သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္ ႐ုိဟင္ဂ်ာရြာ ေပါက္ကြဲမႈျဖစ္ပြား


ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ေက်းရြာ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ မီးေလာက္ၿပီး ျမင္ကြင္း။ (ဓာတ္ပုံ - ဦးေအာ္ေသာင္းေရႊ။ ဒီဇင္ဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ ႐ုိဟင္ဂ်ာေက်းရြာအတြင္းကုိ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေနအိမ္ႏွစ္လုံး မီးေလာင္သြားၿပီး ေက်းရြာသားေတြ ထြက္ေျပးေနရတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။ လႊတ္ေတာ္အမတ္ေတြနဲ႔ ေဒသခံေတြကေတာ့ တပ္မေတာ္ကပစ္တဲ့ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာ ျဖစ္တယ္လို႔ ေျပာဆိုၾကေပမယ့္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကေတာ့ သူတို႔ပစ္တာ မဟုတ္သလို အဲဒီဘက္မွာ သူတို႔တပ္လည္း မရွိဘူးလို႔ ေျပာပါတယ္။ အျပည့္အစံုကို ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏုိင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ ႐ုိဟင္ဂ်ာေက်းရြာအတြင္းကို ဒီကေန႔မနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေနအိမ္ႏွစ္လုံး မီးေလာင္သြားၿပီး ေက်းရြာသားေတြ ထြက္ေျပးေနရတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ေျပာပါတယ္။

“ဘူးသီးေတာင္ၿမိဳ႕နယ္ စံဂိုးေတာင္အုပ္စုမွာ မေန႔က ၃၁ ဘုံ ဘုရားကုန္းေပၚကေနၿပီးေတာ့ တပ္မေတာ္ကေနၿပီးေတာ့ လက္နက္ႀကီးေတြ ပစ္ခတ္တယ္။ အဲဒီပစ္ခတ္တဲ့ လက္နက္ႀကီးေတြဟာ ဆင္ေသျပင္ေက်းရြာမွာ က်ေရာက္ေပါက္ကြဲမႈေတြျဖစ္တယ္။ အဲဒီမွာ ႏြား ၅ ေကာင္ ေသသြားတယ္။ အိမ္တလုံး ပ်က္စီးသြားတယ္။ ဒီေန႔မနက္က ၈ နာရီေက်ာ္ေလာက္မွာ ျပန္ၿပီးေတာ့ လက္နက္ႀကီး ျပန္ပစ္တယ္။ ပစ္တဲ့အခါမွာ အဲဒီ ဆင္ေသျပင္ေက်းရြာမွာ ေနအိမ္ႏွစ္လံုး မီးေလာင္သြားတယ္။ တိုက္ပြဲျဖစ္တာ မရွိပါဘူး။ သူတို႔က ဒီလိုပဲ ဘုရားကုန္းေပၚက ေနၿပီးေတာ့ အေရွ႕ဘက္ကို ဒီလိုပစ္ေနၾကပါ။ ေန႔တိုင္းပစ္ေနတယ္။ အဲဒီလိုမ်ိဳး။”

ဒီကေန႔မနက္ပိုင္းက အဲဒီ ဆင္ေသျပင္ ရိုဟင္ဂ်ာေက်းရြာမွာ တိုက္ပြဲျဖစ္ပြားတာမရွိဘဲ တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ အရင္ကလည္း ေသဆံုးသူေတြ ရွိခဲ့သလို အခုလည္း ေဒသခံေတြ ေၾကာက္လန္႔ၿပီး ထြက္ေျပးေနရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“ေဒသခံေတြကေတာ့ ေၾကာက္ၿပီးေတာ့ ေျပးသြားၾကတာ ၾကာၿပီ။ စံဂိုးေတာင္အုပ္စုမွာ ဥယ်ာဥ္သာ၊ ခ်ရွားေတာင္း၊ ႏြား႐ုံေတာင္၊ ကြမ္းေတာင္၊ စပါးထားဆိုတဲ့ ရြာေတြမွာ လူတေယာက္မွ မရွိေတာ့ဘူး။ အဲဒီမွာ ဒီဆင္ေသျပင္ေက်းရြာတရြာပဲ က်န္တယ္။ အဲဒီေက်းရြာက လူတခ်ဳိ႕လည္း ထြက္ေျပးေနၾကပါတယ္ခင္ဗ်ာ။ အဲဒီ ဆင္ေသျပင္ေက်းရြာမွာ အရင္ကတည္းကလည္း တပ္ကပစ္လို႔ ငါးရွာတဲ့ လူတေယာက္ ဆံုးသြားတာရွိတယ္။ ေနာက္ၿပီးေတာ့ လက္နက္ႀကီးက်ၿပီးေတာ့ ကိုယ္ဝန္သည္ အမ်ိဳးသမီးတေယာက္ ကိုယ္ဝန္ပ်က္သြားတာလည္း ရွိတယ္။”

ဆင္ေသျပင္ ေဒသခံတဦးကေတာ့ တိုက္ပြဲမရွိဘဲ အခုလို လက္နက္ႀကီး ပစ္ခတ္ေနတာေတြေၾကာင့္ ေၾကာက္လန္႔ေနၾကရတယ္လို႔ ေျပာပါတယ္။

“အဲဒီမွာ တိုက္ပြဲလည္းမရွိဘူး။ သူတို႔ လက္နက္ႀကီးေတြနဲ႔ပစ္လို႔ အိမ္ႏွစ္လံုး မီးေလာင္သြားပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ ရြာသားေတြက ေၾကာက္ေနၾကရတယ္။ တိုက္ပြဲမရွိဘဲနဲ႔ ပစ္လို႔ က်ေနာ္တို႔ရြာက မီးေလာင္ရတယ္။ အဲဒါေၾကာင့္ ရြာသားေတြ ေၾကာက္လို႔ မေနခ်င္ၾကဘူး။”

ဆင္ေသျပင္ ႐ုိဟင္ဂ်ာေက်းရြာကို က်တဲ့ လက္နက္ႀကီးက်ည္ဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ၃၁ ဘံု ဘုရားအနီးမွာရွိတဲ့ တပ္က ပစ္တာျဖစ္တယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာဆိုၾကေပမယ့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးကေတာ့ သူတို႔ပစ္တာ မဟုတ္ဘူး လို႔ေျပာပါတယ္။

“အဲဒါကေတာ့ မဟုတ္ဘူး။ ဒီေန႔ တိုက္ပြဲျဖစ္တာက အဲဒီဘက္မွာ မျဖစ္ဘူး။ တိုက္ပြဲျဖစ္တာက ေျမာက္ဦးၿမိဳ႕နယ္ လက္ကာဘက္မွာပဲ ျဖစ္တာ။ က်န္တဲ့ေနရာ ဘယ္ေနရာမွ ျဖစ္တာမရွိဘူး။ မပစ္ဘူး မလုပ္ဘူး အဲဒီဘက္မွာ တိုက္ပြဲလည္းမျဖစ္ဘူး။ အဲဒီ ဆင္ေသျပင္နားမွာ က်ေနာ့္တပ္ေတြေတာင္ မရွိဘူး၊ နည္းနည္းေတာ့လြဲေနၿပီ။ လက္ကာနားမွာေတာ့ အခုအခ်ိန္ထိ ျဖစ္ေနတုန္းပဲ။”

ဘူးသီးေတာင္ၿမိဳ႕နယ္ဘက္ေတြမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားတာေတြ လတ္တေလာ မရွိေပမယ့္ ၿပီးခဲ့ရက္ပိုင္းက NLD ပါတီဥကၠ႒ တဦးကုိ AA ဘက္က ဖမ္းဆီးထားတာရွိသလို ဒီကေန႔မွာလည္း ေက်းရြာအတြင္း လက္နက္ႀကီး က်ေရာက္ေပါက္ကြဲတာေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနရ တာလည္း ျဖစ္ပါတယ္။

ဆင္ေသျပင္ေက်းရြာဟာ ႐ုိဟင္ဂ်ာေတြ ေနထိုင္တဲ့ ေက်းရြာတခုျဖစ္ေပမယ့္ ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံထားတာလည္း ျဖစ္ပါတယ္။

---------------------------------

(Unicode)

ဘူးသီးတောင် ရိုဟင်ဂျာရွာ ပေါက်ကွဲမှုဖြစ်ပွား

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။ လွှတ်တော်အမတ်တွေနဲ့ ဒေသခံတွေကတော့ တပ်မတော်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆိုကြပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်သလို အဲဒီဘက်မှာ သူတို့တပ်လည်း မရှိဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“ဘူးသီးတောင်မြို့နယ် စံဂိုးတောင်အုပ်စုမှာ မနေ့က ၃၁ ဘုံ ဘုရားကုန်းပေါ်ကနေပြီးတော့ တပ်မတော်ကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တယ်။ အဲဒီပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ဆင်သေပြင်ကျေးရွာမှာကျရောက်ပေါက်ကွဲမှုတွေဖြစ်တယ်။ အဲဒီမှာ နွား ၅ ကောင် သေသွားတယ်။ အိမ်တလုံး ပျက်စီးသွားတယ်။ ဒီနေ့မနက်က ၈ နာရီကျော်လောက်မှာ ပြန်ပြီးတော့ လက်နက်ကြီး ပြန်ပစ်တယ်။ ပစ်တဲ့အခါမှာ အဲဒီ ဆင်သေပြင်ကျေးရွာမှာ နေအိမ်နှစ်လုံး မီးလောင်သွားတယ်။ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သူတို့က ဒီလိုပဲ ဘုရားကုန်းပေါ်က နေပြီးတော့ အရှေ့ဘက်ကို ဒီလိုပစ်နေကြပါ။ နေ့တိုင်းပစ်နေတယ်။ အဲဒီလိုမျိုး။”

ဒီကနေ့မနက်ပိုင်းက အဲဒီ ဆင်သေပြင် ရိုဟင်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရင်ကလည်း သေဆုံးသူတွေ ရှိခဲ့သလို အခုလည်း ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေသခံတွေကတော့ ကြောက်ပြီးတော့ ပြေးသွားကြတာ ကြာပြီ။ စံဂိုးတောင်အုပ်စုမှာ ဥယျာဉ်သာ၊ ချရှားတောင်း၊ နွားရုံတောင်၊ ကွမ်းတောင်၊ စပါးထားဆိုတဲ့ ရွာတွေမှာ လူတယောက်မှ မရှိတော့ဘူး။ အဲဒီမှာ ဒီဆင်သေပြင်ကျေးရွာတရွာပဲ ကျန်တယ်။ အဲဒီကျေးရွာက လူတချို့လည်း ထွက်ပြေးနေကြပါတယ်ခင်ဗျာ။ အဲဒီ ဆင်သေပြင်ကျေးရွာမှာ အရင်ကတည်းကလည်း တပ်ကပစ်လို့ ငါးရှာတဲ့ လူတယောက် ဆုံးသွားတာရှိတယ်။ နောက်ပြီးတော့ လက်နက်ကြီးကျပြီးတော့ ကိုယ်ဝန်သည် အမျိုးသမီးတယောက် ကိုယ်ဝန်ပျက်သွားတာလည်း ရှိတယ်။”

ဆင်သေပြင် ဒေသခံတဦးကတော့ တိုက်ပွဲမရှိဘဲ အခုလို လက်နက်ကြီး ပစ်ခတ်နေတာတွေကြောင့် ကြောက်လန့်နေကြရတယ်လို့ ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲလည်းမရှိဘူး။ သူတို့ လက်နက်ကြီးတွေနဲ့ပစ်လို့ အိမ်နှစ်လုံး မီးလောင်သွားပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရွာသားတွေက ကြောက်နေကြရတယ်။ တိုက်ပွဲမရှိဘဲနဲ့ ပစ်လို့ ကျနော်တို့ရွာက မီးလောင်ရတယ်။ အဲဒါကြောင့် ရွာသားတွေ ကြောက်လို့ မနေချင်ကြဘူး။”

ဆင်သေပြင် ရိုဟင်ဂျာကျေးရွာကို ကျတဲ့ လက်နက်ကြီးကျည်ဟာ ဘူးသီးတောင်မြို့နယ် ၃၁ ဘုံ ဘုရားအနီးမှာရှိတဲ့ တပ်က ပစ်တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်ဘူး လို့ပြောပါတယ်။

“အဲဒါကတော့ မဟုတ်ဘူး။ ဒီနေ့ တိုက်ပွဲဖြစ်တာက အဲဒီဘက်မှာ မဖြစ်ဘူး။ တိုက်ပွဲဖြစ်တာက မြောက်ဦးမြို့နယ် လက်ကာဘက်မှာပဲ ဖြစ်တာ။ ကျန်တဲ့နေရာ ဘယ်နေရာမှ ဖြစ်တာမရှိဘူး။ မပစ်ဘူး မလုပ်ဘူး အဲဒီဘက်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ အဲဒီ ဆင်သေပြင်နားမှာ ကျနော့်တပ်တွေတောင် မရှိဘူး၊ နည်းနည်းတော့လွဲနေပြီ။ လက်ကာနားမှာတော့ အခုအချိန်ထိ ဖြစ်နေတုန်းပဲ။”

ဘူးသီးတောင်မြို့နယ်ဘက်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာတွေ လတ်တလော မရှိပေမယ့် ပြီးခဲ့ရက်ပိုင်းက NLD ပါတီဥက္ကဋ္ဌ တဦးကို AA ဘက်က ဖမ်းဆီးထားတာရှိသလို ဒီကနေ့မှာလည်း ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ တာလည်း ဖြစ်ပါတယ်။

ဆင်သေပြင်ကျေးရွာဟာ ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတခုဖြစ်ပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG