သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ ခုခံေခ်ပမယ့္ ျမန္မာႏုိင္ငံ ေထာက္ခံပဲြေတြ ရန္ကုန္မွာက်င္းပ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံက ရိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္တယ္ဆုိတဲ့ စြပ္စြဲခ်က္အတြက္ ရင္ဆုိင္ ေျဖရွင္းဖို႔ နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕မွာရွိတဲ့ ICJ ႏုိင္ငံတကာတရားရံုးကို သြားေရာက္ ေနတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံပြဲ ဒီကေန႔ ဒီဇင္ဘာ ၁၀ရက္၊ ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းျခံမွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီအေၾကာင္းကို ကိုယ္တုိင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗီြအုိေအသတင္းေထာက္ စုစုကတင္ဆက္ေပးမွာပါ။

ျမန္မာႏုိင္ငံက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ ရိုဟင္ဂ်ာမြတ္စလင္ေတြကိ ႏွိပ္စက္ညွင္းပန္းၿပီး လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ အဖြဲ႕ဝင္ႏုိင္ငံေပါင္း ၅၀ ေက်ာ္ပါဝင္တဲ့ OIC အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ ကိုယ္စား ဂမ္ဘီယာႏုိင္ငံက ကမကထျပဳၿပီး ICJ ႏုိ္င္ငံတကာတရားရံုးမွာ အမႈစြဲတင္လုိက္တာပါ။ ဒါကို ရင္ဆိုင္ေျဖရွင္းဖုိ႔အတြက္ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ဦးေဆာင္ၿပီး နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕ကို ျမန္မာကုိယ္စားလွယ္အဖြဲ႕ ေရာက္ရွိေနခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ျမန္မာႏုိင္ငံက ၿမိဳ႕အသီးသီးမွာ ေထာက္ခံပြဲေတြ က်င္းပေနတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာလည္း ဒီကေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာက္ခံသူေတြစုစည္းၿပီး မဟာဗႏၶဳလပန္းျခံမွာ လူထုေထာက္ခံပြဲတခု ျပဳလုပ္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဗုဒၶဘာသာဝင္ေတြနဲ႔အတူ၊ အစၥလာမ္ဘာသာဝင္၊ ဟိႏၵဴဘာသာဝင္၊ ခရစ္ယာန္ဘာသာဝင္ေတြအပါအဝင္ ဘာသာအသီးသီးက ဆုေတာင္းေမတၱာ ပို႔သၾကပါတယ္။

ျမဝတီဆရာေတာ္ အရွင္အရိယဝံသာ ဘိဝံသ က ဗုဒၶဘာသာကိုယ္စားျပဳၿပီး ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လုပ္ရပ္ကုိ ေထာက္ခံအား ေပးေၾကာင္း အခုလို မိန္႔ၾကားခဲ့ပါတယ္။

“တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္ရွိေသာ ကၽြႏု္ပ္တုိ႔၏ ႏုိင္ငံ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အား မိမိတုိ႔ ဘာသာေရးေခါင္းေဆာင္မ်ားနဲ႔ အတူ ဗုဒၶဘာသာအားလံုးတို႔ႏွင့္တကြ ႏိုင္ငံသူ ႏို္င္ငံသား အားလံုးတို႔ကလည္း တခဲနက္ ယံုၾကည္ေထာက္ခံအပ္ပါေၾကာင္း ကမာၻသုိ႔အသိေပး ေၾကျငာအပ္ပါသည္။”

ဂမ္ဘီယာႏုိင္ငံက ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားတဲ့အမႈအတြက္ ICJ ႏုိင္ငံတကာတရားရံုးမွာ သံုးရက္ၾကာ ၾကားနာမႈကို ဒီကေန႔ စတင္မွာျဖစ္ၿပီး ၾကားနာမႈ ပထမဆံုးေန႔မွာ ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္လဲတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ က်င္းပတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲကို ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအပါအဝင္ အစုိးရတာဝန္ရွိသူ တခ်ိဳ႕တက္ေရာက္ခဲ့ၾကၿပီး “ႏုိင္ငံ့ဂုဏ္သိကၡာ ကာကြယ္ဖုိ႔ အေမစုႏွင့္ရပ္တည္စုိ႔” ဆိုၿပီး ျပည္သူေတြနဲ႔အတူ ေၾကြးေၾကာ္ခဲ့ၾကပါတယ္။

အစၥလာမ္ဘာသာကို ကုိယ္စားျပဳၿပီး ဦးတင္ေအးကေတာ့ ျမန္မာႏုိင္ငံမွာ မရွိမျဖစ္လိုအပ္ေနတဲ့ တရားမွ်တမႈကို ျမန္မာႏို္င္ငံသူအားလံုး တာဝန္ယူႏုိင္ဖုိ႔ ေျပာဆိုခဲ့ပါတယ္။

“ျမန္မာႏုိင္ငံအတြင္း မရွိမျဖစ္လိုအပ္ေနသည့္ တရားမွ်တမႈႏွင့္ ၿငိမ္းခ်မ္းေရးတုိ႔ကုိ မိမိတုိ႔အားလံုး၏ တာဝန္ယူမႈ၊ တာဝန္ခံမႈစိတ္ဓာတ္ႏွင့္ ေဖာ္ေဆာင္ေနျခင္းသည္ အမွန္တရားျဖစ္ၿပီး တိုင္းျပည္၏ အက်ိဳးစီးပြားကိုလည္း ကာကြယ္ေနျခင္းျဖစ္သည္ဟု အေလးအနက္ခံယူပါသည္။”

ICJ ႏိုင္ငံတကာတရားရံုးမွာ ရင္ဆုိင္ေျဖရွင္းဖုိ႔အတြက္ ေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အားေပးေထာက္ခံတဲ့ လူထုေထာက္ခံပြဲေတြကုိ ဒီကေန႔မွာ ရန္ကုန္ၿမိဳ႕အပါအဝင္ မႏၱေလး၊ စစ္ကိုင္း၊ ပဲခူး၊ ဧရာဝတီ စတဲ့ ေနရာေတြမွာလည္း ျပဳလုပ္ေနၿပီး ျပည္ပေရာက္ေနတဲ့ ျမန္မာႏို္င္ငံသားေတြကလည္း ေထာက္ခံပြဲအသီးသီး က်င္းပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ICJ မှာ ခုခံချေပမယ့် မြန်မာနိုင်ငံ ထောက်ခံပွဲတွေ ရန်ကုန်မှာကျင်းပ

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ရင်ဆိုင် ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာရှိတဲ့ ICJ နိုင်ငံတကာတရားရုံးကို သွားရောက် နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် စုစုကတင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိ နှိပ်စက်ညှင်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ICJ နိုင်ငံတကာတရားရုံးမှာ အမှုစွဲတင်လိုက်တာပါ။ ဒါကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ၊ The Hague မြို့ကို မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ မြန်မာနိုင်ငံက မြို့အသီးသီးမှာ ထောက်ခံပွဲတွေ ကျင်းပနေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာလည်း ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေစုစည်းပြီး မဟာဗန္ဓုလပန်းခြံမှာ လူထုထောက်ခံပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ၊ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေအပါအဝင် ဘာသာအသီးသီးက ဆုတောင်းမေတ္တာ ပို့သကြပါတယ်။

မြဝတီဆရာတော် အရှင်အရိယဝံသာ ဘိဝံသ က ဗုဒ္ဓဘာသာကိုယ်စားပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်ကို ထောက်ခံအား ပေးကြောင်း အခုလို မိန့်ကြားခဲ့ပါတယ်။

“တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော ကျွနု်ပ်တို့၏ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့ဘာသာရေးခေါင်းဆောင်များနဲ့ အတူ ဗုဒ္ဓဘာသာအားလုံးတို့နှင့်တကွ နိုင်ငံသူ နိုင်ငံသား အားလုံးတို့ကလည်း တခဲနက် ယုံကြည်ထောက်ခံအပ်ပါကြောင်း ကမ္ဘာသို့အသိပေး ကြေငြာအပ်ပါသည်။”

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုအတွက် ICJ နိုင်ငံတကာတရားရုံးမှာ သုံးရက်ကြာ ကြားနာမှုကို ဒီကနေ့ စတင်မှာဖြစ်ပြီး ကြားနာမှု ပထမဆုံးနေ့မှာ ဂမ်ဘီယာနိုင်ငံက လျှောက်လဲတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရတာဝန်ရှိသူ တချို့တက်ရောက်ခဲ့ကြပြီး “နိုင်ငံ့ဂုဏ်သိက္ခာ ကာကွယ်ဖို့ အမေစုနှင့်ရပ်တည်စို့” ဆိုပြီး ပြည်သူတွေနဲ့အတူ ကြွေးကြော်ခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာကို ကိုယ်စားပြုပြီး ဦးတင်အေးကတော့ မြန်မာနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတဲ့ တရားမျှတမှုကို မြန်မာနိုင်ငံသူအားလုံး တာဝန်ယူနိုင်ဖို့ ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွင်း မရှိမဖြစ်လိုအပ်နေသည့် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို မိမိတို့အားလုံး၏ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်နှင့် ဖော်ဆောင်နေခြင်းသည် အမှန်တရားဖြစ်ပြီး တိုင်းပြည်၏ အကျိုးစီးပွားကိုလည်း ကာကွယ်နေခြင်းဖြစ်သည်ဟု အလေးအနက်ခံယူပါသည်။”

ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ လူထုထောက်ခံပွဲတွေကို ဒီကနေ့မှာ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စတဲ့ နေရာတွေမှာလည်း ပြုလုပ်နေပြီး ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ထောက်ခံပွဲအသီးသီး ကျင်းပနေကြပါတယ်။

XS
SM
MD
LG