အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာ ေတြအေနနဲ႔ ႏိုင္ငံျခားေရးဌာနက ဦးေအာင္ကို ကို ဆက္သြယ္ ေမးျမန္းရမွာ ျဖစ္တယ္လို႔ ႏိုင္ငံတကာ ဥပေဒပညာရွင္ ပါေမာကၡ William Schabas က ဗြီအိုေအကို အီးေမးလ္ကေန တဆင့္ ဗုဒၶဟူးေန႔က အေၾကာင္းျပန္ပါတယ္။
ျမန္မာႏိုင္ငံက တရားရင္ဆိုင္တာမွာ ပါေမာကၡ Schabas ကို ျမန္မာႏိုင္ငံရဲ႕ ဥပေဒ အက်ိဳးေဆာင္ အျဖစ္ ငွားရမ္းထားတယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္လို႔ ဗြီအိုေအက ၿပီးခဲ့တဲရက္ပိုင္းမွာ ပါေမာကၡ Schabas ကို ဆက္သြယ္ ေမးျမန္းထားတဲ့ အေပၚ အခုလို အေၾကာင္းျပန္လာတာပါ။
အခု ဦးေအာင္ကိုက ဘယ္သူဆိုတာ ပါေမာကၡ Schabas ရဲ႕ အီးေမးလ္ထဲမွာ အတိအက်ေျပာမထားပါဘူး။ ဒါေပမယ့္ ဦးေအာင္ကိုကို ဆက္သြယ္ႏိုင္တဲ့ အီးေမးလ္ လိပ္စာအျဖစ္ ေပးထားတာမွာေတာ့ mmicj@mofa.gov.mm လို႔ ေဖာ္ျပထားတဲ့ အတြက္ ျမန္မာ ႏိုင္ငံျခားေရးဌာနက တာဝန္ရွိသူတဦး ျဖစ္မယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။
ပါေမာကၡ Schabas ကေတာ့ ျမန္မာအစိုးရက သူ႔ကို ဘယ္လိုပုံစံမ်ိဳးနဲ႔ ငွားရမ္းထားတယ္ဆိုတာ အခုခ်ိန္ထိ တရားဝင္ ထုတ္ေဖာ္ ေျပာဆိုတာမရွိေသးပါဘူး။
တရားစြဲထားတဲ့ ဂမ္ဘီယာႏိုင္ငံဘက္ကေတာ့ အေမရိကန္ ဥပေဒအက်ိဳးေဆာင္အဖြဲ႕ Foley Hoag ကို ငွားရမ္းထားတယ္ဆိုတာ အတည္ျပဳထားၿပီး ျဖစ္ပါတယ္။ ဒီတရားစြဲဆိုမႈအတြက္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကေန ၁၃ ရက္ေန႔အထိ နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕ ICJ တရား႐ုံးမွာ ႏွစ္ဘက္ တင္ျပေလွ်ာက္ထားဖို႔ စီစဥ္ထားပါတယ္။
(Unicode)
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ တွေအနေနဲ့ နိုင်ငံခြားရေးဌာနက ဦးအောင်ကို ကို ဆက်သွယ် မေးမြန်းရမှာ ဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ William Schabas က ဗွီအိုအေကို အီးမေးလ်ကနေ တဆင့် ဗုဒ္ဓဟူးနေ့က အကြောင်းပြန်ပါတယ်။
မြန်မာနိုင်ငံက တရားရင်ဆိုင်တာမှာ ပါမောက္ခ Schabas ကို မြန်မာနိုင်ငံရဲ့ ဥပဒေအကျိုးဆောင်အဖြစ် ငှားရမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ပြီးခဲ့တဲရက်ပိုင်းမှာ ပါမောက္ခ Schabas ကို ဆက်သွယ် မေးမြန်းထားတဲ့ အပေါ် အခုလို အကြောင်းပြန်လာတာပါ။
အခု ဦးအောင်ကိုက ဘယ်သူဆိုတာ ပါမောက္ခ Schabas ရဲ့ အီးမေးလ်ထဲမှာ အတိအကျပြောမထားပါဘူး။ ဒါပေမယ့် ဦးအောင်ကိုကို ဆက်သွယ်နိုင်တဲ့ အီးမေးလ် လိပ်စာအဖြစ် ပေးထားတာမှာတော့ mmicj@mofa.gov.mm လို့ ဖော်ပြထားတဲ့ အတွက် မြန်မာ နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတဦး ဖြစ်မယ်ဆိုတာကတော့ သေချာပါတယ်။
ပါမောက္ခ Schabas ကတော့ မြန်မာအစိုးရက သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ ငှားရမ်းထားတယ်ဆိုတာ အခုချိန်ထိ တရားဝင် ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။
တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကတော့ အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ Foley Hoag ကို ငှားရမ်းထားတယ်ဆိုတာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒီတရားစွဲဆိုမှုအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးမှာ နှစ်ဘက် တင်ပြလျှောက်ထားဖို့ စီစဉ်ထားပါတယ်။