သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ် ကျွဲနွားတင်ယာဉ် ပစ်ခတ်ခံရမှု တဦးသေဆုံး


မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုံသို့ ဦးတည်သွား နေသည့် မြန်မာနိုင်ငံဘက်မှကားများ။ မတ် ၇၊ ၂၀၁၂။
မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုံသို့ ဦးတည်သွား နေသည့် မြန်မာနိုင်ငံဘက်မှကားများ။ မတ် ၇၊ ၂၀၁၂။

(Zawgyi/Unicode)

စစ်ရေးပဋိပက္ခရှိနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမမှာ ကွ ျဲနွား တရားဝင်တင်လာတဲ့ကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တာကြောင့် လူတဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်က ပြောပါတယ်။ အဲဒီလမ်းမပေါ်မှာ လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးရှိနေပြီး အကောက်ခွန်မပေးရင် ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ လားရှိုးမြို့အကြားက ချောင်းချောက်ကျေးရွာနားမှာ တရုတ်နိုင်ငံကို တင်ပို့မယ့် ကျွဲ နွား တင်ဆောင်လာတဲ့ ကားတစီးကို အမည်မသိ လက်နက်ကိုင် အဖွဲ့ကနေ စနေနေ့ မနက်ဘက်မှာ ပစ်ခတ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျောက်မဲမြို့နယ်ထဲမှာ တပ်ကုန်းကနေ မူဆယ်ကို တရားဝင် စာရွက်စာတမ်းနဲ့ ကျွဲ နွား တရားဝင်တင်လာတဲ့ မော်တင်ယာဉ်တစီး ကျနော်တို့ မိုင်တိုင်အမှတ် (၁၁၇) ချောင်းချောက် ရွာနားမှာ သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ ယာဉ်မောင်းကတော့ သေဆုံးသွားတယ်။ နှစ်ယောက် ဒဏ်ရာရရှိတယ်။”

ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ တပ်မတော်ဘက်က အတည်မပြုနိုင်သေးဘဲ ဒဏ်ရာရရှိသူတွေကိုတော့ တပ်မတော်စစ်ကြောင်းကနေ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“ဘယ်အဖွဲ့ကလို့ ကျနော်လည်း မသိသေးဘူး။ ကျနော်တို့ အဲဒီနယ်မြေကတော့ TNLA နယ်မြေလို့လည်း ပြောရခက်တယ်။ သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့လို့ပဲ ကျနော်တို့ပြောနိုင်တယ်။ အဲဒီ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေကတော့ ကျနော်တို့တပ်က လုံခြုံရေးစစ်ကြောင်းတွေက ကျောက်မဲပြည်သူ့ဆေးရုံကို ပို့ပေးခဲ့တယ်။”

ကျောက်မဲမြို့ဝန်းကျင်မှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ RCSS/SSA နဲ့ တအာင်းပလောင် တပ်ဖွဲ့ TNLA တို့ လှုပ်ရှားနေပြီး ကုန်ပစ္စည်းတွေအပါအဝင ်ကျွဲနွားအခွန်၊ မော်တော်ယာဉ်အခွန် တွေ ကောက်ခံလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွဲနွားသယ်ဆောင်ရာမှာ အကောက်ခွန်မပေးတဲ့ကားတွေ ပစ်ခတ်ခံရတယ်လို့ ကျောက်မဲ ဒေသခံ ဇီဝိတ လူမှုကူညီရေးအသင်း တာဝန်ခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

“အဲဒါတွေ တရားဝင်သွားသွား တရားမဝင်သွားသွား။ နွားကားတွေတော့ ဖြတ်နေတာပဲ။ တရားဝင်သွားရင် ပိုက်ဆံမပေးရင် ပစ်တယ်။ တရားမဝင်သွားလည်း ပိုက်ဆံမပေးရင် ပစ်တယ်။”

ရှမ်းပြည်နယ်ကနေ တရုတ်နိုင်ငံကိုသွားတဲ့ ပြည်ထောင်စုလမ်းမမှာ ကျွဲနွားတင်ဆောင်တဲ့ကား တွေ မကြာခန ပစ်ခတ်ခံနေရတာပါ။

၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံပို့မယ့် ကျွဲနွားတင်ကားတွေကို ပစ်ခတ်တာ ကျောက်မဲမြို့နယ်ထဲမှာ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လူ ၈ ယောက်ထက်မနည်း သေဆုံးထားပြီးတော့ ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်တာတွေမှာ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဆိုပြီး ထုတ်ပြန်တာမျိုး မရှိပါဘူး။

အခုနောက်ဆုံးဖြစ်ရပ်မှာ ပစ်ခတ်တဲ့အဖွဲ့နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ TNLA တအာင်း ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်တာတွေ ဆက်ရှိနေသလို NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS နဲ့လည်း ရံဖန်ရံခါဆိုသလို တိုက်ပွဲဖြစ်တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်က တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုက မူးယစ်စစ်ဆေးရေးဂိတ် အပါအဝင် Toll ဂိတ် ၃ ခုတို့ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်တွင်းက လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကျောက်မဲဒေသတွေဘက်မှာ နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိလာနေတာပါ။

ဒါ့အပြင် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာလည်းလုံခြုံရေး အားနည်းလာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

---------------------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG