သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ AA အခြန္ေကာက္ဖို႔ရွိ


AA တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပုံ - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

ျမန္မာစစ္တပ္နဲ႔ စစ္ေရးတင္းမာေနဆဲ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔အေနနဲ႔ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ရခိုင္ျပည္နယ္အတြင္း ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႔ ထူေထာင္ၿပီး စီးပြားေရးလုပ္ငန္းရွင္မ်ားထံ အခြန္ေကာက္ခံသြားမယ္လို႔ AA တာ၀န္ရွိသူေတြက ေျပာပါတယ္။ ေဒသခံ စီးပြားေရးလုပ္ငန္းရွင္ တခ်ိဳ႕ကေတာ့ AA အဖြဲ႔အေနနဲ႔ ဘယ္လိုအစီအစဥ္နဲ႔ အခြန္ေကာက္ခံမယ္ဆိုတာ မသိေသးတဲ့အတြက္ မွတ္ခ်က္ေပးဖို႔ ခက္ခဲေၾကာင္း ေျပာဆိုသလို ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ကေတာ့ AA ရဲ႕ ၀ါဒျဖန္႔မႈ လုပ္ရပ္လို႔လည္း ေျပာဆိုပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန သူတို႔အဖြဲ႔လႈပ္ရွားရာ ေဒသေတြမွာ စီမံကိန္းနဲ႔ စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူေတြထံ ၂၀၂၀ ခုႏွစ္ကစၿပီး အခြန္ေခါင္းစဥ္နဲ႔ ေငြေၾကး စတင္ေကာက္ခံေတာ့မယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“အစီအစဥ္ရွိတာေပါ့။ က်ေနာ္တုိ႔ ဦးစီးခ်ဳပ္တို႔က တရား၀င္ေျပာၿပီးၿပီေလ။ ရက္အတိအက်ေတာ့ မရွိေသးဘူး။ ဒါေပမယ့္လို႔ ဒီ ၂၀၂၀ ျပည့္မွာေတာ့ က်ေနာ္တုိ႔ အဲဒါကို လုပ္ျဖစ္ေအာင္လုပ္မယ္။ အဓိကကေတာ့ စီးပြားေရးလုပ္ငန္း အႀကီးေတြပဲဗ်ေနာ္။ သာမန္ လက္လုပ္လက္စားေတြေတာ့ မဟုတ္ပါဘူး။ အဓိကကေတာ့ စီးပြားေရးလုပ္ငန္း အႀကီးစားေတြပါ။”

လက္ရွိ ရခိုင္ျပည္တြင္းမွာရွိတဲ့ စီမံကိန္းနဲ႔ စီးပြားေရးလုပ္ငန္းေတြကို စိစစ္ေနဆဲလို႔ ခိုင္သုခက ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း လိုအပ္ခ်က္အရ ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႔ ထူေထာင္သြားမယ္လို႔လည္း ခိုင္သုခက ဆက္ေျပာပါတယ္။

“ရခိုင္ျပည္သူ႔အာဏာပိုင္အဖြဲ႔ ထူေထာင္သြားဖို႔ေတာ့ ရွိတာေပါ့။ အေျခအေနရဲ႕ လိုအပ္ခ်က္အရေပါ့ေနာ္။ က်ေနာ္တို႔ရဲ႕ အေနအထားအေပၚ မူတည္ၿပီးေတာ့ က်ေနာ္တုိ႔လုပ္တာ ျဖစ္တယ္။ ထိန္းခ်ဳပ္မႈ ဘယ္ေလာက္ရွိလဲ ဆိုတဲ့ဥစၥာကေတာ့ အဲဒီလိုမ်ိဳး ေျပာဖို႔ကေတာ့ ခက္တာေပါ့။ ေျပာမယ္ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ ရခိုင္တျပည္လုံးကေတာ့ ျဖန္႔ၾကက္ထားမႈေတာ့ ရွိတယ္။ ရခိုင့္တပ္ေတာ္ကေတာ့ က်ေနာ္တုိ႔ ရခိုင္ျပည္အႏွံ႔မွာေတာ့ က်ေနာ္တုိ႔ အေျခစိုက္ထားၿပီးၿပီေပါ့ေနာ္။”

ရခိုင္လက္နက္ကိုင္အဖြဲ႔အေနနဲ႔ ရခိုင္ျပည္သူ႔ေတာ္လွန္ေရးအာဏာကို အသိအမွတ္ျပဳမႈကို အဓိက ဦးစားေပးမွာျဖစ္ၿပီး အေကာက္ခြန္ကို မ်ားမ်ားစားစား ေကာက္မွာမဟုတ္ဘူးလို႔ သူကဆိုပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔၀င္ လုံၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး မင္းသန္းကေတာ့ AA အဖြဲ႔ရဲ႕ ေျပာဆိုခ်က္ေတြဟာ ၀ါဒျဖန္႔တဲ့လုပ္ရပ္လို႔ သုံးသပ္ပါတယ္။

