သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းတပ္သားသစ္ေတြ အေရး တပ္မေတာ္ ထုတ္ျပန္ခ်က္ RCSS/SSA ျငင္းဆို


RCSS/SSA တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဓာတ္ပုံ - RCSS/SSA News & Information Department)

(Zawgyi / Unicode)

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA ဌာနခ်ဳပ္ စစ္သင္တန္းကေန ထြက္ေျပးလာတဲ့ တပ္သားသစ္ ၂၀ ဦးကို UWSA ၀အဖြဲ႔က ယာယီထိန္းသိမ္းထားရွိၿပီး တပ္မေတာ္ဘက္ အပ္ႏွံခဲ့ပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ စုစည္း တင္ျပထားပါတယ္။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA စစ္သင္တန္းေက်ာင္းကေန ထြက္ေျပးလာတဲ့ တပ္သားသစ္ေတြကို UWSA ၀အဖြဲ႔က တာခ်ီလိတ္ၿမိဳ႕ရွိ နယ္ေျမခံတပ္ကို အပ္ႏွံခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တုိ႔ ၂၃ ရက္ေန႔တုန္းက ည ၁၀ နာရီေလာက္မွာ ျဖစ္ပါတယ္။ RCSS/SSA ကေန ထြက္ေျပးလာတယ္ ၂၀ ဦးေပါ့။ ဒီ UWSA ကေနၿပီးေတာ့ ၀ေဒသေပါ့ တပ္ဖာလိုင္မွာ ထိန္းသိမ္းခံရ၊ သူတို႔ကို လာေရာက္အပ္ႏွံခဲ့တာ ရွိတယ္။ သူတို႔ကို က်ေနာ္တုိ႔ ဆက္လက္ထိန္းသိမ္းၿပီးေတာ့ လိုအပ္တာေတြ ေမးျမန္းလ်က္ရွိတယ္။”

စစ္သင္တန္း တက္ေရာက္ေနတာကေန ထြက္ေျပးၾကတဲ့ အေၾကာင္းရင္းကို ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ဆက္ေျပာပါတယ္။

“သူတို႔ကိုေတာ့ RCSS/SSA က မူးယစ္ေဆး၀ါး ေဆးစြဲတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖမ္းၿပီးေတာ့ စစ္သင္တန္း ေပးေနတယ္လို႔ေတာ့ အၾကမ္းဖ်င္း သိရပါတယ္။ ထြက္ေျပးရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ RCSS/SSA ထဲမွာ မလုပ္ခ်င္တာရယ္၊ ပင္ပန္းဆင္းရဲတဲ့ အေၾကာင္းရင္းေတြေၾကာင့္လို႔ အၾကမ္းဖ်င္း သိရပါတယ္။”

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS ေျပာခြင့္ရ ဒုဗိုလ္မွဴးႀကီး စိုင္းအုမ္ေခးကေတာ့ တပ္မေတာ္ကေန ထုတ္ျပန္တဲ့ သတင္းဟာ မွန္ကန္မႈမရွိဘူးလို႔ ျငင္းဆိုပါတယ္။

“လုံး၀ မဟုတ္မမွန္ ႀကံဖန္ၿပီးေတာ့ လုပ္ေနတဲ့သတင္း ျဖစ္ေနတယ္ေနာ္။ လုံး၀ မမွန္ကန္ဘူးေနာ္။ ဘာသက္ေသ သာဓကမွ မရွိဘဲနဲ႔ အဲဒီလိုမ်ိဳး ေရးတင္ရဲတယ္ဆိုေတာ့ က်ေနာ္တုိ႔ ေတာ္ေတာ္အံ့ၾသဖို႔ ေကာင္းတာေပါ့ေနာ္။ ယုံၾကည္မႈတည္ေဆာက္ေနတဲ့ အခ်ိန္မ်ိဳးမွာ အဲဒီလိုမ်ိဳး သတင္းထြက္လိုက္ေတာ့ ယုံၾကည္မႈကို ေလ်ာ့က်ေစတယ္ေပါ့ေနာ္။ စီမံခ်က္ရွိရွိနဲ႔ တမင္တကာ တင္လိုက္တာလား ေတာ္ေတာ္ သံသယျဖစ္ေနမိတာေပါ့ေနာ္။”

UWSA လား႐ႈိးၿမိဳ႕ ဆက္ဆံေရးတာ၀န္ခံ ဦးညီရမ္းကေတာ့ ဒီျဖစ္စဥ္ကို မသိရွိေသးဘူးလို႔ ေျပာပါတယ္။

“က်ေနာ္ ခရီးလြန္ေနလို႔ အဲဒီကိစၥ က်ေနာ္ မသိရဘူးျဖစ္ေနတယ္။”

UWSA ေတာင္ပိုင္းဆက္ဆံေရးမွဴးကို ဆက္သြယ္ရာမွာ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS နဲ႔ UWSA ၀ျပည္ေသြးစည္းညီညြတ္ေရး တပ္ဖြဲ႔ဟာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းနဲ႔ ေတာင္ပိုင္းေဒသေတြမွာ နယ္ေျမပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး စစ္ေရးတင္းမာမႈ ျဖစ္စဥ္ေတြ ရွိခဲ့ပါတယ္။

ျပည္ေထာင္စုအင္စတီက်ဳ သုေတသနဌာန တာ၀န္ခံ စိုင္းထြန္းေအာင္လြင္က ဒီအေျခအေနကို အခုလိုေျပာပါတယ္။

“စစ္အစိုးရလက္ထက္ အထူးသျဖင့္ကေတာ့ UWSA တာခ်ီလိတ္ေအာက္ဘက္ လြယ္လန္းကေနၿပီး ရွမ္းေတာင္ပိုင္းအထိ ထိုင္းနယ္စပ္တေလွ်ာက္က အရင္က ရွမ္းတပ္ဖြဲ႔ေတြ အေျခစိုက္တဲ့ နယ္ေျမေတြမွာ ေနရာေပးစကတည္းက စျဖစ္တာေပါ့ေနာ္။ ဒီ ၉၆ တို႔ ေနာက္ပိုင္းမွာ အထူးသျဖင့္ကေတာ့ ၂၀၀၀ ပတ္၀န္းက်င္မွာ တိုက္ပြဲေတြ အႀကီးအက်ယ္ျဖစ္တယ္။ UWSA ကလည္း နယ္ေတြဘာေတြ တိုးလိုတာေတြ လုပ္တယ္။ စစ္တပ္နဲ႔ ဘာနဲ႔ ေျပလည္ရင္ တုိးေတာ့ တင္းမာမႈကေတာ့ ျဖစ္တယ္။”

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းကလည္း RCSS အဖြဲ႔ရဲ႕ တပ္သားေတြကို UWSA ၀ျပည္ေသြးစည္းညီညြတ္ေရး တပ္ဖြဲ႔ကေန ဖမ္းဆီးရမိၿပီး ျမန္မာစစ္တပ္ဘက္ကို အပ္ႏွံခဲ့တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့တယ္လို႔ စိုင္းထြန္းေအာင္လြင္က ေျပာပါတယ္။

၀တပ္ဖြဲ႔ဟာ ဗမာျပည္ကြန္ျမဴနစ္ပါတီကေန ခြဲထြက္လာၿပီးေနာက္ပိုင္း ႏုိင္ငံေတာ္ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရး စစ္အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲခဲ့ပါတယ္။ ရွမ္းျပည္နယ္ဘက္မွာ ၀တပ္ဖြဲ႔အတြက္ ေနရာခ်ထားေပးၿပီးေနာက္မွာ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS နဲ႔ စစ္ေရးတင္းမာခဲ့ပါတယ္။

ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA အဖြဲ႔ဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးၿပီးသားအဖြဲ႔ ျဖစ္ေပမယ့္ ျမန္မာစစ္တပ္နဲ႔ေတာ့ မၾကာခနဆိုသလို တိုက္ပြဲျဖစ္ပြားေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၅ ရက္ေန႔မွာ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတုံၿမိဳ႕နယ္အတြင္း RCSS/SSA ရွမ္းလက္နက္ကိုင္အဖြဲ႔နဲ႔ ျမန္မာ့တပ္မေတာ္တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သလို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကေန မတ္လ ၃ ရက္ေန႔အထိ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္၊ ေက်းသီးနဲ႔ မိုင္းေနာင္ၿမိဳ႕နယ္တို႔မွာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ျမန္မာတပ္မေတာ္အေနနဲ႔ ရွမ္းျပည္နယ္ဘက္မွာ အပစ္ရပ္ ေၾကညာထားတယ္ ဆုိေပမယ့္ တအာင္းပေလာင္ TNLA အဖြဲ႔နဲ႔ အစဥ္လိုလို တိုက္ပြဲျဖစ္ပြားေနၿပီး ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS၊ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA၊ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIA၊ ကိုးကန္႔တပ္ဖြဲ႔တို႔နဲ႔လည္း မၾကာခန တိုက္ပြဲျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ရှမ်းတပ်သားသစ်တွေ အရေး တပ်မတော် ထုတ်ပြန်ချက် RCSS/SSA ငြင်းဆို

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် စစ်သင်တန်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် ၂၀ ဦးကို UWSA ဝအဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး တပ်မတော်ဘက် အပ်နှံခဲ့ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်း တင်ပြထားပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA စစ်သင်တန်းကျောင်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို UWSA ဝအဖွဲ့က တာချီလိတ်မြို့ရှိ နယ်မြေခံတပ်ကို အပ်နှံခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၂၃ ရက်နေ့တုန်းက ည ၁၀ နာရီလောက်မှာ ဖြစ်ပါတယ်။ RCSS/SSA ကနေ ထွက်ပြေးလာတယ် ၂၀ ဦးပေါ့။ ဒီ UWSA ကနေပြီးတော့ ဝဒေသပေါ့ တပ်ဖာလိုင်မှာ ထိန်းသိမ်းခံရ၊ သူတို့ကို လာရောက်အပ်နှံခဲ့တာ ရှိတယ်။ သူတို့ကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းပြီးတော့ လိုအပ်တာတွေ မေးမြန်းလျက်ရှိတယ်။”

စစ်သင်တန်း တက်ရောက်နေတာကနေ ထွက်ပြေးကြတဲ့ အကြောင်းရင်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“သူတို့ကိုတော့ RCSS/SSA က မူးယစ်ဆေးဝါး ဆေးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းပြီးတော့ စစ်သင်တန်း ပေးနေတယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်။ ထွက်ပြေးရတဲ့ အဓိကအကြောင်းအရင်းကတော့ RCSS/SSA ထဲမှာ မလုပ်ချင်တာရယ်၊ ပင်ပန်းဆင်းရဲတဲ့ အကြောင်းရင်းတွေကြောင့်လို့ အကြမ်းဖျင်း သိရပါတယ်။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ တပ်မတော်ကနေ ထုတ်ပြန်တဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။

“လုံး၀ မဟုတ်မမှန် ကြံဖန်ပြီးတော့ လုပ်နေတဲ့သတင်း ဖြစ်နေတယ်နော်။ လုံး၀ မမှန်ကန်ဘူးနော်။ ဘာသက်သေ သာဓကမှ မရှိဘဲနဲ့ အဲဒီလိုမျိုး ရေးတင်ရဲတယ်ဆိုတော့ ကျနော်တို့ တော်တော်အံ့သြဖို့ ကောင်းတာပေါ့နော်။ ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်မျိုးမှာ အဲဒီလိုမျိုး သတင်းထွက်လိုက်တော့ ယုံကြည်မှုကို လျော့ကျစေတယ်ပေါ့နော်။ စီမံချက်ရှိရှိနဲ့ တမင်တကာ တင်လိုက်တာလား တော်တော် သံသယဖြစ်နေမိတာပေါ့နော်။”

UWSA လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ ဒီဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော် ခရီးလွန်နေလို့ အဲဒီကိစ္စ ကျနော် မသိရဘူးဖြစ်နေတယ်။”

UWSA တောင်ပိုင်းဆက်ဆံရေးမှူးကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စစ်ရေးတင်းမာမှု ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုအင်စတီကျု သုတေသနဌာန တာဝန်ခံ စိုင်းထွန်းအောင်လွင်က ဒီအခြေအနေကို အခုလိုပြောပါတယ်။

“စစ်အစိုးရလက်ထက် အထူးသဖြင့်ကတော့ UWSA တာချီလိတ်အောက်ဘက် လွယ်လန်းကနေပြီး ရှမ်းတောင်ပိုင်းအထိ ထိုင်းနယ်စပ်တလျှောက်က အရင်က ရှမ်းတပ်ဖွဲ့တွေ အခြေစိုက်တဲ့ နယ်မြေတွေမှာ နေရာပေးစကတည်းက စဖြစ်တာပေါ့နော်။ ဒီ ၉၆ တို့ နောက်ပိုင်းမှာ အထူးသဖြင့်ကတော့ ၂၀၀၀ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တယ်။ UWSA ကလည်း နယ်တွေဘာတွေ တိုးလိုတာတွေ လုပ်တယ်။ စစ်တပ်နဲ့ ဘာနဲ့ ပြေလည်ရင် တိုးတော့ တင်းမာမှုကတော့ ဖြစ်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း RCSS အဖွဲ့ရဲ့ တပ်သားတွေကို UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ကနေ ဖမ်းဆီးရမိပြီး မြန်မာစစ်တပ်ဘက်ကို အပ်နှံခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

ဝတပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာပြီးနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ရှမ်းပြည်နယ်ဘက်မှာ ဝတပ်ဖွဲ့အတွက် နေရာချထားပေးပြီးနောက်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ စစ်ရေးတင်းမာခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးသားအဖွဲ့ ဖြစ်ပေမယ့် မြန်မာစစ်တပ်နဲ့တော့မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ရှမ်းပြည်နယ်ဘက်မှာ အပစ်ရပ် ကြေညာထားတယ် ဆိုပေမယ့် တအာင်းပလောင် TNLA အဖွဲ့နဲ့ အစဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS၊ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIA၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့လည်း မကြာခန တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG