သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာစြဲဆိုခံရမႈအေပၚ အျမင္ကြဲလြဲၾကတာ ဘာေၾကာင္႔လဲ


မွတ္တမ္းဓာတ္ပံု - EBO ညႊန္ၾကားေရးမွဴး ဦးဟန္ေညာင္ေ၀နဲ႔ ေဒၚေအာင္ဆန္းစုၾကည္။ ဓာတ္ပံု - AFP

လူမ်ိဳးတုန္း သတ္ျဖတ္မႈကို ဟန္႔တားဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ျပီး ျမန္မာႏုိ္္င္ငံအေပၚ ဂမ္ဘီယာႏုိ္င္ငံက ICJ ႏိုင္ငံတကာတရားရံုးမွာ တရားစြဲဆို ထားတဲ့ကိစၥကို ျမန္မာႏုိ္င္ငံက တိုင္းရင္းသား လက္နက္ကိုင္ အင္အားစုေတြၾကားမွာ မတူ ကြဲျပားတဲ့ သေဘာထားေတြနဲ႔ တုန္႔ျပန္ ေနၾကပါတယ္။ ဒီလို ကြဲလြဲတဲ့ သေဘာထားေတြဟာ သူတို႔ အဖြဲ႕အစည္းေတြရဲ႕ အက်ိဳးစီးပြားနဲ႔ ဆက္စပ္မႈ တခ်ိဳ႕ ရွိသလို တခ်ိဳ႕ကလည္း သူတို႔ ကိုယ္တိုင္ ၾကဳံေတြ႕ရတဲ့ ခံစားမႈနဲ႔ ဆက္စပ္ေနတယ္လို႔ ျမန္မာႏုိ္င္ငံအေရး တက္ၾကြလွဳပ္ရွားသူလည္းျဖစ္ ဘယ္လ္ဂ်ီယံ အေျခစိုက္ Euro-Burma ရံုးရဲ႕ အမႈေဆာင္ညြန္ၾကားေရးမွဴးလည္း ျဖစ္တဲ့ ဦးဟန္ေညာင္ေ၀က ဆိုပါတယ္။

မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းတဲ့အခါ ဦး ဟန္ေညာင္ေ၀က အခုလိုစတင္ေျပာပါတယ္။

ဦးဟန္ေညာင္ေ၀ ။ ။ အဲဒီေနရာမွာ ေျပာလို႔ ခက္ပါတယ္။ ဘာေၾကာင့္လဲ ဆိုလို႔ ရွိရင္ လက္နက္ကိုင္ အဖြဲ႔ ဆိုတာကလည္း အမ်ိဳးစံု ရွိပါတယ္။ တခ်ိဳ႕ လက္နက္ကိုင္ အဖြဲ႔က လူမ်ိဳးေရး လက္နက္ကိုင္ထားတာ ရွိတယ္။ တခ်ိဳ႕ကလည္း စီးပြားေရးနဲ႔ ကိုင္ထားတဲ႔ အဖြဲ႔ေတြ ရွိတယ္။ ဆိုေတာ့ က်ေနာ္ ျမင္တာကေတာ့ အခုလို အေျဖေတြ မတူတာ ဘာေၾကာင့္လဲ ဆိုရင္ေတာ့ တခ်ိဳ႕က ေကာင္းေကာင္း မေလ႔လာဘူး။ အစိုးရ ေျပာျပတဲ႔ အတိုင္း ဒီဟာက မူဆလင္ ကိစၥ ျဖစ္တယ္၊ ဒီဟာက ျမန္မာႏုိင္ငံကို တိုက္ခုိက္ေနတယ္ ဆိုတဲ႔ဟာကိုဘဲ လက္ခံၿပီးေတာ့မွ အစိုးရ လုပ္တဲ႔ဟာ ေထာက္ခံတယ္ ဆိုၿပီး ေျပာတဲ႔ လူေတြလည္း ရွိပါတယ္။ တခ်ိဳ႕ ကလည္း အခုလိုမ်ိဳး ၿငိမ္းခ်မ္းေရး ေဆြးေႏြးထားတဲ႔ ေနရာမွာ အခြင့္အေရးေတြ ရထားတဲ႔ အဖြဲ႔ေတြ ရွိတယ္။ ပုဂၢိဳလ္ေတြ ရွိတယ္။ သူတို႔က ဒီဟာကို မဆံုးရံႈးခ်င္ဘူး။ ဒီ အစိုးရကို မေထာက္ခံရင္ ၿငိမ္းခ်မ္းေရး ပ်က္ သြားမယ္။ ပ်က္သြားရင္ အက်ိဳးစီးပြား ပ်က္သြားမယ္ ဆိုတဲ႔ အဖြဲ႔လည္း ရွိပါတယ္။

ဒါေပမယ့္ တကယ္ ေလ႔လာတဲ႔ အဖြဲ႔အစည္း ေတြက သူတို႔ ျမင္မွာက ဘာလဲ ဆိုရင္ အခု ျဖစ္ေနတဲ႔ ကိစၥက မူဆလင္ ကိစၥဘဲ မဟုတ္ဘူး။ ဒီဟာက တပ္မေတာ္ အေနနဲ႔ ဒီ ႏုိင္ငံတကာ ရွိတဲ႔ တရားဥပေဒေတြကို မလိုက္နာဘဲနဲ႔ တိုင္းရင္းသားကို တိုက္တဲ႔ အခ်ိန္မွာ ဘယ္လို ဆိုးခဲ႔တယ္။ ဘယ္လို ဥပမာ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္တာ ဒါ ရိုးေနၿပီ။ ဒါ သူတို႔ တကယ္လုပ္တယ္။ ဆိုေတာ့ ဒီဟာေတြက ေပၚလာမယ္ ဆိုေတာ့ ဒီဟာေတြ ေထာက္ခံတယ္ေပါ့။

မအင္ၾကင္းႏုိင္ ။ ။ ဦးဟန္ေညာင္ေ၀ရဲ႕ သေဘာထား အျမင္ေရာ ဘယ္လို ရွိပါလဲရွင့္။

ဦးဟန္ေညာင္ေ၀ ။ ။ က်ေနာ္႔ အေနနဲ႔ကေတာ့ ရစရာလည္း မရွိဘူး။ ရံႈးစရာလည္း မရွိဘူး။ ဘာေၾကာင့္လဲ ဆိုရင္ ဒီဟာ ၀င္လုပ္တဲ႔ ေနရာမွာ တရားမွ်တဖို႔ လူ႔အခြင့္အေရးကို လိုက္နာဖို႔၊ ဒီမိုကေရစီ ျဖစ္လာဖို႔ က်ေနာ္ လုပ္ခဲ႔ပါတယ္။ ဆိုေတာ့ အခုလို ႏုိင္ငံတကာ တရားရံုးမွာ တရားစြဲလာေတာ့ က်ေနာ္႔ အေနနဲ႔ ျမင္တာက ေကာင္းတယ္။ ဘာေၾကာင့္လဲ ဆိုရင္ တိုင္းရင္းသား ဘက္က ၾကည့္မယ္ဆိုရင္ တပ္မေတာ္ အေနနဲ႔ ဖိႏွိပ္ထားတာ လူထုကို ေမာင္းထုတ္ထားတာ၊ လူထုကို ဖိႏွိပ္ထားတာ မ်ားၿပီ။ ဒါေပမယ့္ ဘယ္သူမွ ဂရုမစိုက္ခဲ႔ဘူး။ ဒီကိစၥကို တရားရံုးတင္ဖို႔ ႀကိဳးစားလည္း ဘယ္သူမွ မေအာင္ျမင္ခဲ႔ဘူး။ အခုလို တရားရံုး ေရာက္လာေတာ့ တပ္မေတာ္က တကယ္ ဘယ္လို ရွိတယ္၊ အက်င့္ ဘယ္လို ရွိခဲ႔တယ္ ဆိုတာ ေပၚလြင္လာမယ္။ ဒါက ျပည္တြင္းမွာဘဲ မဟုတ္ေတာ့ဘူး။ ႏုိင္ငံတကာက အကုန္လံုး သိမယ္။ ဆိုေတာ့ ဒီဟာက အခြင့္အေရးေကာင္းဘဲ။ က်ေနာ္တို႔က ဒီမိုကေရစီ တကယ္ လိုလားရင္ က်ေနာ္တို႔ ႏုိင္ငံကို ကာကြယ္မယ့္ တပ္က ဘယ္လို အဆင့္အတန္း ရွိသင့္တယ္၊ ဘယ္လို ေလ႔က်င့္သင့္တယ္။ ဘယ္လို စည္းကမ္း ရွိသင့္တယ္ဆိုတာ အကုန္ ေပၚလာမယ္။ ဆိုေတာ့ က်ေန္ာ႔ အေနနဲ႔ ျမင္တာ ဒီမိုကေရစီ အတြက္ဆိုရင္ေတာ့ တကယ္ ေကာင္းတဲ႔ အခြင့္အေရး တခု ျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။

မအင္ၾကင္းႏုိင္ ။ ။ ျမန္မာ အစိုးရဘက္က လူမ်ိဳးတံုး သတ္ျဖတ္မႈ အေရးမွာ အထူးကြ်မ္းက်င္တဲ႔ ႏုိင္ငံတကာ ဥပေဒ ပညာရွင္ ပါေမာကၡ William Schabas ကို ေရွ႕ေနလိုက္ဖို႔ ငွားလိုက္တဲ႔ ကိစၥမွာ ဟို ဘယ္လို ျမင္ပါလဲရွင့္။

ဦးဟန္ေညာင္ေ၀ ။ ။ အဲဒီ ပုဂၢိဳလ္ရဲ႕ ရပ္တည္မႈ ေပၚမွာ မူတည္ပါတယ္။ ႏုိင္ငံတကာမွာ ဆိုရင္ တရားရံုးေရာက္ရင္ ဘယ္ေလာက္ ဆိုးတဲ႔လူ ျဖစ္ျဖစ္ တကယ္ အျပစ္ရွိတယ္ဆိုတာ တရားသူႀကီးက မဆံုးျဖတ္ခင္မွာ ေရွ႕ေနေကာင္းေကာင္း ရွိသင့္တယ္ဆိုတဲ႔ အယူအဆ ရွိတယ္။ အဲဒီဟာေၾကာင့္ သူက ၀င္ၿပီးေတာ့မွ ျမန္မာျပည္ဘက္ ျငင္းမယ္ဆို ျဖစ္ႏုိင္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အခြင့္အေရး ကိစၥနဲ႔ လုပ္လာတဲ႔ ေရွ႕ေနတေယာက္ ျဖစ္ေတာ့ သူက ၀င္ ျငင္းမယ္ဆိုတာကေတာ့ တကယ္ ထူးဆန္းတယ္။ ဘာေၾကာင့္လဲ ဆိုရင္ ဒီ တရားစြဲတဲ႔ ႏုိင္ငံေရာ သူတို႔ရဲ႕ ေရွ႕ေနေရာ သူတို႔က အခ်က္အလက္ တကယ္ ျပည့္စံုရင္ေတာ့ ဒီလူက ဘာေၾကာင့္ အစိုးရဘက္ ေနၿပီး ျငင္းမလဲ ဆိုတဲ႔ဟာ စဥ္းစားစရာ ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္ ေျပာတဲ႔ အတိုင္းဘဲ တရားမွ်တေအာင္ ျငင္းေပးမယ္ဆိုတဲ႔ သေဘာလည္း ျဖစ္ႏုိ္င္ပါတယ္။

မအင္ၾကင္းႏုိင္ ။ ။ ICJ တရားရံုးမွာ အမႈကို ၾကားနာတဲ႔ ေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ေနၿပီးေတာ့ ျမန္မာႏုိင္ငံျခားေရး ၀န္ႀကီး အေနနဲ႔ ခုခံ ေခ်ပမယ့္ အေပၚမွာေရာ ဦးဟန္ေညာင္ေ၀ရဲ႕ အျမင္ ဘယ္လို ရွိပါလဲရွင့္။

ဦးဟန္ေညာင္ေ၀ ။ ။ က်ေနာ္ တေယာက္တည္း အျမင္ကေတာ့ ႏုိင္ငံျခားေရး ၀န္ႀကီး အေနနဲ႔ေတာ့ တာ၀န္ရွိတယ္လို႔ ေျပာလို႔ ရတယ္။ ဒါေပမယ့္ ဒီအမႈက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မဆိုင္ဘူး။ NLD နဲ႔ မဆိုင္ဘူး။ တကယ္ ေျပာမယ္ဆိုရင္။ တပ္မေတာ္ဘက္က ဆိုင္တဲ႔ ကိစၥ ျဖစ္တယ္။ သူက သြားျငင္းေပးမယ္ တပ္မေတာ္ကို ကာကြယ္ ေပးမယ္ဆိုရင္ ဒါက သင့္ေတာ္သလားဆိုတာ စဥ္းစားစရာ ျဖစ္ပါတယ္။

မအင္ၾကင္းႏုိင္ ။ ။ ေဒၚေအာင္ဆန္းစုၾကည္ အဲလိုမ်ိဳး သူ ထြက္ဆိုမယ့္ ကိစၥ ျပည္တြင္း ႏုိင္ငံေရး အရ အေပးအယူ လုပ္တာမ်ိဳး ရွိႏုိင္တယ္လို႔ သံုးသပ္ခ်က္ေတြလည္း ထြက္လာပါတယ္။ အဲဒီ အေပၚမွာေရာ ဦးဟန္ေညာင္ေ၀ ဘယ္လုိ ျမင္ပါလဲရွင့္။

ဦးဟန္ေညာင္ေ၀ ။ ။ အေပးအယူလည္း ရွိႏုိင္ပါတယ္။ ဒါေပမယ့္ က်ေနာ္႔ အျမင္မွာက ေကြ်းလိုက္တာဘဲလို႔ က်ေနာ္ ျမင္တယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လူမျိုးတုန်း သတ်ဖြတ်မှုကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနို်င်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ထားတဲ့ကိစ္စကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြားမှာ မတူ ကွဲပြားတဲ့ သဘောထားတွေနဲ့ တုန့်ပြန် နေကြပါတယ်။ ဒီလို ကွဲလွဲတဲ့ သဘောထားတွေဟာ သူတို့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု တချို့ ရှိသလို တချို့ကလည်း သူတို့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ ခံစားမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာနိုင်ငံအရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးဟန်ညောင်ဝေက ဆိုပါတယ်။

မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ဦး ဟန်ညောင်ဝေက အခုလိုစတင်ပြောပါတယ်။

ဦးဟန်ညောင်ေ၀ ။ ။ အဲဒီနေရာမှာ ပြောလို့ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ ရှိရင် လက်နက်ကိုင် အဖွဲ့ ဆိုတာကလည်း အမျိုးစုံ ရှိပါတယ်။ တချို့ လက်နက်ကိုင် အဖွဲ့က လူမျိုးရေး လက်နက်ကိုင်ထားတာ ရှိတယ်။ တချို့ကလည်း စီးပွားရေးနဲ့ ကိုင်ထားတဲ့ အဖွဲ့တွေ ရှိတယ်။ ဆိုတော့ ကျနော် မြင်တာကတော့ အခုလို အဖြေတွေ မတူတာ ဘာကြောင့်လဲ ဆိုရင်တော့ တချို့က ကောင်းကောင်း မလေ့လာဘူး။ အစိုးရ ပြောပြတဲ့ အတိုင်း ဒီဟာက မူဆလင် ကိစ္စ ဖြစ်တယ်၊ ဒီဟာက မြန်မာနိုင်ငံကို တိုက်ခိုက်နေတယ် ဆိုတဲ့ဟာကိုဘဲ လက်ခံပြီးတော့မှ အစိုးရ လုပ်တဲ့ဟာ ထောက်ခံတယ် ဆိုပြီး ပြောတဲ့ လူတွေလည်း ရှိပါတယ်။ တချို့ ကလည်း အခုလိုမျိုး ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ နေရာမှာ အခွင့်အရေးတွေ ရထားတဲ့ အဖွဲ့တွေ ရှိတယ်။ ပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့က ဒီဟာကို မဆုံးရှုံးချင်ဘူး။ ဒီ အစိုးရကို မထောက်ခံရင် ငြိမ်းချမ်းရေး ပျက် သွားမယ်။ ပျက်သွားရင် အကျိုးစီးပွား ပျက်သွားမယ် ဆိုတဲ့ အဖွဲ့လည်း ရှိပါတယ်။

ဒါပေမယ့် တကယ် လေ့လာတဲ့ အဖွဲ့အစည်း တွေက သူတို့ မြင်မှာက ဘာလဲ ဆိုရင် အခု ဖြစ်နေတဲ့ ကိစ္စက မူဆလင် ကိစ္စဘဲ မဟုတ်ဘူး။ ဒီဟာက တပ်မတော် အနေနဲ့ ဒီ နိုင်ငံတကာ ရှိတဲ့ တရားဥပဒေတွေကို မလိုက်နာဘဲနဲ့ တိုင်းရင်းသားကို တိုက်တဲ့ အချိန်မှာ ဘယ်လို ဆိုးခဲ့တယ်။ ဘယ်လို ဥပမာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ ဒါ ရိုးနေပြီ။ ဒါ သူတို့ တကယ်လုပ်တယ်။ ဆိုတော့ ဒီဟာတွေက ပေါ်လာမယ် ဆိုတော့ ဒီဟာတွေ ထောက်ခံတယ်ပေါ့။

မအင်ကြင်းနိုင် ။ ။ ဦးဟန်ညောင်ဝေရဲ့ သဘောထား အမြင်ရော ဘယ်လို ရှိပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ ကျနော့် အနေနဲ့ကတော့ ရစရာလည်း မရှိဘူး။ ရှုံးစရာလည်း မရှိဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီဟာ ဝင်လုပ်တဲ့ နေရာမှာ တရားမျှတဖို့ လူ့အခွင့်အရေးကို လိုက်နာဖို့၊ ဒီမိုကရေစီ ဖြစ်လာဖို့ ကျနော် လုပ်ခဲ့ပါတယ်။ ဆိုတော့ အခုလို နိုင်ငံတကာ တရားရုံးမှာ တရားစွဲလာတော့ ကျနော့် အနေနဲ့ မြင်တာက ကောင်းတယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းရင်းသား ဘက်က ကြည့်မယ်ဆိုရင် တပ်မတော် အနေနဲ့ ဖိနှိပ်ထားတာ လူထုကို မောင်းထုတ်ထားတာ၊ လူထုကို ဖိနှိပ်ထားတာ များပြီ။ ဒါပေမယ့် ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး။ ဒီကိစ္စကို တရားရုံးတင်ဖို့ ကြိုးစားလည်း ဘယ်သူမှ မအောင်မြင်ခဲ့ဘူး။ အခုလို တရားရုံး ရောက်လာတော့ တပ်မတော်က တကယ် ဘယ်လို ရှိတယ်၊ အကျင့် ဘယ်လို ရှိခဲ့တယ် ဆိုတာ ပေါ်လွင်လာမယ်။ ဒါက ပြည်တွင်းမှာဘဲ မဟုတ်တော့ဘူး။ နိုင်ငံတကာက အကုန်လုံး သိမယ်။ ဆိုတော့ ဒီဟာက အခွင့်အရေးကောင်းဘဲ။ ကျနော်တို့က ဒီမိုကရေစီ တကယ် လိုလားရင် ကျနော်တို့ နိုင်ငံကို ကာကွယ်မယ့် တပ်က ဘယ်လို အဆင့်အတန်း ရှိသင့်တယ်၊ ဘယ်လို လေ့ကျင့်သင့်တယ်။ ဘယ်လို စည်းကမ်း ရှိသင့်တယ်ဆိုတာ အကုန် ပေါ်လာမယ်။ ဆိုတော့ ကျနေ်ာ့ အနေနဲ့ မြင်တာ ဒီမိုကရေစီ အတွက်ဆိုရင်တော့ တကယ် ကောင်းတဲ့ အခွင့်အရေး တခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာ အစိုးရဘက်က လူမျိုးတုံး သတ်ဖြတ်မှု အရေးမှာ အထူးကျွမ်းကျင်တဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင် ပါမောက္ခ William Schabas ကို ရှေ့နေလိုက်ဖို့ ငှားလိုက်တဲ့ ကိစ္စမှာ ဟို ဘယ်လို မြင်ပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ အဲဒီ ပုဂ္ဂိုလ်ရဲ့ ရပ်တည်မှု ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင် တရားရုံးရောက်ရင် ဘယ်လောက် ဆိုးတဲ့လူ ဖြစ်ဖြစ် တကယ် အပြစ်ရှိတယ်ဆိုတာ တရားသူကြီးက မဆုံးဖြတ်ခင်မှာ ရှေ့နေကောင်းကောင်း ရှိသင့်တယ်ဆိုတဲ့ အယူအဆ ရှိတယ်။ အဲဒီဟာကြောင့် သူက ဝင်ပြီးတော့မှ မြန်မာပြည်ဘက် ငြင်းမယ်ဆို ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခွင့်အရေး ကိစ္စနဲ့ လုပ်လာတဲ့ ရှေ့နေတယောက် ဖြစ်တော့ သူက ဝင် ငြင်းမယ်ဆိုတာကတော့ တကယ် ထူးဆန်းတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီ တရားစွဲတဲ့ နိုင်ငံရော သူတို့ရဲ့ ရှေ့နေရော သူတို့က အချက်အလက် တကယ် ပြည့်စုံရင်တော့ ဒီလူက ဘာကြောင့် အစိုးရဘက် နေပြီး ငြင်းမလဲ ဆိုတဲ့ဟာ စဉ်းစားစရာ ဖြစ်တယ်။ ဒါပေမယ့် ကျနော် ပြောတဲ့ အတိုင်းဘဲ တရားမျှတအောင် ငြင်းပေးမယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ICJ တရားရုံးမှာ အမှုကို ကြားနာတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ခုခံ ချေပမယ့် အပေါ်မှာရော ဦးဟန်ညောင်ဝေရဲ့ အမြင် ဘယ်လို ရှိပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ ကျနော် တယောက်တည်း အမြင်ကတော့ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့တော့ တာဝန်ရှိတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် ဒီအမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ NLD နဲ့ မဆိုင်ဘူး။ တကယ် ပြောမယ်ဆိုရင်။ တပ်မတော်ဘက်က ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ သူက သွားငြင်းပေးမယ် တပ်မတော်ကို ကာကွယ် ပေးမယ်ဆိုရင် ဒါက သင့်တော်သလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည် အဲလိုမျိုး သူ ထွက်ဆိုမယ့် ကိစ္စ ပြည်တွင်း နိုင်ငံရေး အရ အပေးအယူ လုပ်တာမျိုး ရှိနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ထွက်လာပါတယ်။ အဲဒီ အပေါ်မှာရော ဦးဟန်ညောင်ေ၀ ဘယ်လို မြင်ပါလဲရှင့်။

ဦးဟန်ညောင်ေ၀ ။ ။ အပေးအယူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အမြင်မှာက ကျွေးလိုက်တာဘဲလို့ ကျနော် မြင်တယ်။

XS
SM
MD
LG