“ဘယ္လိုေတာ့ရွိမလဲဗ်ာ။ က်ေနာ္တို႔အစိုးရရဲ႕ လႊမ္းမိုးမႈေအာက္မွာ သူတို႔ေရာက္ေနတာပဲ။ သူတို႔အသက္ေတာင္ သူတို႔ရွင္ေအာင္ မနည္း ရပ္တည္ေနရတယ္။ ဘယ္ျဖစ္မလဲ ဒီလိုလုပ္လို႔။ က်ေနာ္တို႔က ႏုိင္ငံေတာ္သမၼတရဲ႕ တာ၀န္ခံရတဲ့ ပုဂၢိဳလ္ေတြဗ်။ ျပည္ေထာင္အစိုးရရဲ႕ တာ၀န္ခံရတာ။ ရခိုင္ျပည္နယ္အစိုးရရဲ႕ တာ၀န္ခံရတာ ျဖစ္တဲ့အတြက္ ဒီစိတ္ကူးယဥ္ ေလွ်ာက္ေျပာတဲ့ ဥစၥာေတြဟာ သူတို႔ပါးစပ္ထဲမွာ ရွိတဲ့ဟာေတြကို ၀ါဒျဖန္႔ၿပီး ေျပာတဲ့ဟာ အသံျပတဲ့ဟာေတြပါပဲ။”

AA အဖြဲ႔ကေန ၂၀၂၀ ခုႏွစ္မွာ စီးပြားေရးလုပ္ငန္းရွင္ေတြထံ အခြန္ေကာက္ခံေတာ့မယ္လို႔ သတင္းၾကားသိရေပမယ့္ ဘယ္လိုအစီအစဥ္နဲ႔ လုပ္ေဆာင္မယ္ဆိုတာ မသိေသးတဲ့အတြက္ မွတ္ခ်က္ေပးဖို႔ ခက္ခဲေၾကာင္း စစ္ေတြၿမိဳ႕ စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္သူ ဦးခင္ေမာင္ႀကီးက ေျပာပါတယ္။

“ဘယ္လိုမ်ိဳး သူတို႔ ဘယ္လိုအစီအစဥ္နဲ႔ သူတို႔လုပ္တယ္။ ဘယ္လိုမ်ိဳး ထိခိုက္မႈေတြရွိတယ္။ အက်ိဳးေက်းဇူးက ဘာရွိတယ္ ဆိုတဲ့ဥစၥာေတြကို အေသအခ်ာသိရမွ က်ေနာ္တို႔က ျဖစ္သင့္ျခင္း မျဖစ္သင့္ျခင္းေပါ့ေနာ္။ ဒီဟာေတြ နည္းနည္းေ၀ဖန္လို႔ရမွာ ေျပာလို႔ရမွာေပါ့ေနာ္။ အခုထိကေတာ့ က်ေနာ္ အဲဒါကို သူမ်ားေျပာလို႔သာ သိတာ။ ကိုယ္ကိုယ္တိုင္က ဘာမွ ေသေသခ်ာခ်ာ ေရေရရာရာ မသိေသးဘူး။ ဘယ္လိုအစီအစဥ္နဲ႔ သူတို႔ေကာက္မယ္လို႔ ေျပာေနတာလဲ။ အဲဒါေတြေတာ့ က်ေနာ္တို႔ မေလ့လာရေသးဘူး။”

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ေန ေရေၾကာင္းပို႔ေဆာင္ေရး လုပ္ငန္းရွင္တဦးကေတာ့ အရင္က ေရေၾကာင္းခရီးမွာ အခြန္ေပးေဆာင္ရတာ မရွိေပမယ့္ လာမယ့္ႏွစ္သစ္မွာ အခြန္ေပးေဆာင္ရမယ့္အေပၚ အခုလိုေျပာပါတယ္။

