သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ICJ မှာတရားစွဲမှု ဂမ်ဘီယာ တရားရေးဝန်ကြီးပြောကြား


မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲတဲ့ကိစ္စဟာ အစ္စလာမ်မစ်ကိစ္စရပ်တခုထက် ကျော်လွန်ပြီး လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Tambadou က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမယ့် အပေါ်မှာလည်း ဝမ်းမြောက်ကြောင်း ဂမ်ဘီယာနိုင်ငံဘက်နေ ဦးဆောင်လျှောက်ထားမယ့် ဝန်ကြီး Tambadou ကပြောပါတယ်။ ဂမ်ဘီယာနိုင်ငံ၊ Banjul မြို့တော်မှာ မစ္စတာ Tambadou ကို တွေ့ဆုံမေးမြန်းထားတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

XS
SM
MD
LG