သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္၀ၿမိဳ႕နယ္ တုိက္ပဲြအတြင္း သံဃာနဲ႔ အရပ္သားတခ်ဳိ႕ ထိခုိက္ဒဏ္ရာရ


တိုက္ပဲြေတြောကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ဒုကၡသည္မ်ား

ျမန္မာတပ္မေတာ္နဲ႔ ရခိုင္ AA လက္နက္ကိုင္ အဖြဲ႔တို႔အၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ထိခိုက္မႈ မ်ားျပားလာေနတာမွာ ဒီကေန႔ မနက္အေစာပိုင္းက ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္၊ မီး၀ရြာက ဘုန္းေတာ္ၾကီး ပညာသင္ေက်ာင္းအတြင္း လက္နက္ၾကီးေပါက္ကြဲခဲ့လို႔ သံဃာႏွစ္ပါးအပါ၀င္ ေက်ာင္းဆရာနဲ႔ေက်ာင္းသား ေျခာက္ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံရြာသားေတြက ေျပာပါတယ္။ တပ္မေတာ္ဘက္ကေတာ့ မီး၀ရြာေတာင္ေၾကာကေန ရခိုင္လက္နက္ကိုင္ AA ဘက္က ပစ္ခတ္ တိုက္ခိုက္လို႔ တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေျပာပါတယ္။ ေဒသခံေတြနဲ႔ AA ဘက္ကေတာ့ တိုက္ပြဲျဖစ္ပြားတာ မရွိဘဲ ျမန္မာစစ္တပ္ဘက္က ပစ္ခတ္တာလို႔ စြတ္စြဲထားပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ မီး၀ေက်းရြာအတြင္း ဒီကေန႔မနက္အေစာပိုင္း တပ္မေတာ္ စစ္သေဘၤာကေန လက္နက္ၾကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ဘုန္းၾကီးေက်ာင္းအတြင္း က်ေရာက္ေပါက္ကြဲခဲ့လို႔ သံဃာေတာ္ေတြနဲ႔ ေက်ာင္းဆရာမ ေက်ာင္းသားငယ္ေတြ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံရြာသားတဦးကေျပာပါတယ္။

“ညတုန္းကေတာ့ အေျခအေနကေတာ့ ည တနာရီ၀န္းက်င္ေလာက္ေပါ့ေနာ္။ လက္နက္ၾကီး အသံၾကားတယ္။ အသံေတြကလဲ အမ်ားၾကီးပဲ။ က်ေနာ္တို႔ မီး၀ေက်ာင္းဆရာေတာ္က ကေလးေတြကို ဆရာ၊ ဆရာမေတြကိုေခၚျပီးမွ ေက်ာင္းသူ ေက်ာင္းသားေတြကို ေခၚျပီးမွ ေက်ာင္းရဲ႕ အေနာက္ဘက္မွာ ေက်ာင္းအေဆာင္အၾကားေပါ့။ လုံျခံဳတဲ့ ေနရာဆိုျပီးမွ အဲဒီမွာ ေနၾကတယ္။ သူတို႔ ကုလားတန္ျမစ္ထဲကေန ပစ္တာ။ NAVY ကေန ပစ္တာ။ NAVY ပစ္တဲ့အခါမွာ ေနာက္ဆုံး တလုံး လက္နက္ၾကီး က်ည္လာျပီးေတာ့ က်တယ္ အဲဒီေနရာမွာ။ ဆရာေတာ္က်ည္မွာ ထိတယ္။ ျပီးေတာ့ ေက်ာင္းဆရာမ တေယာက္ ထိတယ္။ ျပီးေတာ့ ကိုရင္တပါး။ ေက်ာင္းသား သံုး ေယာက္။ စုစုေပါင္း ေျခာက္ ေယာက္ မနက္မိုးလင္းတာနဲ႔ က်ေနာ္တို႔ ေက်ာက္ေတာ္ေဆးရံုကို ပို႔လိုက္တယ္။”

မီး၀ရြာဟာ ကုလားတန္ျမစ္ကမ္းနားမွာ ရွိတဲ့ရြာျဖစ္ျပီး လက္နက္ၾကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ဘုန္ေတာ္ၾကီး ပညာသင္ေက်ာင္းက ဆရာမနဲ႔ ေက်ာင္းသား အပါ၀င္ သံဃာေတာ္ေတြ ထိခိုက္ဒဏ္ရာ ရရွိျပီး ဒီမနက္မွာ ေက်ာက္ေတာ္ေဆးရံုကို ပို႔ေဆာင္ခဲ့ရပါတယ္။

ဒီမနက္ပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ရြာသားေတြ ထိခိုက္မႈရွိေနတဲ့အေပၚ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ေရလမ္းေၾကာင္း လုံျခံဳေရးတပ္ဖြဲ႔ေတြ ရွိတယ္။ ျပီးရင္က်ေနာ္တို႔ အုပ္ခ်ဳပ္မႈလုပ္တဲ့ ကမ္းထိုးယာဥ္ေပါ့ဗ်ာ။ က်ေနာ္တို႔ လိုအပ္တဲ့ အုပ္ခ်ဳပ္မႈကိစၥလုပ္တဲ့ ကမ္းထိုးယာဥ္အတြက္ က်ေနာ္တို႔က ကုလားတန္ျမစ္ေၾကာင္း လုံျခံဳေရးလုပ္တယ္။ လုပ္တဲ့အခါမွာ မီး၀ရြာနဲ႔ မီး၀အနားမွာရွိတဲ့ ေတာင္ေၾကာေပၚမွာ ေနျပီးေတာ့မွ က်ေနာ္တို႔ လုံျခံဳေရး တပ္ဖြဲ႔၀င္ေတြကို ညတုန္းက ပစ္တာေပါ့ဗ်ာ။ ည ၂ နာရီ၀န္းက်င္ေလာက္မွာ ပစ္ၾကတာေပါ့ဗ်ာ။ ပစ္တဲ့အခါမွာ သူပစ္၊ ကိုယ္ပစ္… ပစ္တာရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ဒဏ္ရာရတယ္လို႔ေတာ့ ၾကားတယ္။ က်ေနာ္က ဒါကေတာ့ တိတိက်က် မသိဘူး။ AA က ဟုတ္လား ရြာေတြနားကေနျပီးေတာ့မွ အေျခခံျပီး လာပစ္တာတို႔ ဘုန္းၾကီးေက်ာင္းကို အေျခခံျပီး လာပစ္တာတို႔ ဒီဟာမ်ိဳးေတြ လာလာလုပ္တာ ရွိတယ္။ က်ေနာ္တို႔က အုပ္ခ်ဳပ္မႈ ကိစၥလုပ္တာ။ လာျပီးေတာ့ အေႏွာက္ယွက္ မေပးနဲ႔ေလ။ ဒါေတာ့ ရွင္းထုတ္ရမွာပဲေလ။ အဲဒီက်မွ ဒီဘက္ပစ္လို႔ ဟိုရြာသားမွန္တယ္။ ဒီရြာသား မွန္တယ္။ က်ေနာ္တို႔ ဒါကေတာ့ ေျပာလို႔မရဘူး။ လာျပီးအေႏွာက္ယွက္ေပးရင္ေတာ့ က်ေနာ္တို႔ကေတာ့ တုံ႕ျပန္ရမွာပဲ။”

ေဒသခံမီး၀ရြာသူတဦးကေတာ့ ဒီမနက္ပစ္ခတ္မႈဟာ ႏွစ္ဘက္ တိုက္ပြဲျဖစ္ပြားတာ မရွိဘူးလို႔ ဆိုပါတယ္။

“တိုက္ပြဲေတာ့မျဖစ္ဘူး။ တိုက္ပြဲျဖစ္တာေတာ့ မရွိ။ သူတို႔က လက္နက္အင္အားေတြနဲ႔ ပစ္တယ္။”

ရခိုင္လက္နက္ကုိင္အဖြဲ႔ AA ရဲ႕ျပန္ၾကားေရးတာ၀န္ခံခိုင္သုခကလဲ ဒီေန႔မွာ ပလက္၀ျမိဳ႕နယ္ဘက္ တိုက္ပြဲမျဖစ္ခဲ့ဘူးလို႔ ဆိုပါတယ္။

“မနက္ကျဖစ္တဲ့ ဥစၥာက ဗမာစစ္တပ္ဘက္က တဘက္သတ္ ပစ္တာဗ်။ အဲဒီလိုမ်ိဳး ႏွစ္ဘက္တိုက္ပြဲျဖစ္တာ လုံး၀မရွိဘူး။ သူတို႔ကေနျပီးေတာ့ ဒါ ရခိုင္ေတြအေပၚမွာ အျငိဳးအေတးၾကီးစြာနဲ႔ ရြြာေတြကို သက္သက္ေနျပီးေတာ့ ဒါ ရည္ရြယ္ခ်က္ ရွိရွိနဲ႔ေနျပီးေတာ့ လုပ္ၾကံပစ္ခတ္ေနတာဗ်။”

ျပီးခဲ့တဲ့ စက္တင္ဘာလ၂၉ ရက္ေန႔ကလည္း မီး၀ေက်းရြာဘက္ လက္နက္ၾကီး က်ေရာက္ေပါက္ကြဲခဲ့လို႔ ရြာသား ႏွစ္ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြ အစဥ္ျဖစ္ပြားေနတာပါ။

ရခိုင္ျပည္နယ္မွာ ၂၀၁၈ ဒီဇင္ဘာလကေန ၂၀၁၉ စက္တင္ဘာလအထိ ျဖစ္ပြားခဲ့တဲ့ တုိက္ပြဲအတြင္း အရပ္သား ထိခိုက္ေသဆံုးမႈ လူ ၈၀ ေက်ာ္အထိရိွေနျပီး ထိခိုက္ဒဏ္ရာရရွိသူ ၁၂၀ ေက်ာ္ေလာက္အထိ ရိွေနၿပီလို႔ ရခုိင္လႊတ္ ေတာ္ကိုယ္စားလွယ္ေတြက ေျပာဆိုထားပါတယ္။

ရခုိင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့တိုက္ပြဲအတြင္း လက္နက္ကိုင္အဖြဲ႔ေတြအေနနဲ႔ အရပ္သားျပည္သူေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္ျခင္းကို ေ႐ွာင္႐ွားၾကေစဖို႕ ျပည္နယ္အစိုးရအဖြဲ႔ကေန လိုအပ္တဲ့ အစီအမံေတြ ေဆာင္႐ြက္ေပးေရး တိုက္တြန္းေၾကာင္းအဆိုကို ရခုိင္ျပည္နယ္ လႊတ္ေတာ္ကေန မေန႔ကမဲခြဲၿပီး အတည္ျပဳခဲ့ပါတယ္။

လႊတ္ေတာ္ကေန အတည္ျပဳျပီး ဒီမနက္မွာပဲ ပလက္၀ျမိဳ႕နယ္အတြင္း အရပ္သားေတြအေပၚ ပစ္မွတ္ထားတိုက္ခိုက္မႈျဖစ္စဥ္ ျဖစ္ပြားလာတာလည္း ျဖစ္ပါတယ္။

[Unicode Version]

မြန်မာတပ်မတော်နဲ့ ရခိုင် AA လက်နက်ကိုင် အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှု များပြားလာနေတာမှာ ဒီကနေ့ မနက်အစောပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝရွာက ဘုန်းတော်ကြီး ပညာသင်ကျောင်းအတွင်း လက်နက်ကြီးပေါက်ကွဲခဲ့လို့ သံဃာနှစ်ပါးအပါဝင် ကျောင်းဆရာနဲ့ကျောင်းသား ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မီးဝရွာတောင်ကြောကနေ ရခိုင်လက်နက်ကိုင် AA ဘက်က ပစ်ခတ် တိုက်ခိုက်လို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတွေနဲ့ AA ဘက်ကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာလို့ စွတ်စွဲထားပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဝကျေးရွာအတွင်း ဒီကနေ့မနက်အစောပိုင်း တပ်မတော် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ သံဃာတော်တွေနဲ့ ကျောင်းဆရာမ ကျောင်းသားငယ်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတဦးကပြောပါတယ်။

“ညတုန်းကတော့ အခြေအနေကတော့ ည တနာရီဝန်းကျင်လောက်ပေါ့နော်။ လက်နက်ကြီး အသံကြားတယ်။ အသံတွေကလဲ အများကြီးပဲ။ ကျနော်တို့ မီးဝကျောင်းဆရာတော်က ကလေးတွေကို ဆရာ၊ ဆရာမတွေကိုခေါ်ပြီးမှ ကျောင်းသူ ကျောင်းသားတွေကို ခေါ်ပြီးမှ ကျောင်းရဲ့ အနောက်ဘက်မှာ ကျောင်းအဆောင်အကြားပေါ့။ လုံခြုံတဲ့ နေရာဆိုပြီးမှ အဲဒီမှာ နေကြတယ်။ သူတို့ ကုလားတန်မြစ်ထဲကနေ ပစ်တာ။ NAVY ကနေ ပစ်တာ။ NAVY ပစ်တဲ့အခါမှာ နောက်ဆုံး တလုံး လက်နက်ကြီး ကျည်လာပြီးတော့ ကျတယ် အဲဒီနေရာမှာ။ ဆရာတော်ကျည်မှာ ထိတယ်။ ပြီးတော့ ကျောင်းဆရာမ တယောက် ထိတယ်။ ပြီးတော့ ကိုရင်တပါး။ ကျောင်းသား သုံး ယောက်။ စုစုပေါင်း ခြောက် ယောက် မနက်မိုးလင်းတာနဲ့ ကျနော်တို့ ကျောက်တော်ဆေးရုံကို ပို့လိုက်တယ်။”
မီးဝရွာဟာ ကုလားတန်မြစ်ကမ်းနားမှာ ရှိတဲ့ရွာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဘုန်တော်ကြီး ပညာသင်ကျောင်းက ဆရာမနဲ့ ကျောင်းသား အပါဝင် သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရရှိပြီး ဒီမနက်မှာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ဒီမနက်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရွာသားတွေ ထိခိုက်မှုရှိနေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ ရေလမ်းကြောင်း လုံခြုံရေးတပ်ဖွဲ့တွေ ရှိတယ်။ ပြီးရင်ကျနော်တို့ အုပ်ချုပ်မှုလုပ်တဲ့ ကမ်းထိုးယာဉ်ပေါ့ဗျာ။ ကျနော်တို့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စလုပ်တဲ့ ကမ်းထိုးယာဉ်အတွက် ကျနော်တို့က ကုလားတန်မြစ်ကြောင်း လုံခြုံရေးလုပ်တယ်။ လုပ်တဲ့အခါမှာ မီးဝရွာနဲ့ မီးဝအနားမှာရှိတဲ့ တောင်ကြောပေါ်မှာ နေပြီးတော့မှ ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ညတုန်းက ပစ်တာပေါ့ဗျာ။ ည ၂ နာရီဝန်းကျင်လောက်မှာ ပစ်ကြတာပေါ့ဗျာ။ ပစ်တဲ့အခါမှာ သူပစ်၊ ကိုယ်ပစ်… ပစ်တာရှိတယ်။ တချို့ကျတော့လည်း ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ ကျနော်က ဒါကတော့ တိတိကျကျ မသိဘူး။ AA က ဟုတ်လား ရွာတွေနားကနေပြီးတော့မှ အခြေခံပြီး လာပစ်တာတို့ ဘုန်းကြီးကျောင်းကို အခြေခံပြီး လာပစ်တာတို့ ဒီဟာမျိုးတွေ လာလာလုပ်တာ ရှိတယ်။ ကျနော်တို့က အုပ်ချုပ်မှု ကိစ္စလုပ်တာ။ လာပြီးတော့ အနှောက်ယှက် မပေးနဲ့လေ။ ဒါတော့ ရှင်းထုတ်ရမှာပဲလေ။ အဲဒီကျမှ ဒီဘက်ပစ်လို့ ဟိုရွာသားမှန်တယ်။ ဒီရွာသား မှန်တယ်။ ကျနော်တို့ ဒါကတော့ ပြောလို့မရဘူး။ လာပြီးအနှောက်ယှက်ပေးရင်တော့ ကျနော်တို့ကတော့ တုံ့ပြန်ရမှာပဲ။”

ဒေသခံမီးဝရွာသူတဦးကတော့ ဒီမနက်ပစ်ခတ်မှုဟာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲတော့မဖြစ်ဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိ။ သူတို့က လက်နက်အင်အားတွေနဲ့ ပစ်တယ်။”

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ပြန်ကြားရေးတာဝန်ခံခိုင်သုခကလဲ ဒီနေ့မှာ ပလက်ဝမြို့နယ်ဘက် တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

“မနက်ကဖြစ်တဲ့ ဥစ္စာက ဗမာစစ်တပ်ဘက်က တဘက်သတ် ပစ်တာဗျ။ အဲဒီလိုမျိုး နှစ်ဘက်တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ သူတို့ကနေပြီးတော့ ဒါ ရခိုင်တွေအပေါ်မှာ အငြိုးအတေးကြီးစွာနဲ့ ရွာတွေကို သက်သက်နေပြီးတော့ ဒါ ရည်ရွယ်ချက် ရှိရှိနဲ့နေပြီးတော့ လုပ်ကြံပစ်ခတ်နေတာဗျ။”

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မီးဝကျေးရွာဘက် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသား နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ အစဉ်ဖြစ်ပွားနေတာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှု လူ ၈၀ ကျော်အထိရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်လောက်အထိ ရှိနေပြီလို့ ရခိုင်လွှတ် တော်ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်ကနေ မနေ့ကမဲခွဲပြီး အတည်ပြုခဲ့ပါတယ်။

လွှတ်တော်ကနေ အတည်ပြုပြီး ဒီမနက်မှာပဲ ပလက်ဝမြို့နယ်အတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG