သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခို္င္ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ တိုက္ပြဲျဖစ္ပြား


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ရခိုင္စစ္ေရွာင္ မိသားစု (ဇန္န၀ါရီ၊ ၂၅၊ ၂၀၁၉)

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ႕နယ္ ကြမ္းေတာင္နဲ႔ ၾကာညိဳျပင္ရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ဒီကေန႔မနက္အေစာပိုင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြေရာ ႏွစ္ထက္တပ္တာ၀န္ရွိသူေတြက ေျပာပါတယ္။ မေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္ဘက္က ဗုံးခြဲ တိုက္ခိုက္ခံရသလို ပစ္ခတ္မႈေတြအတြင္း ရြာသားေတြလည္း စစ္ေရွာင္ ေနရပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္က ေနေျပာျပေပးမွာပါ။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ျမိဳ႕နယ္၊ ကြမ္းေတာင္ရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ ဒီမနက္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက ေျပာပါတယ္။

“အဲဒီနားမွာပဲ လွည့္ပတ္ျပီး တိုက္ပြဲျဖစ္ေနတာပဲ။ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြက နယ္ေျမရွင္းတဲ့အခါမွာ AA နဲ႔ ထိေတြ႔မႈ ျဖစ္ျပီးေတာ့မွ သူပစ္ကိုယ္ပစ္ ပစ္တာ။ ကိုယ့္ဘက္ကေတာ့ ဘာမွမျဖစ္ဘူး။ AA ဘက္ကေတာ့ အေလာင္း လက္နက္ရတယ္။ ဘယ္ေလာက္ရလည္းေတာ့ က်ေနာ္မသိဘူး။”

ကြမ္းေတာင္နဲ႔ ၾကာညိဳျပင္ ေက်းရြာေတြဘက္မွာ တိုက္ပြဲျဖစ္တဲ့အေျခအေနကို AA ေျပာခြင့္ရခိုင္သုခက အခုလိုေျပာပါတယ္။

“ဘူးသီးေတာင္ျမိဳ႕နယ္ထဲမွာ ဆိုရင္ေတာ့ ဒီေန႔မွာေတာ့ သရက္ျပင္ရြာေနာက္ျပီးေတာ့ ကြမ္းေတာင္ရြာဘက္မွာ အဲဒီမွာ တိုက္ပြဲ ျဖစ္တာေတြ ရွိတယ္။ ဗမာစစ္တပ္ဘက္ကေနျပီးေတာ့ အဲဒီေနရာကေနျပီးေတာ့ လက္နက္ၾကီးေတြနဲ႔ ေန႔ည မျပတ္ ပစ္ခ်င္တဲ့ အခ်ိန္လွမ္းျပီးေတာ့ ပစ္ေနတာရွိတယ္။ က်ေနာ္တို႔ဘက္ကေတာ့ လက္နက္ၾကီးပစ္တဲ့ ေနရာေတြကို သြားေရာက္ျပီးေတာ့ ရွင္းလင္းရတဲ့ အေနအထားေတြ ရွိတယ္။”

ကြမ္းေတာင္ရြာသား တဦးက ကြမ္းေတာင္နဲ႔ ၾကာညိဳျပင္ ေက်းရြာေတြဘက္မွာ တိုက္ပြဲျပင္းထန္ေၾကာင္း အတည္ျပဳေျပာပါတယ္။

“ဒီေန႔ မနက္အေစာၾကီး တနာရီ ၂၅ မိနစ္ေလာက္က ပစ္သံခတ္သံ ၾကားတယ္ဗ်ား။၅ မိနစ္ေက်ာ္ေက်ာ္ အၾကာမွာေတာ့ ၾကီးၾကီးက်ယ္က်ယ္ ဟိုဘက္လွမ္းပစ္ ဒီဘက္လွမ္းပစ္။ ကြမ္းေတာင္မွာေရာက္ေနတာက ျမန္မာဘက္က ေရာက္ေနတာၾကာျပီ။ တိုက္ပြဲအကုန္စင္ တိတိက်က် မသိရေသးဘူး က်ေနာ္တို႔ေလ။”

ျပီးခဲ့တဲ့ စေနေန႔ကလည္း သရက္ျပင္ေက်းရြာအနီး စိုင္းတင္တံတားမွာ လုံျခံဳေရးယူေနတဲ့ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔ေတြကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ပစ္ခတ္ခဲ့ပါတယ္။

AA အဖြဲ႔ကေန လက္နက္ၾကီးနဲ႔ ပစ္ခတ္တာလို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“စေနေန႔မနက္ခင္းတုန္းက အဲဒီဟာတခုေတာ့ျဖစ္တာ ရွိပါတယ္။ အဲဒီနားက စိုင္းတင္တံတားကို လာပစ္တဲ့ဟာပဲ ရွိတယ္။ အေ၀းကေန လာပစ္တယ္ေပါ့။”

ဒီပစ္ခတ္တိုက္ခိုက္မႈမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈ ရွိခဲ့တယ္လို႔ AA ေျပာခြင့္ရခိုင္သုခက ဆိုပါတယ္။

“က်ေနာ္တို႔ ၾကာညိဳျပင္တံတားအနားမွာ တိုက္ပြဲအျပင္းထန္ျဖစ္ခဲ့တာ ရွိတာေပါ့ေနာ္။ မနက္ မိုးလင္းအာရုဏ္မွာ။ အဲဒီမွာလည္းပဲ ျမန္မာစစ္တပ္ဘက္က အက်ဆုံးေတာ္ေတာ္ေလး မ်ားပါတယ္။”

မေန႔ကေတာ့ ရေသ့ေတာင္ျမိဳ႕နယ္ ထီးစြဲေက်းရြာမွာ တပ္မေတာ္စစ္ေၾကာင္း ဗုံးခြဲတိုက္ခိုက္ခံရျပီး ပစ္ခတ္မႈျဖစ္စဥ္ အတြင္း ရြာသားေတြ ေက်းရြာကေန တိမ္းေရွာင္ေနရတယ္လို႔ ထီးစြဲရြာသား ကိုလွစ္ိန္က ေျပာပါတယ္။

“သူတို႔က ဇက္နဲ႔လာတယ္ေပါ့ စစ္တပ္က။ အေပၚကိုတက္တာပဲ သူတို႔ ထီးစြဲကိုလာတာေပါ့။ အဲဒီလမ္းမွာ သူတို႔တက္တဲ့ေနရာမွာ မိုင္းေပါက္တယ္။ မိုင္းေပါက္ျပီးတာနဲ႔ ပစ္ခတ္သံေတြ ၾကားတာေပါ့ လူေတြကေတာ့။ ရြာသားေတြကအခု ထီးစြဲရြာသားေတြေရာ အကုန္လုံး ထြက္ေျပးေနတယ္။ ေနာက္ထပ္ေအာင္သာစည္၊ ေက်ာက္တန္းရယ္ အကုန္လုံးထြက္ ေျပးေနရတယ္။”

တပ္မေတာ္ ေရတပ္သေဘၤာ တစီးကေန ထီးစြဲရြာကိုဆိုက္ကပ္ရာမွာ လမ္းေၾကာင္းအတြင္းဗုံး ငါး လုံး ေပါက္ကြဲခဲ့ျပီး ျမန္မာစစ္တပ္ဘက္က ပစ္ခတ္မႈေတြေၾကာင့္ ရြာသားေတြလည္း ေၾကာက္လန္႔ျပီး စစ္ေရွာင္ေနရတာပါ။

အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္ေဇာ္ဦးကေတာ့ ထီးစြဲရြာဗုံးကြဲမႈမွာေတာ့ ထိခိုက္မႈ မရွိဘူးလို႔ ေျပာပါတယ္။

ထီးစြဲရြာဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း AA ေျပာခြင့္ရခိုင္သုခက အတည္ျပဳေျပာေပမဲ့ တိုက္ပြဲျဖစ္စဥ္ကို မသိရေသးဘူးလို႔ ဆိုပါတယ္။

“ထီးစြဲဘက္မွာေတာ့ တိုက္ပြဲရွိတယ္လို႔ ေျပာတာပဲ။ တိုက္ပြဲအေသးစိတ္ကေတာ့ က်ေနာ္ဆီ ဘာမွ မေရာက္လာေသးဘူးဗ်။”

ဒီရက္ပိုင္းအတြင္း ဘူးသီးေတာင္ ရေသ့ေတာင္ ေက်ာက္ေတာ္ မင္းျပား ပုဏၰားကၽြန္းျမိဳ႕နယ္ေတြဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

လက္ရွိ ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ရြာသားဦးေရ ၇၀,၀၀၀ နီးပါး ရွိလာေနျပီးျဖစ္ပါတယ္။

မႏွစ္က ဒီဇင္ဘာလနဲ႔ ဒီႏွစ္အထိ AA နဲ႔ တပ္မေတာ္တုိ႔အၾကား တုိက္ပဲြေတြေၾကာင့္ ေသဆံုးသူ အရပ္သား ၉၀ နီးပါး ရွိေနၿပီး ထိခိုက္ဒဏ္ရာရသူ ၁၂၀ ေက်ာ္ ရွိေနၿပီလို႔ ရခိုင္အရပ္ဘက္ အဖဲြ႔ေတြက ေျပာပါတယ္။

[Unicode Version]

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်နဲ့ ကြာညိုပြင်ရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီကနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရော နှစ်ထက်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်း မြန်မာစစ်တပ်ဘက်က ဗုံးခွဲ တိုက်ခိုက်ခံရသလို ပစ်ခတ်မှုတွေအတွင်း ရွာသားတွေလည်း စစ်ရှောင် နေရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က နေပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ရွာဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“အဲဒီနားမှာပဲ လှည့်ပတ်ပြီး တိုက်ပွဲဖြစ်နေတာပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းတဲ့အခါမှာ AA နဲ့ ထိတွေ့မှု ဖြစ်ပြီးတော့မှ သူပစ်ကိုယ်ပစ် ပစ်တာ။ ကိုယ့်ဘက်ကတော့ ဘာမှမဖြစ်ဘူး။ AA ဘက်ကတော့ အလောင်း လက်နက်ရတယ်။ ဘယ်လောက်ရလည်းတော့ ကျနော်မသိဘူး။”

ကွမ်းတောင်နဲ့ ကြာညိုပြင် ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်တဲ့အခြေအနေကို AA ပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“ဘူးသီးတောင်မြို့နယ်ထဲမှာ ဆိုရင်တော့ ဒီနေ့မှာတော့ သရက်ပြင်ရွာနောက်ပြီးတော့ ကွမ်းတောင်ရွာဘက်မှာ အဲဒီမှာ တိုက်ပွဲ ဖြစ်တာတွေ ရှိတယ်။ ဗမာစစ်တပ်ဘက်ကနေပြီးတော့ အဲဒီနေရာကနေပြီးတော့ လက်နက်ကြီးတွေနဲ့ နေ့ည မပြတ် ပစ်ချင်တဲ့ အချိန်လှမ်းပြီးတော့ ပစ်နေတာရှိတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးပစ်တဲ့ နေရာတွေကို သွားရောက်ပြီးတော့ ရှင်းလင်းရတဲ့ အနေအထားတွေ ရှိတယ်။”

ကွမ်းတောင်ရွာသား တဦးက ကွမ်းတောင်နဲ့ ကြာညိုပြင် ကျေးရွာတွေဘက်မှာ တိုက်ပွဲပြင်းထန်ကြောင်း အတည်ပြုပြောပါတယ်။

“ဒီနေ့ မနက်အစောကြီး တနာရီ ၂၅ မိနစ်လောက်က ပစ်သံခတ်သံ ကြားတယ်ဗျား။၅ မိနစ်ကျော်ကျော် အကြာမှာတော့ ကြီးကြီးကျယ်ကျယ် ဟိုဘက်လှမ်းပစ် ဒီဘက်လှမ်းပစ်။ ကွမ်းတောင်မှာရောက်နေတာက မြန်မာဘက်က ရောက်နေတာကြာပြီ။ တိုက်ပွဲအကုန်စင် တိတိကျကျ မသိရသေးဘူး ကျနော်တို့လေ။”

ပြီးခဲ့တဲ့ စနေနေ့ကလည်း သရက်ပြင်ကျေးရွာအနီး စိုင်းတင်တံတားမှာ လုံခြုံရေးယူနေတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ပစ်ခတ်ခဲ့ပါတယ်။

AA အဖွဲ့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“စနေနေ့မနက်ခင်းတုန်းက အဲဒီဟာတခုတော့ဖြစ်တာ ရှိပါတယ်။ အဲဒီနားက စိုင်းတင်တံတားကို လာပစ်တဲ့ဟာပဲ ရှိတယ်။ အဝေးကနေ လာပစ်တယ်ပေါ့။”

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ AA ပြောခွင့်ရခိုင်သုခက ဆိုပါတယ်။

“ကျနော်တို့ ကြာညိုပြင်တံတားအနားမှာ တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့တာ ရှိတာပေါ့နော်။ မနက် မိုးလင်းအာရုဏ်မှာ။ အဲဒီမှာလည်းပဲ မြန်မာစစ်တပ်ဘက်က အကျဆုံးတော်တော်လေး များပါတယ်။”

မနေ့ကတော့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာမှာ တပ်မတော်စစ်ကြောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုဖြစ်စဉ် အတွင်း ရွာသားတွေ ကျေးရွာကနေ တိမ်းရှောင်နေရတယ်လို့ ထီးစွဲရွာသား ကိုလှစိန်က ပြောပါတယ်။

“သူတို့က ဇက်နဲ့လာတယ်ပေါ့ စစ်တပ်က။ အပေါ်ကိုတက်တာပဲ သူတို့ ထီးစွဲကိုလာတာပေါ့။ အဲဒီလမ်းမှာ သူတို့တက်တဲ့နေရာမှာ မိုင်းပေါက်တယ်။ မိုင်းပေါက်ပြီးတာနဲ့ ပစ်ခတ်သံတွေ ကြားတာပေါ့ လူတွေကတော့။ ရွာသားတွေကအခု ထီးစွဲရွာသားတွေရော အကုန်လုံး ထွက်ပြေးနေတယ်။ နောက်ထပ်အောင်သာစည်၊ ကျောက်တန်းရယ် အကုန်လုံးထွက် ပြေးနေရတယ်။”

တပ်မတော် ရေတပ်သင်္ဘော တစီးကနေ ထီးစွဲရွာကိုဆိုက်ကပ်ရာမှာ လမ်းကြောင်းအတွင်းဗုံး ငါး လုံး ပေါက်ကွဲခဲ့ပြီး မြန်မာစစ်တပ်ဘက်က ပစ်ခတ်မှုတွေကြောင့် ရွာသားတွေလည်း ကြောက်လန့်ပြီး စစ်ရှောင်နေရတာပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်ဇော်ဦးကတော့ ထီးစွဲရွာဗုံးကွဲမှုမှာတော့ ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။

ထီးစွဲရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြောခွင့်ရခိုင်သုခက အတည်ပြုပြောပေမဲ့ တိုက်ပွဲဖြစ်စဉ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

“ထီးစွဲဘက်မှာတော့ တိုက်ပွဲရှိတယ်လို့ ပြောတာပဲ။ တိုက်ပွဲအသေးစိတ်ကတော့ ကျနော်ဆီ ဘာမှ မရောက်လာသေးဘူးဗျ။”

ဒီရက်ပိုင်းအတွင်း ဘူးသီးတောင် ရသေ့တောင် ကျောက်တော် မင်းပြား ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ရွာသားဦးရေ ၇၀,၀၀၀ နီးပါး ရှိလာနေပြီးဖြစ်ပါတယ်။

မနှစ်က ဒီဇင်ဘာလနဲ့ ဒီနှစ်အထိ AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၉၀ နီးပါး ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၁၂၀ ကျော် ရှိနေပြီလို့ ရခိုင်အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG