သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း ပလက်၀ ညမထွက်ရအမိန့်ရက်တိုးမည်


ပလက်ဝမြို့(Photo khonumthung.news )
ပလက်ဝမြို့(Photo khonumthung.news )

(Zawgyi/Unicode)

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်အမိန့်ကို နယ်မြေလုံခြုံရေးအရ နောက်ထပ် နှစ်လ ထပ်ထိုးမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ ပလက်ဝ မြို့နယ်ထဲမှာ တိုက်ပွဲတွေလည်း ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ ဒီသတင်းအပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ပြပေးမှာပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ည (၆) နာရီကနေ မနက် (၆) နာရီအထိ အပြင်မထွက်ရနဲ့ လူ(၅) ဦးထက် ပိုပြီး စု မနေရဆိုတဲ့ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ထားတာဟာ ဒီလ ၉ရက်နေ့မှာ သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်ပြီး ဒါကို နောက်ထပ် နှစ်လ သက်တမ်း ထပ်တိုးဖို့ ရှိတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရ ဦးစိုးထက် က ပြောပါတယ်။

“ညမထွက်ရ ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေး အခြေအနေအရ အခုအချိန်ထိမအေး ချမ်းသေးဘူး။ နှစ်လ ပြည့်ပြီးတဲ့ အချိန်မှာတော့ extension လုပ်ဖို့ ကျနော်တို့ သေချာပေါက် ထုတ်မှာပါ။ နှစ်လပဲပေါ့။ နယ်မြေအေးချမ်းတာနဲ့ ကျနော်တို့ ပြန်ဖြေလျော့ပြီးတော့ ကျနော်တို့ ရပ်မှာပေါ့။ နယ်မြေက အခုအချိန်ထိ အေးချမ်း တယ်လို့ ပြောလို့ မရသေးတော့ ညမထွက်ရအမိန့်ကို နှစ်လစီ extension ထုတ်သွားဖို့ ရှိပါတယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၂၀၁၉ ခုနှစ်အတွင်းက အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် မနေ့က နှစ်ဆန်းတရက်နေ့မှာတော့ ရခိုင်(AA) ကိုးကန့် (MNDAA) နဲ့ တအာင်း(TNLA) လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် နှစ်လ အပစ်ရပ် သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မြောက်ပိုင်း ညီနှောင် မဟာမိတ် ၃ဖွဲ့က အခုလို အပစ်ရပ်ဖို့ ထုတ်ပြန်ခဲ့တာကြောင့် အရင်ကထက် နယ်မြေအေးချမ်းလာနိုင်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ဦးစိုးထက်က ပြောပါတယ်။

‘အရင်ထက်စာရင်တော့ အခု AA အခုမြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ အတူ တစ်ဖက်သတ် စစ်ရေး နှစ်လ အပစ်ရပ်စဲတယ် ဆိုတဲ့အတွက် ဒါက အေးချမ်းမှာ သေချာပေါက်ပဲ။ သေချာပေါက် အေးချမ်းမယ်လို့ ကျနော်ထင်ပါတယ်။ ပုဒ်မ ၁၄၄ ကတော့ ဒီအတိုင်းပဲ extention သေချာပေါက် ဆက်လုပ်သွားမှာပါ ခင်မျာ။”

ဒါပေမယ့် အခုလို ကြေညာတဲ့နေ့မှာပဲ ရသေ့တောင် မြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ် တွေဘက်မှာ ကြိုကြားကြိုကြား ပစ်ခတ်မှု ရှိသလို ချင်းပြည်နယ၊် ပလက်ဝမြို့ နယ် မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဲ့ ဒီ ပစ်ခတ်မှုတွေ အတွင်း တပ်မတော်ဘက်က သေဆူံးသူတွေ ရှိတယ်လို့ AAအဖွဲ့က သတင်း ထုတ်ပြန် ခဲ့တာပါ။ ဒီလို ပစ်ခတ်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် ဘက်ကတော့ တစုံတရာ တုံ့ပြန် အတည်ပြုတာ မရှိသေးပါဘူး။

မြောက်ပိုင်း ညီနှောင်မဟာမိတ် ၃ဖွဲ့ က ထုတ်ပြန်တဲ့ တဖက်သတ် အပစ်ရပ်မယ် ဆိုတာ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“အဲတာက သူတို့ပါ သူတို့ထုတ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့က လုပ်စရာရှိတာကို လုပ်မှာ။ ဒါပဲနော်။”

ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်မှာ နိုင်ဝင်ဘာလ ၉ရက်နေ့ကတည်းက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ဟာ ဒီလ ၉ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့ မှာဖြစ်ပြီး ဒါကို နောက်ထပ် နှစ်လ သက်တမ်း ထပ်တိုး ထုတ်ပြန်သွားဖို့ ရှိနေတာပါ။

အလားတူပဲ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရခိုင်ပြည်မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်းပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလ ကတည်းကညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)












XS
SM
MD
LG