သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာ ရင္ဆိုင္ရမယ့္ ျပႆနာ အတိုင္းအဆ (အပိုင္း ၁)


ICJ တြင္ အမႈရင္ဆုိင္ႏုိင္ေရး ရွင္းလင္းပြဲသုိ႔ တက္ေရာက္လာသည့္ ထိပ္တန္းေခါင္းေဆာင္မ်ား။
တိုက္႐ိုက္ လင့္ခ္

ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂမ္ဘီယာ ႏိုင္ငံက ျမန္မာႏိုင္ငံကို စြဲဆိုဖို႔ ေလွ်ာက္ထားခ်က္ ရဲ႕သေဘာသဘာဝက ဘာလဲ၊ ျမန္မာႏိုင္ငံ ရင္ဆိုင္ရမယ့္ ျပႆနာ အတိုင္းအဆ ဘယ္ေလာက္ရွိသလဲ၊ ဆိုတာေတြကို ခုတပတ္ ျမန္မာအေရးသုံးသပ္ခ်က္မွာ ႏိုင္ငံတကာ တကၠသိုလ္ အေတာ္မ်ားမ်ားမွာ ႏိုင္ငံတကာ ဥပေဒအပါအဝင္၊ ဥပေဒဘာသာရပ္ေတြကို ပို႔ခ်ခဲ့ဘူးတဲ့ ပါေမာကၡ ေဒါက္တာျမင့္ဇံ နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။ ပထမဦးဆုံး Genocide စကားရပ္ရဲ႕ ဥပေဒရႈေထာင္က အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ေဒါက္တာျမင့္ဇံက အခုလိုရွင္းပါတယ္။

ေျဖ ။ ။ နံပတ္တစ္က ရည္ရြယ္ခ်က္နဲ႔ Intent ရည္ရြယ္ခ်က္နဲ႔ အစုအဖြဲ႔ (၄) ဖြဲ႔ ရိွတယ္။ (၁) ႏိုင္ငံသားအစုအဖြဲ႔ - National (၂) လူမ်ဳိးအစုအဖြဲ႔ - Race (၃) လူမ်ဳိးစုအစုအဖြဲ႔ - Ethnic (၄) ဘာသာေရးအစုအဖြဲ႔ - Religion … အဲဒီအစုအဖြဲ႔ (၄) မ်ဳိးကို တစိတ္တေဒသေသာ္လည္းေကာင္း အျပည့္အဝေသာ္လည္းေကာင္း ေပ်ာက္ကြယ္သြားေအာင္ ေဆာင္ရြက္မႈမ်ား။ ေဆာင္ရြက္မႈမ်ားက အရွည္ႀကီးပါ။ က်ေနာ္ တိုတိုတုတ္တုတ္ေျပာရရင္ အစုအဖြဲ႔မ်ားကို သတ္ျဖတ္မႈ၊ အစုအဖြဲ႔ဝင္မ်ားအတြင္း ေမြးဖြားမႈမရေအာင္ လုပ္ေဆာင္မႈ၊ အစုအဖြဲ႔ဝင္မ်ားကို ျပင္းစြာေသာ စိတ္ဒုကၡမ်ား ျဖစ္ေစမႈ၊ အစုအဖြဲ႔ထဲမွာ ကေလးမ်ားကို အျခားအဖြဲ႔သို႔ ေျပာင္းေရႊ ႔မႈစတဲ့ လုပ္ငန္းေတြကို ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့ရင္ Genocide မည္တယ္လို႔ - ဆရာကလည္း သိပ္အရွည္ႀကီး မေျပာနဲ႔ဆိုလို႔ က်ေနာ္ အက်ဥ္းခ်ဳပ္ဘာသာျပန္ျပပါတယ္။

ေမး ။ ။ အဲဒီမွာ ရည္ရြယ္ခ်က္ျဖင့္ဆိုတာ Intent – အဲဒီရည္ရြယ္ခ်က္ကို ဘယ္လိုသက္ေသျပရမလဲ။ သက္ေသထူရမလဲ။ တကယ္ေတာ့ ဒီဟာကို သက္ေသထူဖို႔ Burden of Proof ကေတာ့ စြဲတဲ့လူဘက္က ျပရမွာေပါ့ ဟုတ္တယ္မဟုတ္လား။

ေျဖ ။ ။ Intend ရည္ရြယ္ခ်က္ကို သက္ေသျပဖို႔ ခက္တယ္ဆိုတာကို ေျပာပါတယ္။ အခုဟာက စြဲတဲ့လူက ဂမ္ဘီယာႏုိင္ငံအစိုးရပါ။ ဂမ္ဘီယာႏုိင္ငံအစိုးရက သက္ေသျပဖို႔ဆိုတာကေတာ့ ရာဇဝတ္မႈတစ္ခုမွာ Beyond reasonable doubt သံသယရိွရာကေန ေတာ္ေတာ္ေလးကို ကင္းရွင္းရမယ္ဆိုတဲ့ စံေတာ့မဟုတ္ေလာက္ဘူး ထင္တယ္။ အခု ဂမ္ဘီယာရဲ ႔ (၄၆) မ်က္ႏွာ ေရးထားတဲ့ စာရြက္မွာလည္း အဲဒါကို ေျပာပါတယ္။ အခု သူစြဲတာက ျမန္မာႏုိင္ငံမွာ Genocide ျဖစ္မႈအတြက္ ျမန္မာအစိုးရဟာ တာဝန္ရိွတယ္လို႔ စြဲတာမဟုတ္ပါဘူး။ သူစြဲတာက - ဒါကို က်ေနာ္ ခုခံေျပာေနတာ မဟုတ္ဘူးေနာ္။ ေတာ္ၾကာေန ေအာက္ကေရးအံုးမယ္။ က်ေနာ္က သူေျပာတာကို ျပန္ေျပာျပေနတာ။ ဂမ္ဘီယာ ေျပာတာ၊ စြဲတာက Genocide ျဖစ္ႏိုင္ေခ် ျဖစ္ႏိုင္တဲ့ အတိုင္းအတာေတြ ရိွတယ္။ Genocide လို႔ ယူဆဖြယ္ရာျဖစ္တဲ့ သာဓကေတြကို (၁၀) မ်က္ႏွာေလာက္ သူေရးထားပါတယ္။ အဲဒါေတြ ရိွတဲ့အတြက္ေၾကာင့္မို႔ ဒါေတြကို ေလာေလာလတ္လတ္အားျဖင့္ ရပ္ေပးဖို႔ ေရွာင္တခင္အမိန္႔ကို Provisional Measure လတ္တေလာ ေဆာင္ရြက္ခ်က္မ်ားကို ICJ အေနနဲ႔ ထုတ္ေပးပါလို႔ ေလွ်ာက္လႊဲတာပါ။ မွန္ပါတယ္။ Intent ဆိုတဲ့ Element ကို ဒီတဆင့္ လတ္တေလာေဆာင္ရြက္ခ်က္မ်ားကို ICC က တရားသူႀကီး (၁၇) ဦး ထိုင္ပါလိမ့္မယ္။ (၁၇) ဦး ထိုင္တဲ့အခါမွာ (၉) ဦးက လုပ္စရာမလိုဘူး၊ ဒီမွာတင္ ကိစၥၿပီးသြားၿပီ။ တကယ္လို႔ Provisional Measure ကို ထုတ္ေပးမယ္ဆိုရင္ေတာ့ အဲဒီေနာက္ပိုင္းပါမွ prima facie case stage ဆိုတာက ျမန္မာႏုိင္ငံမွာ Genocide အျပည္ျပည္ဆိုင္ရာ ဥပေဒအရ တာဝန္ရိွမႈ၊ မရိွမႈဆိုတာကို ဆံုးျဖတ္ဖို႔ရာ ႏွစ္္နဲ႔ခ်ီၿပီးၾကာပါမယ္။ အဲဒီေတာ့ အဲဒီႏွစ္ဆင့္ကို က်ေနာ္ ႀကိဳးစားၿပီး အက်ဥ္းခ်ဳပ္ေျဖဆိုထားပါတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္ ဒီမွာေမးပါတာ - Provisional Measure ထုတ္ေပးပါလို႔ဆိုရင္ Provisional Measure ထုတ္ရေအာင္ ေလာေလာဆယ္မွာ လက္ရိွျဖစ္ပ်က္ေနတဲ့ အေျခအေန … အဲဒီလိုအေျခအေန ရိွတယ္ဆိုတာကိုေတာ့ သူတုိ႔ ေထာက္ျပဖို႔ မလိုဘူးလား။

ေျဖ ။ ။ ေထာက္ျပဖို႔ လိုပါတယ္။ သူတို႔ကေတာ့ (၄၇) မ်က္ႏွာ အဲဒါကို က်ေနာ္ဖတ္တာ - ဖတ္တာကိုပဲ ႏွစ္နာရီေက်ာ္ ၾကာပါတယ္။ က်ေနာ္ ေသေသခ်ာခ်ာဆိုပါေတာ့ ဝါက်တစ္ေၾကာင္းမက်န္၊ ေအာက္ေျခမွတ္စုမ်ားလည္း ဖတ္တယ္။ သူကေတာ့ prima facie case ရိွတယ္လို႔ ေျပာမယ္။ ျမန္မာဘက္က prima facie case မရိွဘူးလို႔ ျပန္ေျပာဖို႔ တာဝန္ရိွတယ္။ ေနာက္ၿပီးေတာ့ လုပ္စရာေတြကို ထုတ္ေပးဖို႔ မလိုဘူး - က်ေနာ္၊ က်မတို႔အေနနဲ႔ ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံျခားသားမ်ားပါဝင္တဲ့ Mission ေတြ အဖြဲ႔ေတြ ဖြဲ႔ၿပီးေတာ့ သူတုိ႔က ရက္သတၱပတ္အတြင္း၊ တစ္လႏွစ္လသံုးလအတြင္း သူတုိ႔ အစီရင္ခံစာေတြ ထုတ္ေတာ့မွာပါဆိုၿပီးေတာ့ သူတို႔ေျပာခ်င္ေျပာပါလိမ့္မယ္။ ေျပာမယ္လို႔ ေျပာတာမဟုတ္ဘူး။ က်ေနာ္က အတြင္းသိလည္း မဟုတ္ဘူး။ အျပင္သိလည္း မဟုတ္ဘူး။ က်ေနာ့္အထင္ကို ေျပာတာပါ။ အဲဒီေတာ့ အဲဒီသက္ေသျပႏုိင္မႈမွာ မူတည္ၿပီး ဟိုဘက္ဒီဘက္ အျပန္အလွန္ ေလွ်ာက္လဲၾကမွာပါ။

ေမး ။ ။ က်ေနာ္ ေနာက္တခု ဆက္ေမးခ်င္တာကေတာ့ အမႈတခု ႏုိင္ဖို႔ဆိုတာဟာ ေရွ ႔ေနေရွ ႔ရပ္ေကာင္းေတြေပၚမွာလည္း မူတည္တယ္။ ေရွ ႔ေနရဲ ႔ ေလွ်ာက္လႊဲခ်က္ ဘယ္ေလာက္ေကာင္းလို႔ ႏိုင္တယ္ဆိုၿပီးေတာ့ ျပည္တြင္းတရားရံုးေတြမွာေတာ့ မၾကာခဏ ေျပာၾကပါတယ္။ အျပည္ျပည္ဆိုင္ရာ တရားရံုးမွာေကာ ဒီလိုသေဘာမ်ဳိး ရိွႏိုင္သလားဆိုတာနဲ႔ ပတ္သက္ၿပီး က်ေနာ္ ဆက္ေမးခ်င္ပါတယ္ဆိုေတာ့ ျမန္မာႏိုင္ငံအတြက္ အခုနေျပာတဲ့ကိစၥမွာ ေရွ ႔ေနေကာင္းငွားၿပီးေတာ့ ဒီလို ေလွ်ာက္လႊဲခ်က္ေတြမွာ အႏုိင္ရၿပီးေတာ့ ဒီအမႈက ျပတ္သြားႏိုင္သလား။ သို႔တည္းမဟုတ္ ဆက္ၿပီးေတာ့ စြဲခ်က္တင္ခံႏုိင္ရဖြယ္ ရိွသလား။ ဆရာရဲ ႔သေဘာထားကို အက်ဥ္းရံုးနည္းနည္း သံုးသပ္ေပးပါ။

ေျဖ ။ ။ စြဲခ်က္တင္တဲ့စကားကို က်ေနာ္ သိပ္မသံုးခ်င္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုဟာက ရာဇဝတ္တရားရံုး မဟုတ္တဲ့အတြက္ေၾကာင့္မို႔ ျမန္မာႏိုင္ငံ တာဝန္ရိွမႈ၊ မရိွမႈနဲ႔ ပတ္သက္ၿပီး ေလွ်ာက္ထားခ်က္လို႔ အဲဒီလိုပဲ အနီးစပ္ဆံုး ဘာသာျပန္ခ်င္ပါတယ္။ ဂမ္ဘီယာႏုိင္ငံရဲ ႔ ေလွ်ာက္ထားခ်က္ကို ေအာင္ျမင္မလား၊ မေအာင္ျမင္ဘူးလား။ က်ေနာ္ ဒါက ေရွာင္ေျဖတာမဟုတ္ဘူး။ အခုေျပာေနတဲ့အခ်ိန္မွာ က်ေနာ္ မသိဘူး။ က်ေနာ္ မခန္႔မွန္းႏုိင္ဘူး။ မခန္႔မွန္းခ်င္ဘူး။ တရားသူႀကီး (၉) ဦးက probation measures ေပးဖို႔ prima facie case အခုန ဦးေက်ာ္ဇံသာ သံုးသပ္သြားတယ္။ သာမန္အားျဖင့္ၾကည့္ရင္ကို ထင္ရွားေနတယ္။ ဒါမွမဟုတ္ သိသာတယ္ဆိုရင္ေတာ့ Provisional Measure ကို ထုတ္မွာပဲ။ အဲဒါကေတာ့ ေရွ ႔ေနေကာင္းတယ္၊ မေကာင္းဘူးဆိုတာကေတာ့ ေရွ ႔ေနေကာင္းသည္၊ မေကာင္းသည္ထက္ တရားသူႀကီးေတြက ဘယ္လိုသေဘာထားမလဲ။ မွန္ကန္စြာ သံုးသပ္မလဲ ဆိုတဲ့ဟာေပၚလဲ မူတည္ပါတယ္။ ေရွ ႔ေနေကာင္းတိုင္းလည္း ႏုိင္တယ္လို႔ မေျပာႏုိင္ပါဘူး။ ေရွ ႔ေနသိပ္ညံ့ေနရင္ေတာ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ဂမ္ဘီယာ နဲ႔ ျမန္မာတို႔က သူတုိ႔ျပည္တြင္းေရွ ႔ေနေတြကို အဓိကမငွားဘဲနဲ႔ ဂမ္ဘီယာဆိုရင္ သူတုိ႔ကိုယ္တုိင္ဝန္ခံထားပါတယ္ ဘယ္ေလာက္ေပးသလဲမသိဘူး။ ေဒၚလာသန္းနဲ႔ခ်ီၿပီး Foley Hoag Law Firm ကို ငွားတယ္။ သို႔ေသာ္ သူတုိ႔ဆီက ေရွ ႔ေနခ်ဳပ္ကိုယ္တိုင္က (ေရွ ႔ေနခ်ဳပ္ေခၚလား၊ တရားေရးဝန္ႀကီးေခၚလား - ႏွစ္ခုစလံုး ေခၚလာေတာ့ မသိဘူး) ဦးေဆာင္မွာပါ။ ေရွ ႔ေနေကာင္းျခင္း၊ မေကာင္းျခင္းသည္ တစိတ္တေဒသအားျဖင့္သာ သက္ဆုိင္တယ္လို႔ က်ေနာ္ထင္ပါတယ္လို႔ ေယဘုယ်အားျဖင့္ ေျဖပါရေစ။

ေမး ။ ။ က်ေနာ္ ေနာက္တခုေမးခ်င္တာက ျမန္မာႏုိင္ငံအတြက္ ငွားရမ္းတဲ့ေရွ ႔ေနဆုိၿပီးေတာ့ Professor William Schabas ကို ေျပာၾကပါတယ္။ သူကို က်ေနာ္တို႔ VOA က ဆက္သြယ္ေမးျမန္းတဲ့အခါမွာ သူက မျငင္းပါဘူး။ သူဟာ ေျပာေရးဆိုခြင့္ရိွသူ ခန္႔ထားတယ္။ အခ်ိန္တန္ရင္ ေျပာမယ္လို႔ပဲ ဆိုပါတယ္။ ဆိုေတာ့ William Schabas ကို ငွားခဲ့တယ္ဆိုရင္ ဒီပုဂၢိဳလ္ဟာ တခ်ိန္တုန္းက ၂၀၁၄ တုန္းက ထင္ပါတယ္။ Aljazeera က လုပ္တဲ့ Program ထဲမွာ သူကိုအင္တာဗ်ဴးလုပ္ထားတာကို က်ေနာ္ နားေထာင္ၾကည့္ပါတယ္။ အဲဒီမွာ သူက ဘယ္လိုေျပာထားသလဲဆိုရင္ ျမန္မာႏုိင္ငံမွာ အခုျဖစ္တဲ့ကိစၥ သတ္ျဖတ္တဲ့ကိစၥကို မေျပာေသာ္လဲ ဒီလူမ်ဳိးေတြရဲ ႔ Preventing their births ေမြးဖြားမႈကို ဟန္႔တားတယ္ဆိုတဲ့ အေထာက္အထား။ ေနာက္ၿပီးေတာ့ Denying identity of people လူမ်ဳိးတမ်ဳိးရဲ ႔ identity ကို ျငင္းပယ္ဖုိ႔ ႀကိဳးစားတယ္။ သူတုိ႔ရိွတဲ့ေနရာကေန မရိွေစခ်င္တဲ့သေဘာနဲ႔ ဖယ္ရွားဖို႔ ႀကိဳးစားတယ္ဆိုတဲ့ အေထာက္အထားေတြ ရိွခဲ့ရင္ေတာ့ ဒါကို Genocide မဟုတ္ဘူးလို႔ ျငင္းဖို႔ခက္လိမ့္မယ္လို႔ သူက ဆိုထားပါတယ္။ ဆိုေတာ့ ဒီလိုေျပာထားတဲ့ လူတေယာက္ကို ျမန္မာႏုိင္ငံဘက္က ခုခံကာကြယ္ဖို႔ ေရွ ႔ေနငွားတယ္ဆိုေတာ့ ျမန္မာပရိသတ္ေတြက ဇေဝဇဝါ ထင္ၾကတာေပါ့။ ဒီလူက ဟိုဘက္တမ်ဳိး၊ ဒီဘက္တမ်ဳိး ေျပာေနတာမ်ဳိး ျဖစ္ကုန္ပါတယ္။ ဆရာ့သေဘာထားကို ၾကားခ်င္ပါတယ္။

ေျဖ ။ ။ နံပတ္တစ္က က်ေနာ္ ဦးေက်ာ္ဇံသာနဲ႔ ေဆြးေႏြးေနတဲ့ ဒီဇင္ဘာလ (၃) ရက္ေန႔ ညပိုင္းမွာေတာ့ အခုထက္ထိ ျမန္မာႏုိင္ငံအစိုးရက တရားဝင္ေၾကညာခ်က္ မထုတ္ေသးပါဘူး။ လြန္ခဲ့တဲ့ (၃) ရက္၊ ႏုိဝင္ဘာလ (၃၀) ရက္ေန႔ေလာက္က Facebook မွာ သူ႔နာမည္ ထြက္လာေတာ့ ဆရာေျပာတဲ့အတိုင္းပဲ သူကို ဆက္သြယ္ေမးျမန္းရာ မျငင္းဘူးဆိုေတာ့ ဟုတ္ေလာက္ပါတယ္။ အဲဒီေတာ့ ထူးဆန္းတာကေတာ့ က်ေနာ္ကေတာ့ က်ေနာ့္ကိုယ္က်ေနာ္ ဥပေဒပညာရွင္လို႔ သတ္မွတ္တယ္။ ေရွ ႔ေနလို႔ မသတ္မွတ္ဘူး။ ေရွ ႔ေနလည္း မလုိက္ဘူး။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ျပည္သူ႔တရားစီရင္ေရးကို ဆန္႔က်င္ကန္႔ကြက္တဲ့အေနနဲ႔ ႏုိင္ငံျခားကိုထြက္ၿပီး ေရွ ႔ေနမလိုက္တာပါ။ အဲဒီေတာ့ ေရွ ႔ေနဆိုတာေတာ့ တခ်ဳိ ႔လည္း ေျပာၾကတယ္။ ငိုစားရယ္စား - ငိုရင္လည္းစားတာပဲ။ ရယ္ရင္လည္း စားတာပဲလို႔ ေျပာၾကတယ္။ သူက အဲဒီလိုေျပာတာကို ဦးေက်ာ္ဇံသာေျပာမွ ေသခ်ာသိပါတယ္။ Facebook မွာေတာ့ ေတြ႔လိုက္သလိုပဲ။ အဲဒီလိုေျပာတာဆိုရင္ေတာ့ ဇေဝဇဝါ ျဖစ္ၾကမွာ။ ဒါေပမဲ့ နည္းနည္းေလး ရိုင္းရိုင္းေျပာရရင္၊ ၾကမ္းၾကမ္းေျပာရရင္ ပိုက္ဆံက အေရးႀကီးတယ္။ ဘယ္ေလာက္ရမလဲေပၚမွာ သူကို ဘယ္ကေန ဘယ္ေလာက္ေပးသလဲ မသိဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ နာမည္ပဲ ထည့္ေျပာရမယ္ဆိုရင္ အိႏိၵယျပည္မွာ … ဆိုတဲ့ နာမည္ႀကီး Human Rights Lawyer လူ႔အခြင့္အေရးဥပေဒကို လုပ္ေပးတဲ့ ေရွ ႔ေနက Bhopal ျပည္နယ္မွာ တခ်ဳိ ႔မွတ္မိၾကမွာပါ တခ်ိန္က ဝန္ႀကီးခ်ဳပ္ဦးႏု ေနထိုင္ခဲ့တဲ့ၿမိဳ ႔မွာ အဆိပ္ဓါတ္ေငြ႔ေတြ ယိုးစိမ့္ၿပီး လူ (၃၀၀၀) ေထာက္ ေသဆံုးတာကို ရာဇဝတ္မႈ၊ တရားမမႈနဲ႔ အိႏိၵယမွာ စြဲဆိုေတာ့ သူက လူ႔အခြင့္အေရးေရွ ႔ေနဆုိတဲ့လူက စြဲခံရတဲ့လူေတြဘက္က လိုက္တယ္။ အဲဒီလို ေျပာၾကတယ္။ ေနာက္တခါ ျမန္မာႏုိင္ငံမွာလည္း မဆီမဆိုင္ ေရွ ႔ေနႏွစ္ဘက္စလံုး (ဦးေက်ာ္ဇံသာ အခ်ိန္မရရင္လဲ ျဖတ္ခ်င္ျဖတ္ေပါ့) တရားဝန္ႀကီး ဦးေအးေမာင္က ၁၉၃၉ နဲ႔ ၁၉၄၀ ခုႏွစ္၊ ၁၉၇၀ ခုႏွစ္ေရးတဲ့ Burmese Buddhist Laws အဂၤလိပ္လို ေရးတာပါ။ အဲဒီစာအုပ္မွာ နားနဲ႔မနာ၊ ဖဝါးနဲ႔ နာခ်င္နာပါ။ အိမ္ေထာင္မႈ ျပဳျခင္းမျပဳျခင္းက ေပါင္းသင္းဆက္ယွက္မႈ မလိုဘူးဆိုိတဲ့ သူ႔အယူအဆကို တင္ျပခဲ့တယ္။ အဲဒါကို ၁၉၇၀ ခုႏွစ္ စာအုပ္မွာေရးၿပီး၊ ၁၉၇၂ ခုႏွစ္မွာ သူကို အမ်ဳိးသမီးဘက္က ငွားတယ္ - အဲဒါေခၚလိုမႈေပါ့။ ရိုင္းရိုင္းေျပာရရင္ မယားေခၚလိုမႈနဲ႔ ေခၚေတာ့ ေပါင္းသင္းဆက္ယွက္ လိုတယ္ဆိုၿပီး တရားသူႀကီးဦးေအးေမာင္က ေဒၚခင္မာ နဲ႔ ဦး---( နာမည္ေမ့ေနၿပီ) ၁၉၇၂ ခုႏွစ္ ေအာက္တိုဘာလထုတ္တဲ့ အမႈမွာ ေရးထားတယ္။ အခုလဲ William Schabas ကို ျပန္ေကာက္ပါမယ္။ William Schabas က ၂၀၁၄ ခုႏွစ္က ဦးေက်ာ္ဇံသာ ေျပာတာကို ေတြ႔ခဲ့တယ္။ အခုၾကေတာ့ ျမန္မာဘက္က ေရွ ႔ေနဆိုေတာ့ အဲဒါကို ဟိုဘက္က ဂမ္ဘီယာေရွ ႔ေနေတြက အခ်ိန္ရရင္ ေထာက္ျပမလား။ ေထာက္မျပဘူးလား က်ေနာ္ မေျပာတတ္ဘူး။ ဒီေလာက္ပဲ ေျဖပါရေစ .. ေမးတဲ့ေမးခြန္းကို။

--Unicode--

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုဖို့ လျှောက်ထားချက် ရဲ့သဘောသဘာဝက ဘာလဲ၊ မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ ဘယ်လောက်ရှိသလဲ၊ ဆိုတာတွေကို ခုတပတ် မြန်မာအရေးသုံးသပ်ချက်မှာ နိုင်ငံတကာ တက္ကသိုလ် အတော်များများမှာ နိုင်ငံတကာ ဥပဒေအပါအဝင်၊ ဥပဒေဘာသာရပ်တွေကို ပို့ချခဲ့ဘူးတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ပထမဦးဆုံး Genocide စကားရပ်ရဲ့ ဥပဒေရှုထောင်က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒေါက်တာမြင့်ဇံက အခုလိုရှင်းပါတယ်။

ဖြေ ။ ။ နံပတ်တစ်က ရည်ရွယ်ချက်နဲ့ Intent ရည်ရွယ်ချက်နဲ့ အစုအဖွဲ့ (၄) ဖွဲ့ ရှိတယ်။ (၁) နိုင်ငံသားအစုအဖွဲ့ - National (၂) လူမျိုးအစုအဖွဲ့ - Race (၃) လူမျိုးစုအစုအဖွဲ့ - Ethnic (၄) ဘာသာရေးအစုအဖွဲ့ - Religion … အဲဒီအစုအဖွဲ့ (၄) မျိုးကို တစိတ်တဒေသသော်လည်းကောင်း အပြည့်အဝသော်လည်းကောင်း ပျောက်ကွယ်သွားအောင် ဆောင်ရွက်မှုများ။ ဆောင်ရွက်မှုများက အရှည်ကြီးပါ။ ကျနော် တိုတိုတုတ်တုတ်ပြောရရင် အစုအဖွဲ့များကို သတ်ဖြတ်မှု၊ အစုအဖွဲ့ဝင်များအတွင်း မွေးဖွားမှုမရအောင် လုပ်ဆောင်မှု၊ အစုအဖွဲ့ဝင်များကို ပြင်းစွာသော စိတ်ဒုက္ခများ ဖြစ်စေမှု၊ အစုအဖွဲ့ထဲမှာ ကလေးများကို အခြားအဖွဲ့သို့ ပြောင်းရွှေ့မှုစတဲ့ လုပ်ငန်းတွေကို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ရင် Genocide မည်တယ်လို့ - ဆရာကလည်း သိပ်အရှည်ကြီး မပြောနဲ့ဆိုလို့ ကျနော် အကျဉ်းချုပ်ဘာသာပြန်ပြပါတယ်။

မေး ။ ။ အဲဒီမှာ ရည်ရွယ်ချက်ဖြင့်ဆိုတာ Intent – အဲဒီရည်ရွယ်ချက်ကို ဘယ်လိုသက်သေပြရမလဲ။ သက်သေထူရမလဲ။ တကယ်တော့ ဒီဟာကို သက်သေထူဖို့ Burden of Proof ကတော့ စွဲတဲ့လူဘက်က ပြရမှာပေါ့ ဟုတ်တယ်မဟုတ်လား။

