(Zawgyi / Unicode)
ျမန္မာႏုိင္ငံအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားတဲ့ ဒီတရားစြဲဆိုမႈဟာ ႏွစ္ရွည္လမ်ား ရခိုင္ျပည္နယ္ထဲ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ က်ဴးလြန္ခံခဲ့ရတဲ့ ဆိုးရြားလြန္းလွတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚ တရားမွ်တမႈတခုရဖို႔ ေမွ်ာ္လင့္ပါတယ္လို႔ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က မြတ္စလင္လူငယ္တဦးက ေျပာပါတယ္။ တဖက္မွာေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္ကို ေျဖရွင္းဖို႔ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ သြားေရာက္ရင္ဆိုင္မယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ရပ္တည္ေနေၾကာင္း ျပသတဲ့ လူထုေထာက္ခံပြဲေတြကို ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမဳိ႕တို႔မွာ ဒီကေန႔ပဲ က်င္းပခဲ့ေသးတာပါ။ ဒီလို လူထုေထာက္ခံပြဲေတြဟာ တကယ္ပဲ ICJ မွာ တရားရင္ဆိုင္ရတဲ့ အမႈအေပၚ သက္ေရာက္မႈေတြ ရွိႏိုင္ပါသလား။ သေဘာထားအျမင္အမ်ဳိးမ်ဳိးကို မဆုမြန္ ေမးျမန္းတင္ျပထားပါတယ္။
ရခိုင္ျပည္နယ္တြင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တယ္ဆိုၿပီး ျမန္မာႏိုင္ငံအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားထားတာကို ၾကားနာစစ္ေဆးမယ့္ကိစၥ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ICJ တရား႐ံုးမွာ လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ သြားေရာက္ရင္ဆိုင္ ေျဖရွင္းေတာ့မွာ ျဖစ္ပါတယ္။
အခုလို ျမန္မာႏုိင္ငံရဲ႕ အက်ိဳးစီးပြား ကာကြယ္ရန္အတြက္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ႏုိင္ငံျခားေရးဝန္ႀကီးတေယာက္ အေနနဲ႔ ဦးေဆာင္ေျဖရွင္းမယ့္အေပၚ သူမသြားခင္ သံုးရက္အလို ဒီဇင္ဘာလ ၇ ရက္ေန႔ ဒီကေန႔မွာ အစိုးရ႐ံုးစိုက္ရာ ေနျပည္ေတာ္မွာ We stand with Daw Aung San Suu Kyi, We stand with Mother Suu ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ခိုင္ခိုင္မာမာ ရပ္တည္ေနပါေၾကာင္း လူထုေထာက္ခံပြဲေတြ က်င္းပပါတယ္။
ဒီကေန႔မွာပဲ ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းက ႀတီနီတီ ခရစ္ယာန္ဘုရားေက်ာင္းမွာ ျမန္မာႏုိင္ငံ ခရစ္ယာန္အသင္းေတာ္မ်ား ေကာင္စီက ဦးေဆာင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူရွိေၾကာင္း ႏုိင္ငံအတြက္ အစာေရွာင္ဆုေတာင္းပြဲ က်င္းပၿပီး ဒီအခမ္းအနားကို ဒုသမၼတ ဦးဟင္နရီဗန္ထီးယူနဲ႔ သာသနာေရးဝန္ႀကီးတို႔ ကိုယ္တုိင္ တက္ေရာက္ခဲ့ပါတယ္။
ဒီလို လူထုေထာက္ခံပြဲေတြ ဆႏၵထုတ္ေဖာ္မႈေတြဟာ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ခဲ့တယ္၊ ဘာသာမတူ လူမ်ိဳးကြဲတဲ့ လူနည္းစုေတြအေပၚ စစ္ရာဇဝတ္ျပစ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ေျဖရွင္းႏိုင္ဖို႔ကိစၥမွာ အမွန္တကယ္ သက္ေရာက္မႈ ရွိႏုိင္ပါ့မလား။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ ႏွစ္ရွည္လမ်ား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စနစ္တက် က်ဴးလြန္ခံခဲ့ရတာေတြကို အခုလို ႏုိင္ငံတကာ တရား႐ံုးမွာ OIC ႏုိင္ငံမ်ားကိုယ္စား ဂမ္ဘီယာႏုိင္ငံက တရားစြဲေပးတာဟာ သူတို႔ ဆံုး႐ႈံးနစ္နာမႈေတြအတြက္ တရားမွ်တမႈရတဲ့ လုပ္ရပ္တခုအျဖစ္ ရခုိင္ျပည္နယ္ ေမာင္ေတာက မြတ္စလင္ေတြက ယူဆပါတယ္။
လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္မႈေတြကို ကိုယ္တုိင္ရင္ဆိုင္ ေတြ႔ႀကံဳျဖတ္သန္းခဲ့သူ ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ၿမိဳ႕သူႀကီးေက်းရြာသား ကိုလွထြန္းက...
“က်ေနာ္တုိ႔က ဒီလိုမ်ဳိး ေခတ္အဆက္ဆက္ မတရားခံေနရတယ္။ ၿပီးေတာ့ က်ေနာ္တုိ႔ရဲ႕ ကေလးေတြ ပညာသင္ခြင့္ မရဘူး။ ၿပီးေတာ့ က်ေနာ္တုိ႔က လြတ္လပ္စြာ သြားလာခြင့္ မရဘူး။ စတဲ့ အခ်က္အလက္ေတြကို က်ေနာ္တုိ႔က အႀကိမ္ႀကိမ္ တင္ျပခဲ့တယ္၊ ကုိယ္ခံစားေနရတဲ့ဟာေတြကုိ။ အခု သူတုိ႔က ICJ မွာ တရားစြဲၿပီးေတာ့ Genocide ဆုိတဲ့ လူမ်ဳိးတုံးသတ္ျဖတ္မႈနဲ႔ ဆုိင္တဲ့ အဓိက သက္ဆုိင္တဲ့သူေတြကုိ အေရးယူမယ္ ဆုိၿပီးေတာ့ ဒီလိုမ်ဳိး တရားစြဲတာကိုေတာ့ က်ေနာ္တုိ႔က ႀကိဳဆုိတယ္။ ၿပီးေတာ့ လုံးဝ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ေနတဲ့အခ်ိန္မွာ ဒီလုိဟာတခု ေပၚလာတယ္ဆုိေတာ့ က်ေနာ္တုိ႔ ေမွ်ာ္လင့္ခ်က္ေတြ ျပန္ၿပီးေတာ့ ရွင္သန္လာတယ္။ တရားမွ်တမႈ ရမယ္ဆုိၿပီးေတာ့လည္း ေမွ်ာ္လင့္တယ္။ အေကာင္းဘက္ကေန ေမွ်ာ္လင့္တယ္ေပါ့။” လို႔ ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံကို ကိုယ္စားျပဳၿပီး တရားခြင္မွာ သြားေရာက္ေျဖရွင္းမွာကို အခုလို ႏုိင္ငံတဝွမ္း လူထုေထာက္ခံပြဲေတြ က်င္းပေနတာဟာ အရင္ ျမန္မာအစိုးရေတြလက္ထက္ လုပ္နည္းကိုင္နည္းေတြနဲ႔ ဆင္တူေနတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိပါတယ္။ ျမန္မာ့အေရး အထူးသျဖင့္ ႐ုိဟင္ဂ်ာမြတ္စလင္ေတြအေရး ေလ့လာအကဲခတ္ေနတဲ့ ေဒါက္တာခင္ေဇာ္ဝင္းက အခုလို သံုးသပ္ပါတယ္။
“အခု လူထုေထာက္ခံပြဲ ဆုိတာက အရင္က ျပည္ခုိင္ၿဖဳိးကလည္း လုပ္ခဲ့တာပဲ။ လမ္းစဥ္ပါတီကလည္း လုပ္ခဲ့တာပဲ။ အလံေတြ အနီေတြ၊ အဝါေတြ၊ အစိမ္းေတြ၊ အျပာေတြနဲ႔။ တုိက္ပုံအက်ႌႀကီးေတြ ဝတ္ၿပီးေတာ့ ဟုိဟာေအာ္ ဒီဟာေအာ္နဲ႔။ အဲဒါက ဒီမုိကေရစီ မဟုတ္ဘူးေလ။ ဒီဟာကို အေျခခံၿပီးေတာ့ တုိင္းျပည္က ငါ့ေနာက္က တခဲနက္ရွိပါလားလို႔ ယူဆလုိ႔မရဘူး။ လူေတြက ဘာမွန္းမသိ ညာမွန္းမသိနဲ႔ ေထာက္ခံပြဲ တက္ၾကမယ္။ ဘာမွန္းမသိနဲ႔ ေျပာၾက ဆုိၾကမယ္ ျဖစ္ေနတာ။ ျမန္မာျပည္ တရား႐ုံးက အမႈေတြလိုမ်ား အာဏာသုံးၿပီး၊ ေငြသုံးၿပီးေတာ့ ေပ်ာက္မယ္ထင္ေနတာ။ ဒီေန႔စမွာကေတာ့ မေခ်ာင္ဘူးေနာ္။ လြတ္လပ္ေရးရတာ အႏွစ္ ၇၀ ေက်ာ္သြားၿပီ။ အခု ကမၻာ့ထိပ္ဆုံး တရား႐ုံးကုိ စြဲခ်က္တင္ခံေနရၿပီ။”
ေနျပည္ေတာ္ အပါအဝင္ တိုင္းနဲ႔ျပည္နယ္ အသီးသီးမွာ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲေတြအျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ရွိေနတယ္ဆိုတဲ့ ဆိုင္းဘုတ္ႀကီးေတြကိုလည္း လူျမင္ကြင္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ ခ်ိတ္ဆြဲၿပီး ႏိုင္ငံတကာ တရား႐ံုးမွာ သြားေရာက္ေျဖရွင္းမယ့္အေပၚ ေထာက္ခံေၾကာင္း ျပသေနၾကတာ ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ သြားေရာက္ေျဖရွင္းမယ့္ ICJ တရားခြင္ကေန တရားမွ်တမႈရဖို႔ ေမွ်ာ္လင့္ပါသလား၊ ကိုလွထြန္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အတိုက္အခံေခါင္းေဆာင္ဘဝက သူတို႔ ေမွ်ာ္လင့္ခဲ့တာေတြနဲ႔ အစိုးရတာဝန္ယူခ်ိန္ ေဆာင္ရြက္ခ်က္ေတြဟာ တျခားစီျဖစ္သြားခဲ့တယ္လုိ႔ ဆုိပါတယ္။
“ေဒၚေအာင္ဆန္းစုၾကည္က က်ေနာ္တုိ႔လူေတြ ခံစားေနရတဲ့ဟာေတြကုိ ဘယ္တုန္းကမွ စိစစ္ၿပီးေတာ့ မႀကိဳးစားေပးဘူး။ အခု အဲဒီလုိလူတေယာက္က တရားခြင္ကုိ သြားၿပီးေတာ့ ထုေခ်မယ္၊ ေျဖရွင္းမယ္ ဆုိတဲ့ဟာက က်ေနာ္တို႔က လုံးဝ သူ႔အေပၚ ေမွ်ာ္လင့္လုိ႔မရဘူး။ ၿပီးေတာ့ သူ႔အတြက္ ပိုၿပီးေတာ့ စုိးရိမ္တာေပါ့ေနာ္။ အမွန္တရားကို ဘာတခုမွ မၾကည့္ဘဲနဲ႔ စစ္ေဆးတဲ့ အခ်က္အလက္ေတြအေပၚ အေျခခံၿပီးေတာ့ ထုေခ်မယ္၊ ေခ်ပမယ္ဆုိရင္ အခု ကမၻာမွာ သူ သိကၡာက်ေနတဲ့ဟာေတြ ပိုၿပီးေတာ့ က်ဖို႔ပဲရွိတယ္လို႔ က်ေနာ္ေတာ့ျမင္တယ္။”
လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာေတာ့ နယ္သာလန္ႏုိင္ငံ The Hague က ႏုိင္ငံတကာတရား႐ံုးမွာ ဂမ္ဘီယာႏုိင္ငံကေန ျမန္မာႏုိင္ငံအေပၚ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တိုင္ၾကားထားတဲ့အမႈကို စတင္ၾကားနာစစ္ေဆးမွာ ျဖစ္ပါတယ္။ အစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့့ ျမန္မာႏုိင္ငံဘက္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကိုုယ္တိုင္ ဦးေဆာင္ၿပီး ျပန္လည္ေလွ်ာက္လဲမွာ ျဖစ္ပါတယ္။
---------------------------------
(Unicode)
ICJ တရားရင်ဆိုင်မှု ထောက်ခံပွဲတွေ အရှိန်မြင့်
မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားတဲ့ ဒီတရားစွဲဆိုမှုဟာ နှစ်ရှည်လများ ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ မွတ်စလင်တွေ ကျူးလွန်ခံခဲ့ရတဲ့ ဆိုးရွားလွန်းလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တရားမျှတမှုတခုရဖို့ မျှော်လင့်ပါတယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က မွတ်စလင်လူငယ်တဦးက ပြောပါတယ်။ တဖက်မှာတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ဖြေရှင်းဖို့ နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်နေကြောင်း ပြသတဲ့ လူထုထောက်ခံပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ဒီကနေ့ပဲ ကျင်းပခဲ့သေးတာပါ။ ဒီလို လူထုထောက်ခံပွဲတွေဟာ တကယ်ပဲ ICJ မှာ တရားရင်ဆိုင်ရတဲ့ အမှုအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါသလား။ သဘောထားအမြင်အမျိုးမျိုးကို မဆုမွန် မေးမြန်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံးမှာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သွားရောက်ရင်ဆိုင် ဖြေရှင်းတော့မှာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ကာကွယ်ရန်အတွက်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ ဦးဆောင်ဖြေရှင်းမယ့်အပေါ် သူမသွားခင် သုံးရက်အလို ဒီဇင်ဘာလ ၇ ရက်နေ့ ဒီကနေ့မှာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ We stand with Daw Aung San Suu Kyi, We stand with Mother Suu ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်နေပါကြောင်း လူထုထောက်ခံပွဲတွေ ကျင်းပပါတယ်။
ဒီကနေ့မှာပဲ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းက တြီနီတီ ခရစ်ယာန်ဘုရားကျောင်းမှာ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိကြောင်း နိုင်ငံအတွက် အစာရှောင်ဆုတောင်းပွဲ ကျင်းပပြီး ဒီအခမ်းအနားကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ သာသနာရေးဝန်ကြီးတို့ ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဒီလို လူထုထောက်ခံပွဲတွေ ဆန္ဒထုတ်ဖော်မှုတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်၊ ဘာသာမတူ လူမျိုးကွဲတဲ့ လူနည်းစုတွေအပေါ် စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနိုင်ဖို့ကိစ္စမှာ အမှန်တကယ် သက်ရောက်မှု ရှိနိုင်ပါ့မလား။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ နှစ်ရှည်လများ လူ့အခွင့်အရေး ချိုးဖောက်မှု စနစ်တကျ ကျူးလွန်ခံခဲ့ရတာတွေကို အခုလို နိုင်ငံတကာ တရားရုံးမှာ OIC နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲပေးတာဟာ သူတို့ ဆုံးရှုံးနစ်နာမှုတွေအတွက် တရားမျှတမှုရတဲ့ လုပ်ရပ်တခုအဖြစ် ရခိုင်ပြည်နယ် မောင်တောက မွတ်စလင်တွေက ယူဆပါတယ်။
လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ရင်ဆိုင် တွေ့ကြုံဖြတ်သန်းခဲ့သူ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား ကိုလှထွန်းက...
“ကျနော်တို့က ဒီလိုမျိုး ခေတ်အဆက်ဆက် မတရားခံနေရတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ကလေးတွေ ပညာသင်ခွင့် မရဘူး။ ပြီးတော့ ကျနော်တို့က လွတ်လပ်စွာ သွားလာခွင့် မရဘူး။ စတဲ့ အချက်အလက်တွေကို ကျနော်တို့က အကြိမ်ကြိမ် တင်ပြခဲ့တယ်၊ ကိုယ်ခံစားနေရတဲ့ဟာတွေကို။ အခု သူတို့က ICJ မှာ တရားစွဲပြီးတော့ Genocide ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ အဓိက သက်ဆိုင်တဲ့သူတွေကို အရေးယူမယ် ဆိုပြီးတော့ ဒီလိုမျိုး တရားစွဲတာကိုတော့ ကျနော်တို့က ကြိုဆိုတယ်။ ပြီးတော့ လုံးဝ မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့အချိန်မှာ ဒီလိုဟာတခု ပေါ်လာတယ်ဆိုတော့ ကျနော်တို့ မျှော်လင့်ချက်တွေ ပြန်ပြီးတော့ ရှင်သန်လာတယ်။ တရားမျှတမှု ရမယ်ဆိုပြီးတော့လည်း မျှော်လင့်တယ်။ အကောင်းဘက်ကနေ မျှော်လင့်တယ်ပေါ့။” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို ကိုယ်စားပြုပြီး တရားခွင်မှာ သွားရောက်ဖြေရှင်းမှာကို အခုလို နိုင်ငံတဝှမ်း လူထုထောက်ခံပွဲတွေ ကျင်းပနေတာဟာ အရင် မြန်မာအစိုးရတွေလက်ထက် လုပ်နည်းကိုင်နည်းတွေနဲ့ ဆင်တူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ မြန်မာ့အရေး အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေအရေး လေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းက အခုလို သုံးသပ်ပါတယ်။
“အခု လူထုထောက်ခံပွဲ ဆိုတာက အရင်က ပြည်ခိုင်ဖြိုးကလည်း လုပ်ခဲ့တာပဲ။ လမ်းစဉ်ပါတီကလည်း လုပ်ခဲ့တာပဲ။ အလံတွေ အနီတွေ၊ အဝါတွေ၊ အစိမ်းတွေ၊ အပြာတွေနဲ့။ တိုက်ပုံအင်္ကျီကြီးတွေ ဝတ်ပြီးတော့ ဟိုဟာအော် ဒီဟာအော်နဲ့။ အဲဒါက ဒီမိုကရေစီ မဟုတ်ဘူးလေ။ ဒီဟာကို အခြေခံပြီးတော့ တိုင်းပြည်က ငါ့နောက်က တခဲနက်ရှိပါလားလို့ ယူဆလို့မရဘူး။ လူတွေက ဘာမှန်းမသိ ညာမှန်းမသိနဲ့ ထောက်ခံပွဲ တက်ကြမယ်။ ဘာမှန်းမသိနဲ့ ပြောကြ ဆိုကြမယ် ဖြစ်နေတာ။ မြန်မာပြည် တရားရုံးက အမှုတွေလိုများ အာဏာသုံးပြီး၊ ငွေသုံးပြီးတော့ ပျောက်မယ်ထင်နေတာ။ ဒီနေ့စမှာကတော့ မချောင်ဘူးနော်။ လွတ်လပ်ရေးရတာ အနှစ် ၇၀ ကျော်သွားပြီ။ အခု ကမ္ဘာ့ထိပ်ဆုံး တရားရုံးကို စွဲချက်တင်ခံနေရပြီ။”
နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကိုလည်း လူမြင်ကွင်း နေရာတော်တော်များများမှာ ချိတ်ဆွဲပြီး နိုင်ငံတကာ တရားရုံးမှာ သွားရောက်ဖြေရှင်းမယ့်အပေါ် ထောက်ခံကြောင်း ပြသနေကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမယ့် ICJ တရားခွင်ကနေ တရားမျှတမှုရဖို့ မျှော်လင့်ပါသလား၊ ကိုလှထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုက်အခံခေါင်းဆောင်ဘဝက သူတို့ မျှော်လင့်ခဲ့တာတွေနဲ့ အစိုးရတာဝန်ယူချိန် ဆောင်ရွက်ချက်တွေဟာ တခြားစီဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့လူတွေ ခံစားနေရတဲ့ဟာတွေကို ဘယ်တုန်းကမှ စိစစ်ပြီးတော့ မကြိုးစားပေးဘူး။ အခု အဲဒီလိုလူတယောက်က တရားခွင်ကို သွားပြီးတော့ ထုချေမယ်၊ ဖြေရှင်းမယ် ဆိုတဲ့ဟာက ကျနော်တို့က လုံးဝ သူ့အပေါ် မျှော်လင့်လို့မရဘူး။ ပြီးတော့ သူ့အတွက် ပိုပြီးတော့ စိုးရိမ်တာပေါ့နော်။ အမှန်တရားကို ဘာတခုမှ မကြည့်ဘဲနဲ့ စစ်ဆေးတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ ထုချေမယ်၊ ချေပမယ်ဆိုရင် အခု ကမ္ဘာမှာ သူ သိက္ခာကျနေတဲ့ဟာတွေ ပိုပြီးတော့ ကျဖို့ပဲရှိတယ်လို့ ကျနော်တော့မြင်တယ်။”
လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားထားတဲ့အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာ ဖြစ်ပါတယ်။