သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာေလွ်ာက္လဲခ်က္အေပၚ ျပည္တြင္းအျမင္


ICJ မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ဗုဒၶဟူးေန႔က ေလွ်ာက္လဲ တင္ျပခ်က္ေတြအေပၚ ျမန္မာႏိုင္ငံတြင္းက သေဘာထားတခ်ိဳ႕ကို ဗြီအိုေအသတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္ေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ မေျမာက္ေၾကာင္း ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလိုက္ပါတယ္။ ျမန္မာဘက္က ေလွ်ာက္လဲမႈေတြနဲ႔ ပတ္သတ္လို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ခုလို သုံးသပ္ေျပာဆိုလိုက္ပါတယ္။

" က်ေနာ့္ အေနနဲ႔ သူေျပာတာ ရွင္းလင္းတယ္လို႔ ထင္ပါတယ္။ ဆိုလိုတာကေတာ့ ျဖစ္စဥ္ကို ေျပာျပသလို ဝန္ခံစရာ ရွိတာလည္း ဝန္ခံတာဘဲေလ။ ဆိုလိုတာက တပ္အေနနဲ႔ အင္အား အလြန္အကြၽံ သုံးခဲ့တယ္။ စစ္ရာဇဝတ္မႈ တခု က်ဴးလြန္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး သူ ဝန္ခံတာဘဲ။ ဒါေပမယ့္ သူက Genocide မေျမာက္ဘူးဆိုတာေတာ့ ခုခံၿပီးေတာ့ ရွင္းလင္းသြားတယ္။ ဒါေပမယ့္ သူ ေထာက္ျပတဲ့ အထဲမွာ ပို အေရးႀကီးတာက ICJ ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ရခိုင္ ေျမာက္ပိုင္း အေရးအခင္းက ပိုၿပီး ရႈပ္ေထြးသြားႏိုင္တယ္ဆိုတာ သူေထာက္ျပေနတာ ဒါကေတာ့ ႏိုင္ငံတကာက ပိုၿပီးေတာ့ အာ႐ုံစိုက္စရာ ကိစၥ တခုလို႔ ထင္ပါတယ္။ တကယ္လို႔ က်ေနာ္တိ့ု အေနနဲ႔ ရခိုင္ ေျမာက္ပိုင္းမွာ ဒီေလာက္ ရႈပ္ေထြးေနတဲ့ AA အပါအဝင္ေပါ့၊ အခုေနာက္ပိုင္းဆို AA နဲ႔လည္း တိုက္ပြဲေတြ ျဖစ္ေနတဲ့ အေျခအေနမ်ိဳး ရွိတဲ့ အခ်ိန္မွာ ဒီဆုံးျဖတ္ခ်က္ေတြသာ လုပ္ခဲ့ရင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း အေျခအေနဟာ ပိုရႈပ္ေထြးသြား ႏိုင္တယ္ဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေထာက္ျပခ်က္က ႏိုင္ငံတကာ အေနနဲ႔ အေလးအနက္ထား စဥ္းစားစရာ ကိစၥျဖစ္မယ္လို႔ ထင္ပါတယ္။ "

ျမန္မာလုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြ အေနနဲ႔ စစ္ဆင္ေရးေတြအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဳးလြန္ခဲ့တယ္ဆိုတာ ထင္ရွားရင္ လူသားခ်င္း စာနာမႈဆိုင္ရာ ႏိုင္ငံတကာ ဥပေဒ၊ လူ႔အခြင့္အေရး သေဘာတူညီခ်က္ေတြအရ အေရးယူႏိုင္ေပမဲ့ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတုန္း သတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္အရ အေရးယူလို႔ မရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ေျပာဆိုခဲ့တာ ရွိပါတယ္။ ျမန္မာစစ္တပ္ အေနနဲ႔ စစ္ရာဇဝတ္မႈေျမာက္တဲ့ လုပ္ရပ္ေတြ က်ဳးလြန္ခဲ့ရင္လည္း လက္ရွိျမန္မာႏိုင္ငံရဲ႕ ဥပေဒေတြနဲ႔အညီ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ေျပာဆိုသြားပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရးလႈပ္ရွားသူ တဦး ျဖစ္တဲ့ ဦးေအာင္ႏိုင္ဦးကေတာ့ လက္ရွိ အေျခအေနအရ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သတ္လို႔ အစိုးရဘက္က ပြင့္လင္းျမင္သာ စြာ ေဖာ္ထုတ္အေရးယူတာေတြကို အေျပာထက္ လက္ေတြ႕ လုပ္ေဆာင္ျပဖို႔ သူက တိုက္တြန္းေျပာဆို လိုက္ပါတယ္။

" က်ေန္ာတို႔ လိုခ်င္တာက က်ဴးလြန္တဲ့ လူေတြကို ဘယ္ေလာက္ အေရးယူလဲ၊ ဘယ္လို အေရးယူလဲ၊ ဘယ္လိုေတြ အေရးယူလဲ ဆိုတာမ်ိဳးကို သိဖို႔ လိုအပ္တယ္။ ဒါ သိမွလည္း ပြင့္လင္းျမင္သာမႈ ရွိမွာ။ သူ႔ဟာသူ စစ္တရား႐ုံးကဘဲ ဘယ္လို ခ်ခ်၊ ဖြဲ႕စည္းပုံ အရ စစ္တရား႐ုံးကခ်၊ ဒါေပမယ့္ အဲဒါေတြကို ဘယ္လိုခ်လဲ ဘယ္လိုေတြ စစ္လဲ ဒါမ်ိဳးကို ၾကားနာခြင့္ကို ေပးရလိမ့္မယ္။ ဒါဟာ ပထမ အခ်က္ေပါ့ေလ။ ဒါႀကီးက ဆုံးျဖတ္ခ်က္ ခ်လိုက္ရင္ ႏိုင္ငံမွာ ပိုဆိုးသြားမယ္၊ ျပဳျပင္ေျပာင္းလဲေရး ကာလမွာ ဆိုေပမယ့္ တဖက္မွာ ခံေနရတဲ့ လူေတြ ရွိတယ္။ က်ဴးလြန္တယ္ဆိုတာ မွန္ေနၿပီဆိုရင္။ ေနာက္ထပ္ မက်ဴးလြန္ဖို႔ အတြက္ တရား႐ုံးက တားမယ္ဆိုရင္ေတာ့ ဒါ က်ေန္ာတို႔က ႀကိဳဆိုရမွာေပါ့။ က်ဴးလြန္တာေတြ ရွိေနၿပီ ေနာက္ထပ္ ဘယ္လိုေတြ မက်ဴးလြန္ဖို႔ လူ႔အခြင့္အေရး ရႈေထာင့္ကေန လူသားခ်င္း စာနာတဲ့ အေနနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ေနာက္ထပ္ မလုပ္ေတာ့ပါဘူးလို႔ အာမခံခ်က္ေတြ၊ ဒါက လူသားဆန္မႈေတြ က်ေန္ာတို႔ အေနနဲ႔ေတာ့ လိုအပ္တာေပါ့။ "

ျမန္မာအေပၚ ဂမ္ဘီယာရဲ႕ တရားစြဲဆိုမႈကေန ႏိုင္ငံတကာဘက္က ဆုံးျဖတ္ခ်က္ တစုံတရာခ်ခဲ့မယ္ ဆိုရင္ လက္ရွိရခိုင္ေဒသအတြက္ သက္ေရာက္မႈ တစုံတရာရွိႏိုင္တယ္ ဆိုတာကို ႏိုင္ငံတကာဘက္က သတိျပဳေစခ်င္တယ္ လို႔ ရခိုင္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

" ဒီ ICJ ကေတာ့ ဒါကို သေဘာတူမလား မတူဘူးလား ေပါ့ေနာ္။ တကယ္လို႔ သေဘာမတူဘူး ဆိုလို႔ရွိရင္ေတာ့ ႏိုင္ငံတကာ ဖိအားေတြ အမ်ားႀကီး ႀကဳံေတြ႕ ႏိုင္စရာ အေၾကာင္း ရွိပါတယ္။ ဒီေတာ့ က်ေနာ္တို႔ ႏိုင္ငံ အေနနဲ႔ေတာ့ ဒါက ေနာင္တခ်ိန္မွာ ဒီ စီးပြားေရး Sanction ပိတ္ဆို႔မႈက အစ ျဖစ္လာႏိုင္ေတာ့ ဒီဒဏ္ကိုေတာ့ က်ေနာ္တို႔ အလူးအလဲ ခံရမယ္ဆိုတာ က်ေနာ္ နားလည္တယ္။ ဘယ္ေလာက္ထိ အဲဒီဘက္က ဝင္ေရာက္ ဆုံးျဖတ္ခ်က္ ခ်တာေတြ ရွိမလဲ ဘယ္ေလာက္ တြန္းအားေပးတာေတြ ရွိမလဲ ဆိုတာလည္း က်ေန္ာတို႔ ေစာင့္ၾကည့္ရမယ့္ အပိုင္းျဖစ္လာတာေပါ့။ ေတာ္ေတာ္ကို ျပင္းျပင္းထန္ထန္နဲ႔ ဖိအားေပးမယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ အေနနဲ႔ေတာ့ တပူေပၚ ႏွစ္ပူဆင့္ ျဖစ္မွာေပါ့။ အဲဒါကိုေတာ့ က်ေနာ္တို႔ ဘက္က စိုးရိမ္ပါတယ္။ အထူးသျဖင့္ ရခိုင္ ေဒသမွာ ဒီျပသနာဟာ ေျမျပင္ အေျခအေနေတြ ပိုၿပီး ရႈပ္ေထြးလာႏိုင္တယ္။ "

တိုက္႐ိုက္ လင့္ခ္


(Unicode)

ICJ မှာ မြန်မာလျှောက်လဲချက်အပေါ် ပြည်တွင်းအမြင်

ICJ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓဟူးနေ့က လျှောက်လဲ တင်ပြချက်တွေအပေါ် မြန်မာနိုင်ငံတွင်းက သဘောထားတချို့ကို ဗွီအိုအေသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ မြန်မာဘက်က လျှောက်လဲမှုတွေနဲ့ ပတ်သတ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

" ကျနော့် အနေနဲ့ သူပြောတာ ရှင်းလင်းတယ်လို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ဖြစ်စဉ်ကို ပြောပြသလို ဝန်ခံစရာ ရှိတာလည်း ဝန်ခံတာဘဲလေ။ ဆိုလိုတာက တပ်အနေနဲ့ အင်အား အလွန်အကျွံ သုံးခဲ့တယ်။ စစ်ရာဇဝတ်မှု တခု ကျူးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး သူ ဝန်ခံတာဘဲ။ ဒါပေမယ့် သူက Genocide မမြောက်ဘူးဆိုတာတော့ ခုခံပြီးတော့ ရှင်းလင်းသွားတယ်။ ဒါပေမယ့် သူ ထောက်ပြတဲ့ အထဲမှာ ပို အရေးကြီးတာက ICJ ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရခိုင် မြောက်ပိုင်း အရေးအခင်းက ပိုပြီး ရှုပ်ထွေးသွားနိုင်တယ်ဆိုတာ သူထောက်ပြနေတာ ဒါကတော့ နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက်စရာ ကိစ္စ တခုလို့ ထင်ပါတယ်။ တကယ်လို့ ကျနော်တိ့ု အနေနဲ့ ရခိုင် မြောက်ပိုင်းမှာ ဒီလောက် ရှုပ်ထွေးနေတဲ့ AA အပါအဝင်ပေါ့၊ အခုနောက်ပိုင်းဆို AA နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုး ရှိတဲ့ အချိန်မှာ ဒီဆုံးဖြတ်ချက်တွေသာ လုပ်ခဲ့ရင် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေဟာ ပိုရှုပ်ထွေးသွား နိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ပြချက်က နိုင်ငံတကာ အနေနဲ့ အလေးအနက်ထား စဉ်းစားစရာ ကိစ္စဖြစ်မယ်လို့ ထင်ပါတယ်။ "

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတာ ထင်ရှားရင် လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး သဘောတူညီချက်တွေအရ အရေးယူနိုင်ပေမဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်အရ အရေးယူလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာ ရှိပါတယ်။ မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျုးလွန်ခဲ့ရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ တဦး ဖြစ်တဲ့ ဦးအောင်နိုင်ဦးကတော့ လက်ရှိ အခြေအနေအရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သတ်လို့ အစိုးရဘက်က ပွင့်လင်းမြင်သာ စွာ ဖော်ထုတ်အရေးယူတာတွေကို အပြောထက် လက်တွေ့ လုပ်ဆောင်ပြဖို့ သူက တိုက်တွန်းပြောဆို လိုက်ပါတယ်။

