(Zawgyi/Unicode)
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲနဲ႔ နမ့္ဆန္ေဒသဘက္မွာ ဒီရက္ပိုင္းအတြင္း လက္နက္ၾကီး က်ည္က်ေရာက္တာနဲ႔ ေျမျမဳပ္မုိင္းေၾကာင့္ ေသဆံုးတာနဲ႔ ထိခိုက္တာေတြဟာ အရင္ကထက္ ပိုမိုမ်ားျပား လာေနတယ္လို႔ ေက်ာက္မဲခရုိင္ ေဘးအႏၱရာယ္ဆုိင္ရာ စံမံခန္႔ခဲြမႈဦးစီးဌာန တာ၀န္ရိွသူကေျပာပါတယ္။
တအန္းအမ်ိဳးသမီးအဖဲြ႔ကေတာ့ လက္နက္ကိုင္အဖဲြ႔အစည္းေတြအေနနဲ႔ လူထုကို မထိခိုက္ေအာင္ ထိန္းသိမ္းေဆာင္ရြက္ဖုိ႔ တုိက္တြန္းထားပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္က ကိုမုိးေဇာ္က တင္ျပထားပါတယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အဓိက လႈပ္ရွားေနတဲ့ TNLA တအန္း(ပေလာင္) လက္နက္ကိုင္ အဖဲြ႔အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြက ေဖေဖာ္၀ါရီလကုန္အထိ တဘက္သတ္အပစ္ အခတ္ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ တပ္မေတာ္နဲ႔ သူတို႔အဖဲြ႔ေတြအၾကားမွာေတာ့ တိုက္ပဲြေတြက ဆက္လက္ျဖစ္ပြားေနတာပါ။
ဒီရက္ပိုင္းအတြင္း ေက်ာက္မဲနဲ႔ နမ့္ဆန္ၿမိဳ႔နယ္မွာ လက္နက္ႀကီးနဲ႔ ေျမျမဳပ္မိုင္းေၾကာင့္ လူ ၄ဦးေသဆံုးၿပီး ၁၁ဦးထိခိုက္ခဲ့ေၾကာင္း ေက်ာက္မဲခရုိင္ ေဘးအႏၱရာယ္ဆုိင္ရာ စံမံခန္႔ခဲြမႈဦးစီးဌာနက ဦးစီးအရာရိွ ဦးသိန္း၀င္းထြဋ္က ေျပာပါတယ္။
“ ဒီတစ္ပတ္အတြင္း ေက်ာက္မဲၿမိဳ႔နယ္ထဲမွာဆုိရင္ မိုင္းထိၿပီး ဒဏ္ရာရတာ ၉ဦး၊ ေသဆံုးတာက ၃ဦး။ ၂၈ရက္ေန႔ကေပါ့ေနာ္။ လက္နက္ၾကီးက်ၿပီး ေသတာ သားအမိ ၂ဦး၊ ေသနတ္ေၾကာင့္ ေသတာ ၁ဦး။ ေသနတ္ေၾကာင့္ ေသတယ္ဆုိတာ ကြ်ဲကား၊ႏြားကားေတြကို ပစ္တာရိွတယ္ေလ။ အဲဒါက ေသနတ္ေၾကာင့္ ေသတာ။ ပ်က္ဆီးသြားတဲ့အိမ္က ၈လံုး၊ လက္နက္ေၾကာင့္ပဲ ပ်က္ဆီးတာ။ နမ့္ဆန္မွာ မိုင္းထိတာ ၂ဦး၊ ေသဆံုးတာ ၁ဦး၊ သူလည္း မုိင္းနင္းမိတာေပါ့ေနာ္။ ဒီတစ္ပတ္ေတာ္ေတာ္မ်ားတယ္။ စိတ္တယ္ဗ်၊ ထစ္ကနဲဆို မိုင္းေတြခ်ည္းပဲ။ မိုင္းက ပိုမ်ားတယ္။”
ျမန္မာႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းဒဏ္ကို ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ အမ်ားဆုံးခံရတာျဖစ္ပါတယ္။
ေဘးအႏၱရာယ္ဆုိင္ရာ စံမံခန္႔ခဲြမႈဦးစီးဌာနက မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြကို ၅ေသာင္းက်ပ္နဲ႔ ေသဆံုးသူေတြကို ၃သိန္းက်ပ္ ေထာက္ပံ့ေပးသလို ပ်က္ဆီးသြားတဲ့ေနအိမ္ေတြကိုလည္း အိမ္တန္ဖိုးအလိုက္ ေထာက္ပံ့ေပးတာေတြ ရိွေၾကာင္း ေျပာပါတယ္။
ဒီရက္ပုိင္းအတြင္း ျဖစ္ပြားတဲ့ တုိက္ပဲြအေျခအေနကို TNLA တအန္း(ပေလာင္)အဖဲြ႔ ေျပာခြင့္ရသူ ဗိုလ္မႈး တားအုိက္ေက်ာ္က အခုလို ေျပာပါတယ္။
“ ဒီေန႔ေတာ့ ဘာမွ သတင္း တက္လာတာေတာ့ မရိွေသးဘူး။ ၂၈ရက္ေန႔ကေတာ့ တုိက္ပဲြျဖစ္တယ္။ မိုင္းေငါ့ၿမိဳ႔နယ္ခဲြ ေက်ာက္ျဖဴရြာေအာက္ဘက္မွာ တစ္ေနရာျဖစ္တယ္။ ေက်ာက္မဲၿမိဳ႔နယ္ထဲက ေညာင္ေမာင္းရြာမွာ တစ္ေနရာျဖစ္တယ္။ ”
ေညာင္ေမာင္းရြာတုိက္ပဲြမွာေတာ့ တိုက္ပဲြျဖစ္ၿပီးေနာက္ တပ္မေတာ္ဘက္က ရြာအတြင္းကို လက္နက္ၾကီးနဲ႔ပစ္ခတ္တာေၾကာင့္ သားအမိ ၂ေယာက္ ေသဆံုးခဲ့ေၾကာင္း ဗုိလ္မႈးတားအုိက္ေက်ာ္က ေျပာပါတယ္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အခုလို တံု႔ျပန္ပါတယ္။
“ အဲဒီမွာေတာ့ တုိက္ပဲြျဖစ္ခဲ့တာေတာ့ ရိွတယ္။ ေက်ာက္ျဖဴေက်းရြာရဲ့ အေနာက္ေတာင္ဘက္မွာ ျဖစ္ခဲ့တာပါဗ်။ အဲဒီမွာေတာ့ ႏွစ္ဘက္ တုိက္ပဲြၾကားမွာ ျဖစ္တာျဖစ္တဲ့အတြက္ေၾကာင့္ လက္နက္ၾကီးသည္ တပ္ဘက္က လုပ္တဲ့ဟာလား၊ TNLA ဘက္က ပစ္တဲ့ဟာလားေတာ့ က်ေနာ္တုိ႔လည္း တိတိက်က်ေတာ့ ခဲြျခားမသိေသးပါဘူးဗ်။”
ဇန္န၀ါရီလ ၂၈ရက္ေန႔ မနက္ပိုင္းကလည္း မိုင္းေငါ့ၿမိဳ႔နယ္ခဲြ ကြမ္းစလန္းေက်းရြာမွာ ေျမျမဳပ္မိုင္းနင္းမိ တာေၾကာင့္ ထင္းရွာသြားတဲ့ သားအမိႏွစ္ေယာက္ ဒဏ္ရာရခဲ့ၿပီး လားရိႈးေဆးရံုကို ပို႔ေဆာင္ခဲ့ရပါတယ္။ ဒီထိခိုက္မႈမွာေတာ့ TNLA က ေထာင္ထားတဲ့ မုိင္းျဖစ္ေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ပါတယ္။
ဗိုလ္မွဴးတားအိုက္ေက်ာ္ကေတာ့ ေက်ာက္မဲ၊ မိုင္းေငါ့၊နမ့္ဆန္ၿမိဳ႔နယ္ေတြအတြင္းက သူတို႔ စခန္းေတြကို အစိုးရတပ္က ထုိးစစ္ဆင္တာေၾကာင့္ ဒီဇင္ဘာနဲ႔ ဇန္န၀ါရီ လဆန္းပိုင္းဆုတ္ခြာခဲ့ရေၾကာင္း၊ ဒီစခန္းေတြမွာ ေထာင္ထားတဲ့ မိုင္းေတြကို ျပန္လည္ ၀င္ေရာက္ႏိုင္တဲ့ေနရာအထိ ရွင္းလင္းတာရိွေပမဲ့ အကုန္ မရွင္းလင္းရေသးေၾကာင္းနဲ႔ တခ်ိဳ႔မိုင္း ေတြက တပ္မေတာ္ဘက္ ေထာင္တာေတြလည္း ရိွေၾကာင္း ေျပာပါတယ္။
တအန္းအမ်ိဳးသမီးအဖဲြ႔ TWOအဖဲြ႔ကေတာ့ လူထုကို ထိခိုက္ေစတဲ့ လုပ္ရပ္ေတြကို ရပ္တန္႔ဖို႔အတြက္ ႏွစ္ဘက္ လက္နက္ကိုင္အဖဲြ႔ေတြကို တိုက္တြန္းေၾကာင္း အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ေလြးခ်ီဆငါးက ေျပာပါတယ္။
“ ျဖစ္ႏိုင္ရင္ ဘယ္လက္နက္ကိုင္မဆုိ မိုင္း အသံုးျပဳမႈေတြကို ေလ်ာ့ခ်ေစခ်င္တယ္။ ျဖစ္ႏိုင္ရင္ေတာ့ ရပ္တန္႔တဲ့အေနအထား ျဖစ္ေစခ်င္တာေပါ့ေနာ္။ ေနာက္တစ္ခုက လက္နက္ၾကီးပစ္ခတ္တဲ့ ကိစၥဆုိရင္လည္း က်မတုိ႔က အဲလိုမ်ိဳး မျဖစ္ေစခ်င္ဘူး။ တိုက္ပဲြျဖစ္ၿပီဆို တစ္ခါတစ္ေလ တုိက္ပဲြျဖစ္ၿပီးတဲ့ေနာက္မွာပဲ ဒီ လက္နက္ၾကီးေတြ ထပ္ပစ္ေနတဲ့ အေနအထားဆိုရင္ေတာ့ ဒါ က်မတုိ႔ မျဖစ္ေစခ်င္ဘူး။ လူထုေတြ ေန ေနတဲ့ေနရာကို ဦးတည္ၿပီးေတာ့ တုိက္ခိုက္တဲ့ ပံုစံမ်ိဳးကိုလည္း က်မတုိ႔က ကန္႔ကြက္တာေပါ့။ ”
ဒီလို အရပ္သားေတြကို သတ္ျဖတ္တာေတြကို ရပ္တန္႔ဖို႔နဲ႔ ပစ္ခံရသူေတြအတြက္ တရားမွ်တမႈေဖာ္ေဆာင္ဖုိ႔ကိုလည္း TWO က တိုက္တြန္းထားပါတယ္။
ဒီလ ၂၄ရက္ေန႔က ကြတ္ခိုင္ၿမိဳ႔နယ္ ေဟြခုတ္ေက်းရြာမွာ ေက်ာင္းဆရာတစ္ဦးနဲ႔ ၂၈ရက္ေန႔က သီေပါၿမိဳ႕နယ္ ကံုးမံုေက်းရြာအနီးမွာ အမ်ိဳးသား ၂ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ တို႔ ပစ္ခတ္ခံရပါတယ္။ ေက်ာင္းဆရာမကို ပစ္သတ္သူကေတာ့ TNLA အဖဲြ႔က ျဖစ္ၿပီး သူံကို စစ္ေဆးအျပစ္ေပးမွာျဖစ္ေၾကာင္း TNLA က ထုတ္ျပန္ထားေပမဲ့ သီေပါၿမိဳ႔နယ္ သတ္ျဖတ္မႈကေတာ့ တရားခံကို ေဖာ္ထုတ္ႏိုင္တာ မရိွပါဘူး။
.......................
လက်နက်ကိုင်ပဋိပက္ခကြောင့် ကျောက်မဲ နမ့်ဆန် ဒေသခံထိခိုက်မှု မြင့်မား
(Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲနဲ့ နမ့်ဆန်ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း လက်နက်ကြီး ကျည်ကျရောက်တာနဲ့ မြေမြုပ်မိုင်းကြောင့် သေဆုံးတာနဲ့ ထိခိုက်တာတွေဟာ အရင်ကထက် ပိုမိုများပြား လာနေတယ်လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ တအန်းအမျိုးသမီးအဖွဲ့ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူထုကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်က ကိုမိုးဇော်က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိက လှုပ်ရှားနေတဲ့ TNLA တအန်း(ပလောင်) လက်နက်ကိုင် အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဖေဖော်ဝါရီလကုန်အထိ တဘက်သတ်အပစ် အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် တပ်မတော်နဲ့ သူတို့အဖွဲ့တွေအကြားမှာတော့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတာပါ။
ဒီရက်ပိုင်းအတွင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်မှာ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းကြောင့် လူ ၄ဦးသေဆုံးပြီး ၁၁ဦးထိခိုက်ခဲ့ကြောင်း ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးသိန်းဝင်းထွဋ်က ပြောပါတယ်။
“ ဒီတစ်ပတ်အတွင်း ကျောက်မဲမြို့နယ်ထဲမှာဆိုရင် မိုင်းထိပြီး ဒဏ်ရာရတာ ၉ဦး၊ သေဆုံးတာက ၃ဦး။ ၂၈ရက်နေ့ကပေါ့နော်။ လက်နက်ကြီးကျပြီး သေတာ သားအမိ ၂ဦး၊ သေနတ်ကြောင့် သေတာ ၁ဦး။ သေနတ်ကြောင့် သေတယ်ဆိုတာ ကျွဲကား၊နွားကားတွေကို ပစ်တာရှိတယ်လေ။ အဲဒါက သေနတ်ကြောင့် သေတာ။ ပျက်ဆီးသွားတဲ့အိမ်က ၈လုံး၊ လက်နက်ကြောင့်ပဲ ပျက်ဆီးတာ။ နမ့်ဆန်မှာ မိုင်းထိတာ ၂ဦး၊ သေဆုံးတာ ၁ဦး၊ သူလည်း မိုင်းနင်းမိတာပေါ့နော်။ ဒီတစ်ပတ်တော်တော်များတယ်။ စိတ်တယ်ဗျ၊ ထစ်ကနဲဆို မိုင်းတွေချည်းပဲ။ မိုင်းက ပိုများတယ်။”
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းဒဏ်ကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အများဆုံးခံရတာဖြစ်ပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာနက မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ၅သောင်းကျပ်နဲ့ သေဆုံးသူတွေကို ၃သိန်းကျပ် ထောက်ပံ့ပေးသလို ပျက်ဆီးသွားတဲ့နေအိမ်တွေကိုလည်း အိမ်တန်ဖိုးအလိုက် ထောက်ပံ့ပေးတာတွေ ရှိကြောင်း ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို TNLA တအန်း(ပလောင်)အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှုး တားအိုက်ကျော်က အခုလို ပြောပါတယ်။
“ ဒီနေ့တော့ ဘာမှ သတင်း တက်လာတာတော့ မရှိသေးဘူး။ ၂၈ရက်နေ့ကတော့ တိုက်ပွဲဖြစ်တယ်။ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်ဖြူရွာအောက်ဘက်မှာ တစ်နေရာဖြစ်တယ်။ ကျောက်မဲမြို့နယ်ထဲက ညောင်မောင်းရွာမှာ တစ်နေရာဖြစ်တယ်။ ”
ညောင်မောင်းရွာတိုက်ပွဲမှာတော့ တိုက်ပွဲဖြစ်ပြီးနောက် တပ်မတော်ဘက်က ရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သားအမိ ၂ယောက် သေဆုံးခဲ့ကြောင်း ဗိုလ်မှုးတားအိုက်ကျော်က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အခုလို တုံ့ပြန်ပါတယ်။
“ အဲဒီမှာတော့ တိုက်ပွဲဖြစ်ခဲ့တာတော့ ရှိတယ်။ ကျောက်ဖြူကျေးရွာရဲ့ အနောက်တောင်ဘက်မှာ ဖြစ်ခဲ့တာပါဗျ။ အဲဒီမှာတော့ နှစ်ဘက် တိုက်ပွဲကြားမှာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် လက်နက်ကြီးသည် တပ်ဘက်က လုပ်တဲ့ဟာလား၊ TNLA ဘက်က ပစ်တဲ့ဟာလားတော့ ကျနော်တို့လည်း တိတိကျကျတော့ ခွဲခြားမသိသေးပါဘူးဗျ။”
ဇန်နဝါရီလ ၂၈ရက်နေ့ မနက်ပိုင်းကလည်း မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်းကျေးရွာမှာ မြေမြုပ်မိုင်းနင်းမိ တာကြောင့် ထင်းရှာသွားတဲ့ သားအမိနှစ်ယောက် ဒဏ်ရာရခဲ့ပြီး လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ဒီထိခိုက်မှုမှာတော့ TNLA က ထောင်ထားတဲ့ မိုင်းဖြစ်ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်မှူးတားအိုက်ကျော်ကတော့ ကျောက်မဲ၊ မိုင်းငေါ့၊နမ့်ဆန်မြို့နယ်တွေအတွင်းက သူတို့ စခန်းတွေကို အစိုးရတပ်က ထိုးစစ်ဆင်တာကြောင့် ဒီဇင်ဘာနဲ့ ဇန်နဝါရီ လဆန်းပိုင်းဆုတ်ခွာခဲ့ရကြောင်း၊ ဒီစခန်းတွေမှာ ထောင်ထားတဲ့ မိုင်းတွေကို ပြန်လည် ဝင်ရောက်နိုင်တဲ့နေရာအထိ ရှင်းလင်းတာရှိပေမဲ့ အကုန် မရှင်းလင်းရသေးကြောင်းနဲ့ တချို့မိုင်း တွေက တပ်မတော်ဘက် ထောင်တာတွေလည်း ရှိကြောင်း ပြောပါတယ်။
တအန်းအမျိုးသမီးအဖွဲ့ TWOအဖွဲ့ကတော့ လူထုကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့အတွက် နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောပါတယ်။
“ ဖြစ်နိုင်ရင် ဘယ်လက်နက်ကိုင်မဆို မိုင်း အသုံးပြုမှုတွေကို လျော့ချစေချင်တယ်။ ဖြစ်နိုင်ရင်တော့ ရပ်တန့်တဲ့အနေအထား ဖြစ်စေချင်တာပေါ့နော်။ နောက်တစ်ခုက လက်နက်ကြီးပစ်ခတ်တဲ့ ကိစ္စဆိုရင်လည်း ကျမတို့က အဲလိုမျိုး မဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်ပြီဆို တစ်ခါတစ်လေ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာပဲ ဒီ လက်နက်ကြီးတွေ ထပ်ပစ်နေတဲ့ အနေအထားဆိုရင်တော့ ဒါ ကျမတို့ မဖြစ်စေချင်ဘူး။ လူထုတွေ နေ နေတဲ့နေရာကို ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံမျိုးကိုလည်း ကျမတို့က ကန့်ကွက်တာပေါ့။ ”
ဒီလို အရပ်သားတွေကို သတ်ဖြတ်တာတွေကို ရပ်တန့်ဖို့နဲ့ ပစ်ခံရသူတွေအတွက် တရားမျှတမှုဖော်ဆောင်ဖို့ကိုလည်း TWO က တိုက်တွန်းထားပါတယ်။
ဒီလ ၂၄ရက်နေ့က ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာမှာ ကျောင်းဆရာတစ်ဦးနဲ့ ၂၈ရက်နေ့က သီပေါမြို့နယ် ကုံးမုံကျေးရွာအနီးမှာ အမျိုးသား ၂ယောက်နဲ့ အမျိုးသမီးတစ်ယောက် တို့ ပစ်ခတ်ခံရပါတယ်။ ကျောင်းဆရာမကို ပစ်သတ်သူကတော့ TNLA အဖွဲ့က ဖြစ်ပြီး သူံကို စစ်ဆေးအပြစ်ပေးမှာဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပေမဲ့ သီပေါမြို့နယ် သတ်ဖြတ်မှုကတော့ တရားခံကို ဖော်ထုတ်နိုင်တာ မရှိပါဘူး။