သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္မ်ား ICJ အမႈ စိတ္၀င္စား


႐ိုဟင္ဂ်ာဒုကၡသည္မ်ား ICJ အမႈ တုိက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္ရႈေနစဥ္

(Zawgyi/Unicode)

Gambia ႏိုင္ငံက ျမန္မာႏုိင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျဖတ္ဖုိ႔ ရည္႐ြယ္ခ်က္ရွိေနတဲ့အတြက္ ဟန္႔တားေပးႏိုင္ဖို႔၊ ICJ-ႏုိင္ငံတကာတရား႐ံုး အေနနဲ႔ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ခ်က္ ခ်မွတ္ႏိုင္ေရး ဦးတိုက္ေလွ်ာက္ထားခ်က္ ၾကားနာေနတာနဲ႔ ပတ္သက္လို႔ ရိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ သေဘာထားအျမင္ကို တင္ျပေပးခ်င္ပါတယ္။ ဘဂၤလားေဒ့္ရွ္ႏိုင္ငံ Cox’s Bazar မွာ ခိုလံႈေနတဲ့ Rohingya ဒုကၡသည္ Azid ကို ေဒၚခင္စိုးဝင္းက ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလို စေျဖပါတယ္။

ေျဖ ။ ။ က်ေနာ္တို႔ ဒုကၡသည္စခန္းမွာ အရင္တုန္းက အင္တာနက္လုိင္းေတြပိတ္ထားတာ သံုးလေလာက္ ရွိခဲ့ပါၿပီ။ ေနာက္ၿပီးေတာ့ ICJ မွာ ဂမ္ဘီယာရဲ႕တရားစြဲမႈ နဲ႔အတူတူ ဒီမွာ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြမွာ အင္တာနက္လုိင္းေတြဖြင့္ေပးတာကို သိျမင္ရလို႔ က်ေနာ္တို႔က အရမ္းကို ဝမ္းသာမိပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔က ဒုကၡသည္စခန္းထဲမွာ ရွိေနတဲ့ မိုဘုိင္းဖုန္းထဲမွာ ICJ က တင္ထားတဲ့ live ေတြကို လူအမ်ားေတြ စုၿပီးေတာ့ ၾကည့္ခဲ့တာျဖစ္ပါတယ္။

ေမး။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ICJ မွာ ေျပာဆုိေနတာေတြက အဂၤလိပ္လို ေျပာဆိုေနတယ္ဆိုေတာ့ ႐ိုဟင္ဂ်ာဘာသာစကားနဲ႔ ဘာသာျပန္ေပးတဲ့လူေတြေရာ ရွိပါသလား။

ေျဖ။ ။ အဂၤလိပ္စကားတတ္တဲ့လူေတြက ဝိုင္းဝန္းကူညီၿပီးေတာ့ ဘာသာျပန္ေပးပါတယ္။

ေမး။ ။ အဲဒီေတာ့ ဒီ ဒုကၡသည္စခန္းေတြမွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာေတြအေနနဲ႔ သူတို႔ခံစားခဲ့ရတဲ့ ဒုကၡေတြ၊ ျပႆနာေတြနဲ႔ပတ္သက္ၿပီးေတာ့ အခုလို ႏုိင္ငံတကာ တရား႐ံုးတခုမွာ အမႈေတြတင္ၿပီးေတာ့ ၾကားနာ စစ္ေဆးေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး သိရတဲ့အခါမွာ သူတို႔ ဘယ္လို ခံစားၾကလဲရွင့္။

ေျဖ။ ။ ဟုတ္ကဲ့။ အဲဒါကို ေျပာျပရရင္ ICJ မွာ ပထမေန႔ ဂမ္ဘီယာက ေျပာဆိုတဲ့ ေလွ်ာက္တင္ခ်က္ကို ဒီမွာ ႐ိုဟင္ဂ်ာေတြက ၾကားရလို႔ အရမ္းကို ဝမ္းသာမိပါတယ္။ ေနာက္ၿပီးေတာ့ ကိုယ္ခံစားခဲ့ရတဲ့အျဖစ္အပ်က္ေတြကို တင္ျပတာကို လူေတြကေတြ႔ၿပီးေတာ့ အရမ္းကိုဝမ္းသာမိပါတယ္။

ေနာက္ၿပီးေတာ့ ဒုတိယေန႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနက ရခုိင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာေတြအေပၚ Genocide ျဖစ္တာကို မမွန္ဘူးလို႔ ျငင္းဆိုခဲ့တာကို လူအမ်ားေတြက သိျမင္ရလို႔ အရမ္းကို အားငယ္မိပါတယ္။ ၿပီးေတာ့ ဒီမွာလူေတြက ဘယ္လိုထင္မိသလဲ ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ကမၻာ့ခံု႐ံုးမွာသြားၿပီးေတာ့ ကမၻာ့အလယ္မွာ လူလည္က်ေနတယ္လို႔ ဒီမွာ လူေတြကေျပာေနတာကို က်ေနာ္တုိ႔ ၾကားရပါတယ္။

ဘဂၤလားေဒ့္ရွ္ႏိုင္ငံ Cox’s Bazar မွာ ခိုလံႈေနတဲ့ Rohingya ဒုကၡသည္ Azid ကို ေဒၚခင္စိုးဝင္းက ဆက္သြယ္ေမးျမန္းခဲ့တာပါ။

..................

႐ိုဟင္ဂ်ာဒုကၡသည္မ်ား ICJ အမႈ စိတ္၀င္စား
please wait

No media source currently available

0:00 0:02:35 0:00
တိုက္႐ိုက္ လင့္ခ္

ရိုဟင်ဂျာဒုက္ခသည်များ ICJ အမှုစိတ်ဝင်စား

(Unicode)

Gambia နိုင်ငံက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့အတွက် ဟန့်တားပေးနိုင်ဖို့၊ ICJ-နိုင်ငံတကာတရားရုံး အနေနဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက် ချမှတ်နိုင်ရေး ဦးတိုက်လျှောက်ထားချက် ကြားနာနေတာနဲ့ ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမြင်ကို တင်ပြပေးချင်ပါတယ်။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေတဲ့ Rohingya ဒုက္ခသည် Azid ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စဖြေပါတယ်။

ဖြေ ။ ။ ကျနော်တို့ ဒုက္ခသည်စခန်းမှာ အရင်တုန်းက အင်တာနက်လိုင်းတွေပိတ်ထားတာ သုံးလလောက် ရှိခဲ့ပါပြီ။ နောက်ပြီးတော့ ICJ မှာ ဂမ်ဘီယာရဲ့တရားစွဲမှု နဲ့အတူတူ ဒီမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လိုင်းတွေဖွင့်ပေးတာကို သိမြင်ရလို့ ကျနော်တို့က အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ဒုက္ခသည်စခန်းထဲမှာ ရှိနေတဲ့ မိုဘိုင်းဖုန်းထဲမှာ ICJ က တင်ထားတဲ့ live တွေကို လူအများတွေ စုပြီးတော့ ကြည့်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ICJ မှာ ပြောဆိုနေတာတွေက အင်္ဂလိပ်လို ပြောဆိုနေတယ်ဆိုတော့ ရိုဟင်ဂျာဘာသာစကားနဲ့ ဘာသာပြန်ပေးတဲ့လူတွေရော ရှိပါသလား။

ဖြေ။ ။ အင်္ဂလိပ်စကားတတ်တဲ့လူတွေက ဝိုင်းဝန်းကူညီပြီးတော့ ဘာသာပြန်ပေးပါတယ်။

မေး။ ။ အဲဒီတော့ ဒီ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ အခုလို နိုင်ငံတကာ တရားရုံးတခုမှာ အမှုတွေတင်ပြီးတော့ ကြားနာ စစ်ဆေးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိရတဲ့အခါမှာ သူတို့ ဘယ်လို ခံစားကြလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ အဲဒါကို ပြောပြရရင် ICJ မှာ ပထမနေ့ ဂမ်ဘီယာက ပြောဆိုတဲ့ လျှောက်တင်ချက်ကို ဒီမှာ ရိုဟင်ဂျာတွေက ကြားရလို့ အရမ်းကို ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ ကိုယ်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေကို တင်ပြတာကို လူတွေကတွေ့ပြီးတော့ အရမ်းကိုဝမ်းသာမိပါတယ်။

နောက်ပြီးတော့ ဒုတိယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် Genocide ဖြစ်တာကို မမှန်ဘူးလို့ ငြင်းဆိုခဲ့တာကို လူအများတွေက သိမြင်ရလို့ အရမ်းကို အားငယ်မိပါတယ်။ ပြီးတော့ ဒီမှာလူတွေက ဘယ်လိုထင်မိသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ခုံရုံးမှာသွားပြီးတော့ ကမ္ဘာ့အလယ်မှာ လူလည်ကျနေတယ်လို့ ဒီမှာ လူတွေကပြောနေတာကို ကျနော်တို့ ကြားရပါတယ်။

ဘင်္ဂလားဒေ့်ရှ်နိုင်ငံ Cox’s Bazar မှာ ခိုလှုံနေတဲ့ Rohingya ဒုက္ခသည် Azid ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG