သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညီေနာင္မဟာမိတ္(၃) ဖြဲ႔ တဖက္သတ္ အပစ္ရပ္ေၾကညာထားေပမဲ့ ရခိုင္၊ ခ်င္းနဲ႔ ရွမ္းေျမာက္မွာ တိုက္ပြဲျဖစ္ဆဲ


AA Army (ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

တိုင္းရင္းသား လက္နက္ကိုင္ညီေနာင္မဟာမိတ္(၃)ဖြဲ႕က တဖက္သတ္ အပစ္ရပ္ေၾကညာ ခဲ့တဲ့ ႏွစ္ဆန္း တရက္ေန႔ကစၿပီး ဒီအဖြဲ႔ေတြနဲ႔ တပ္မေတာ္တို႔ၾကား ရခိုင္ျပည္နယ္ ၊ခ်င္း ျပည္နယ္နဲ႕ ရွမ္းျပည္နယ္ေတြ အတြင္းမွာ တိုက္ပြဲေတြ ဆက္ၿပီး ျဖစ္ပြားေနတာပါ။

ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ နဲ႔ ျမန္မာအစိုးရတို႔ၾကား အပစ္ရပ္ေရး နဲ႕ ျငိမ္းခ်မ္းေရး အတြက္ ဒီလကုန္ေလာက္မွာ ေဆြးေႏြးဖို႕ စီစဥ္ေနဆဲ မွာပဲ ျဖစ္ပြားေနတဲ့ တိုက္ပြဲ အေျခအေန ေတြကိုေတာ့ ဗီြအုိေအျမန္မာပိုင္း သတင္း ေထာက္ နိုင္ကြန္းအိန္က တင္ျပထားပါတယ္။

တဖက္သတ္ အပစ္ရပ္ေၾကညာခဲ့တဲ့ ႏွစ္ဆန္း တရက္ေန႔ အျပီး ဇန္န၀ါရီ ၂ ရက္ေန႔မွာ ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ AA ရခိုင္လက္နက္ကိုင္ အဖြဲ႕တို႕ ျမိဳ႕နယ္(၃)ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြါးခဲ့ တယ္လို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“၂၀၂၀ ဇန္န၀ါရီ ၂ ရက္ မေန႔က ပလက္၀ရယ္ ေနာက္ေျမပုံရယ္ မင္းျပား အဲဒီၿမိဳ႕နယ္(၃)ခုထဲမွာ တိုက္ ပြဲေတြဆက္ျဖစ္ေနတာရွိတယ္။

ဇန္န၀ါရီ(၂)ရက္ေန႕ မွာ မနက္(၈)နာရီ(၂၀)ကစၿပီးေတာ့ ကြ်န္ေတာ္တို႕အရင္(၁)ရက္ေန႕က တိုက္ပြဲျဖစ္ခဲ့တဲ့ ပြိဳင့္(၉၀၄)ေတာင္ကုန္းေပါ့ေနာ္ ပလက္၀ၿမိဳ႕နယ္ထဲမွာ ေတာင္ကုန္းကိုရန္သူကေန လက္ နက္ႀကီးေတြနဲ႕ပစ္ၿပီးေတာ့မွ ထိုးစစ္ဆင္လာတာရွိတယ္။ ေန႕လယ္(၂)နာရီ (၂၃)မိနစ္ေလာက္မွာေတာ့ ရန္သူဘက္က ေနၿပီးေတာ့ ဂ်က္တိုက္ေလယာဥ္နဲ႕ (၁၅)မိနစ္ (၃)ၾကိမ္ေပါ့ေနာ္။ အဲဒီလို လာေရာက္ပစ္ခတ္တာ ရွိတယ္။ အဲဒီမွာအထိခိုက္ အက်ဆုံးလဲရွိတယ္ဗ် ရန္သူဘက္ကေလ။

ေျမပုံၿမိဳ႕နယ္ထဲမွာေတာ့ ဒီစံညွင္းရြာရဲ႕အေရွ႕ဖက္ေပါ့ေနာ္။ (၁)ကီလိုမီတာခြဲ ေလာက္မွာရွိတဲ့ ပြိဳင့္(၂၅၇) ေတာင္ကုန္းကို အဲဒီကုန္းကို ရန္သူဘက္ကေနၿပီးေတာ့ မနက္(၇)နာရီ စၿပီးေတာ့မွ လက္နက္ ႀကီး၊ လက္နက္ငယ္ေတြနဲ႕ပစ္ၿပီးေတာ့ သူတို႕ထိုးစစ္ဆင္လာတာေပါ့။ ေန႕လယ္(၂)နာရီ(၁၇)မိနစ္မွာ ရဟတ္ယာဥ္ႏွစ္စီး နဲ႕မိနစ္(၂၀)ေလာက္လာၿပီး ပစ္ခတ္ခဲ့တာရွိတယ္။ ဂ်က္တိုက္ေလယာဥ္နဲ႕(၁၅)မိနစ္ ေလာက္လာ ပစ္တာရွိတယ္။

ေနာက္ ၿပီးေတာ့မင္းျပားၿမိဳ႕နယ္ထဲမွာေတာ့ ဖားေပ်ာ္ရြာရဲ႕အေရွ႕ဖက္ ကြ်န္ေတာ္တို႕ ရခိုင္တပ္ေတာ္ ရွိတဲ့ေနရာကို ရန္သူဘက္က ေန၀င္ေရာက္လာတဲ့အတြက္ေၾကာင့္မို႕လို႕ ေန႕လယ္(၂)နာရီခြဲမွာ တိုက္ပြဲျဖစ္တာ ေပါ့ေနာ္။ အဲဒီမွာရန္သူဘက္ကေတာ့ မ်က္ျမင္ကေတာ့ (၃)ဦး က်ဆုံးတာ ရွိတယ္။”

မေန႕က ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ ၊ နုံးဘူးေက်းရြာဘက္နဲ႕ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ကဇူးကိုင္းရြာဘက္မွာ ႏွစ္ဖက္ တိုက္ပြဲျဖစ္ခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာပါတယ္။

“ကြ်န္ေတာ္တို႕ဒီဖက္ နုံးဘူးစခန္းရဲ႕ေတာင္ဖက္မွာ AAအင္အား(၁၅၀)ေလာက္က ကြ်န္ေတာ္တို႕ စစ္ေၾကာင္းကို ပစ္ခတ္ခဲ့ တာရွိတယ္။ အဲတာေတာ့ ထိခိုက္က်ဆုံးမွဳေတာ့ မရွိပါဘူး။ မေန႕က(၈)နာရီေလာက္ကေန စပစ္တာေတာ့ ကြ်န္ေတာ္တို႕ ေန႕ခင္းပိုင္းေလာက္ အထိနည္းနည္းေတာ့အခ်ိန္ၾကာတယ္။ ေနာက္ၿပီးကဇူးကိုင္းဖက္မွာလဲ ထိေတြ႕ျဖစ္ပြားခဲ့တာရွိတယ္။”

ဒါ့အျပင္ ေျမပုံၿမိဳ႕နယ္နဲ႕မင္းျပားၿမိဳ႕နယ္ေတြ ထဲမွာ တိုက္ပြဲျဖစ္တာ မၾကားေသးဘူးလို႕လည္း ေျပာပါတယ္။ မေန႕က ျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမွဳရွိေနတယ္လို႕AA ဘက္ကေျပာေန ေပမယ့္ တပ္မေတာ္ ဘက္ကေတာ့ အတည္မျပဳပါဘူး။ အလားတူပဲ မေန႕က ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ဖက္မွာ ျမန္မာစစ္တပ္နဲ႕တအာင္းပေလာင္TNLA တပ္ဖြဲ႕တို႕ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႕ TNLAျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးတာ့အိုက္ေက်ာ္ကေျပာပါတယ္။

“ရွမ္းဘက္မွာေတာ့ မေန႕က နမ့္ခမ္းၿမိဳ႕နယ္၊ မန္း၀င္း(မိုင္း၀ီး)ရြာအနားမွာ ပစ္ခတ္မႈ ခဏေလးျဖစ္တယ္။ ဒီမန္၀င္းရြာအထက္ နားက ကြ်န္ေတာ္တို႕တပ္ရွိတဲ့ေနရာ တပ္ဘက္က ၀ိုင္း၀န္းတိုက္ခိုက္ေတာ့ တိုက္ပြဲထိေတြ႔မႈျဖစ္တာျဖစ္တယ္။”

နမ့္ခမ္းၿမိဳ႕နယ္ဖက္မွာ TNLA နဲ႔ တိုက္ပြဲျဖစ္ခဲ့ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကလည္း အတည္ျပဳေျပာပါတယ္။

“ရွမ္းျပည္ဘက္ကေတာ့ ကြ်န္ေတာ္တို႕ မုန္း၀ီး(မိုင္း၀ီး)စခန္းရဲ႕ေတာင္ဖက္ေလာက္မွာ ကြ်န္ေတာ္တို႕ TNLA အေယာက္(၃၀) ေလာက္နဲ႕ ထိေတြ႕ျဖစ္ခဲ့တာရွိပါတယ္။”

လက္ရွိျမန္မာစစ္တပ္နဲ႕ တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္တဲ့ ညီေနာင္မဟာမိတ္(၃)ဖြဲ ႕ျဖစ္တဲ့ ကိုးကန္႕တပ္ဖြဲ႕ MNDAA ၊ ရခိုင္ လက္နက္ကိုင္အဖြဲ႕ AA ၊တအာင္း ပေလာင္တပ္ဖြဲ႕ TNLA တို႕က (၂)လ တဖက္သတ္အပစ္ရပ္စဲမယ္လို႔ ဇန္န၀ါရီ(၁) ရက္ေန႕မွာ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔ နဲ႕ ျမန္မာအစိုးရတို႕အၾကား တရား၀င္ ၿငိမ္းခ်မ္းေရးေဆြး ေႏြးပဲြေတြ ရပ္တန္႔ေနတာကေန ဒီလကုန္မွာ ျပန္လည္က်င္းပနိုင္ဖို႕စီစဥ္ေနတာပါ။

အပစ္ခတ္ရပ္ေရးနဲ႕ျငိမ္းခ်မ္းေရးအတြက္ေတြ႕ဆုံေဆြးေႏြးဖို႕အစီစဥ္ရွိေနေပမဲ့ တပ္မေတာ္ရဲ႕ သေဘာထားေၾကာင့္ ေျပလည္ဖို႕ခက္ေနဦးမယ္လို႕AAေျပာခြင့္ရခိုင္သူခကျမင္ပါတယ္။

“အရင္တုန္းက ျမန္မာစစ္တပ္ဘက္ကေနျပီးေတာ့မွ သူတို႕အေတာ္ေလး တင္းမာတဲ့သေဘာထားေတြ ရွိတယ္။ အဲဒီတင္းမာ တဲ့ သူတို႕သေဘာထားေတြကို သူတို႕ကေျဖေလ်ာ့ေပးၿပီးေတာ့မွ ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေအာင္ညိွႏွိဳင္းနိုင္ မယ္ဆိုလို႕ ရွိရင္ ေျပလည္မွဳေတာ့ရနိုင္တာေပါ့ေနာ္။ ဒါေပမဲ့ အခုခ်ိန္ထိေတာ့ အဲဒီလိုမ်ိဳး အရိပ္ေယာင္မ်ိဳးမေတြ႕ရေသးဘူး။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ကေတာ့ ၿငိမ္းခ်မ္းေရး မေဆြးေႏြးတာထက္စာရင္ ေဆြးေႏြးတာ ပိုေကာင္းတယ္လို႔ ေျပာပါတယ္။

“ဘယ္လိုဘဲေျပာေျပာကြ်န္ေတာ္တို႕ကေတာ့ မေဆြးေႏြးတာနဲ႕စာရင္ေတာ့ေဆြးေႏြးတာ ပိုၿပီးေတာ့က တိုးတက္မွဳရွိတာ ေပါ့။ အေရြ႕တခုေတာ့ျဖစ္လာမွာေပါ့။ ဒါကေတာ့ ေစာေစာစီးစီးေတာ့ ကြ်န္ေတာ္လဲ မေ၀ဖန္နိုင္ပါဘူး။ သူတို႕ေဆြးေႏြးတဲ့ အခ်က္ေလးအေပၚမွာဘဲ မူတည္ပါလိမ့္မယ္။”

အစိုးရနဲ႔ NCA လက္မွတ္မေရးထိုးေသးတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔တို႔ရဲ့ လာမယ့္ ေဆြးေႏြးပြဲကေန Bilateral ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးႏိုင္ဖို႔ တခ်ိဳ႕အဖြဲ႕ေတြက ေမွ်ာ္လင့္ထားသလို ရခိုင္ျပည္နယ္အတြင္းမွာ အေျခခ်လိုတဲ့ AAအဖြဲ႕ ရည္မွန္းခ်က္နဲ႕ AAတည္ရွိမွဳလက္မခံတဲ့ တပ္မေတာ္တို႕အၾကား သေဘာထားကြဲလႊဲခ်က္ေတြေၾကာင့္ ျငိမ္းခ်မ္းေရးၾကန္႕ၾကာေနမယ့္ အေျခအေနရွိဦးမယ္လို႕ နိင္ငံေရးအကဲခတ္သူေတြက သုံးသပ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ညီနောင်မဟာမိတ်(၃) ဖွဲ့ တဖက်သတ် အပစ်ရပ်ကြေညာထားပေမဲ့ ရခိုင်၊ ချင်းနဲ့ ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ဆဲ

(Unicode)

တိုင်းရင်းသား လက်နက်ကိုင်ညီနောင်မဟာမိတ်(၃)ဖွဲ့က တဖက်သတ် အပစ်ရပ်ကြေညာ ခဲ့တဲ့ နှစ်ဆန်း တရက်နေ့ကစပြီး ဒီအဖွဲ့တွေနဲ့ တပ်မတော်တို့ကြား ရခိုင်ပြည်နယ် ၊ချင်း ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ နဲ့ မြန်မာအစိုးရတို့ကြား အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ဒီလကုန်လောက်မှာ ဆွေးနွေးဖို့ စီစဉ်နေဆဲ မှာပဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေ တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် နိုင်ကွန်းအိန်က တင်ပြထားပါတယ်။

တဖက်သတ် အပစ်ရပ်ကြေညာခဲ့တဲ့ နှစ်ဆန်း တရက်နေ့ အပြီး ဇန်နဝါရီ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ မြို့နယ်(၃)မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“၂၀၂၀ ဇန်နဝါရီ ၂ ရက် မနေ့က ပလက်ဝရယ် နောက်မြေပုံရယ် မင်းပြား အဲဒီမြို့နယ်(၃)ခုထဲမှာ တိုက် ပွဲတွေဆက်ဖြစ်နေတာရှိတယ်။

ဇန်နဝါရီ(၂)ရက်နေ့ မှာ မနက်(၈)နာရီ(၂၀)ကစပြီးတော့ ကျွန်တော်တို့အရင်(၁)ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ပွိုင့်(၉၀၄)တောင်ကုန်းပေါ့နော် ပလက်ဝမြို့နယ်ထဲမှာ တောင်ကုန်းကိုရန်သူကနေ လက် နက်ကြီးတွေနဲ့ပစ်ပြီးတော့မှ ထိုးစစ်ဆင်လာတာရှိတယ်။ နေ့လယ်(၂)နာရီ (၂၃)မိနစ်လောက်မှာတော့ ရန်သူဘက်က နေပြီးတော့ ဂျက်တိုက်လေယာဉ်နဲ့ (၁၅)မိနစ် (၃)ကြိမ်ပေါ့နော်။ အဲဒီလို လာရောက်ပစ်ခတ်တာ ရှိတယ်။ အဲဒီမှာအထိခိုက် အကျဆုံးလဲရှိတယ်ဗျ ရန်သူဘက်ကလေ။

မြေပုံမြို့နယ်ထဲမှာတော့ ဒီစံညှင်းရွာရဲ့အရှေ့ဖက်ပေါ့နော်။ (၁)ကီလိုမီတာခွဲ လောက်မှာရှိတဲ့ ပွိုင့်(၂၅၇) တောင်ကုန်းကို အဲဒီကုန်းကို ရန်သူဘက်ကနေပြီးတော့ မနက်(၇)နာရီ စပြီးတော့မှ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ သူတို့ထိုးစစ်ဆင်လာတာပေါ့။ နေ့လယ်(၂)နာရီ(၁၇)မိနစ်မှာ ရဟတ်ယာဉ်နှစ်စီး နဲ့မိနစ်(၂၀)လောက်လာပြီး ပစ်ခတ်ခဲ့တာရှိတယ်။ ဂျက်တိုက်လေယာဉ်နဲ့(၁၅)မိနစ် လောက်လာ ပစ်တာရှိတယ်။

နောက် ပြီးတော့မင်းပြားမြို့နယ်ထဲမှာတော့ ဖားပျော်ရွာရဲ့အရှေ့ဖက် ကျွန်တော်တို့ ရခိုင်တပ်တော် ရှိတဲ့နေရာကို ရန်သူဘက်က နေဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ နေ့လယ်(၂)နာရီခွဲမှာ တိုက်ပွဲဖြစ်တာ ပေါ့နော်။ အဲဒီမှာရန်သူဘက်ကတော့ မျက်မြင်ကတော့ (၃)ဦး ကျဆုံးတာ ရှိတယ်။”

မနေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ နုံးဘူးကျေးရွာဘက်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကဇူးကိုင်းရွာဘက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

“ကျွန်တော်တို့ဒီဖက် နုံးဘူးစခန်းရဲ့တောင်ဖက်မှာ AAအင်အား(၁၅၀)လောက်က ကျွန်တော်တို့ စစ်ကြောင်းကို ပစ်ခတ်ခဲ့ တာရှိတယ်။ အဲတာတော့ ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။ မနေ့က(၈)နာရီလောက်ကနေ စပစ်တာတော့ ကျွန်တော်တို့ နေ့ခင်းပိုင်းလောက် အထိနည်းနည်းတော့အချိန်ကြာတယ်။ နောက်ပြီးကဇူးကိုင်းဖက်မှာလဲ ထိတွေ့ဖြစ်ပွားခဲ့တာရှိတယ်။”

ဒါ့အပြင် မြေပုံမြို့နယ်နဲ့မင်းပြားမြို့နယ်တွေ ထဲမှာ တိုက်ပွဲဖြစ်တာ မကြားသေးဘူးလို့လည်း ပြောပါတယ်။ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုရှိနေတယ်လို့AA ဘက်ကပြောနေ ပေမယ့် တပ်မတော် ဘက်ကတော့ အတည်မပြုပါဘူး။ အလားတူပဲ မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ဖက်မှာ မြန်မာစစ်တပ်နဲ့တအာင်းပလောင်TNLA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

“ရှမ်းဘက်မှာတော့ မနေ့က နမ့်ခမ်းမြို့နယ်၊ မန်းဝင်း(မိုင်းဝီး)ရွာအနားမှာ ပစ်ခတ်မှု ခဏလေးဖြစ်တယ်။ ဒီမန်ဝင်းရွာအထက် နားက ကျွန်တော်တို့တပ်ရှိတဲ့နေရာ တပ်ဘက်က ဝိုင်းဝန်းတိုက်ခိုက်တော့ တိုက်ပွဲထိတွေ့မှုဖြစ်တာဖြစ်တယ်။”

နမ့်ခမ်းမြို့နယ်ဖက်မှာ TNLA နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြောပါတယ်။

“ရှမ်းပြည်ဘက်ကတော့ ကျွန်တော်တို့ မုန်းဝီး(မိုင်းဝီး)စခန်းရဲ့တောင်ဖက်လောက်မှာ ကျွန်တော်တို့ TNLA အယောက်(၃၀) လောက်နဲ့ ထိတွေ့ဖြစ်ခဲ့တာရှိပါတယ်။”

လက်ရှိမြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AA ၊တအာင်း ပလောင်တပ်ဖွဲ့ TNLA တို့က (၂)လ တဖက်သတ်အပစ်ရပ်စဲမယ်လို့ ဇန်နဝါရီ(၁) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ နဲ့ မြန်မာအစိုးရတို့အကြား တရားဝင် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ ရပ်တန့်နေတာကနေ ဒီလကုန်မှာ ပြန်လည်ကျင်းပနိုင်ဖို့စီစဉ်နေတာပါ။

အပစ်ခတ်ရပ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးဖို့အစီစဉ်ရှိနေပေမဲ့ တပ်မတော်ရဲ့ သဘောထားကြောင့် ပြေလည်ဖို့ခက်နေဦးမယ်လို့AAပြောခွင့်ရခိုင်သူခကမြင်ပါတယ်။

“အရင်တုန်းက မြန်မာစစ်တပ်ဘက်ကနေပြီးတော့မှ သူတို့အတော်လေး တင်းမာတဲ့သဘောထားတွေ ရှိတယ်။ အဲဒီတင်းမာ တဲ့ သူတို့သဘောထားတွေကို သူတို့ကဖြေလျော့ပေးပြီးတော့မှ နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိနှိုင်းနိုင် မယ်ဆိုလို့ ရှိရင် ပြေလည်မှုတော့ရနိုင်တာပေါ့နော်။ ဒါပေမဲ့ အခုချိန်ထိတော့ အဲဒီလိုမျိုး အရိပ်ယောင်မျိုးမတွေ့ရသေးဘူး။”

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ ငြိမ်းချမ်းရေး မဆွေးနွေးတာထက်စာရင် ဆွေးနွေးတာ ပိုကောင်းတယ်လို့ ပြောပါတယ်။

“ဘယ်လိုဘဲပြောပြောကျွန်တော်တို့ကတော့ မဆွေးနွေးတာနဲ့စာရင်တော့ဆွေးနွေးတာ ပိုပြီးတော့က တိုးတက်မှုရှိတာ ပေါ့။ အရွေ့တခုတော့ဖြစ်လာမှာပေါ့။ ဒါကတော့ စောစောစီးစီးတော့ ကျွန်တော်လဲ မဝေဖန်နိုင်ပါဘူး။ သူတို့ဆွေးနွေးတဲ့ အချက်လေးအပေါ်မှာဘဲ မူတည်ပါလိမ့်မယ်။”

အစိုးရနဲ့ NCA လက်မှတ်မရေးထိုးသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ရဲ့ လာမယ့် ဆွေးနွေးပွဲကနေ Bilateral နှစ်ဘက် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ တချို့အဖွဲ့တွေက မျှော်လင့်ထားသလို ရခိုင်ပြည်နယ်အတွင်းမှာ အခြေချလိုတဲ့ AAအဖွဲ့ ရည်မှန်းချက်နဲ့ AAတည်ရှိမှုလက်မခံတဲ့ တပ်မတော်တို့အကြား သဘောထားကွဲလွှဲချက်တွေကြောင့် ငြိမ်းချမ်းရေးကြန့်ကြာနေမယ့် အခြေအနေရှိဦးမယ်လို့ နိင်ငံရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။

XS
SM
MD
LG