“AA အဖြဲ႔နဲ႔ က်ေနာ္တုိ႔ ေက်ာက္ေတာ္-ပလက္၀ သြားတဲ့ေန႔မွာ က်ေနာ္တို႔ ဒီေမာ္ေတာ္နဲ႔ သြားတာေပါ့။ တခါမွလည္း က်ေနာ္တုိ႔ကို ဒီေကာက္ခံတာတို႔ ဘာတို႔ ဟန္႔တားတာတို႔ တခါမွေတာ့ မေတြ႔ဖူးေသးဘူး က်ေနာ္တို႔။ က်ေနာ္တို႔က အေကာက္ခြန္ကို ေပးရမွာပဲ။ ဒါေပမယ့္လည္း ဘယ္နားကေကာက္မလဲ က်ေနာ္တုိ႔လည္း မသိဘူးေလ။ အခက္အခဲကေတာ့ ရွိမွာေပါ့ အနည္းနဲ႔အမ်ားေတာ့။”

ရခိုင္ျပည္နယ္အတြင္း ေရေၾကာင္းခရီးသြားလာမႈနဲ႔ ကုန္ပစၥည္းတင္ေဆာင္မႈ လုပ္ေဆာင္ရင္ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ကို အေၾကာင္းၾကားဖို႔ AA ဘက္က ႏုိ၀င္ဘာ ၂၈ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမပုံ၊ အမ္း၊ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ စစ္ေတြၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တို႔မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားေနတာပါ။

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ အေနနဲ႔ ရခိုင္ျပည္နယ္အတြင္း စီးပြားေရး လုပ္ငန္းေတြအေပၚ အခြန္ေကာက္ခံဖို႔ ထုတ္ျပန္အၿပီး ၎တုိ႔ရဲ႕ ၂၀၂၀ ရခိုင္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖ္ုိ႔ ရည္ရြယ္ၿပီး ရခိုင္ျပည္နယ္ အႏွံ႔အျပား တုိက္ပြဲေတြ ေဖာ္ထုတ္တိုက္ခိုက္တာလို႔လည္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေန သတင္းထုတ္ျပန္ထားပါတယ္။

----------------------------------

(Unicode)

ရခိုင်မှာ AA အခွန်ကောက်ဖို့ရှိ

မြန်မာစစ်တပ်နဲ့ စစ်ရေးတင်းမာနေဆဲ ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ကောက်ခံသွားမယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တချို့ကတော့ AA အဖွဲ့အနေနဲ့ ဘယ်လိုအစီအစဉ်နဲ့ အခွန်ကောက်ခံမယ်ဆိုတာ မသိသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ခဲကြောင်း ပြောဆိုသလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ AA ရဲ့ ဝါဒဖြန့်မှု လုပ်ရပ်လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ သူတို့အဖွဲ့လှုပ်ရှားရာ ဒေသတွေမှာ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေထံ ၂၀၂၀ ခုနှစ်ကစပြီး အခွန်ခေါင်းစဉ်နဲ့ ငွေကြေး စတင်ကောက်ခံတော့မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အစီအစဉ်ရှိတာပေါ့။ ကျနော်တို့ ဦးစီးချုပ်တို့က တရားဝင်ပြောပြီးပြီလေ။ ရက်အတိအကျတော့ မရှိသေးဘူး။ ဒါပေမယ့်လို့ ဒီ ၂၀၂၀ ပြည့်မှာတော့ ကျနော်တို့ အဲဒါကို လုပ်ဖြစ်အောင်လုပ်မယ်။ အဓိကကတော့ စီးပွားရေးလုပ်ငန်း အကြီးတွေပဲဗျနော်။ သာမန် လက်လုပ်လက်စားတွေတော့ မဟုတ်ပါဘူး။ အဓိကကတော့ စီးပွားရေးလုပ်ငန်း အကြီးစားတွေပါ။”

လက်ရှိ ရခိုင်ပြည်တွင်းမှာရှိတဲ့ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို စိစစ်နေဆဲလို့ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်အရ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်သွားမယ်လို့လည်း ခိုင်သုခက ဆက်ပြောပါတယ်။

“ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ထူထောင်သွားဖို့တော့ ရှိတာပေါ့။ အခြေအနေရဲ့ လိုအပ်ချက်အရပေါ့နော်။ ကျနော်တို့ရဲ့ အနေအထားအပေါ် မူတည်ပြီးတော့ ကျနော်တို့လုပ်တာ ဖြစ်တယ်။ ထိန်းချုပ်မှု ဘယ်လောက်ရှိလဲ ဆိုတဲ့ဥစ္စာကတော့ အဲဒီလိုမျိုး ပြောဖို့ကတော့ ခက်တာပေါ့။ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ရခိုင်တပြည်လုံးကတော့ ဖြန့်ကြက်ထားမှုတော့ ရှိတယ်။ ရခိုင့်တပ်တော်ကတော့ ကျနော်တို့ ရခိုင်ပြည်အနှံ့မှာတော့ ကျနော်တို့ အခြေစိုက်ထားပြီးပြီပေါ့နော်။”

ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ပြည်သူ့တော်လှန်ရေးအာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာဖြစ်ပြီး အကောက်ခွန်ကို များများစားစား ကောက်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကတော့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေဟာ ဝါဒဖြန့်တဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။

“ဘယ်လိုတော့ရှိမလဲဗျာ။ ကျနော်တို့အစိုးရရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့ရောက်နေတာပဲ။ သူတို့အသက်တောင် သူတို့ရှင်အောင် မနည်း ရပ်တည်နေရတယ်။ ဘယ်ဖြစ်မလဲ ဒီလိုလုပ်လို့။ ကျနော်တို့က နိုင်ငံတော်သမ္မတရဲ့ တာဝန်ခံရတဲ့ ပုဂ္ဂိုလ်တွေဗျ။ ပြည်ထောင်အစိုးရရဲ့ တာဝန်ခံရတာ။ ရခိုင်ပြည်နယ်အစိုးရရဲ့ တာဝန်ခံရတာ ဖြစ်တဲ့အတွက် ဒီစိတ်ကူးယဉ် လျှောက်ပြောတဲ့ ဥစ္စာတွေဟာ သူတို့ပါးစပ်ထဲမှာ ရှိတဲ့ဟာတွေကို ဝါဒဖြန့်ပြီး ပြောတဲ့ဟာ အသံပြတဲ့ဟာတွေပါပဲ။”

AA အဖွဲ့ကနေ ၂၀၂၀ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေထံ အခွန်ကောက်ခံတော့မယ်လို့ သတင်းကြားသိရပေမယ့် ဘယ်လိုအစီအစဉ်နဲ့ လုပ်ဆောင်မယ်ဆိုတာ မသိသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ခက်ခဲကြောင်း စစ်တွေမြို့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောပါတယ်။

“ဘယ်လိုမျိုး သူတို့ ဘယ်လိုအစီအစဉ်နဲ့ သူတို့လုပ်တယ်။ ဘယ်လိုမျိုး ထိခိုက်မှုတွေရှိတယ်။ အကျိုးကျေးဇူးက ဘာရှိတယ် ဆိုတဲ့ဥစ္စာတွေကို အသေအချာသိရမှ ကျနော်တို့က ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်းပေါ့နော်။ ဒီဟာတွေ နည်းနည်းဝေဖန်လို့ရမှာ ပြောလို့ရမှာပေါ့နော်။ အခုထိကတော့ ကျနော် အဲဒါကို သူများပြောလို့သာ သိတာ။ ကိုယ်ကိုယ်တိုင်က ဘာမှ သေသေချာချာ ရေရေရာရာ မသိသေးဘူး။ ဘယ်လိုအစီအစဉ်နဲ့ သူတို့ကောက်မယ်လို့ ပြောနေတာလဲ။ အဲဒါတွေတော့ ကျနော်တို့ မလေ့လာရသေးဘူး။”

ချင်းပြည်နယ် ပလက်ဝမြို့နေ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းရှင်တဦးကတော့ အရင်က ရေကြောင်းခရီးမှာ အခွန်ပေးဆောင်ရတာ မရှိပေမယ့် လာမယ့်နှစ်သစ်မှာ အခွန်ပေးဆောင်ရမယ့်အပေါ် အခုလိုပြောပါတယ်။

“AA အဖွဲ့နဲ့ ကျနော်တို့ ကျောက်တော်-ပလက်၀ သွားတဲ့နေ့မှာ ကျနော်တို့ ဒီမော်တော်နဲ့ သွားတာပေါ့။ တခါမှလည်း ကျနော်တို့ကို ဒီကောက်ခံတာတို့ ဘာတို့ ဟန့်တားတာတို့ တခါမှတော့ မတွေ့ဖူးသေးဘူး ကျနော်တို့။ ကျနော်တို့က အကောက်ခွန်ကို ပေးရမှာပဲ။ ဒါပေမယ့်လည်း ဘယ်နားကကောက်မလဲ ကျနော်တို့လည်း မသိဘူးလေ။ အခက်အခဲကတော့ ရှိမှာပေါ့ အနည်းနဲ့အများတော့။”

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို အကြောင်းကြားဖို့ AA ဘက်က နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာပါ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံဖို့ ထုတ်ပြန်အပြီး ၎င်းတို့ရဲ့ ၂၀၂၀ ရခိုင်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် အနှံ့အပြား တိုက်ပွဲတွေ ဖော်ထုတ်တိုက်ခိုက်တာလို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင္မွာ AA အခြန္ေကာက္ဖို႔ရွိ
please wait

No media source currently available

0:00 0:04:03 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG