သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္မဲ အရပ္သား ထိခိုက္ေသဆံုးတဲ့ျဖစ္ရပ္ စံုစမ္းစစ္ေဆးမႈ ပြင့္လင္းျမင္သာဖို႔ ေဒသခံေတြလုိလား


ရွမ္းျပည္နယ္တြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပဲြမ်ားေၾကာင့္ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့ စစ္ေရွာင္ဒုကၡသည္မ်ားကို ရွမ္းျပည္နယ္ရွိ ယာယီစစ္ေရွာင္စခန္းတခုမွာ ေတြ႔ရ ။ (ၾသဂုတ္ ၂၄၊ ၂၀၁၉)

[Zawgyi/Unicode]

ရွမ္းျပည္ေျမာက္ပုိင္း ေက်ာက္မဲၿမိဳ႕နယ္မွာ အရပ္သား ေသေၾကထိခုိက္မႈအတြက္ တပ္မေတာ္က စုံစမ္းစစ္ေဆးမႈေတြ ပြင့္လင္းျမင္သာမႈရွိဖုိ႔ ေဒသခံေတြ တုိက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS အဖဲြ႔အၾကား ၿပီးခဲ့တဲ့လကုန္ပိုင္းက တိုက္ပဲြျဖစ္ပြားစဥ္ ပန္က်င္ေက်းရြာမွာ အရပ္သားတစ္ဦးေသဆံုးၿပီး ၂ ဦး ဒဏ္ရာရခဲ့တာဟာ ျမန္မာစစ္တပ္ရဲ႕ လက္ခ်က္လုိ႔ ေဒသခံေတြ စြပ္စဲြထားတာကုိ တပ္မေတာ္က စုံစမ္းေနတာပါ။

တုိက္ပဲြအတြင္း အရပ္သား ထိခုိက္ေသေၾကမႈ ရွိခဲ့ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔က အတည္ျပဳခဲ့ေပမဲ့ ျဖစ္စဥ္အတိအက် သိရေအာင္ တပ္မေတာ္အရာရွိႀကီးတစ္ဦး ဦးေဆာင္တဲ့ အဖဲြ႔က စုံစမ္းမွာ ျဖစ္ေၾကာင္းလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီသီတင္းပတ္ထဲမွာပဲ ေက်ာက္မဲၿမိဳ႕အေျခစုိက္ တပ္တြင္းမွာ စတင္ခဲ့တဲ့ စုံစမ္းမႈေတြ အေပၚမွာေတာ့ ပြင့္လင္းျမင္သာမႈ မရွိမွာကုိ ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္ အပါအ၀င္ ေဒသခံေတြက စုိးရိမ္ေနၾကပါတယ္။

“လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ေျပာတယ္။ စစ္ေဆးေမးျမန္းတာ သူလည္း ပါ၀င္ ပူးေပါင္းတယ္ေလ။ သူတို႔ကေတာ့ ဘယ္သူမွ ေပးမေတြ႕ဘူး။ ေမာင္နီစစ္မယ္ဆို ေမာင္နီပဲလာ။ ဘယ္မီဒီယာမွ မလာနဲ႔၊ ဘာမွ မလုပ္နဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္ကေတာ့ သာမန္ေလာက္ပဲေပါ့။ က်ေနာ္ၾကားတာက ဆရာ၀န္ေတြ၊ လူမႈေရးအဖဲြ႕အစည္းေတြ စစ္တာ ဖိစစ္တာေပါ့။ ဖိၿပီးေတာ့ စစ္တယ္၊ သူတို႔ လိုခ်င္တဲ့ ပံုစံထြက္လာေအာင္ စစ္တယ္ေပါ့။ အဲလိုပံုစံမ်ိဳး သက္ေရာက္ေနေတာ့ ပြင့္လင္းျမင္သာမႈရွိဖို႔ လိုတယ္။ ဒါေပမဲ့ မေန႔ကလား တပ္မေတာ္ ျပန္ၾကားေရးကလည္း ေျပာတယ္ေလ ဒါ က်ေနာ္တို႔ရဲ႕ တပ္ရဲ႕ လုပ္ထံုးလုပ္နည္းနဲ႔ က်ေနာ္တို႔ လုပ္ပါတယ္ဆိုၿပီးေတာ့။ အမွန္ကေတာ့ ကိုယ္လုပ္ထံုးလုပ္နည္းဆိုတာထက္ ပြင့္လင္းျမင္သာစြာနဲ႔ အမႈမွန္ေပၚ ေပါက္ဖို႔က သဘာ၀က်တာေပါ့ေနာ္။”

အရပ္သားေတြ ေသေၾကထိခုိက္ခဲ့တဲ့ ပစ္ခတ္မႈ အျဖစ္မွန္ေပၚေပါက္ေရး အမ်ဳိးသား လူ႔အခြင့္အေရး ေကာ္မရွင္ကုိလည္း လႊတ္ေတာ္ကုိယ္စားလွယ္ေတြ တုိင္ၾကားထားသလုိ၊ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြလည္း မၾကာေသးခင္ကပဲ တရားမွ်တမႈရရွိေရး ေတာင္းဆုိဆႏၵျပခဲ့ၾကပါတယ္။

စံုစမ္းစစ္ေဆးေရးအဖဲြ႕ဟာ အခင္းျဖစ္ပြားရာ ပန္က်င္ေက်းရြာကို သြားေရာက္ခဲ့ရာမွာ RCSS အဖဲြ႕က ၁၄ ရက္ေန႔မွာ ၂ ႀကိမ္၊ ၁၅ ရက္ေန႔မွာ ၃ ႀကိမ္ ျခံဳခိုတိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

RCSS ဘက္ကေတာ့ ၁၄ ရက္ေန႔မွာ ႀကိဳတင္ညွိႏိႈင္းတာ မရွိဘဲ တပ္မေတာ္စစ္ေၾကာင္း ၀င္ေရာက္လာတာေၾကာင့္ ပစ္ခတ္တာရွိခဲ့ေၾကာင္းနဲ႔ ၁၅ ရက္ေန႔မွာ တိ္ုက္ပဲြျဖစ္ပြားတာ မရွိဘူးလို႔ သတင္းမီဒီယာေတြကို ေျဖဆိုထားပါတယ္။

ေလာေလာဆယ္မွာေတာ့ ပန္က်င္ေက်းရြာသားေတြဟာ တိုက္ပဲြျဖစ္ပြားမွာကို စိုးရိမ္ၿပီး တိမ္းေရွာင္ေနၾကပါတယ္။

ပန္က်င္ရြာသားေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ နန္းခံုးပရဟိတအဖဲြ႕ ဥကၠ႒ စိုင္းကူးက စံုစမ္းစစ္ေဆးေရးအဖဲြ႕က ပြင့္လင္းျမင္သာမႈရွိရင္ ရြာသားေတြက ပူးေပါင္းပါ၀င္လာမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

"တကယ္လို႔သူ သူတို႔သာ အစစ္အမွန္ ျပည္သူလူထုကို ခ်ျပမယ္ဆိုရင္ ျပႆနာျဖစ္တဲ့ ရြာ ဦးေဆာင္သူ ၃ ေယာက္ရယ္၊ ဒဏ္ရာရတဲ့သူ ၃ေယာက္ရယ္ အားလံုးသူတို႔ဟာ သူတို႔ ထြက္လာခဲ့မွာပါ။ သူတို႔က ဒီဟာက မတရားဘူးထင္လို႔ အခု ခဏေလး ေရွာင္သြားတဲ့ သေဘာပါ။ တကယ္လို႔သာ ပြင့္လင္းျမင္သာမႈရွိရင္ သူတို႔ လံုး၀ ျပန္ထြက္လာမွာပါ။ ဒါေတြက။”

ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္ကလည္း စုံစမ္းစစ္ေဆးမႈမွာ လုိအပ္ရင္ သက္ေသေတြကုိ ထြက္ဆုိဖုိ႔ တုိက္တြန္းထားေပမဲ့ လြတ္လပ္တဲ့ စစ္ေဆးမႈေတြျဖစ္ဖုိ႔ လုိေၾကာင္း ေျပာပါတယ္။

“စံုစမ္းေမးျမန္းခ်င္တယ္ဆိုရင္ အဲဒီ စာထြက္တဲ့ သက္ေသအားလံုးကို က်ေနာ္တို႔ ေခၚလို႔ ရတယ္။ သူတို႔ေတြ႕ခ်င္တဲ့ေနရာ ေခၚလို႔ ရတယ္။ ဒါေပမဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေရွ႕ကို စစ္ေဆးမယ္ဆို သူတို႔က လာမယ္။ ဒီလိုေျပာတယ္။ က်ေနာ္တို႔ကို တစ္ေယာက္ထဲ ဒီတိုင္းေခၚရင္ သူတို႔က မလာဘူး။ ဒါ သူတို႔ ေတာင္းဆိုခ်က္။ ကိုယ္စားလွယ္ကလည္ ဒါပဲ။ ခင္ဗ်ား စစ္ေဆးမယ္ဆိုရင္ က်ေနာ္တို႔ကို နားေထာင္ခြင့္ျပဳပါ။ ဒါေပမဲ့ သူတို႔က No ဆိုေတာ့ ဆိုလိုရင္းက ဒီလိုဗ်ာ၊ အဲလိုက်ေတာ့ စစ္စရာကို မလိုေတာ့ဘူး။ သူတို႔ စစ္ခ်င္သလိုစစ္ ထြက္ခ်င္သလို အေျဖထြက္လာမွာပဲေလ။”

ေဒသတြင္းမွာ တပ္မေတာ္ စစ္ေၾကာင္းေတြ ေရာက္ရွိေနၿပီး RCSS တပ္ဖဲြ႕နဲ႔ စစ္ေရးတင္းမာမႈ ရွိေနတာေၾကာင့္ ေက်းရြာ ေျခာက္ ရြာေလာက္က ေဒသခံ ၃၀၀ ေလာက္ဟာ ေဘးလြတ္ရာ ရြာက ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနၾကေၾကာင္း စိုင္းကူးက အခုလို ဆက္ေျပာပါတယ္။

“ဘုန္းႀကီးေက်ာင္းက ေလး ရြာရွိတယ္ဗ်။ ပန္ေလာ့ရယ္၊ နန္႔က်င္ရယ္၊ နန္႔ပန္ဆင့္ရယ္ နမ့္ဖတ္ရယ္။ အားလံုးေပါင္းက လိုက္ရင္ ၃၀၀ ၀န္းက်င္ေလာက္ေတာ့ ရွိတယ္။ ”

ၿပီးခဲ့တဲ့ လကုန္ပိုင္းက တိုက္ပဲြျဖစ္ပြားစဥ္ကေတာ့ ေဒသခံရြာသူ ရြာသား ၅၀၀ ေလာက္ တိမ္းေရွာင္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်မဲ အရပ်သား ထိခိုက်သေဆုံးတဲ့ဖြစ်ရပ် စုံစမ်းစစ်ဆေးမှု ပွင့်လင်းမြင်သာဖို့ ဒေသခံတွေလိုလား

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အရပ်သား သေကြေထိခိုက်မှုအတွက် တပ်မတော်က စုံစမ်းစစ်ဆေးမှုတွေ ပွင့်လင်းမြင်သာမှုရှိဖို့ ဒေသခံတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့အကြား ပြီးခဲ့တဲ့လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာမှာ အရပ်သားတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တာဟာ မြန်မာစစ်တပ်ရဲ့ လက်ချက်လို့ ဒေသခံတွေ စွပ်စွဲထားတာကို တပ်မတော်က စုံစမ်းနေတာပါ။

တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေကြေမှု ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အတည်ပြုခဲ့ပေမဲ့ ဖြစ်စဉ်အတိအကျ သိရအောင် တပ်မတော်အရာရှိကြီးတစ်ဦး ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းမှာ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီသီတင်းပတ်ထဲမှာပဲ ကျောက်မဲမြို့အခြေစိုက် တပ်တွင်းမှာ စတင်ခဲ့တဲ့ စုံစမ်းမှုတွေ အပေါ်မှာတော့ ပွင့်လင်းမြင်သာမှု မရှိမှာကို ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် အပါအဝင် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပြောတယ်။ စစ်ဆေးမေးမြန်းတာ သူလည်း ပါဝင် ပူးပေါင်းတယ်လေ။ သူတို့ကတော့ ဘယ်သူမှ ပေးမတွေ့ဘူး။ မောင်နီစစ်မယ်ဆို မောင်နီပဲလာ။ ဘယ်မီဒီယာမှ မလာနဲ့၊ ဘာမှ မလုပ်နဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကတော့ သာမန်လောက်ပဲပေါ့။ ကျနော်ကြားတာက ဆရာဝန်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ စစ်တာ ဖိစစ်တာပေါ့။ ဖိပြီးတော့ စစ်တယ်၊ သူတို့ လိုချင်တဲ့ ပုံစံထွက်လာအောင် စစ်တယ်ပေါ့။ အဲလိုပုံစံမျိုး သက်ရောက်နေတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ ဒါပေမဲ့ မနေ့ကလား တပ်မတော် ပြန်ကြားရေးကလည်း ပြောတယ်လေ ဒါ ကျနော်တို့ရဲ့ တပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျနော်တို့ လုပ်ပါတယ်ဆိုပြီးတော့။ အမှန်ကတော့ ကိုယ်လုပ်ထုံးလုပ်နည်းဆိုတာထက် ပွင့်လင်းမြင်သာစွာနဲ့ အမှုမှန်ပေါ် ပေါက်ဖို့က သဘာဝကျတာပေါ့နော်။”

အရပ်သားတွေ သေကြေထိခိုက်ခဲ့တဲ့ ပစ်ခတ်မှု အဖြစ်မှန်ပေါ်ပေါက်ရေး အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ကြားထားသလို၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း မကြာသေးခင်ကပဲ တရားမျှတမှုရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခင်းဖြစ်ပွားရာ ပန်ကျင်ကျေးရွာကို သွားရောက်ခဲ့ရာမှာ RCSS အဖွဲ့က ၁၄ ရက်နေ့မှာ ၂ ကြိမ်၊ ၁၅ ရက်နေ့မှာ ၃ ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

RCSS ဘက်ကတော့ ၁၄ ရက်နေ့မှာ ကြိုတင်ညှိနှိုင်းတာ မရှိဘဲ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပစ်ခတ်တာရှိခဲ့ကြောင်းနဲ့ ၁၅ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

လောလောဆယ်မှာတော့ ပန်ကျင်ကျေးရွာသားတွေဟာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်။

ပန်ကျင်ရွာသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နန်းခုံးပရဟိတအဖွဲ့ ဥက္ကဋ္ဌ စိုင်းကူးက စုံစမ်းစစ်ဆေးရေးအဖွဲ့က ပွင့်လင်းမြင်သာမှုရှိရင် ရွာသားတွေက ပူးပေါင်းပါဝင်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"တကယ်လို့သူ သူတို့သာ အစစ်အမှန် ပြည်သူလူထုကို ချပြမယ်ဆိုရင် ပြဿနာဖြစ်တဲ့ ရွာ ဦးဆောင်သူ ၃ ယောက်ရယ်၊ ဒဏ်ရာရတဲ့သူ ၃ယောက်ရယ် အားလုံးသူတို့ဟာ သူတို့ ထွက်လာခဲ့မှာပါ။ သူတို့က ဒီဟာက မတရားဘူးထင်လို့ အခု ခဏလေး ရှောင်သွားတဲ့ သဘောပါ။ တကယ်လို့သာ ပွင့်လင်းမြင်သာမှုရှိရင် သူတို့ လုံး၀ ပြန်ထွက်လာမှာပါ။ ဒါတွေက။”

ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလည်း စုံစမ်းစစ်ဆေးမှုမှာ လိုအပ်ရင် သက်သေတွေကို ထွက်ဆိုဖို့ တိုက်တွန်းထားပေမဲ့ လွတ်လပ်တဲ့ စစ်ဆေးမှုတွေဖြစ်ဖို့ လိုကြောင်း ပြောပါတယ်။

“စုံစမ်းမေးမြန်းချင်တယ်ဆိုရင် အဲဒီ စာထွက်တဲ့ သက်သေအားလုံးကို ကျနော်တို့ ခေါ်လို့ ရတယ်။ သူတို့တွေ့ချင်တဲ့နေရာ ခေါ်လို့ ရတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်ရှေ့ကို စစ်ဆေးမယ်ဆို သူတို့က လာမယ်။ ဒီလိုပြောတယ်။ ကျနော်တို့ကို တစ်ယောက်ထဲ ဒီတိုင်းခေါ်ရင် သူတို့က မလာဘူး။ ဒါ သူတို့ တောင်းဆိုချက်။ ကိုယ်စားလှယ်ကလည် ဒါပဲ။ ခင်ဗျား စစ်ဆေးမယ်ဆိုရင် ကျနော်တို့ကို နားထောင်ခွင့်ပြုပါ။ ဒါပေမဲ့ သူတို့က No ဆိုတော့ ဆိုလိုရင်းက ဒီလိုဗျာ၊ အဲလိုကျတော့ စစ်စရာကို မလိုတော့ဘူး။ သူတို့ စစ်ချင်သလိုစစ် ထွက်ချင်သလို အဖြေထွက်လာမှာပဲလေ။”

ဒေသတွင်းမှာ တပ်မတော် စစ်ကြောင်းတွေ ရောက်ရှိနေပြီး RCSS တပ်ဖွဲ့နဲ့ စစ်ရေးတင်းမာမှု ရှိနေတာကြောင့် ကျေးရွာ ခြောက် ရွာလောက်က ဒေသခံ ၃၀၀ လောက်ဟာ ဘေးလွတ်ရာ ရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြကြောင်း စိုင်းကူးက အခုလို ဆက်ပြောပါတယ်။

“ဘုန်းကြီးကျောင်းက လေး ရွာရှိတယ်ဗျ။ ပန်လော့ရယ်၊ နန့်ကျင်ရယ်၊ နန့်ပန်ဆင့်ရယ် နမ့်ဖတ်ရယ်။ အားလုံးပေါင်းက လိုက်ရင် ၃၀၀ ဝန်းကျင်လောက်တော့ ရှိတယ်။ ”

ပြီးခဲ့တဲ့ လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ်ကတော့ ဒေသခံရွာသူ ရွာသား ၅၀၀ လောက် တိမ်းရှောင်ခဲ့ရပါတယ်။

XS
SM
MD
LG