" ကျနေ်ာတို့ လိုချင်တာက ကျူးလွန်တဲ့ လူတွေကို ဘယ်လောက် အရေးယူလဲ၊ ဘယ်လို အရေးယူလဲ၊ ဘယ်လိုတွေ အရေးယူလဲ ဆိုတာမျိုးကို သိဖို့ လိုအပ်တယ်။ ဒါ သိမှလည်း ပွင့်လင်းမြင်သာမှု ရှိမှာ။ သူ့ဟာသူ စစ်တရားရုံးကဘဲ ဘယ်လို ချချ၊ ဖွဲ့စည်းပုံ အရ စစ်တရားရုံးကချ၊ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုချလဲ ဘယ်လိုတွေ စစ်လဲ ဒါမျိုးကို ကြားနာခွင့်ကို ပေးရလိမ့်မယ်။ ဒါဟာ ပထမ အချက်ပေါ့လေ။ ဒါကြီးက ဆုံးဖြတ်ချက် ချလိုက်ရင် နိုင်ငံမှာ ပိုဆိုးသွားမယ်၊ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဆိုပေမယ့် တဖက်မှာ ခံနေရတဲ့ လူတွေ ရှိတယ်။ ကျူးလွန်တယ်ဆိုတာ မှန်နေပြီဆိုရင်။ နောက်ထပ် မကျူးလွန်ဖို့ အတွက် တရားရုံးက တားမယ်ဆိုရင်တော့ ဒါ ကျနေ်ာတို့က ကြိုဆိုရမှာပေါ့။ ကျူးလွန်တာတွေ ရှိနေပြီ နောက်ထပ် ဘယ်လိုတွေ မကျူးလွန်ဖို့ လူ့အခွင့်အရေး ရှုထောင့်ကနေ လူသားချင်း စာနာတဲ့ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နောက်ထပ် မလုပ်တော့ပါဘူးလို့ အာမခံချက်တွေ၊ ဒါက လူသားဆန်မှုတွေ ကျနေ်ာတို့ အနေနဲ့တော့ လိုအပ်တာပေါ့။ "

မြန်မာအပေါ် ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကနေ နိုင်ငံတကာဘက်က ဆုံးဖြတ်ချက် တစုံတရာချခဲ့မယ် ဆိုရင် လက်ရှိရခိုင်ဒေသအတွက် သက်ရောက်မှု တစုံတရာရှိနိုင်တယ် ဆိုတာကို နိုင်ငံတကာဘက်က သတိပြုစေချင်တယ် လို့ ရခိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

" ဒီ ICJ ကတော့ ဒါကို သဘောတူမလား မတူဘူးလား ပေါ့နော်။ တကယ်လို့ သဘောမတူဘူး ဆိုလို့ရှိရင်တော့ နိုင်ငံတကာ ဖိအားတွေ အများကြီး ကြုံတွေ့ နိုင်စရာ အကြောင်း ရှိပါတယ်။ ဒီတော့ ကျနော်တို့ နိုင်ငံ အနေနဲ့တော့ ဒါက နောင်တချိန်မှာ ဒီ စီးပွားရေး Sanction ပိတ်ဆို့မှုက အစ ဖြစ်လာနိုင်တော့ ဒီဒဏ်ကိုတော့ ကျနော်တို့ အလူးအလဲ ခံရမယ်ဆိုတာ ကျနော် နားလည်တယ်။ ဘယ်လောက်ထိ အဲဒီဘက်က ဝင်ရောက် ဆုံးဖြတ်ချက် ချတာတွေ ရှိမလဲ ဘယ်လောက် တွန်းအားပေးတာတွေ ရှိမလဲ ဆိုတာလည်း ကျနေ်ာတို့ စောင့်ကြည့်ရမယ့် အပိုင်းဖြစ်လာတာပေါ့။ တော်တော်ကို ပြင်းပြင်းထန်ထန်နဲ့ ဖိအားပေးမယ် ဆိုရင်တော့ ကျနော်တို့ အနေနဲ့တော့ တပူပေါ် နှစ်ပူဆင့် ဖြစ်မှာပေါ့။ အဲဒါကိုတော့ ကျနော်တို့ ဘက်က စိုးရိမ်ပါတယ်။ အထူးသဖြင့် ရခိုင် ဒေသမှာ ဒီပြသနာဟာ မြေပြင် အခြေအနေတွေ ပိုပြီး ရှုပ်ထွေးလာနိုင်တယ်။ "

XS
SM
MD
LG