ဖြေ ။ ။ Intend ရည်ရွယ်ချက်ကို သက်သေပြဖို့ ခက်တယ်ဆိုတာကို ပြောပါတယ်။ အခုဟာက စွဲတဲ့လူက ဂမ်ဘီယာနိုင်ငံအစိုးရပါ။ ဂမ်ဘီယာနိုင်ငံအစိုးရက သက်သေပြဖို့ဆိုတာကတော့ ရာဇဝတ်မှုတစ်ခုမှာ Beyond reasonable doubt သံသယရှိရာကနေ တော်တော်လေးကို ကင်းရှင်းရမယ်ဆိုတဲ့ စံတော့မဟုတ်လောက်ဘူး ထင်တယ်။ အခု ဂမ်ဘီယာရဲ့ (၄၆) မျက်နှာ ရေးထားတဲ့ စာရွက်မှာလည်း အဲဒါကို ပြောပါတယ်။ အခု သူစွဲတာက မြန်မာနိုင်ငံမှာ Genocide ဖြစ်မှုအတွက် မြန်မာအစိုးရဟာ တာဝန်ရှိတယ်လို့ စွဲတာမဟုတ်ပါဘူး။ သူစွဲတာက - ဒါကို ကျနော် ခုခံပြောနေတာ မဟုတ်ဘူးနော်။ တော်ကြာနေ အောက်ကရေးအုံးမယ်။ ကျနော်က သူပြောတာကို ပြန်ပြောပြနေတာ။ ဂမ်ဘီယာ ပြောတာ၊ စွဲတာက Genocide ဖြစ်နိုင်ချေ ဖြစ်နိုင်တဲ့ အတိုင်းအတာတွေ ရှိတယ်။ Genocide လို့ ယူဆဖွယ်ရာဖြစ်တဲ့ သာဓကတွေကို (၁၀) မျက်နှာလောက် သူရေးထားပါတယ်။ အဲဒါတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါတွေကို လောလောလတ်လတ်အားဖြင့် ရပ်ပေးဖို့ ရှောင်တခင်အမိန့်ကို Provisional Measure လတ်တလော ဆောင်ရွက်ချက်များကို ICJ အနေနဲ့ ထုတ်ပေးပါလို့ လျှောက်လွှဲတာပါ။ မှန်ပါတယ်။ Intent ဆိုတဲ့ Element ကို ဒီတဆင့် လတ်တလောဆောင်ရွက်ချက်များကို ICC က တရားသူကြီး (၁၇) ဦး ထိုင်ပါလိမ့်မယ်။ (၁၇) ဦး ထိုင်တဲ့အခါမှာ (၉) ဦးက လုပ်စရာမလိုဘူး၊ ဒီမှာတင် ကိစ္စပြီးသွားပြီ။ တကယ်လို့ Provisional Measure ကို ထုတ်ပေးမယ်ဆိုရင်တော့ အဲဒီနောက်ပိုင်းပါမှ prima facie case stage ဆိုတာက မြန်မာနိုင်ငံမှာ Genocide အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တာဝန်ရှိမှု၊ မရှိမှုဆိုတာကို ဆုံးဖြတ်ဖို့ရာ နှစ်နဲ့ချီပြီးကြာပါမယ်။ အဲဒီတော့ အဲဒီနှစ်ဆင့်ကို ကျနော် ကြိုးစားပြီး အကျဉ်းချုပ်ဖြေဆိုထားပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော် ဒီမှာမေးပါတာ - Provisional Measure ထုတ်ပေးပါလို့ဆိုရင် Provisional Measure ထုတ်ရအောင် လောလောဆယ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ … အဲဒီလိုအခြေအနေ ရှိတယ်ဆိုတာကိုတော့ သူတို့ ထောက်ပြဖို့ မလိုဘူးလား။

ဖြေ ။ ။ ထောက်ပြဖို့ လိုပါတယ်။ သူတို့ကတော့ (၄၇) မျက်နှာ အဲဒါကို ကျနော်ဖတ်တာ - ဖတ်တာကိုပဲ နှစ်နာရီကျော် ကြာပါတယ်။ ကျနော် သေသေချာချာဆိုပါတော့ ဝါကျတစ်ကြောင်းမကျန်၊ အောက်ခြေမှတ်စုများလည်း ဖတ်တယ်။ သူကတော့ prima facie case ရှိတယ်လို့ ပြောမယ်။ မြန်မာဘက်က prima facie case မရှိဘူးလို့ ပြန်ပြောဖို့ တာဝန်ရှိတယ်။ နောက်ပြီးတော့ လုပ်စရာတွေကို ထုတ်ပေးဖို့ မလိုဘူး - ကျနော်၊ ကျမတို့အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားသားများပါဝင်တဲ့ Mission တွေ အဖွဲ့တွေ ဖွဲ့ပြီးတော့ သူတို့က ရက်သတ္တပတ်အတွင်း၊ တစ်လနှစ်လသုံးလအတွင်း သူတို့ အစီရင်ခံစာတွေ ထုတ်တော့မှာပါဆိုပြီးတော့ သူတို့ပြောချင်ပြောပါလိမ့်မယ်။ ပြောမယ်လို့ ပြောတာမဟုတ်ဘူး။ ကျနော်က အတွင်းသိလည်း မဟုတ်ဘူး။ အပြင်သိလည်း မဟုတ်ဘူး။ ကျနော့်အထင်ကို ပြောတာပါ။ အဲဒီတော့ အဲဒီသက်သေပြနိုင်မှုမှာ မူတည်ပြီး ဟိုဘက်ဒီဘက် အပြန်အလှန် လျှောက်လဲကြမှာပါ။

မေး ။ ။ ကျနော် နောက်တခု ဆက်မေးချင်တာကတော့ အမှုတခု နိုင်ဖို့ဆိုတာဟာ ရှေ့နေရှေ့ရပ်ကောင်းတွေပေါ်မှာလည်း မူတည်တယ်။ ရှေ့နေရဲ့ လျှောက်လွှဲချက် ဘယ်လောက်ကောင်းလို့ နိုင်တယ်ဆိုပြီးတော့ ပြည်တွင်းတရားရုံးတွေမှာတော့ မကြာခဏ ပြောကြပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာကော ဒီလိုသဘောမျိုး ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး ကျနော် ဆက်မေးချင်ပါတယ်ဆိုတော့ မြန်မာနိုင်ငံအတွက် အခုနပြောတဲ့ကိစ္စမှာ ရှေ့နေကောင်းငှားပြီးတော့ ဒီလို လျှောက်လွှဲချက်တွေမှာ အနိုင်ရပြီးတော့ ဒီအမှုက ပြတ်သွားနိုင်သလား။ သို့တည်းမဟုတ် ဆက်ပြီးတော့ စွဲချက်တင်ခံနိုင်ရဖွယ် ရှိသလား။ ဆရာရဲ့သဘောထားကို အကျဉ်းရုံးနည်းနည်း သုံးသပ်ပေးပါ။

ဖြေ ။ ။ စွဲချက်တင်တဲ့စကားကို ကျနော် သိပ်မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ရာဇဝတ်တရားရုံး မဟုတ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံ တာဝန်ရှိမှု၊ မရှိမှုနဲ့ ပတ်သက်ပြီး လျှောက်ထားချက်လို့ အဲဒီလိုပဲ အနီးစပ်ဆုံး ဘာသာပြန်ချင်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို အောင်မြင်မလား၊ မအောင်မြင်ဘူးလား။ ကျနော် ဒါက ရှောင်ဖြေတာမဟုတ်ဘူး။ အခုပြောနေတဲ့အချိန်မှာ ကျနော် မသိဘူး။ ကျနော် မခန့်မှန်းနိုင်ဘူး။ မခန့်မှန်းချင်ဘူး။ တရားသူကြီး (၉) ဦးက probation measures ပေးဖို့ prima facie case အခုန ဦးကျော်ဇံသာ သုံးသပ်သွားတယ်။ သာမန်အားဖြင့်ကြည့်ရင်ကို ထင်ရှားနေတယ်။ ဒါမှမဟုတ် သိသာတယ်ဆိုရင်တော့ Provisional Measure ကို ထုတ်မှာပဲ။ အဲဒါကတော့ ရှေ့နေကောင်းတယ်၊ မကောင်းဘူးဆိုတာကတော့ ရှေ့နေကောင်းသည်၊ မကောင်းသည်ထက် တရားသူကြီးတွေက ဘယ်လိုသဘောထားမလဲ။ မှန်ကန်စွာ သုံးသပ်မလဲ ဆိုတဲ့ဟာပေါ်လဲ မူတည်ပါတယ်။ ရှေ့နေကောင်းတိုင်းလည်း နိုင်တယ်လို့ မပြောနိုင်ပါဘူး။ ရှေ့နေသိပ်ညံ့နေရင်တော့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဂမ်ဘီယာ နဲ့ မြန်မာတို့က သူတို့ပြည်တွင်းရှေ့နေတွေကို အဓိကမငှားဘဲနဲ့ ဂမ်ဘီယာဆိုရင် သူတို့ကိုယ်တိုင်ဝန်ခံထားပါတယ် ဘယ်လောက်ပေးသလဲမသိဘူး။ ဒေါ်လာသန်းနဲ့ချီပြီး Foley Hoag Law Firm ကို ငှားတယ်။ သို့သော် သူတို့ဆီက ရှေ့နေချုပ်ကိုယ်တိုင်က (ရှေ့နေချုပ်ခေါ်လား၊ တရားရေးဝန်ကြီးခေါ်လား - နှစ်ခုစလုံး ခေါ်လာတော့ မသိဘူး) ဦးဆောင်မှာပါ။ ရှေ့နေကောင်းခြင်း၊ မကောင်းခြင်းသည် တစိတ်တဒေသအားဖြင့်သာ သက်ဆိုင်တယ်လို့ ကျနော်ထင်ပါတယ်လို့ ယေဘုယျအားဖြင့် ဖြေပါရစေ။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာက မြန်မာနိုင်ငံအတွက် ငှားရမ်းတဲ့ရှေ့နေဆိုပြီးတော့ Professor William Schabas ကို ပြောကြပါတယ်။ သူကို ကျနော်တို့ VOA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက မငြင်းပါဘူး။ သူဟာ ပြောရေးဆိုခွင့်ရှိသူ ခန့်ထားတယ်။ အချိန်တန်ရင် ပြောမယ်လို့ပဲ ဆိုပါတယ်။ ဆိုတော့ William Schabas ကို ငှားခဲ့တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ တချိန်တုန်းက ၂၀၁၄ တုန်းက ထင်ပါတယ်။ Aljazeera က လုပ်တဲ့ Program ထဲမှာ သူကိုအင်တာဗျူးလုပ်ထားတာကို ကျနော် နားထောင်ကြည့်ပါတယ်။ အဲဒီမှာ သူက ဘယ်လိုပြောထားသလဲဆိုရင် မြန်မာနိုင်ငံမှာ အခုဖြစ်တဲ့ကိစ္စ သတ်ဖြတ်တဲ့ကိစ္စကို မပြောသော်လဲ ဒီလူမျိုးတွေရဲ့ Preventing their births မွေးဖွားမှုကို ဟန့်တားတယ်ဆိုတဲ့ အထောက်အထား။ နောက်ပြီးတော့ Denying identity of people လူမျိုးတမျိုးရဲ့ identity ကို ငြင်းပယ်ဖို့ ကြိုးစားတယ်။ သူတို့ရှိတဲ့နေရာကနေ မရှိစေချင်တဲ့သဘောနဲ့ ဖယ်ရှားဖို့ ကြိုးစားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ရင်တော့ ဒါကို Genocide မဟုတ်ဘူးလို့ ငြင်းဖို့ခက်လိမ့်မယ်လို့ သူက ဆိုထားပါတယ်။ ဆိုတော့ ဒီလိုပြောထားတဲ့ လူတယောက်ကို မြန်မာနိုင်ငံဘက်က ခုခံကာကွယ်ဖို့ ရှေ့နေငှားတယ်ဆိုတော့ မြန်မာပရိသတ်တွေက ဇဝေဇဝါ ထင်ကြတာပေါ့။ ဒီလူက ဟိုဘက်တမျိုး၊ ဒီဘက်တမျိုး ပြောနေတာမျိုး ဖြစ်ကုန်ပါတယ်။ ဆရာ့သဘောထားကို ကြားချင်ပါတယ်။

ဖြေ ။ ။ နံပတ်တစ်က ကျနော် ဦးကျော်ဇံသာနဲ့ ဆွေးနွေးနေတဲ့ ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းမှာတော့ အခုထက်ထိ မြန်မာနိုင်ငံအစိုးရက တရားဝင်ကြေညာချက် မထုတ်သေးပါဘူး။ လွန်ခဲ့တဲ့ (၃) ရက်၊ နိုဝင်ဘာလ (၃၀) ရက်နေ့လောက်က Facebook မှာ သူ့နာမည် ထွက်လာတော့ ဆရာပြောတဲ့အတိုင်းပဲ သူကို ဆက်သွယ်မေးမြန်းရာ မငြင်းဘူးဆိုတော့ ဟုတ်လောက်ပါတယ်။ အဲဒီတော့ ထူးဆန်းတာကတော့ ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဥပဒေပညာရှင်လို့ သတ်မှတ်တယ်။ ရှေ့နေလို့ မသတ်မှတ်ဘူး။ ရှေ့နေလည်း မလိုက်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြည်သူ့တရားစီရင်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံခြားကိုထွက်ပြီး ရှေ့နေမလိုက်တာပါ။ အဲဒီတော့ ရှေ့နေဆိုတာတော့ တချို့လည်း ပြောကြတယ်။ ငိုစားရယ်စား - ငိုရင်လည်းစားတာပဲ။ ရယ်ရင်လည်း စားတာပဲလို့ ပြောကြတယ်။ သူက အဲဒီလိုပြောတာကို ဦးကျော်ဇံသာပြောမှ သေချာသိပါတယ်။ Facebook မှာတော့ တွေ့လိုက်သလိုပဲ။ အဲဒီလိုပြောတာဆိုရင်တော့ ဇဝေဇဝါ ဖြစ်ကြမှာ။ ဒါပေမဲ့ နည်းနည်းလေး ရိုင်းရိုင်းပြောရရင်၊ ကြမ်းကြမ်းပြောရရင် ပိုက်ဆံက အရေးကြီးတယ်။ ဘယ်လောက်ရမလဲပေါ်မှာ သူကို ဘယ်ကနေ ဘယ်လောက်ပေးသလဲ မသိဘူး။

ဘာဖြစ်လို့လဲဆိုတော့ နာမည်ပဲ ထည့်ပြောရမယ်ဆိုရင် အိန္ဒိယပြည်မှာ … ဆိုတဲ့ နာမည်ကြီး Human Rights Lawyer လူ့အခွင့်အရေးဥပဒေကို လုပ်ပေးတဲ့ ရှေ့နေက Bhopal ပြည်နယ်မှာ တချို့မှတ်မိကြမှာပါ တချိန်က ဝန်ကြီးချုပ်ဦးနု နေထိုင်ခဲ့တဲ့မြို့မှာ အဆိပ်ဓါတ်ငွေ့တွေ ယိုးစိမ့်ပြီး လူ (၃၀၀၀) ထောက် သေဆုံးတာကို ရာဇဝတ်မှု၊ တရားမမှုနဲ့ အိန္ဒိယမှာ စွဲဆိုတော့ သူက လူ့အခွင့်အရေးရှေ့နေဆိုတဲ့လူက စွဲခံရတဲ့လူတွေဘက်က လိုက်တယ်။ အဲဒီလို ပြောကြတယ်။ နောက်တခါ မြန်မာနိုင်ငံမှာလည်း မဆီမဆိုင် ရှေ့နေနှစ်ဘက်စလုံး (ဦးကျော်ဇံသာ အချိန်မရရင်လဲ ဖြတ်ချင်ဖြတ်ပေါ့) တရားဝန်ကြီး ဦးအေးမောင်က ၁၉၃၉ နဲ့ ၁၉၄၀ ခုနှစ်၊ ၁၉၇၀ ခုနှစ်ရေးတဲ့ Burmese Buddhist Laws အင်္ဂလိပ်လို ရေးတာပါ။ အဲဒီစာအုပ်မှာ နားနဲ့မနာ၊ ဖဝါးနဲ့ နာချင်နာပါ။ အိမ်ထောင်မှု ပြုခြင်းမပြုခြင်းက ပေါင်းသင်းဆက်ယှက်မှု မလိုဘူးဆိုတဲ့ သူ့အယူအဆကို တင်ပြခဲ့တယ်။ အဲဒါကို ၁၉၇၀ ခုနှစ် စာအုပ်မှာရေးပြီး၊ ၁၉၇၂ ခုနှစ်မှာ သူကို အမျိုးသမီးဘက်က ငှားတယ် - အဲဒါခေါ်လိုမှုပေါ့။ ရိုင်းရိုင်းပြောရရင် မယားခေါ်လိုမှုနဲ့ ခေါ်တော့ ပေါင်းသင်းဆက်ယှက် လိုတယ်ဆိုပြီး တရားသူကြီးဦးအေးမောင်က ဒေါ်ခင်မာ နဲ့ ဦး---( နာမည်မေ့နေပြီ) ၁၉၇၂ ခုနှစ် အောက်တိုဘာလထုတ်တဲ့ အမှုမှာ ရေးထားတယ်။ အခုလဲ William Schabas ကို ပြန်ကောက်ပါမယ်။ William Schabas က ၂၀၁၄ ခုနှစ်က ဦးကျော်ဇံသာ ပြောတာကို တွေ့ခဲ့တယ်။ အခုကြတော့ မြန်မာဘက်က ရှေ့နေဆိုတော့ အဲဒါကို ဟိုဘက်က ဂမ်ဘီယာရှေ့နေတွေက အချိန်ရရင် ထောက်ပြမလား။ ထောက်မပြဘူးလား ကျနော် မပြောတတ်ဘူး။ ဒီလောက်ပဲ ဖြေပါရစေ .. မေးတဲ့မေးခွန်းကို။

XS
SM
MD
LG