေပးခဲ့တယ္လို႕ ကားေမာင္းသူက ၀န္ခံထြက္ဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံအပါအ၀င္ ေရႊၾတိဂံေဒသႏိုင္ငံေတြမွာ မၾကာေသးခင္က စိတ္ၾကြေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀ွမ္းလံုးမွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆး ေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာ တရပ္ ျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးအများအပြား ဖမ်းမိ

(Unicode)

ထိုင်းမြန်မာနယ်စပ် ကမ်ချန ဘူရီခရိုင် Thong Pha Phum ထောင်ဖါပွန်း ဒေသမှာ ရွှေကြိဂံလာတဲ့ မူးယစ်ဆေးဝါး အမြောက်အများဖမ်းမိတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မ အေးအေးမာ ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ ထောင်ပါပွန်းဒေသ မှာ မူးယစ်ဆေးမျိုးစုံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ်လ ၂၅ ရက်နေ့က ကမ်ချန ဘူရီခရိုင် Thong Pha Phum ထောင်ဖါပွန်း မြို့နယ် ရဲဌာနမှာ ထိုင်းရဲချုပ် Chakthip Chaijinda ကျထစ်ချိုင်ကျင်ဒါက သတင်းစာရှင်းလင်းခဲ့ပါတယ်။

“ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း တထောင်ကျော်တန်ဖိုးရှိတဲ့ Ice လို့လူသိများတဲ့ မူးယစ်ဆေး ၁၃၈၅ ကီလို-ဘိန်းဖြူ ၇၇ ကီလို၊ Crystal methamphetamine ကီလို ၅၀၀ စတဲ့ မူးယစ်ဆေးဝါး မျိုးစုံကို တင်ဆောင်လာတဲ့ ကုန်တင်ကားကို ထောင်ဖါပွန်း နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပြီး အဓိကတရားခံကို ဆက်လက်ဖေါ်ထုတ်အရေး ယူသွားမယ့်အကြောင်း” ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ဒီကုန်တင်ကားကြီး အောက်ပိုင်းမှာ မူးယစ်ဆေးဝါး မျိုးစုံကိုအံဝှက်တွေနဲ့ ဖွက်ပြီးသယ်ဆောင်မောင်းနှင်လာသူ အသက် ၅၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ဟာ ထောင်ဖာဖွန်း နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၃၅ ရဲဂိတ်ကို ကုန်တွေမပါပဲ ဖြတ်မောင်းသွားခဲ့ပါတယ်။

ဒီနောက်မှာတောနယ်ခြားစောင့်ရဲတပ်ဖွဲက နောက်ကလိုက်ပြီး အသေးစိတ် ပြန်စစ်ဆေးရာမှာ ဖွက်ပြီး သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကိုတွေ ရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို မူးယစ်ဆေးတွေ သယ်ဆောင်မလာခင် သံသယရှိသူ ထိုင်းနိုင်ငံသားဟာ တိုယိုတာ ကားငယ်တစ်စီးနဲ့အခြေအနေကိုကြည့်ပြီး ဖြတ်မောင်းပြီးမှ ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးမှူလောက်သာရှိတယ်လို့ ယူဆပြီး ကုန်တင်ကားနဲ့ ရဲဂိတ်ကို ဖြတ်ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာခဲ့တာလို့ ရဲချုပ်သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

ထောင်ဖါပွန်း ဒေသကနေ ကမ်ချနဘူရီ ခရိုင်အထိ ရောက်အောင် မောင်းနှင်ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀၀ (တစ်သိန်းခွဲ) ကို မူးယစ်ကုန်သည် တွေက သယ်ဆောင်ခ အဖြစ်ပေးခဲ့တယ်လို့ ကားမောင်းသူက ဝန်ခံထွက်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသနိုင်ငံတွေမှာ မကြာသေးခင်က စိတ်ကြွဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝှမ်းလုံးမှာ ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာ တရပ် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG